Input your search keywords and press Enter.

တွန်းဇံမြို့နယ် ခင်မန်းကျေးရွာတွင် နယ်စပ်ဈေးဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး ကျန်လေးနေရာအတွက်လည်း အိန္ဒိယနှင့်ညှိနှိုင်းနေ

Salai C.Lian

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ခင်မန်းကျေးရွာတွင် နယ်စပ်ဈေးဖွင့်လှစ်ရန် စီစဉ်လျက်ရှိ ပြီး ကျန်လေးနေရာအတွက်လည်း အိန္ဒိယဘက်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက လွှတ်တော်တွင်ဖြေကြားသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ တွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးပူဂင်ကမ်းလျန် မှ “တီးတိန်မြို့နယ်၊ ဖာရ်တလန်းကျေးရွာ(ရွာသစ်) နယ်စပ်ဈေးနှင့် တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ခင်မန်းကျေးရွာ နယ်စပ်ဈေးစီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” စပ်လျဉ်းသည့် မေးမြန်းချင်းအပေါ် ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ဒုတိယဝန်ကြီး ဦးအောင်ထူးက “တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ခင်မန်းကျေးရွာတွင် နယ်စပ်ဈေးဖွင့်လှစ်ဖို့ စီစဉ်လျက်ရှိ တယ်၊ အိန္ဒိယဘက်နှင့် ညှိနှိုင်းဆောင်ရွက်နေတယ်၊ ပြီးတော့ တီးတိန်မြို့နယ်၊ ဖာရ်တလန်းကျေးရွာ၊ နယ်စပ်ဈေးဖွင့်လှစ်ရန် တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး ပါက အိန္ဒိယနိုင်ငံဘက်နှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်” ဟု ပြောသည်။

ချင်းပြည်နယ်တွင် နှစ်နိုင်ငံနယ်စပ်ဈေးဖွင့်လှစ်ရန် (၅) နေရာအနက် (၄)နေရာဖြစ်သည့် ထန်တလန်မြို့နယ်၊ ထာအိုကျေးရွာ၊ ဖလမ်းမြို့နယ်၊ လေးလက်ကျေးရွာ၊ တီးတိန်မြို့နယ်၊ ဖါရ်တလန်းကျေးရွာနှင့် တွန်းဇံမြို့နယ်၊ ဒါရ်ခိုင်းကျေးရွာတို့တွင် နယ်စပ်ဈေး ဖွင့်လှစ်နိုင်ရေး နှစ်နိုင်ငံညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက “မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဈေးများ ဖွင့်လှစ်နိုင်ရေးနားလည်မှုစာချွန်လွှာကို ၂၀၁၂ ခုနှစ်၊ မေလ မှာ လက်မှတ်ရေးထိုးခဲ့တယ်၊ ပြီးတော့ ပထမအကြိမ် အိန္ဒိယ-မြန်မာ နယ်စပ်ဈေးပူးတွဲကော်မတီအစည်းအဝေး သဘောတူညီချက်အရ မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၅)နေရာနှင့် ချင်းပြည်နယ်အတွင်း (၅)နေရာမှာလည်း နယ်စပ်ဈေးများဖွင့်လှစ်ဖို့် မူအားဖြင့် သဘောတူခဲ့ကြတယ်” ဟု ပြောသည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် တွန်းဇံမြို့နယ်၊ ကျီခါး-ခင်မန်းကျေးရွာချင်းဆက်လမ်း (၇)မိုင်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျောက်ခင်းလမ်း(၃)မိုင် (၄)ဖာလုံ၊ (၃၄)ပေအကျယ် လမ်းတာချဲ့ခြင်း (၄)မိုင်၊ ပေ(၂၀)တံတား (၁)စင်း၊ (၁၀)ပေတံတား (၁)စင်းနှင့် (၄ပေx၄ပေ)လမ်းဖြတ်မြောင်း Box Culvert (၇)စင်းတို့အား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi
တြန္းဇံၿမိဳ႕နယ္ ခင္မန္းေက်းရြာတြင္ နယ္စပ္ေဈးဖြင့္လွစ္ရန္ စီစဥ္လ်က္ရွိၿပီး က်န္ေလးေနရာအတြက္လည္း အိႏၵိယႏွင့္ညႇိႏွိုင္းေန

ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕နယ္၊ က်ီခါးၿမိဳ႕၊ ခင္မန္းေက်းရြာတြင္ နယ္စပ္ေဈးဖြင့္လွစ္ရန္ စီစဥ္လ်က္ရွိ ၿပီး က်န္ေလးေနရာအတြက္လည္း အိႏၵိယဘက္ႏွင့္ ညႇိႏွိုင္းေဆာင္ရြက္လ်က္ရွိေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေအာင္ထူးက လႊတ္ေတာ္တြင္ေျဖၾကားသည္။

ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး စတုတၳေန႔ တြင္ ခ်င္းျပည္နယ္ မဲဆႏၵနယ္အမွတ္(၅)မွ ဦးပူဂင္ကမ္းလ်န္ မွ “တီးတိန္ၿမိဳ႕နယ္၊ ဖာရ္တလန္းေက်းရြာ(ရြာသစ္) နယ္စပ္ေဈးႏွင့္ တြန္းဇံၿမိဳ႕နယ္၊ က်ီခါးၿမိဳ႕၊ ခင္မန္းေက်းရြာ နယ္စပ္ေဈးစီမံကိန္းတို႔ကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေပးရန္ အစီအစဥ္ ရွိ/မရွိ” စပ္လ်ဥ္းသည့္ ေမးျမန္းခ်င္းအေပၚ ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ျပန္လည္ ေျဖၾကားျခင္း ျဖစ္သည္။

ဒုတိယဝန္ႀကီး ဦးေအာင္ထူးက “တြန္းဇံၿမိဳ႕နယ္၊ က်ီခါးၿမိဳ႕၊ ခင္မန္းေက်းရြာတြင္ နယ္စပ္ေဈးဖြင့္လွစ္ဖို႔ စီစဥ္လ်က္ရွိ တယ္၊ အိႏၵိယဘက္ႏွင့္ ညႇိႏွိုင္းေဆာင္ရြက္ေနတယ္၊ ၿပီးေတာ့ တီးတိန္ၿမိဳ႕နယ္၊ ဖာရ္တလန္းေက်းရြာ၊ နယ္စပ္ေဈးဖြင့္လွစ္ရန္ တံတားတည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ၿပီးစီး ပါက အိႏၵိယနိုင္ငံဘက္ႏွင့္ ဆက္လက္ညႇိႏွိုင္းေဆာင္ရြက္သြားမည္” ဟု ေျပာသည္။

ခ်င္းျပည္နယ္တြင္ ႏွစ္နိုင္ငံနယ္စပ္ေဈးဖြင့္လွစ္ရန္ (၅) ေနရာအနက္ (၄)ေနရာျဖစ္သည့္ ထန္တလန္ၿမိဳ႕နယ္၊ ထာအိုေက်းရြာ၊ ဖလမ္းၿမိဳ႕နယ္၊ ေလးလက္ေက်းရြာ၊ တီးတိန္ၿမိဳ႕နယ္၊ ဖါရ္တလန္းေက်းရြာႏွင့္ တြန္းဇံၿမိဳ႕နယ္၊ ဒါရ္ခိုင္းေက်းရြာတို႔တြင္ နယ္စပ္ေဈး ဖြင့္လွစ္နိုင္ေရး ႏွစ္နိုင္ငံညႇိႏွိုင္းလ်က္ရွိေၾကာင္း သိရသည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေအာင္ထူးက “ျမန္မာ-အိႏၵိယ ႏွစ္နိုင္ငံနယ္စပ္ေဈးမ်ား ဖြင့္လွစ္နိုင္ေရးနားလည္မႈစာခၽြန္လႊာကို ၂၀၁၂ ခုႏွစ္၊ ေမလ မွာ လက္မွတ္ေရးထိုးခဲ့တယ္၊ ၿပီးေတာ့ ပထမအႀကိမ္ အိႏၵိယ-ျမန္မာ နယ္စပ္ေဈးပူးတြဲေကာ္မတီအစည္းအေဝး သေဘာတူညီခ်က္အရ ျမန္မာ-အိႏၵိယ နယ္စပ္တစ္ေလၽွာက္ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း (၅)ေနရာႏွင့္ ခ်င္းျပည္နယ္အတြင္း (၅)ေနရာမွာလည္း နယ္စပ္ေဈးမ်ားဖြင့္လွစ္ဖို႔္ မူအားျဖင့္ သေဘာတူခဲ့ၾကတယ္” ဟု ေျပာသည္။

ထို႔ျပင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန အေနျဖင့္ တြန္းဇံၿမိဳ႕နယ္၊ က်ီခါး-ခင္မန္းေက်းရြာခ်င္းဆက္လမ္း (၇)မိုင္အား ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္တြင္ ေက်ာက္ခင္းလမ္း(၃)မိုင္ (၄)ဖာလုံ၊ (၃၄)ေပအက်ယ္ လမ္းတာခ်ဲ႕ျခင္း (၄)မိုင္၊ ေပ(၂၀)တံတား (၁)စင္း၊ (၁၀)ေပတံတား (၁)စင္းႏွင့္ (၄ေပx၄ေပ)လမ္းျဖတ္ေျမာင္း Box Culvert (၇)စင္းတို႔အား ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။