Input your search keywords and press Enter.

ကမ္ဘာ့ဘဏ်၏ အကူအညီ စောင့်ဆိုင်းခြင်းကြောင့် ကလေး-ဟားခါး နိုင်လွန်ကတ္တရာ ယနေ့ထိမခင်းနိုင်သေး

Salai C.Lian
ချင်းပြည်နယ်မြောက်ပိုင်း၏ အဓိက ဆက်သွယ်ရေးလမ်းဖြစ်သည့် ကလေး- ဖလမ်း – ဟာခါး လမ်းကို ယနေ့ထိ နိူင်လွန်ကတ္တရာ မခင်းနိုင်ရခြင်းမှာ ကမ္ဘာ့ဘဏ်၏ အချိန်ဆွဲမှုကြောင့် ဖြစ်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်က ပြောသည်။
ကမ္ဘာ့ဘဏ် အထောက်အပံ့ဖြင့် ကလေး-ဟားခါးလမ်း နိုင်လွန်ကတ္တာရာသည် ၂၀၂၃ ခုနှစ်ထိ စောင့်ဆိုင်းရန်ပြန်လည်ကမ်းလှမ်းခြင်းကြောင့် ယခုကဲ့သို့ လုပ်ငန်းကြန့်ကြာသွားခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်က “ဘယ်ချိန်စတင်မလဲ ဆိုတာပြောလို့ မရသေးဘူး၊ အခု သူတို့က ၂၀၂၃ ထိစောင့်ဆိုင်းဖို့ ကျွန်တော်တို့ကို ကမ်းလှမ်းတာရှိတယ်၊ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ကတော့ အဲ့ဒီထိတော့ အချိန်မဆွဲကြပါနဲ့လို့ စာပြန်လိုက်တယ်၊ သူတို့ကတော့ အခုထိ စာဘာမှမပြန်သေးဘူး၊ ဒါကတော့ ပြည်ထောင်စု အစိုးရနဲ့ ညိုရမယ့်ဟာ ဖြစ်တယ်” ဟု ပြောသည်။

ကမ္ဘာ့ဘဏ်မှ စီမံကိန်းမန်နေဂျာ ဒေါ်အေးအေးစံက “ကျွန်တော်တို့အနေနဲ့ မှတ်ချက်လည်း မပေးခဲ့သလို ပေးလည်းမပေးချင်ဘူး၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လုပ်ငန်းနဲ့ ဆောက်လုပ်ရေးလိုင်းက တစ်ပိုင်းဖြစ်နေတော့ ပြည်နယ်ဆောက်လုပ်ရေးနဲ့သာ သက်ဆိုင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကမ္ဘာ့ဘဏ်အနေဖြင့် အချိ်န်မဆွဲခဲ့ပါက ချင်းပြည်နယ် အစိုးရ အနေဖြင့် ပြည်နယ်ဘတ်ဂျက်ဖြင့် (၄) နှစ်အတွင်း အပြီးဆောင်ရွက်နိုင်ကြောင်း ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်က ပြောသည်။

သူက ဆက်ပြီး “ဘာဖြစ်လို့သူတို့ ဒီလောက်နောက်ကျနေတာလဲ မသိဘူး၊ ကျွန်တော်တို့ ဒေါသတောင်ထွက်နေတယ်၊ ကမ္ဘာ့ဘဏ်က ကလေး-ဟားခါးလမ်းကို ဘာမှမခင်းနဲ့ ကျွန်တော်တို့ခင်းပေးမယ်၊ တကယ်လို့ ခင်းလိုက်ရင် ကျွန်တော်တို့ ပြန်ခင်းပေးမှာ မဟုတ်ဘူးလို့ပြောတယ်၊ ပြီးတော့ မခင်းပဲ ကျွန်တော်တို့နေတော့ အချိန်ကအတော်လေးကို နောက်ကျသွားတယ်၊ တကယ်လို့ သူတို့ကဒီလိုသာ မပြောရင်တော့ ကိုယ့်ဘတ်ဂျက်နဲ့ (၄) နှစ်အတွင်း ဒီအချိန်ဆို အကုန်လုံး ခင်းပြီးလောက်တယ်” ဟု ပြောသည်။
ချင်းပြည်အစိုးရအနေဖြင့် ကမ္ဘာ့ဘဏ်၏ အချိန်စောင့်ဆိုင်းရန် ပြောဆိုခဲ့မှုကြောင့် လမ်းခင်းမည့်ပြည်နယ် ဘတ်ဂျက်များကို ချင်းပြည်နယ် တောင်ပိုင်းဖက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က “အဲဒါကို စောင့်ရင်းနဲ့ ဘတ်ဂျက်တွေကို ချင်းပြည်နယ် တောင်ပိုင်းဖက်ကို ပေးလိုက်ပြီး လမ်းတွေဖောက်လုပ်ပေးတယ်၊ ချင်းပြည်နယ် တောင်ပိုင်းဖက်မှာတော့ တော်တော်လေးကို တိုးတက်နေပြီ၊ နိုင်ငံခြားက ကိုယ့်ချင်းလူမျိုးတွေ အလည်လာရင် ဒီလမ်းအကြောင်းကိုပဲ အပြစ်တင်လာပြောကြတယ်၊ ကျွန်တော်တို့ ဘာမှမလုပ်သလို ပြောနေကြတယ်၊ ကမ္ဘာ့ဘဏ်ကလည်း ခင်ဗျားတို့ခင်းရင် ကျွန်တော်တို့ နှစ်ထပ်တော့ မခင်းပေးနိုင်ဘူးဆိုလို့ အခုလိုဖြစ်နေတာဖြစ်တယ်” ဟု ဆိုသည်။

