Input your search keywords and press Enter.

AA ပြန်လွှတ်ပေးလိုက်တဲ့ ဦးဝှေ့တင်းနှင့်အင်တာဗျူး

ေမး – Salai Benezar

ဦးဝှေ့တင်းဟာ ၁၄ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတက်ဖို့ ပလက်ဝမြို့ကနေ ထွက်လာပြီး ကျောက်တော်မြို့နယ် ကျောက်တန်းကျေးရွာနားမှာ နိုဝင်ဘာလ (၃) ရက်နေ့က အေအေရဲ့ အဖမ်းစီးခံခဲ့ရပါတယ်။ ၇၈ ရက်တာ အေအေရဲ့ ထိန်းသိမ်းခံခဲ့ရတဲ့ ဦးဝှေ့တင်းရဲ့ ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံးပြန်လွတ်လာတဲ့အပေါ် ခံစားချက်ပြောပြပေးပါ။

ဖြေ။ ။ ဘာဘဲဖြစ်ဖြစ် ဒီလိုမျိုးလွတ်လာတဲ့အပေါ်မှာ နိုင်ငံတော်သမ္မတကြီး၊ နိုင်ငံတော်အတိုင်ပင်ခံပဂ္ဂိုလ်အပါအဝင် နိုင်ငံတော်အကြီးအကဲများအားလုံး၊ ချင်းပြည်သူတစ်ရပ်လုံး၊ ကျနော့်ရဲ့ မဲဆန္ဒနယ်မှာရှိတဲ့ ပြည်သူတွေက ၀ိုင်းဝန်းဆုတောင်း၊ အားပေးကြတယ်၊ နိုင်ငံတကာက ချင်းအဖွဲ့အစည်းတွေကလည်း အားလုံးဆုတောင်း ရပ်တည်ပေးတဲ့အတွက် ဒီလိုမျိုးလွတ်လာတာလို့ ကျနော်ကတော့ စိတ်ထဲမှာ မှတ်ပါတယ်၊ ဘာဘဲဖြစ်ဖြစ် သူတို့အနေနဲ့ ကျနော့်အပေါ်မှာ နာကျင်စေတဲ့ ထိခိုက်စေတဲ့ အပြုအမူတွေ မတွေ့တဲ့အတွက်လည်း အခုလွတ်လာတဲ့အချိန်မှာဆိုရင် ကျန်းမာရေး အနေအထားလဲကောင်းမွန်ပါတယ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုလည်း ဖော်ဆောင်နေတဲ့အတွက် တိုင်းရင်းသားအချင်းချင်းဖြစ်တဲ့အတွက် ကျနော့်ကို လွှတ်ပေးတယ်လို့ စိတ်ထဲမှာ ယုံကြည်တာပေါ့။

မေး။ ။ ဘာလို့အဖမ်းခံရတယ်လို့ ကိုယ့်ဟာကိုယ်ထင်လဲ။

ဖြေ။ ။ ကျနော့်ကို ဖမ်းတဲ့အပေါ် ထင်မြင်ယူဆချက်ကတော့ AA နှင့် ဆက်နွယ်ပတ်သက်တဲ့ တစ်ချို့ဒေသခံတွေက ကျနော့်လုပ်ဆောင်ချက်ပေါ်မှာ အထင်မြင်လွဲမှားမှုကြောင့် ဒီလိုဖမ်းဆီးထိန်းသိမ်းတာလို့ ယူဆတာပေါ့၊ အဖမ်းခံရပြီးတော့ ပြန်လွတ်လာတဲ့အပေါ်မှာ သူတို့လည်း သူတို့ရဲ့ ရက္ခိုင့်နိုင်ငံတော်ပြန်ရဖို့ တိုက်ပွဲဝင်နေကြတာလို့ အချင်းချင်းပြောတာကြားတယ်၊ ဆိုတော့ သူတို့ရဲ့နိုင်ငံရေးကိုလည်း ဘာမှ ဝေဖန်စရာမရှိပါဘူး၊ သူတို့ရဲ့ နိုင်ငံရေးခံယူချက်ဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး။

