Input your search keywords and press Enter.

ကျောင်းဆရာ/မ မလုံလောက်သည့် ပလက်ဝမြို့နယ်တွင် ရာဂဏန်း အပြောင်းရွှေ့ထပ်တင်

Salai C.Lian

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့် တပ်မတော်နှစ်ဖက် တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် နယ်မြေမအေးချမ်းသဖြင့် ကျောင်းဆရာ/မ ၂၀၀ ကျော်မှ ပြည်မနှင့် ပြည်နယ်အတွင်း ပြောင်းရွှေ့ရန် ပြောင်းရွှေ့လွှာတင်ကြကြောင်း ချင်းပြည်နယ် အစိုးရပြောရေး ဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦး စိုးထက်က ပြောသည်။

စည်ပင်ဝန်ကြီး ဦး စိုးထက်က “သူတို့ကလည်း နယ်မြေမအေးချမ်းတဲ့ခါကျတော့ ခုလိုပြောင်းရွှေ့ဖို့တင်ကြတာဖြစ်တယ်၊ ဝေးလံခေါင်သီတဲ့နေရာတွေမှာဆိုရင် ၁ နှစ်၊ ၂ နှစ်တာဝန်ထမ်းဆောင်ပြီးရင် ပြောင်းရွှေ့ဖို့လျှောက်လို့ရတယ်၊ အခုပလက်ဝမြို့နယ်မှာဆိုရင် ဆရာ/မ လိုအပ်ချက်လည်း အများကြီးလိုသေးတယ်” ဟု ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကျောင်း ဆရာ/မ လုံလောက်မှုမရှိသည့်အပြင် နယ်မြေအေးချမ်းမှုမရှိခြင်းကြောင့် ပြီးခဲ့သည့် နှစ် ကျောင်းဖွင့်ချိန်များတွင်လည်း ကျောင်းမဖွင့်နိုင်သည့် ကျောင်းပေါင်း ၂၀၀ ကျော်ရှိခဲ့သည်။

ဝန်ကြီးဦးစိုးထက်က “ဒီကိစ္စကို ကျွန်တော်တို့ ပြည်နယ်အစိုးရကနေ ပြည်ထောင်စုကို မကြာမကြာ တင်ထားတာတွေ လုပ်တယ်၊ အခုလိုဟာသွားတဲ့အတွက် ပြီးခဲ့တဲ့နှစ်ကလည်း ကျောင်းဖွင့်တဲ့ချိန် ကျောင်း ၂၀၀ ကျော်ကဖွင့်လို့မရပဲ ဖြစ်နေတယ်၊ ပြည်ထောင်စုခွင့်ပြုချက်နဲ့ လုပ်အားပေး ဆရာ/မ ၃၆၀ ကိုခန့်လိုက်တယ်၊ ဒါပေမဲ့ သူတို့နေတဲ့ နေရာမအေးချမ်းလို့ဆိုပြီး သင်ပေးတဲ့သူတွေက မနေရဲဘူး ဖြစ်နေတယ်” ဟုပြောသည်။

နယ်မြေမအေးချမ်းခြင်းကြောင့် အချို့ကျောင်းဆရာမများသည် ကျောင်းဖွင့်ချိန်ရောက်သော်လည်း တာဝန်ကြသည့် နေရာသို့ ပြန်မသွားတော့သည့် ဆရာ/မများရှိကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင်တာဝန်ကျနေသည့် မှုလတန်းပြ အမည်မဖော်လိုသူကျောင်းဆရာမတစ်ဦးက “ကျောင်းဖွင့်ချိန်တော့ ရောက်နေပြီဖြစ်ပေမယ့် တာဝန်ကျတဲ့နေရာကို ပြန်မသွားရဲတော့ဘူး၊ ခုလိုနှစ်ဖက် တိုက်ပွဲတွေဖြစ်နေတော့ မနေရဲဘူး၊ အလုပ်ကနေမထွက်ပေမယ့် အိမ်မှာပဲ ဒီတိုင်းနေတော့တယ်” ဟု ပြောသည်။