ကလေး-ဖလမ်း-ဟားခါး လမ်းပိုင်းသည် ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ သန်း ၆၀ ကျော်ချေးငွေဖြင့် ကူညီဆောင်ရွက်ပေးရန် ၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စု အစိုးရနှင့် သဘောတူထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi
ကမၻာ့ဘဏ္၏ အကူအညီ ေစာင့္ဆိုင္းျခင္းေၾကာင့္ ကေလး-ဟားခါး နိုင္လြန္ကတၱရာ ယေန႔ထိမခင္းနိုင္ေသး
Salai C.Lian
ခ်င္းျပည္နယ္ေျမာက္ပိုင္း၏ အဓိက ဆက္သြယ္ေရးလမ္းျဖစ္သည့္ ကေလး- ဖလမ္း – ဟာခါး လမ္းကို ယေန႔ထိ နိူင္လြန္ကတၱရာ မခင္းနိုင္ရျခင္းမွာ ကမၻာ့ဘဏ္၏ အခ်ိန္ဆြဲမႈေၾကာင့္ ျဖစ္ေၾကာင္း ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဆလိုင္း လ်န္လြယ္က ေျပာသည္။
ကမၻာ့ဘဏ္ အေထာက္အပံ့ျဖင့္ ကေလး-ဟားခါးလမ္း နိုင္လြန္ကတၱာရာသည္ ၂၀၂၃ ခုႏွစ္ထိ ေစာင့္ဆိုင္းရန္ျပန္လည္ကမ္းလွမ္းျခင္းေၾကာင့္ ယခုကဲ့သို႔ လုပ္ငန္းၾကန႔္ၾကာသြားျခင္း ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာသည္။

ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဆလိုင္း လ်န္လြယ္က “ဘယ္ခ်ိန္စတင္မလဲ ဆိုတာေျပာလို႔ မရေသးဘူး၊ အခု သူတို႔က ၂၀၂၃ ထိေစာင့္ဆိုင္းဖို႔ ကၽြန္ေတာ္တို႔ကို ကမ္းလွမ္းတာရွိတယ္၊ ဒါေပမဲ့ ကၽြန္ေတာ္တို႔အေနနဲ႔ကေတာ့ အဲ့ဒီထိေတာ့ အခ်ိန္မဆြဲၾကပါနဲ႔လို႔ စာျပန္လိုက္တယ္၊ သူတို႔ကေတာ့ အခုထိ စာဘာမွမျပန္ေသးဘူး၊ ဒါကေတာ့ ျပည္ေထာင္စု အစိုးရနဲ႔ ညိဳရမယ့္ဟာ ျဖစ္တယ္” ဟု ေျပာသည္။

ကမၻာ့ဘဏ္မွ စီမံကိန္းမန္ေနဂ်ာ ေဒၚေအးေအးစံက “ကၽြန္ေတာ္တို႔အေနနဲ႔ မွတ္ခ်က္လည္း မေပးခဲ့သလို ေပးလည္းမေပးခ်င္ဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔ လုပ္ငန္းနဲ႔ ေဆာက္လုပ္ေရးလိုင္းက တစ္ပိုင္းျဖစ္ေနေတာ့ ျပည္နယ္ေဆာက္လုပ္ေရးနဲ႔သာ သက္ဆိုင္တယ္” ဟု ေျပာသည္။

