Input your search keywords and press Enter.

ကြက်ဥပြုတ်စားခြင်းဖြင့် ကိုရိုနာရောဂါကာကွယ်နိုင်သည်ဆိုသည့် အသံဖိုင်ကြောင့် အချို့ရွာတွင် ကြက်ဥပြတ်သည်အထိ ရောင်းကောင်း

Salai C.Lian

လူမှုကွန်ယက်စာမျက်နှာ၏ ချက်ဘုတ်(Messenger) မှတစ်ဆင့် ကြက်ဥပြုတ်စားခြင်းဖြင့် ကိုရိုနာရောဂါကာကွယ်နိုင်သည် ဆိုသည့် အသံဖိုင်ပျံ့နှံ့ခဲ့ပြီးနောက် ကလေးမြို့နယ် အချို့ကျေးရွာတွင် ကြက်ဥပြတ်သည်အထိရောင်းကောင်းနေကြောင်းသိရသည်။

ထိုသို့ပျံ့နှံ့လာသည့်အသံဖိုင်တွင် အမျိုးသားတစ်ဦးမှ အမျိုးသမီးတစ်ဦးထံ ဖုန်းဆက်ထားသည့် အသံဖိုင်ဖြစ်ပြီး အမျိုးသားတစ်ဦးမှ မွေးကင်းစကလေးတစ်ဦးသည် မွေးမွေးချင်း စကားပြောတတ်ကြောင်း၊ ကြက်ဥပြုတ်တစ်လုံးစားခြင်းဖြင့် ကိုရိုနာရောဂါကာကွယ်နိုင်ကြောင်း ပြောဆိုခဲ့ပြီး ထိုသို့ပြောဆိုပြီးနောက် ကလေးငယ်လည်း အသက်သေဆုံးသွားသည်ဟု ပြောကြားထားသည့်အသံဖိုင်ဖြစ်သည်။

ထိုအသံဖိုင်ပျံ့နှံ့ပြီးနောက် အသံဖိုင်လက်ခံရရှိသူ ပြည်သူအချို့မှာ ထိတ်လန့်ပြီး ကြက်ဥပြုတ်စားရန် အမျိုးအချင်းချင်းကြား ပြောဆိုကြသဖြင့် ကြက်ဥအလုအယက်ဝယ်ယူကြရာ အချို့ရွာများ၏ ဆိုင်ကြီးများတွင် ကြက်ဥပြတ်သည်အထိရောင်းကောင်းကြောင်း လက်ပံချောင်းရွာဒေသခံတစ်ဦးကပြောသည်။

ကလေးမြို့ တောင်ဇလပ် ရပ်ကွက်တွင်နေထိုင်သူ ဟူးသဲ က “မနေ့က ချင်းပြည်နယ်က အမျိုးတွေ ဖုန်းလာပြောကြတယ်၊ သူတို့ကလည်း အလန့်တစ်ကြားနဲ့ပေါ့။ ကြက်ဥပြုတ်စားပြီလာတဲ့၊ ကိုရိုနာရောဂါ ကာကွယ်နိုင်တယ်လို့ ပြောကြတော့ ရွာထဲမှာတော့ အကုန်လုံးစားကြတယ်၊ မင်းတို့လည်း စားကြပါတဲ့၊ ကျွန်တော်တောင် အ့ံသြသွားတယ်” ဟု ပြောသည်။

အမည်မဖော်လိုသူ စျေးသည် တစ်ဦးက “အရင်ကဆိုရင်တော့ ကျွန်တော်တို့ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ ကြက်ဥဖောက်သည် ယူလေ့ရှိတယ်၊ အဲဒါတောင် ဗုဓ္ဒဟူးနေ့မှာ ယူတာများတယ်၊ မနေ့ကဆိုရင်တော့ တစ်ပတ်စာယူထားတဲ့ဟာကို တစ်ရက်တည်းနဲ့တင် ကုန်သွားတယ်၊ အချို့လူတွေဆိုရင် မိဘတွေက အဆောင်မှာနေတဲ့ ကျောင်းသား၊ ကျောင်းသူအတွက်ပါ လာဝယ်ပေးကြတယ်” ဟု ပြောသည်။

ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာ ကုန်ဆုံဆိုင်အကြီးဆုံး ဖြစ်သည့် Lhp store ဆိုင်မှ “ကျွန်တော်တို့ တစ်ခြားရက်ထက်တော့ ကောင်းတယ်ပြောရမှာပေါ့၊ အခုလည်း ရောင်းဖို့မရှိတော့ဘူး၊ ဖောက်သည်ယူဖို့ကလည်း မရှိဘူး၊ ဖောက်သည်တွေကလည်း လောလောဆယ်သူတို့မှာ မှာယူဖို့လည်း ပြတ်နေတယ်” ဟု ပြောသည်။

အဆိုပါ သတင်းမှား တစ်ခုသည် ဖေဖော်ဝါရီလ (၁၀) နေ့ကစပြီး ပြန့်နှံ့ခဲ့ခြင်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်နိုင်မှုနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန အပြင် အခြား နိုင်ငံများ၏ ကျန်းမာရေးအဖွဲ့များမှ အတည်ပြုထုတ်ပြန်မှုမျိုးတစ်စုံတစ်ရာမရှိပေ။

Zawgyi
ၾကက္ဥျပဳတ္စားျခင္းျဖင့္ ကိုရိုနာေရာဂါကာကြယ္နိုင္သည္ဆိုသည့္ အသံဖိုင္ေၾကာင့္ အခ်ိဳ႕ရြာတြင္ ၾကက္ဥျပတ္သည္အထိ ေရာင္းေကာင္း