မေး။ ။ အထိန်းသိမ်းခံရတဲ့ကာလမှာ အဓိကဘယ်လိုအခက်အခဲတွေကြုံရသလဲ။

ဖြေ။ ။ ဘာဘဲဖြစ်ဖြစ် သူတို့ဘက်က ၇၈ ရက်ကြာ ထိန်းသိမ်းတဲ့ကာလမှာလည်း နှိပ်စက်မှုတွေမရှိပါဘူး၊ သို့သော်လည်းဘဲ နိုဝင်ဘာ ၃ ရက်နေ့ ညနေက စပြီးတော့ ခြေကျင်းခတ်ပြီး ထိပ်တုံးမှာ နိုဝင်ဘာ ၂၅ ရက်နေ့ထိ အလေးသွားတာကလွဲပြီး နေ့ည ထိပ်တုံးနဲ့ နေရတာပေါ့လေ၊ တောထဲမှာဆိုတော့ လေကလည်းတိုက် ၊ ချမ်းလဲချမ်း ဆောင်းရာသီလည်းဖြစ်တယ်ဆိုတော့ ကျနော့်အတွက် အဲဒီအချိန်က နေရအခက်ဆုံးဖြစ်တာပေါ့။

မေး။ ။ အထိန်းသိမ်းခံရတဲ့အချိန် ဘယ်လိုစစ်ဆေးမှုတွေအလုပ်ခံရသလဲ။

ဖြေ။ ။ နံပါတ် ၁ အနေနဲ့ကတော့ ကျနော့်ကို လွှတ်တော်ကိုယ်စားလှယ်မှန်း သူတို့သိပါတယ်၊ ကြိုတင်သတင်းပေးမှုတွေရှိတဲ့အတွက် တားပြီးတော့ဖမ်းတာပေ့ါ၊ ကျနော့်ကိုဖမ်းစီးရတဲ့ အကြောင်းအရင်းအနေနဲ့ ၁ ကတော့ မြန်မာ့တပ်မတော်ကို သတင်းအပေးအယူလုပ်တဲ့သူတွေနဲ့ အဆက်သွယ်ရှိတယ်လို့ ကျနော့်ကို စွတ်စွဲ၊ ဒုတိယအချက်က အဲဒီရရှိလာတဲ့သတင်းတွေကို မြန်မာ့တပ်မတော်ကို သတင်းပို့တယ်လို့ စွတ်စွဲတယ်၊ တတိယစွတ်စွဲတာကတော့ ကျနော်လွှတ်တော်ကိုယ်စားလှယ်မဖြစ်ခင်မှာ ပလက်ဝမြို့ ခူမီးချင်းလူငယ်များအသင်းရဲ့ တည်ထောင်သူ တစ်ဦးဖြစ်တဲ့အတွက် ခူမီးချင်းလူငယ်တွေကို စည်းရုံးပြီးတော့ ပြည်သူ့စစ်သင်တန်းတွေ တက်ခိုင်းတယ်လို့ ကျနော့်ကို စွတ်စွဲတယ် အဲဒီသုံးချက်နဲ့ ပေါ့၊ ဒါပေမယ့် သူတို့ စွတ်စွဲတဲ့အဲဒီ သုံးချက်လုံးမှာ ကျနော်ပါဝင်ခြင်း မရှိဘူးလို့ အတိအလင်း သူတို့ကိုပြောတယ်။

မေး။ ။ အထိန်းသိမ်းခံရတဲ့နေရာမှာ တစ်ခြားဖမ်းစီးထိန်းသိမ်းခံရသူတွေကောရှိလား။ သူတို့အပေါ်ကော အေအေက ဘယ်လိုဆက်ဆံသလဲ။

ဖြေ။ ။ ကျနော်ထိန်းသိမ်းမခံရခင် ၉ရက်အလိုမှာ ပညာရေးအထွေထွေဝန်ထမ်းတစ်ဦးကို ဖမ်းတယ်လို့ ကျနော်သိထားတယ်၊ သူ့ကိုတော့ လုံခြုံတဲ့နေရာတစ်ခုကိုရောက်တော့ ကျနော်မတွေ့ဘူး၊ လွတ်ခါနီးမှာ သူနဲ့တွေ့တော့ ကျနော့်ကို တွေ့ပေမယ့် စကားမပြောရဲဘူးလို့ သူကပြောတယ်၊ လွတ်ခါနီးမှာဘဲ အဲဒီစခန်းထဲမှာဘဲ စတွေ့တယ်ပေါ့၊ အဲဒီတစ်ယောက်ဘဲ တွေ့ဖြစ်တယ်၊ ကျန်တဲ့လူတွေက သူတို့ရဲ့အောက်ခြေ ရဲဘော်တစ်ချို့က အစားအသောက်အပိုင်းရော လူကြီးတွေနဲ့ အချေအတင်ဖြစ်တာလားတော့ မသိဘူး၊ တပ်ပြေးတွေရှိတယ်၊ ကျနော့်ကိုထိန်းသိမ်းတဲ့နေ့ကတော့ အဲဒီတပ်ပြေးလေးဦးနဲ့အတူ ထိပ်တုံးခတ်ထားတယ်ပေါ့။