ယခုကဲ့သို႔ ကမၻာ့ဘဏ္အေနျဖင့္ အခ်ိ္န္မဆြဲခဲ့ပါက ခ်င္းျပည္နယ္ အစိုးရ အေနျဖင့္ ျပည္နယ္ဘတ္ဂ်က္ျဖင့္ (၄) ႏွစ္အတြင္း အၿပီးေဆာင္ရြက္နိုင္ေၾကာင္း ဝန္ႀကီးခ်ဳပ္ ဆလိုင္း လ်န္လြယ္က ေျပာသည္။

သူက ဆက္ၿပီး “ဘာျဖစ္လို႔သူတို႔ ဒီေလာက္ေနာက္က်ေနတာလဲ မသိဘူး၊ ကၽြန္ေတာ္တို႔ ေဒါသေတာင္ထြက္ေနတယ္၊ ကမၻာ့ဘဏ္က ကေလး-ဟားခါးလမ္းကို ဘာမွမခင္းနဲ႔ ကၽြန္ေတာ္တို႔ခင္းေပးမယ္၊ တကယ္လို႔ ခင္းလိုက္ရင္ ကၽြန္ေတာ္တို႔ ျပန္ခင္းေပးမွာ မဟုတ္ဘူးလို႔ေျပာတယ္၊ ၿပီးေတာ့ မခင္းပဲ ကၽြန္ေတာ္တို႔ေနေတာ့ အခ်ိန္ကအေတာ္ေလးကို ေနာက္က်သြားတယ္၊ တကယ္လို႔ သူတို႔ကဒီလိုသာ မေျပာရင္ေတာ့ ကိုယ့္ဘတ္ဂ်က္နဲ႔ (၄) ႏွစ္အတြင္း ဒီအခ်ိန္ဆို အကုန္လုံး ခင္းၿပီးေလာက္တယ္” ဟု ေျပာသည္။
ခ်င္းျပည္အစိုးရအေနျဖင့္ ကမၻာ့ဘဏ္၏ အခ်ိန္ေစာင့္ဆိုင္းရန္ ေျပာဆိုခဲ့မႈေၾကာင့္ လမ္းခင္းမည့္ျပည္နယ္ ဘတ္ဂ်က္မ်ားကို ခ်င္းျပည္နယ္ ေတာင္ပိုင္းဖက္သို႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း ဝန္ႀကီးခ်ဳပ္က ဆိုသည္။

ဝန္ႀကီးခ်ဳပ္ ဆလိုင္းလ်န္လြယ္က “အဲဒါကို ေစာင့္ရင္းနဲ႔ ဘတ္ဂ်က္ေတြကို ခ်င္းျပည္နယ္ ေတာင္ပိုင္းဖက္ကို ေပးလိုက္ၿပီး လမ္းေတြေဖာက္လုပ္ေပးတယ္၊ ခ်င္းျပည္နယ္ ေတာင္ပိုင္းဖက္မွာေတာ့ ေတာ္ေတာ္ေလးကို တိုးတက္ေနၿပီ၊ နိုင္ငံျခားက ကိုယ့္ခ်င္းလူမ်ိဳးေတြ အလည္လာရင္ ဒီလမ္းအေၾကာင္းကိုပဲ အျပစ္တင္လာေျပာၾကတယ္၊ ကၽြန္ေတာ္တို႔ ဘာမွမလုပ္သလို ေျပာေနၾကတယ္၊ ကမၻာ့ဘဏ္ကလည္း ခင္ဗ်ားတို႔ခင္းရင္ ကၽြန္ေတာ္တို႔ ႏွစ္ထပ္ေတာ့ မခင္းေပးနိုင္ဘူးဆိုလို႔ အခုလိုျဖစ္ေနတာျဖစ္တယ္” ဟု ဆိုသည္။

ကေလး-ဖလမ္း-ဟားခါး လမ္းပိုင္းသည္ ကမၻာ့ဘဏ္မွ ကန္ေဒၚလာ သန္း ၆၀ ေက်ာ္ေခ်းေငြျဖင့္ ကူညီေဆာင္ရြက္ေပးရန္ ၂၀၁၆ ခုႏွစ္တြင္ ျပည္ေထာင္စု အစိုးရႏွင့္ သေဘာတူထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။