လူမႈကြန္ယက္စာမ်က္ႏွာ၏ ခ်က္ဘုတ္(Messenger) မွတစ္ဆင့္ ၾကက္ဥျပဳတ္စားျခင္းျဖင့္ ကိုရိုနာေရာဂါကာကြယ္နိုင္သည္ ဆိုသည့္ အသံဖိုင္ပ်ံ႕ႏွံ့ခဲ့ၿပီးေနာက္ ကေလးၿမိဳ႕နယ္ အခ်ိဳ႕ေက်းရြာတြင္ ၾကက္ဥျပတ္သည္အထိေရာင္းေကာင္းေနေၾကာင္းသိရသည္။

ထိုသို႔ပ်ံ႕ႏွံ့လာသည့္အသံဖိုင္တြင္ အမ်ိဳးသားတစ္ဦးမွ အမ်ိဳးသမီးတစ္ဦးထံ ဖုန္းဆက္ထားသည့္ အသံဖိုင္ျဖစ္ၿပီး အမ်ိဳးသားတစ္ဦးမွ ေမြးကင္းစကေလးတစ္ဦးသည္ ေမြးေမြးခ်င္း စကားေျပာတတ္ေၾကာင္း၊ ၾကက္ဥျပဳတ္တစ္လုံးစားျခင္းျဖင့္ ကိုရိုနာေရာဂါကာကြယ္နိုင္ေၾကာင္း ေျပာဆိုခဲ့ၿပီး ထိုသို႔ေျပာဆိုၿပီးေနာက္ ကေလးငယ္လည္း အသက္ေသဆုံးသြားသည္ဟု ေျပာၾကားထားသည့္အသံဖိုင္ျဖစ္သည္။

ထိုအသံဖိုင္ပ်ံ႕ႏွံ့ၿပီးေနာက္ အသံဖိုင္လက္ခံရရွိသူ ျပည္သူအခ်ိဳ႕မွာ ထိတ္လန႔္ၿပီး ၾကက္ဥျပဳတ္စားရန္ အမ်ိဳးအခ်င္းခ်င္းၾကား ေျပာဆိုၾကသျဖင့္ ၾကက္ဥအလုအယက္ဝယ္ယူၾကရာ အခ်ိဳ႕ရြာမ်ား၏ ဆိုင္ႀကီးမ်ားတြင္ ၾကက္ဥျပတ္သည္အထိေရာင္းေကာင္းေၾကာင္း လက္ပံေခ်ာင္းရြာေဒသခံတစ္ဦးကေျပာသည္။

ကေလးၿမိဳ႕ ေတာင္ဇလပ္ ရပ္ကြက္တြင္ေနထိုင္သူ ဟူးသဲ က “မေန႔က ခ်င္းျပည္နယ္က အမ်ိဳးေတြ ဖုန္းလာေျပာၾကတယ္၊ သူတို႔ကလည္း အလန႔္တစ္ၾကားနဲ႔ေပါ့။ ၾကက္ဥျပဳတ္စားၿပီလာတဲ့၊ ကိုရိုနာေရာဂါ ကာကြယ္နိုင္တယ္လို႔ ေျပာၾကေတာ့ ရြာထဲမွာေတာ့ အကုန္လုံးစားၾကတယ္၊ မင္းတို႔လည္း စားၾကပါတဲ့၊ ကၽြန္ေတာ္ေတာင္ အ့ံၾသသြားတယ္” ဟု ေျပာသည္။

အမည္မေဖာ္လိုသူ ေစ်းသည္ တစ္ဦးက “အရင္ကဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ တစ္ပတ္ကို တစ္ႀကိမ္ေလာက္ပဲ ၾကက္ဥေဖာက္သည္ ယူေလ့ရွိတယ္၊ အဲဒါေတာင္ ဗုဓၵဟူးေန႔မွာ ယူတာမ်ားတယ္၊ မေန႔ကဆိုရင္ေတာ့ တစ္ပတ္စာယူထားတဲ့ဟာကို တစ္ရက္တည္းနဲ႔တင္ ကုန္သြားတယ္၊ အခ်ိဳ႕လူေတြဆိုရင္ မိဘေတြက အေဆာင္မွာေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူအတြက္ပါ လာဝယ္ေပးၾကတယ္” ဟု ေျပာသည္။

ကေလးၿမိဳ႕နယ္၊ လက္ပံေခ်ာင္းေက်းရြာ ကုန္ဆုံဆိုင္အႀကီးဆုံး ျဖစ္သည့္ Lhp store ဆိုင္မွ “ကၽြန္ေတာ္တို႔ တစ္ျခားရက္ထက္ေတာ့ ေကာင္းတယ္ေျပာရမွာေပါ့၊ အခုလည္း ေရာင္းဖို႔မရွိေတာ့ဘူး၊ ေဖာက္သည္ယူဖို႔ကလည္း မရွိဘူး၊ ေဖာက္သည္ေတြကလည္း ေလာေလာဆယ္သူတို႔မွာ မွာယူဖို႔လည္း ျပတ္ေနတယ္” ဟု ေျပာသည္။

အဆိုပါ သတင္းမွား တစ္ခုသည္ ေဖေဖာ္ဝါရီလ (၁၀) ေန႔ကစၿပီး ျပန႔္ႏွံ့ခဲ့ျခင္းျဖစ္သည္။
ကိုရိုနာဗိုင္းရပ္စ္ပိုးကာကြယ္နိုင္မႈႏွင့္ပတ္သက္ၿပီး က်န္းမာေရးဝန္ႀကီးဌာန အျပင္ အျခား နိုင္ငံမ်ား၏ က်န္းမာေရးအဖြဲ႕မ်ားမွ အတည္ျပဳထုတ္ျပန္မႈမ်ိဳးတစ္စုံတစ္ရာမရွိေပ။