မေး။ ။ တောထဲမှာ အဖမ်းခံရတာဆိုတော့ အစားအသောက်အခြေအနေဘယ်လိုရှိလဲ။

ဖြေ။ ။ အစားအသောက်ကတော့ တောထဲတောင်ထဲမှှာဆိုတော့ ခန့်မှန်းလို့ရမှာပါ၊ များသောအားဖြင့် အသီးအရွက်တွေစားရတယ်၊ ဆယ်ရက်တစ်ပတ်လောက်မှာတော့ အသားတစ်တုံးနှစ်တုံးကျွေးတယ်၊ ရခိုင်ကထွက်တဲ့ ငါးလဲကျွေးတယ်၊ လွတ်ခါနီးသုံးရက်မှာတော့ ကျနော့်ကို အမဲသားရော ဝက်သားရော ကောင်းကောင်းမွန်မွန်ကျွေးတော့ စားလိုက်ရတယ်ပေါ့ဗျာ။

မေး။ ။ တွေ့ခဲ့ကြုံခဲ့သလောက်မှာ အေအေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကော ရှိလား။

ဖြေ။ ။ အဖမ်းခံနေရတုန်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုကတော့ နိုဝင်ဘာ ၃ရက်နေ့ကနေ ၂ရရက်နေ့ထိ စုစုပေါင်း ၂၅ရက်ကို ခြေကျင်းလဲခတ်ထားတယ်၊ ထိပ်တုံးလည်းခတ်ထားသေးတယ်ဆိုတော့ အလေးသွားချိန်မှအပ အင်မတန်မှ နေရခက်တဲ့ အခြေအနေဘဲ။

မေး။ ။ထိန်းသိမ်းခံရတဲ့ကာလမှာ ကိုယ့်အသက်ဘေးအတွက် စိုးရိမ်မှုတွေကောရှိခဲ့သေးလား။

ဖြေ။ ။ ကျနော်အထိန်းသိမ်းခံရတာက ကုလားတန်မြစ်ရဲ့ အရှေ့ဘက်ကမ်းမှာပေါ့၊ နိုဝင်ဘာ ၄ရက်နေ့ မနက်မှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်တယ်၊ တိုက်ပွဲဖြစ်နေတဲ့အသံကိုလည်း ကြားရတယ်ပေါ့၊ ပြီးတော့ အာဆာကနေ ကုလားတန်မြစ်ကူးတံတားအတွက်သုံးမယ့် ပစ္စည်းတွေ တင်လာတဲ့ သဘောင်္ကို ပစ်ခတ်နေတာတွေလည်း ကြားခဲ့ရတယ်၊ အဲဒီလိုမျိုးအချိန်မှာတော့ နှစ်ဘက်တိုက်ပွဲ အကြီးအကျယ်ဖြစ်လာရင် ကျနော့်ကိုထိမှာတော့ စိုးရိမ်ပူပန်မှုတွေရှိခဲ့တယ်၊ ဒါပေမယ့် ဘယ်မှလည်း ပြေးစရာမရှိတဲ့အခါကျတော့ သည်းခံပြီးတော့ ဘုရားတပြီး နေခဲ့ရတဲ့ အနေအထားတော့ ရှိခဲ့ပါတယ်။

မေး ။ ။ အခြားဒေသခံတွေအဖမ်းခံရတာတွေလည်းရှိနေတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ကော။