ဝန်ကြီး ဦး စိုးထက်က “နယ်မြေမအေးချမ်းလို့ဆိုပြီး ၂၀၁၉ ဒီဇင်ဘာထိ ပြောင်းရွှေ့ဖို့ ၂၆၇ ဦးကတင်တယ်၊ အဲထဲမှာ ပြည်မကိုပြောင်းချင်တဲ့သူက ၆၇ ဦး ရှိတယ်၊ ကျန်တာကတော့ နယ်မြေအေးချမ်းတဲ့ ပြည်နယ်အတွင်းကိုပဲ တင်ကြတယ်၊ အဲဒါကတော့ အခြေခံပညာကို ရောက်သွားပြီ၊ အခြေခံပညာကို ကျွန်တော်တို့ ညိုနိုင်းထားတာက ပလက်ဝမှာ ဆရာ/မ လိုအပ်ချက်က ၃၀၀၀ ကျော်လိုသေးတယ်၊ ခန့်ထားတာက ၁၂၈၀ ပဲရှိသေးတယ်၊ ဆိုတော့ ၄၀ ရာခိုင်းနှုန်းလောက်ပဲရှိသေးတော့ ပြောင်းရွှေ့တဲ့သူတွေကို အစားထိုးပေးဖို့ ပြည်ထောင်စုကို ညိုထားတယ်၊ ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့ကတော့ လုံခြုံရေးအတွက် တင်သင့်သလောက်တော့ တင်နေတယ်၊ ကာကွယ်ရေးနှင့် ပြည်ထဲရေးဖက်က လိုအပ်တဲ့ဟာတွေကို အကုန်လုံးလုပ်ပေးမယ်လို့တော့ ကျွန်တော်ထင်တယ်” ဟု ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် နယ်မြေလုံခြုံမှုမရှိသောကြောင့် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင်လည်း ကျောင်း ဆရာ၊ ဆရာမ ၂၅၀ ဦးကို ပြောင်းရွှေ့ခွင့် ပေးခဲ့ကြောင်း သိရသည်။

Zawgyi
ေက်ာင္းဆရာ/မ မလုံေလာက္သည့္ ပလက္ဝၿမိဳ႕နယ္တြင္ ရာဂဏန္း အေျပာင္းေရႊ႕ထပ္တင္

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္ တပ္မေတာ္ႏွစ္ဖက္ တိုက္ခိုက္မႈေၾကာင့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ နယ္ေျမမေအးခ်မ္းသျဖင့္ ေက်ာင္းဆရာ/မ ၂၀၀ ေက်ာ္မွ ျပည္မႏွင့္ ျပည္နယ္အတြင္း ေျပာင္းေရႊ႕ရန္ ေျပာင္းေရႊ႕လႊာတင္ၾကေၾကာင္း ခ်င္းျပည္နယ္ အစိုးရေျပာေရး ဆိုခြင့္ရွိသူ စည္ပင္ ဝန္ႀကီး ဦး စိုးထက္က ေျပာသည္။

စည္ပင္ဝန္ႀကီး ဦး စိုးထက္က “သူတို႔ကလည္း နယ္ေျမမေအးခ်မ္းတဲ့ခါက်ေတာ့ ခုလိုေျပာင္းေရႊ႕ဖို႔တင္ၾကတာျဖစ္တယ္၊ ေဝးလံေခါင္သီတဲ့ေနရာေတြမွာဆိုရင္ ၁ ႏွစ္၊ ၂ ႏွစ္တာဝန္ထမ္းေဆာင္ၿပီးရင္ ေျပာင္းေရႊ႕ဖို႔ေလၽွာက္လို႔ရတယ္၊ အခုပလက္ဝၿမိဳ႕နယ္မွာဆိုရင္ ဆရာ/မ လိုအပ္ခ်က္လည္း အမ်ားႀကီးလိုေသးတယ္” ဟု ေျပာသည္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တြင္ ေက်ာင္း ဆရာ/မ လုံေလာက္မႈမရွိသည့္အျပင္ နယ္ေျမေအးခ်မ္းမႈမရွိျခင္းေၾကာင့္ ၿပီးခဲ့သည့္ ႏွစ္ ေက်ာင္းဖြင့္ခ်ိန္မ်ားတြင္လည္း ေက်ာင္းမဖြင့္နိုင္သည့္ ေက်ာင္းေပါင္း ၂၀၀ ေက်ာ္ရွိခဲ့သည္။

