Input your search keywords and press Enter.

ကျောင်းသားသေဆုံးမှုနှင့်ပတ်သက်ပြီး ဆေးရုံတာဝန်ရှိသူများကို အရေးမယူပါက ဆန္ဒဖော်ထုတ်မည်

Salai Khup Khup

ဆိုင်ကယ်မတော်တဆမှုကြောင့် ကလေးမြို့ ပြည်သူ့ဆေးရုံတွင် သေဆုံးသွားသည့် ကျောင်းသား တာန်ဒါလ်မွန်းမာန်ကိစ္စနှင့်ပတ်သက်ပြီး ဆေးရုံ တာဝန်ရှိသူများကို အရေးယူပေးရန် တက္ကသိုလ် ကျောင်းသားအဖွဲ့ (၁၆)ဖွဲ့မှ ထုတ်ပြန်ချက်ထုတ်ခဲ့ပြီး သတ်မှတ်ရက်အတွင်း အရေးယူမှု မပြုလုပ်ပါက ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်းသိရသည်။

Chin Student Union ဥက္ကဌ ှဗန်ရိုထန်းက “ထုတ်ပြန်ချက် ထုတ်ပြန်အပြီး ငါးရက်အတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာန တစ်ခုခုကနေ အကြောင်းပြန်တာ တစ်ခုခုမှ မရှိရင် ကလေးမြို့မှာ ရှိတဲ့သူတွေတင်မကဘဲ တက္ကသိုလ်ကျောင်း သူကျောင်းသား အားလုံးပေါင်းပြီး ဆန္ဒဖော်ထုတ်တဲ့အထိ ရှေ့ဆက်မယ်”ဟုပြောသည်။

နည်းပညာတက္ကလိုလ်ကျောင်းသားဖြစ်သည့် ဇိုမီးကျောင်းသားခေါင်းဆောင်ဟောင်း တာန်ဒါလ်မွန်းမာန် သေဆုံးရခြင်းနှင့် ပက်သက်ပြီး ကလေးမြို့ပြည်သူ့ဆေးရုံမှ ဖေဖော်ဝါရီလ(၂၉)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ထိုသတင်းစာရှင်းလင်းပွဲတွင်လည်း ဆရာဝန်များဖက်မှ ဖြေရှင်းချက်များတွင် လူနာကို ဂရုစိုက်မှုမရှိသည့် အနေထားများ ထပ်မံပေါ်လွင်နေသည့်အပေါ် နောက်တစ်နေ့တွင် ချင်းတက္ကသိုလ် ကျောင်းသား(၁၆)ဖွဲ့မှ ထုတ်ပြန်ချက် ထုတ်ခဲ့ခြင်းဖြစ်သည်။

FPTP ဥက္ကဌ ဆလိုင်းဟင်နရီ ဘွေလျန်ဘိခ်က “ သဘောထားထုတ်ပြန်တဲ့ ကျောင်းသားအဖွဲ့တစ်ဖွဲ့ချင်းစီက ခေါင်းဆောင်တစ်ဦးစီနဲ့ကော်မတီလည်းဖွဲ့ထားတယ်။ ကျွန်တော်တို့သဘောထားထုတ်ပြန်တဲ့အတိုင်း အရေးယူမှုတွေမရှိလာဘူးဆိုရင် ဒီကော်မတီကဦးဆောင်ပြီး ဆက်ပြီးလှုပ်ရှားမှုတွေလုပ်သွားဖို့ရှိတယ်” ဟုပြောသည်။

တာန်ဒါလ်မွန်းမာန်သည် ဇန်နဝါရီလ (၂၆) ရက်နေ့က မြို့မစျေးကွေ့အနီး လမ်းမပေါ်တွင် ည (၁၁) နာရီဝန်းကျင်၌ ဆိုင်ကယ်မတော်တဆ ဖြစ်ကာ ကလေးပြည်သူ့ဆေးရုံကြီးတွင်ရောက်ရှိပြီး နောက်နေ့တွင် အသက်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဆေးရုံသို့ရောက်ရှိချိန်နှင့် အသက်မသေဆုံးခင်အချိန်များတွင် ဆေးရုံမှ တာဝန်ကျသူများမှ လူနာကိုကောင်းကောင်းမပြုစုခြင်းကြောင့် အသက်သေဆုံးရခြင်းဖြစ်ကြောင်း ချင်းတက္ကသိုလ်ကျောင်းသားများအဖွဲ့အစည်း(၁၆) ဖွဲ့မှ ပူးတွဲသဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံတာဝန်ရှိသူများကို သဘောထားထုတ်ပြန်သည့်နေ့မှစပြီး ငါးရက်အတွင်း အရေးယူပေးရန်လည်း တောင်းဆိုထားကြသည်။

Zawgyi
ေက်ာင္းသားေသဆုံးမႈႏွင့္ပတ္သက္ၿပီး ေဆး႐ုံတာဝန္ရွိသူမ်ားကို အေရးမယူပါက ဆႏၵေဖာ္ထုတ္မည္