ဖြေ။ ။ ချင်းလူ့အဖွဲ့အစည်းတစ်ရပ်လုံးကလည်း တောင်းဆိုနေကြတယ်၊ ချင်းပြည်နယ် အစိုးရအဖွဲ့ကလည်း တောင်းဆိုနေတဲ့ဟာဖြစ်တယ်၊ ဘာဘဲဖြစ်ဖြစ် ကျန်နေသေးတဲ့သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့တော့ ဖြစ်သင့်တာပေါ့၊ ပြီးတော့ ဒါက တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကိုလည်း ဖော်ဆောင်တယ်၊ အိမ်မှာကျန်ခဲ့တဲ့မိသားစုတွေကလည်း သူတို့ အသက်ရှိသေးလား ဘာဖြစ်နေလဲဆိုတာ စိုးရိမ်နေကြမယ်၊ ဘာဘဲဖြစ်ဖြစ် အမြန်ဆုံး လွှတ်ပေးသင့်တယ်လို့ ကျနော်ပြောချင်ပါတယ်

မေး ။ ။ နောက်ဆုံးအနေနဲ့ အခုလိုလွှတ်တော်ပြန်တက်နိုင်တဲ့အပေါ် ခံစားချက်ကော။

ဖြေ။ ။ ၁၄ ကြိမ်မြောက်အစည်းအဝေးတော့ ကျနော်မမှီလိုက်ဘူး၊ ၁၅ကြိမ်မြောက်အစည်းအဝေးမှာတော့ လွှတ်တော်တက်တဲ့နေ့မှာဘဲ နိုင်ငံတော်သမ္မတကြီးနဲ့ နှုတ်ဆက်ခွင့်ရခဲ့တယ်၊ ပြီးတော့ လွှတ်တော်နာယကကြီး ဦးတီခွန်မြတ်နဲ့လည်း တွေ့ခွင့်ရခဲ့တယ်၊ အမျိုးသားလွှတ်တော်ဥက္ကဌကြီးနဲ့လည်း ခဏတွေ့ပါတယ်၊ ဘာဘဲဖြစ်ဖြစ် ၁၄ကြိမ်မြောက် လွှတ်တော်မှာ မေးဖို့လုပ်ထားတဲ့ မေးခွန်းတွေကို ၁၅ကြိမ်မှာ ဆက်တိုက်မေးဖို့ ရှိပါတယ်၊ ကိုယ့်ဒေသ ဖွံ့ဖြိုးရေးအတွက် ကျနော့်ရဲ့ တတ်နိုင်တဲ့ဘက်ကတော့ ဒေသအကျိုးကို ဆောင်ရွက်သွားဖို့ သန္နိဌာန် ချထားပြီးသားလည်း ဖြစ်ပါတယ်၊ ကျန်တဲ့ တစ်နှစ်တာကာလမှာလည်း ချင်းပြည်နယ်တိုးတက်ဖို့အတွက် အထူးသဖြင့် ကျနော့်ရဲ့ မဲဆန္ဒနယ်မြေရဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတဲ့အားလျော်စွာ အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ဆောင်ရွက်သွားမယ်လို့ ကျနော်ပြောချင်ပါတယ်။

Zawgyi

AA ျပန္လႊတ္ေပးလိုက္တဲ့ ဦးေဝွ႕တင္းႏွင့္အင္တာဗ်ဴး

ဦးေဝွ႕တင္းဟာ ၁၄ ႀကိမ္ေျမာက္ လႊတ္ေတာ္အစည္းအေဝးတက္ဖို႔ ပလက္ဝၿမိဳ႕ကေန ထြက္လာၿပီး ေက်ာက္ေတာ္ၿမိဳ႕နယ္ ေက်ာက္တန္းေက်းရြာနားမွာ နိုဝင္ဘာလ (၃) ရက္ေန႔က ေအေအရဲ့ အဖမ္းစီးခံခဲ့ရပါတယ္။ ၇၈ ရက္တာ ေအေအရဲ့ ထိန္းသိမ္းခံခဲ့ရတဲ့ ဦးေဝွ႕တင္းရဲ့ ၾကဳံေတြ႕ခဲ့ရတဲ့အေျခအေနေတြနဲ႔ပတ္သက္ၿပီး ေမးျမန္းထားပါတယ္။

