Input your search keywords and press Enter.

ယခုနှစ်အတွင်း တီးတိန်မြို့နှင့် ပတူပီမြို့ မဟာဓါတ်အားလိုင်းပေးမည်

Salai C.Lian

ချင်းပြည်နယ် မြောက်ပိုင်းရှိ တီးတိန်မြို့နှင့် ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့တွင် ၂၀၂၀ ခုနှစ်အတွင်း မဟာဓါတ်အားလိုင်းပေးနိုင်ရန် အပြီးစီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်က ပြောသည်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်က “ကျွန်တော်တို့ ပြည်နယ်ဘတ်ဂျက်၊ ပြည်ထောင်စု ဘတ်ဂျက် နှင့် ဂျပန်နိုင်ငံ ချေးငွေ (၃) ခုပေါင်းပြီး၊ ချင်းပြည်နယ် (၉) မြို့လုံးလျှပ်စစ်မီးရအောင် ဆောင်ရွက်နေပါတယ်၊ ဒီနှစ်အတွင်းမှာတော့ တီးတိန်နဲ့ မတူပီကိုတော့ ရအောင်ကြိုးစားနေတယ်၊ မတူပီမြို့အတွက်ကတော့ လုပ်ငန်း ၈၀ ရာခိုင်နှုန်းလုပ်ငန်းပြီးစီးနေပြီ၊ တီးတိန်ကိုတော့ ၅၀ ရာခိုင်နှုန်းပြီးနေပြီ၊ တီးတိန်ကျတော့ ချေးငွေနဲ့ လုပ်ရတာဆိုတော့ လုပ်ငန်းက လိုအပ်သလောက် မမြန်နိုင်ဘူးဖြစ်နေတယ်” ဟု ပြောသည်။

ထို့ပြင် မဟာဓါတ်အားလိုင်းရရှိသည့် မြို့များမှ အနီးပတ်ဝန်ကျင်ရှိ ကျေးရွာများကိုလည်း လိုင်းအားပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်က “တီးတိန်မြို့ မဟာဓါတ်အားလိုင်းရောက်ရင်တော့ ရိဒ်မြို့ကိုလည်း ဆက်ပေးသွားမယ်၊ ပြီးတော့ ဒုတိယအသုတ်အနေနဲ့ တွန်းဇံမြို့ နှင့် ကျီခါးမြို့ကို ဆက်ပေးဖို့ရှိတယ်၊ နိုင်ငံခြားအထောက်အပံ့လည်းပါတော့ ကိုယ်လိုချင်သလောက် အလုပ်မဖြစ်ဘူး၊ မီးကြိုးဝယ်တာကအစ နှောင့်နှေးနေတယ်၊ ၂၀၂၄ မှာတော့ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ရနိုင်တော့မယ်” ဟု ဆိုသည်။

လက်ရှိတွင် ချင်းပြည်နယ်ရှိ (၉) မြို့နယ်အနက် ဟားခါးမြို့၊ ထန်တလန်မြို့၊ ဖလမ်းမြို့၊ မင်းတပ်မြို့နှင့် ကန်ပလက်မြို့တို့ မဟာဓါတ်အားလိုင်း ရရှိထားပြီး၊ မတူပီမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ပလက်ဝမြို့တို့ ကျန်နေသေးကြောင်း သိရသည်။

Zawgyi
ယခုႏွစ္အတြင္း တီးတိန္ၿမိဳ႕ႏွင့္ ပတူပီၿမိဳ႕ မဟာဓါတ္အားလိုင္းေပးမည္

ခ်င္းျပည္နယ္ ေျမာက္ပိုင္းရွိ တီးတိန္ၿမိဳ႕ႏွင့္ ခ်င္းျပည္နယ္ ေတာင္ပိုင္း မတူပီၿမိဳ႕တြင္ ၂၀၂၀ ခုႏွစ္အတြင္း မဟာဓါတ္အားလိုင္းေပးနိုင္ရန္ အၿပီးစီးေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဆလိုင္း လ်န္လြယ္က ေျပာသည္။

ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဆလိုင္း လ်န္လြယ္က “ကၽြန္ေတာ္တို႔ ျပည္နယ္ဘတ္ဂ်က္၊ ျပည္ေထာင္စု ဘတ္ဂ်က္ ႏွင့္ ဂ်ပန္နိုင္ငံ ေခ်းေငြ (၃) ခုေပါင္းၿပီး၊ ခ်င္းျပည္နယ္ (၉) ၿမိဳ႕လုံးလၽွပ္စစ္မီးရေအာင္ ေဆာင္ရြက္ေနပါတယ္၊ ဒီႏွစ္အတြင္းမွာေတာ့ တီးတိန္နဲ႔ မတူပီကိုေတာ့ ရေအာင္ႀကိဳးစားေနတယ္၊ မတူပီၿမိဳ႕အတြက္ကေတာ့ လုပ္ငန္း ၈၀ ရာခိုင္ႏႈန္းလုပ္ငန္းၿပီးစီးေနၿပီ၊ တီးတိန္ကိုေတာ့ ၅၀ ရာခိုင္ႏႈန္းၿပီးေနၿပီ၊ တီးတိန္က်ေတာ့ ေခ်းေငြနဲ႔ လုပ္ရတာဆိုေတာ့ လုပ္ငန္းက လိုအပ္သေလာက္ မျမန္နိုင္ဘူးျဖစ္ေနတယ္” ဟု ေျပာသည္။

ထို႔ျပင္ မဟာဓါတ္အားလိုင္းရရွိသည့္ ၿမိဳ႕မ်ားမွ အနီးပတ္ဝန္က်င္ရွိ ေက်းရြာမ်ားကိုလည္း လိုင္းအားေပးနိုင္ရန္ စီစဥ္လ်က္ရွိေၾကာင္း သိရသည္။

ဝန္ႀကီးခ်ဳပ္ ဆလိုင္း လ်န္လြယ္က “တီးတိန္ၿမိဳ႕ မဟာဓါတ္အားလိုင္းေရာက္ရင္ေတာ့ ရိဒ္ၿမိဳ႕ကိုလည္း ဆက္ေပးသြားမယ္၊ ၿပီးေတာ့ ဒုတိယအသုတ္အေနနဲ႔ တြန္းဇံၿမိဳ႕ ႏွင့္ က်ီခါးၿမိဳ႕ကို ဆက္ေပးဖို႔ရွိတယ္၊ နိုင္ငံျခားအေထာက္အပံ့လည္းပါေတာ့ ကိုယ္လိုခ်င္သေလာက္ အလုပ္မျဖစ္ဘူး၊ မီးႀကိဳးဝယ္တာကအစ ေႏွာင့္ေႏွးေနတယ္၊ ၂၀၂၄ မွာေတာ့ တစ္ျပည္နယ္လုံး အတိုင္းအတာနဲ႔ ရနိုင္ေတာ့မယ္” ဟု ဆိုသည္။

လက္ရွိတြင္ ခ်င္းျပည္နယ္ရွိ (၉) ၿမိဳ႕နယ္အနက္ ဟားခါးၿမိဳ႕၊ ထန္တလန္ၿမိဳ႕၊ ဖလမ္းၿမိဳ႕၊ မင္းတပ္ၿမိဳ႕ႏွင့္ ကန္ပလက္ၿမိဳ႕တို႔ မဟာဓါတ္အားလိုင္း ရရွိထားၿပီး၊ မတူပီၿမိဳ႕၊ တီးတိန္ၿမိဳ႕၊ တြန္းဇံၿမိဳ႕ႏွင့္ ပလက္ဝၿမိဳ႕တို႔ က်န္ေနေသးေၾကာင္း သိရသည္။