ဆိုင္ကယ္မေတာ္တဆမႈေၾကာင့္ ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံတြင္ ေသဆုံးသြားသည့္ ေက်ာင္းသား တာန္ဒါလ္မြန္းမာန္ကိစၥႏွင့္ပတ္သက္ၿပီး ေဆး႐ုံ တာဝန္ရွိသူမ်ားကို အေရးယူေပးရန္ တကၠသိုလ္ ေက်ာင္းသားအဖြဲ႕ (၁၆)ဖြဲ႕မွ ထုတ္ျပန္ခ်က္ထုတ္ခဲ့ၿပီး သတ္မွတ္ရက္အတြင္း အေရးယူမႈ မျပဳလုပ္ပါက ဆႏၵထုတ္ေဖာ္သြားမည္ ျဖစ္ေၾကာင္းသိရသည္။

Chin Student Union ဥကၠဌ ွဗန္ရိုထန္းက “ထုတ္ျပန္ခ်က္ ထုတ္ျပန္အၿပီး ငါးရက္အတြင္း သက္ဆိုင္ရာ ဝန္ႀကီးဌာန တစ္ခုခုကေန အေၾကာင္းျပန္တာ တစ္ခုခုမွ မရွိရင္ ကေလးၿမိဳ႕မွာ ရွိတဲ့သူေတြတင္မကဘဲ တကၠသိုလ္ေက်ာင္း သူေက်ာင္းသား အားလုံးေပါင္းၿပီး ဆႏၵေဖာ္ထုတ္တဲ့အထိ ေရွ႕ဆက္မယ္”ဟုေျပာသည္။

နည္းပညာတကၠလိုလ္ေက်ာင္းသားျဖစ္သည့္ ဇိုမီးေက်ာင္းသားေခါင္းေဆာင္ေဟာင္း တာန္ဒါလ္မြန္းမာန္ ေသဆုံးရျခင္းႏွင့္ ပက္သက္ၿပီး ကေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံမွ ေဖေဖာ္ဝါရီလ(၂၉)ရက္ေန႔တြင္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ၿပီး ထိုသတင္းစာရွင္းလင္းပြဲတြင္လည္း ဆရာဝန္မ်ားဖက္မွ ေျဖရွင္းခ်က္မ်ားတြင္ လူနာကို ဂ႐ုစိုက္မႈမရွိသည့္ အေနထားမ်ား ထပ္မံေပၚလြင္ေနသည့္အေပၚ ေနာက္တစ္ေန႔တြင္ ခ်င္းတကၠသိုလ္ ေက်ာင္းသား(၁၆)ဖြဲ႕မွ ထုတ္ျပန္ခ်က္ ထုတ္ခဲ့ျခင္းျဖစ္သည္။

FPTP ဥကၠဌ ဆလိုင္းဟင္နရီ ေဘြလ်န္ဘိခ္က “ သေဘာထားထုတ္ျပန္တဲ့ ေက်ာင္းသားအဖြဲ႕တစ္ဖြဲ႕ခ်င္းစီက ေခါင္းေဆာင္တစ္ဦးစီနဲ႔ေကာ္မတီလည္းဖြဲ႕ထားတယ္။ ကၽြန္ေတာ္တို႔သေဘာထားထုတ္ျပန္တဲ့အတိုင္း အေရးယူမႈေတြမရွိလာဘူးဆိုရင္ ဒီေကာ္မတီကဦးေဆာင္ၿပီး ဆက္ၿပီးလႈပ္ရွားမႈေတြလုပ္သြားဖို႔ရွိတယ္” ဟုေျပာသည္။

တာန္ဒါလ္မြန္းမာန္သည္ ဇန္နဝါရီလ (၂၆) ရက္ေန႔က ၿမိဳ႕မေစ်းေကြ႕အနီး လမ္းမေပၚတြင္ ည (၁၁) နာရီဝန္းက်င္၌ ဆိုင္ကယ္မေတာ္တဆ ျဖစ္ကာ ကေလးျပည္သူ႔ေဆး႐ုံႀကီးတြင္ေရာက္ရွိၿပီး ေနာက္ေန႔တြင္ အသက္ေသဆုံးသြားခဲ့ျခင္းျဖစ္သည္။

ေဆး႐ုံသို႔ေရာက္ရွိခ်ိန္ႏွင့္ အသက္မေသဆုံးခင္အခ်ိန္မ်ားတြင္ ေဆး႐ုံမွ တာဝန္က်သူမ်ားမွ လူနာကိုေကာင္းေကာင္းမျပဳစုျခင္းေၾကာင့္ အသက္ေသဆုံးရျခင္းျဖစ္ေၾကာင္း ခ်င္းတကၠသိုလ္ေက်ာင္းသားမ်ားအဖြဲ႕အစည္း(၁၆) ဖြဲ႕မွ ပူးတြဲသေဘာထားထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး ေဆး႐ုံတာဝန္ရွိသူမ်ားကို သေဘာထားထုတ္ျပန္သည့္ေန႔မွစၿပီး ငါးရက္အတြင္း အေရးယူေပးရန္လည္း ေတာင္းဆိုထားၾကသည္။