ေမး။ ။ အရင္ဆုံးျပန္လြတ္လာတဲ့အေပၚ ခံစားခ်က္ေျပာျပေပးပါ။

ေျဖ။ ။ ဘာဘဲျဖစ္ျဖစ္ ဒီလိုမ်ိဳးလြတ္လာတဲ့အေပၚမွာ နိုင္ငံေတာ္သမၼတႀကီး၊ နိုင္ငံေတာ္အတိုင္ပင္ခံပဂၢိဳလ္အပါအဝင္ နိုင္ငံေတာ္အႀကီးအကဲမ်ားအားလုံး၊ ခ်င္းျပည္သူတစ္ရပ္လုံး၊ က်ေနာ့္ရဲ့ မဲဆႏၵနယ္မွာရွိတဲ့ ျပည္သူေတြက ၀ိုင္းဝန္းဆုေတာင္း၊ အားေပးၾကတယ္၊ နိုင္ငံတကာက ခ်င္းအဖြဲ႕အစည္းေတြကလည္း အားလုံးဆုေတာင္း ရပ္တည္ေပးတဲ့အတြက္ ဒီလိုမ်ိဳးလြတ္လာတာလို႔ က်ေနာ္ကေတာ့ စိတ္ထဲမွာ မွတ္ပါတယ္၊ ဘာဘဲျဖစ္ျဖစ္ သူတို႔အေနနဲ႔ က်ေနာ့္အေပၚမွာ နာက်င္ေစတဲ့ ထိခိုက္ေစတဲ့ အျပဳအမူေတြ မေတြ႕တဲ့အတြက္လည္း အခုလြတ္လာတဲ့အခ်ိန္မွာဆိုရင္ က်န္းမာေရး အေနအထားလဲေကာင္းမြန္ပါတယ္၊ တိုင္းရင္းသားစည္းလုံးညီညြတ္မႈကိုလည္း ေဖာ္ေဆာင္ေနတဲ့အတြက္ တိုင္းရင္းသားအခ်င္းခ်င္းျဖစ္တဲ့အတြက္ က်ေနာ့္ကို လႊတ္ေပးတယ္လို႔ စိတ္ထဲမွာ ယုံၾကည္တာေပါ့။

ေမး။ ။ ဘာလို႔အဖမ္းခံရတယ္လို႔ ကိုယ့္ဟာကိုယ္ထင္လဲ။

ေျဖ။ ။ က်ေနာ့္ကို ဖမ္းတဲ့အေပၚ ထင္ျမင္ယူဆခ်က္ကေတာ့ AA ႏွင့္ ဆက္ႏြယ္ပတ္သက္တဲ့ တစ္ခ်ိဳ႕ေဒသခံေတြက က်ေနာ့္လုပ္ေဆာင္ခ်က္ေပၚမွာ အထင္ျမင္လြဲမွားမႈေၾကာင့္ ဒီလိုဖမ္းဆီးထိန္းသိမ္းတာလို႔ ယူဆတာေပါ့၊ အဖမ္းခံရၿပီးေတာ့ ျပန္လြတ္လာတဲ့အေပၚမွာ သူတို႔လည္း သူတို႔ရဲ့ ရကၡိဳင့္နိုင္ငံေတာ္ျပန္ရဖို႔ တိုက္ပြဲဝင္ေနၾကတာလို႔ အခ်င္းခ်င္းေျပာတာၾကားတယ္၊ ဆိုေတာ့ သူတို႔ရဲ့နိုင္ငံေရးကိုလည္း ဘာမွ ေဝဖန္စရာမရွိပါဘူး၊ သူတို႔ရဲ့ နိုင္ငံေရးခံယူခ်က္ျဖစ္တဲ့အတြက္ က်ေနာ့္အေနနဲ႔ ဘာမွ ေျပာစရာမရွိပါဘူး။

