Input your search keywords and press Enter.

ဖြည့်စွက်ဘတ်ဂျက် ရေးဆွဲရာတွင် မြို့နယ်အလိုက် မမျှတသဖြင့် လွှတ်တော်တွင် ဆွေးနွေးပြီး ပြန်ပြင်ဆင်

Salai Benezar

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ဘတ်ဂျက်အတွက် ချင်းပြည်နယ်အစိုးရမှ လွှတ်တော်တွင် တင်ပြခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ် အများစုမှ မျှတမှုမရှိကြောင်း ကန့်ကွက်ခဲ့ကြသဖြင့် ၄ ရက်နေ့တွင် ကျင်းပခဲ့သည့် ချင်းပြည်နယ်လွှတ်တော်တွင် ပြန်လည် ပြင်ဆင်နိုင်ခဲ့ကြောင်း သိရသည်။

“မနေ့က အဲဒီကိစ္စကို ပြန်ဆွေးနွေးခဲ့ကြပါတယ်၊ မြို့နယ်အလိုက် ဘတ်ဂျက်မျှအောင်ဆိုပြီးတော့ လမ်းတို့ဘာတို့ တူးတဲ့ကိစ္စတွေမှာ များတဲ့ မြို့နယ်ကနေ နည်းတဲ့ မြို့နယ်ဘက်ကို မျှအောင်လုပ်ပေးတာတစ်ချို့ရှိတယ်၊ အဲတာလေးတွေညှိတာကို မနေ့ကအဆင်ပြေသွားပြီ၊ လွှတ်တော်မှာ အတည်ပြုပြီးတော့ ပြည်ထောင်စုကို တင်သွားမှာပါ”ဟု ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ပြောသည်။

ဖြည့်စွက်ဘတ်ဂျက်တင်ပြရာတွင် ချင်းပြည်နယ် တစ်ပြည်နယ်လုံးအတွက် ကျပ်သန်း ၁ဝဝဝကျော်တင်ပြထားသော်လည်း ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်ညှိနှိုင်းပြီးမှသာ အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။

မတူပီလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်းမှ “ကျေးလက်ဌာန၊ နတလ နှင့် လမ်းဦးစီးဌာနက ဘတ်ဂျက်အချို့ကို တစ်ချို့မြို့နယ်တွေက များတဲ့အတွက် အတိုးအလျှော့ပြန်လုပ်တာပေါ့၊ အဆင်ပြေသွားပါတယ်၊ ဥပမာ ကန်ပက်လက်နှင့် ပလက်ဝမှာ နည်းတဲ့ဟာကို နည်းနည်းမျှတယ်၊ တွန်းဇံကိုလည်းမျှတယ်”ဟု ပြောသည်။

၂၀၁၉-၂၀၂၀ ဖြည့်စွက်ဘတ်ဂျက်အတွက် ချင်းပြည်နယ်၏ ခွဲတမ်းရရှိမှုကို ပြည်ထောင်စုအစိုးရမှ ဒီဇင်ဘာလ ပထမပတ်တွင် ကြေငြာခဲ့ပြီး ချင်းပြည်နယ်အစိုးရမှ ဒီဇင်ဘာလ ၁၂ရက်တွင် သက်ဆိုင်ရာဌာနများမှ ဘတ်ဂျက်ရေးဆွဲရန်နှင့် ဒီဇင်ဘာလ ၁၆ရက်နေ့တွင် နောက်ဆုံးပေးပို့ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘတ်ဂျက်ရေးဆွဲရာတွင် မျှတမှုမရှိကြောင်း ယခင်နှစ်တွင်လည်း လွှတ်တော်အမတ်အချို့မှ ဝေဖန်မှုများရှိခဲ့ပြီး နောက်ပိုင်း ဘတ်ဂျက်ရေးဆွဲရာတွင် မျှမျှတတဖြစ်ရန် လုပ်ဆောင်သွားမည်ဟု ကတိပေးခဲ့ဖူးကြောင်းသိရသည်။

Zawgyi
ျဖည့္စြက္ဘတ္ဂ်က္ ေရးဆြဲရာတြင္ ၿမိဳ႕နယ္အလိုက္ မမွ်တသျဖင့္ လႊတ္ေတာ္တြင္ ေဆြးေႏြးၿပီး ျပန္ျပင္ဆင္

၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္ ျဖည့္စြက္ဘတ္ဂ်က္အတြက္ ခ်င္းျပည္နယ္အစိုးရမွ လႊတ္ေတာ္တြင္ တင္ျပခဲ့ေသာ္လည္း လႊတ္ေတာ္ကိုယ္စားလွယ္ အမ်ားစုမွ မၽွတမႈမရွိေၾကာင္း ကန႔္ကြက္ခဲ့ၾကသျဖင့္ ၄ ရက္ေန႔တြင္ က်င္းပခဲ့သည့္ ခ်င္းျပည္နယ္လႊတ္ေတာ္တြင္ ျပန္လည္ ျပင္ဆင္နိုင္ခဲ့ေၾကာင္း သိရသည္။

“မေန႔က အဲဒီကိစၥကို ျပန္ေဆြးေႏြးခဲ့ၾကပါတယ္၊ ၿမိဳ႕နယ္အလိုက္ ဘတ္ဂ်က္မၽွေအာင္ဆိုၿပီးေတာ့ လမ္းတို႔ဘာတို႔ တူးတဲ့ကိစၥေတြမွာ မ်ားတဲ့ ၿမိဳ႕နယ္ကေန နည္းတဲ့ ၿမိဳ႕နယ္ဘက္ကို မၽွေအာင္လုပ္ေပးတာတစ္ခ်ိဳ႕ရွိတယ္၊ အဲတာေလးေတြညႇိတာကို မေန႔ကအဆင္ေျပသြားၿပီ၊ လႊတ္ေတာ္မွာ အတည္ျပဳၿပီးေတာ့ ျပည္ေထာင္စုကို တင္သြားမွာပါ”ဟု ခ်င္းျပည္နယ္ အစိုးရေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ႀကီး ဦးစိုးထက္မွ ေျပာသည္။

ျဖည့္စြက္ဘတ္ဂ်က္တင္ျပရာတြင္ ခ်င္းျပည္နယ္ တစ္ျပည္နယ္လုံးအတြက္ က်ပ္သန္း ၁၀၀၀ေက်ာ္တင္ျပထားေသာ္လည္း ျပည္ေထာင္စုလႊတ္ေတာ္တြင္ ျပန္လည္ညႇိႏွိုင္းၿပီးမွသာ အတည္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

မတူပီလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လ်န္းမွ “ေက်းလက္ဌာန၊ နတလ ႏွင့္ လမ္းဦးစီးဌာနက ဘတ္ဂ်က္အခ်ိဳ႕ကို တစ္ခ်ိဳ႕ၿမိဳ႕နယ္ေတြက မ်ားတဲ့အတြက္ အတိုးအေလၽွာ့ျပန္လုပ္တာေပါ့၊ အဆင္ေျပသြားပါတယ္၊ ဥပမာ ကန္ပက္လက္ႏွင့္ ပလက္ဝမွာ နည္းတဲ့ဟာကို နည္းနည္းမၽွတယ္၊ တြန္းဇံကိုလည္းမၽွတယ္”ဟု ေျပာသည္။

၂၀၁၉-၂၀၂၀ ျဖည့္စြက္ဘတ္ဂ်က္အတြက္ ခ်င္းျပည္နယ္၏ ခြဲတမ္းရရွိမႈကို ျပည္ေထာင္စုအစိုးရမွ ဒီဇင္ဘာလ ပထမပတ္တြင္ ေၾကျငာခဲ့ၿပီး ခ်င္းျပည္နယ္အစိုးရမွ ဒီဇင္ဘာလ ၁၂ရက္တြင္ သက္ဆိုင္ရာဌာနမ်ားမွ ဘတ္ဂ်က္ေရးဆြဲရန္ႏွင့္ ဒီဇင္ဘာလ ၁၆ရက္ေန႔တြင္ ေနာက္ဆုံးေပးပို႔ရန္ ညႊန္ၾကားခဲ့ေၾကာင္း သိရသည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ ဘတ္ဂ်က္ေရးဆြဲရာတြင္ မၽွတမႈမရွိေၾကာင္း ယခင္ႏွစ္တြင္လည္း လႊတ္ေတာ္အမတ္အခ်ိဳ႕မွ ေဝဖန္မႈမ်ားရွိခဲ့ၿပီး ေနာက္ပိုင္း ဘတ္ဂ်က္ေရးဆြဲရာတြင္ မၽွမၽွတတျဖစ္ရန္ လုပ္ေဆာင္သြားမည္ဟု ကတိေပးခဲ့ဖူးေၾကာင္းသိရသည္။