ဝန္ႀကီးဦးစိုးထက္က “ဒီကိစၥကို ကၽြန္ေတာ္တို႔ ျပည္နယ္အစိုးရကေန ျပည္ေထာင္စုကို မၾကာမၾကာ တင္ထားတာေတြ လုပ္တယ္၊ အခုလိုဟာသြားတဲ့အတြက္ ၿပီးခဲ့တဲ့ႏွစ္ကလည္း ေက်ာင္းဖြင့္တဲ့ခ်ိန္ ေက်ာင္း ၂၀၀ ေက်ာ္ကဖြင့္လို႔မရပဲ ျဖစ္ေနတယ္၊ ျပည္ေထာင္စုခြင့္ျပဳခ်က္နဲ႔ လုပ္အားေပး ဆရာ/မ ၃၆၀ ကိုခန႔္လိုက္တယ္၊ ဒါေပမဲ့ သူတို႔ေနတဲ့ ေနရာမေအးခ်မ္းလို႔ဆိုၿပီး သင္ေပးတဲ့သူေတြက မေနရဲဘူး ျဖစ္ေနတယ္” ဟုေျပာသည္။

နယ္ေျမမေအးခ်မ္းျခင္းေၾကာင့္ အခ်ိဳ႕ေက်ာင္းဆရာမမ်ားသည္ ေက်ာင္းဖြင့္ခ်ိန္ေရာက္ေသာ္လည္း တာဝန္ၾကသည့္ ေနရာသို႔ ျပန္မသြားေတာ့သည့္ ဆရာ/မမ်ားရွိေၾကာင္း သိရသည္။

ပလက္ဝၿမိဳ႕နယ္တြင္တာဝန္က်ေနသည့္ မႈလတန္းၿပ အမည္မေဖာ္လိုသူေက်ာင္းဆရာမတစ္ဦးက “ေက်ာင္းဖြင့္ခ်ိန္ေတာ့ ေရာက္ေနၿပီျဖစ္ေပမယ့္ တာဝန္က်တဲ့ေနရာကို ျပန္မသြားရဲေတာ့ဘူး၊ ခုလိုႏွစ္ဖက္ တိုက္ပြဲေတြျဖစ္ေနေတာ့ မေနရဲဘူး၊ အလုပ္ကေနမထြက္ေပမယ့္ အိမ္မွာပဲ ဒီတိုင္းေနေတာ့တယ္” ဟု ေျပာသည္။

ဝန္ႀကီး ဦး စိုးထက္က “နယ္ေျမမေအးခ်မ္းလို႔ဆိုၿပီး ၂၀၁၉ ဒီဇင္ဘာထိ ေျပာင္းေရႊ႕ဖို႔ ၂၆၇ ဦးကတင္တယ္၊ အဲထဲမွာ ျပည္မကိုေျပာင္းခ်င္တဲ့သူက ၆၇ ဦး ရွိတယ္၊ က်န္တာကေတာ့ နယ္ေျမေအးခ်မ္းတဲ့ ျပည္နယ္အတြင္းကိုပဲ တင္ၾကတယ္၊ အဲဒါကေတာ့ အေျခခံပညာကို ေရာက္သြားၿပီ၊ အေျခခံပညာကို ကၽြန္ေတာ္တို႔ ညိဳနိုင္းထားတာက ပလက္ဝမွာ ဆရာ/မ လိုအပ္ခ်က္က ၃၀၀၀ ေက်ာ္လိုေသးတယ္၊ ခန႔္ထားတာက ၁၂၈၀ ပဲရွိေသးတယ္၊ ဆိုေတာ့ ၄၀ ရာခိုင္းႏႈန္းေလာက္ပဲရွိေသးေတာ့ ေျပာင္းေရႊ႕တဲ့သူေတြကို အစားထိုးေပးဖို႔ ျပည္ေထာင္စုကို ညိဳထားတယ္၊ ကၽြန္ေတာ္တို႔ ျပည္နယ္အစိုးရအေနနဲ႔ကေတာ့ လုံျခဳံေရးအတြက္ တင္သင့္သေလာက္ေတာ့ တင္ေနတယ္၊ ကာကြယ္ေရးႏွင့္ ျပည္ထဲေရးဖက္က လိုအပ္တဲ့ဟာေတြကို အကုန္လုံးလုပ္ေပးမယ္လို႔ေတာ့ ကၽြန္ေတာ္ထင္တယ္” ဟု ေျပာသည္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တြင္ နယ္ေျမလုံျခဳံမႈမရွိေသာေၾကာင့္ ၿပီးခဲ့သည့္ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္တြင္လည္း ေက်ာင္း ဆရာ၊ ဆရာမ ၂၅၀ ဦးကို ေျပာင္းေရႊ႕ခြင့္ ေပးခဲ့ေၾကာင္း သိရသည္။