ေမး။ ။ အထိန္းသိမ္းခံရတဲ့ကာလမွာ အဓိကဘယ္လိုအခက္အခဲေတြၾကဳံရသလဲ။

ေျဖ။ ။ ဘာဘဲျဖစ္ျဖစ္ သူတို႔ဘက္က ၇၈ ရက္ၾကာ ထိန္းသိမ္းတဲ့ကာလမွာလည္း ႏွိပ္စက္မႈေတြမရွိပါဘူး၊ သို႔ေသာ္လည္းဘဲ နိုဝင္ဘာ ၃ ရက္ေန႔ ညေနက စၿပီးေတာ့ ေျခက်င္းခတ္ၿပီး ထိပ္တုံးမွာ နိုဝင္ဘာ ၂၅ ရက္ေန႔ထိ အေလးသြားတာကလြဲၿပီး ေန႔ည ထိပ္တုံးနဲ႔ ေနရတာေပါ့ေလ၊ ေတာထဲမွာဆိုေတာ့ ေလကလည္းတိုက္ ၊ ခ်မ္းလဲခ်မ္း ေဆာင္းရာသီလည္းျဖစ္တယ္ဆိုေတာ့ က်ေနာ့္အတြက္ အဲဒီအခ်ိန္က ေနရအခက္ဆုံးျဖစ္တာေပါ့။

ေမး။ ။ အထိန္းသိမ္းခံရတဲ့အခ်ိန္ ဘယ္လိုစစ္ေဆးမႈေတြအလုပ္ခံရသလဲ။

ေျဖ။ ။ နံပါတ္ ၁ အေနနဲ႔ကေတာ့ က်ေနာ့္ကို လႊတ္ေတာ္ကိုယ္စားလွယ္မွန္း သူတို႔သိပါတယ္၊ ႀကိဳတင္သတင္းေပးမႈေတြရွိတဲ့အတြက္ တားၿပီးေတာ့ဖမ္းတာေပ့ါ၊ က်ေနာ့္ကိုဖမ္းစီးရတဲ့ အေၾကာင္းအရင္းအေနနဲ႔ ၁ ကေတာ့ ျမန္မာ့တပ္မေတာ္ကို သတင္းအေပးအယူလုပ္တဲ့သူေတြနဲ႔ အဆက္သြယ္ရွိတယ္လို႔ က်ေနာ့္ကို စြတ္စြဲ၊ ဒုတိယအခ်က္က အဲဒီရရွိလာတဲ့သတင္းေတြကို ျမန္မာ့တပ္မေတာ္ကို သတင္းပို႔တယ္လို႔ စြတ္စြဲတယ္၊ တတိယစြတ္စြဲတာကေတာ့ က်ေနာ္လႊတ္ေတာ္ကိုယ္စားလွယ္မျဖစ္ခင္မွာ ပလက္ဝၿမိဳ႕ ခူမီးခ်င္းလူငယ္မ်ားအသင္းရဲ့ တည္ေထာင္သူ တစ္ဦးျဖစ္တဲ့အတြက္ ခူမီးခ်င္းလူငယ္ေတြကို စည္း႐ုံးၿပီးေတာ့ ျပည္သူ႔စစ္သင္တန္းေတြ တက္ခိုင္းတယ္လို႔ က်ေနာ့္ကို စြတ္စြဲတယ္ အဲဒီသုံးခ်က္နဲ႔ ေပါ့၊ ဒါေပမယ့္ သူတို႔ စြတ္စြဲတဲ့အဲဒီ သုံးခ်က္လုံးမွာ က်ေနာ္ပါဝင္ျခင္း မရွိဘူးလို႔ အတိအလင္း သူတို႔ကိုေျပာတယ္။

ေမး။ ။ အထိန္းသိမ္းခံရတဲ့ေနရာမွာ တစ္ျခားဖမ္းစီးထိန္းသိမ္းခံရသူေတြေကာရွိလား။ သူတို႔အေပၚေကာ ေအေအက ဘယ္လိုဆက္ဆံသလဲ။

ေျဖ။ ။ က်ေနာ္ထိန္းသိမ္းမခံရခင္ ၉ရက္အလိုမွာ ပညာေရးအေထြေထြဝန္ထမ္းတစ္ဦးကို ဖမ္းတယ္လို႔ က်ေနာ္သိထားတယ္၊ သူ႔ကိုေတာ့ လုံျခဳံတဲ့ေနရာတစ္ခုကိုေရာက္ေတာ့ က်ေနာ္မေတြ႕ဘူး၊ လြတ္ခါနီးမွာ သူနဲ႔ေတြ႕ေတာ့ က်ေနာ့္ကို ေတြ႕ေပမယ့္ စကားမေျပာရဲဘူးလို႔ သူကေျပာတယ္၊ လြတ္ခါနီးမွာဘဲ အဲဒီစခန္းထဲမွာဘဲ စေတြ႕တယ္ေပါ့၊ အဲဒီတစ္ေယာက္ဘဲ ေတြ႕ျဖစ္တယ္၊ က်န္တဲ့လူေတြက သူတို႔ရဲ့ေအာက္ေၿခ ရဲေဘာ္တစ္ခ်ိဳ႕က အစားအေသာက္အပိုင္းေရာ လူႀကီးေတြနဲ႔ အေခ်အတင္ျဖစ္တာလားေတာ့ မသိဘူး၊ တပ္ေျပးေတြရွိတယ္၊ က်ေနာ့္ကိုထိန္းသိမ္းတဲ့ေန႔ကေတာ့ အဲဒီတပ္ေျပးေလးဦးနဲ႔အတူ ထိပ္တုံးခတ္ထားတယ္ေပါ့။

ေမး။ ။ ေတာထဲမွာ အဖမ္းခံရတာဆိုေတာ့ အစားအေသာက္အေျခအေနဘယ္လိုရွိလဲ။

ေျဖ။ ။ အစားအေသာက္ကေတာ့ ေတာထဲေတာင္ထဲမွွာဆိုေတာ့ ခန႔္မွန္းလို႔ရမွာပါ၊ မ်ားေသာအားျဖင့္ အသီးအရြက္ေတြစားရတယ္၊ ဆယ္ရက္တစ္ပတ္ေလာက္မွာေတာ့ အသားတစ္တုံးႏွစ္တုံးေကၽြးတယ္၊ ရခိုင္ကထြက္တဲ့ ငါးလဲေကၽြးတယ္၊ လြတ္ခါနီးသုံးရက္မွာေတာ့ က်ေနာ့္ကို အမဲသားေရာ ဝက္သားေရာ ေကာင္းေကာင္းမြန္မြန္ေကၽြးေတာ့ စားလိုက္ရတယ္ေပါ့ဗ်ာ။

ေမး။ ။ ေတြ႕ခဲ့ၾကဳံခဲ့သေလာက္မွာ ေအေအရဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြေကာ ရွိလား။

ေျဖ။ ။ အဖမ္းခံေနရတုန္း လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈကေတာ့ နိုဝင္ဘာ ၃ရက္ေန႔ကေန ၂ရရက္ေန႔ထိ စုစုေပါင္း ၂၅ရက္ကို ေျခက်င္းလဲခတ္ထားတယ္၊ ထိပ္တုံးလည္းခတ္ထားေသးတယ္ဆိုေတာ့ အေလးသြားခ်ိန္မွအပ အင္မတန္မွ ေနရခက္တဲ့ အေျခအေနဘဲ။

ေမး။ ။ထိန္းသိမ္းခံရတဲ့ကာလမွာ ကိုယ့္အသက္ေဘးအတြက္ စိုးရိမ္မႈေတြေကာရွိခဲ့ေသးလား။

ေျဖ။ ။ က်ေနာ္အထိန္းသိမ္းခံရတာက ကုလားတန္ျမစ္ရဲ့ အေရွ႕ဘက္ကမ္းမွာေပါ့၊ နိုဝင္ဘာ ၄ရက္ေန႔ မနက္မွာ တိုက္ပြဲေတြ ျပင္းထန္စြာျဖစ္တယ္၊ တိုက္ပြဲျဖစ္ေနတဲ့အသံကိုလည္း ၾကားရတယ္ေပါ့၊ ၿပီးေတာ့ အာဆာကေန ကုလားတန္ျမစ္ကူးတံတားအတြက္သုံးမယ့္ ပစၥည္းေတြ တင္လာတဲ့ သေဘာကႋဳ ပစ္ခတ္ေနတာေတြလည္း ၾကားခဲ့ရတယ္၊ အဲဒီလိုမ်ိဳးအခ်ိန္မွာေတာ့ ႏွစ္ဘက္တိုက္ပြဲ အႀကီးအက်ယ္ျဖစ္လာရင္ က်ေနာ့္ကိုထိမွာေတာ့ စိုးရိမ္ပူပန္မႈေတြရွိခဲ့တယ္၊ ဒါေပမယ့္ ဘယ္မွလည္း ေျပးစရာမရွိတဲ့အခါက်ေတာ့ သည္းခံၿပီးေတာ့ ဘုရားတၿပီး ေနခဲ့ရတဲ့ အေနအထားေတာ့ ရွိခဲ့ပါတယ္။

ေမး ။ ။ အျခားေဒသခံေတြအဖမ္းခံရတာေတြလည္းရွိေနတယ္။ အဲဒါနဲ႔ပတ္သက္ၿပီးေတာ့ေကာ။

ေျဖ။ ။ ခ်င္းလူ႔အဖြဲ႕အစည္းတစ္ရပ္လုံးကလည္း ေတာင္းဆိုေနၾကတယ္၊ ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ကလည္း ေတာင္းဆိုေနတဲ့ဟာျဖစ္တယ္၊ ဘာဘဲျဖစ္ျဖစ္ က်န္ေနေသးတဲ့သူေတြကို အျမန္ဆုံးလႊတ္ေပးဖို႔ေတာ့ ျဖစ္သင့္တာေပါ့၊ ၿပီးေတာ့ ဒါက တိုင္းရင္းသားအခ်င္းခ်င္း စည္းလုံးညီညြတ္မႈကိုလည္း ေဖာ္ေဆာင္တယ္၊ အိမ္မွာက်န္ခဲ့တဲ့မိသားစုေတြကလည္း သူတို႔ အသက္ရွိေသးလား ဘာျဖစ္ေနလဲဆိုတာ စိုးရိမ္ေနၾကမယ္၊ ဘာဘဲျဖစ္ျဖစ္ အျမန္ဆုံး လႊတ္ေပးသင့္တယ္လို႔ က်ေနာ္ေျပာခ်င္ပါတယ္

ေမး ။ ။ ေနာက္ဆုံးအေနနဲ႔ အခုလိုလႊတ္ေတာ္ျပန္တက္နိုင္တဲ့အေပၚ ခံစားခ်က္ေကာ။

ေျဖ။ ။ ၁၄ ႀကိမ္ေျမာက္အစည္းအေဝးေတာ့ က်ေနာ္မမွီလိုက္ဘူး၊ ၁၅ႀကိမ္ေျမာက္အစည္းအေဝးမွာေတာ့ လႊတ္ေတာ္တက္တဲ့ေန႔မွာဘဲ နိုင္ငံေတာ္သမၼတႀကီးနဲ႔ ႏႈတ္ဆက္ခြင့္ရခဲ့တယ္၊ ၿပီးေတာ့ လႊတ္ေတာ္နာယကႀကီး ဦးတီခြန္ျမတ္နဲ႔လည္း ေတြ႕ခြင့္ရခဲ့တယ္၊ အမ်ိဳးသားလႊတ္ေတာ္ဥကၠဌႀကီးနဲ႔လည္း ခဏေတြ႕ပါတယ္၊ ဘာဘဲျဖစ္ျဖစ္ ၁၄ႀကိမ္ေျမာက္ လႊတ္ေတာ္မွာ ေမးဖို႔လုပ္ထားတဲ့ ေမးခြန္းေတြကို ၁၅ႀကိမ္မွာ ဆက္တိုက္ေမးဖို႔ ရွိပါတယ္၊ ကိုယ့္ေဒသ ဖြံ့ၿဖိဳးေရးအတြက္ က်ေနာ့္ရဲ့ တတ္နိုင္တဲ့ဘက္ကေတာ့ ေဒသအက်ိဳးကို ေဆာင္ရြက္သြားဖို႔ သႏၷိဌာန္ ခ်ထားၿပီးသားလည္း ျဖစ္ပါတယ္၊ က်န္တဲ့ တစ္ႏွစ္တာကာလမွာလည္း ခ်င္းျပည္နယ္တိုးတက္ဖို႔အတြက္ အထူးသျဖင့္ က်ေနာ့္ရဲ့ မဲဆႏၵနယ္ေျမရဲ့ ျပည္သူေတြရဲ့ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔ တာဝန္ရွိတဲ့အားေလ်ာ္စြာ အတတ္နိုင္ဆုံးႀကိဳးစားၿပီးေတာ့ ေဆာင္ရြက္သြားမယ္လို႔ က်ေနာ္ေျပာခ်င္ပါတယ္။