Input your search keywords and press Enter.

ပုဏ္ဏားကျွန်းမြို့တွင် ခမီ တိုင်းရင်းသား နောက်ထပ် စစ်ဘေးရှောင်ပြည်သူ ၆၀ ကျော်ရောက်ရှိ

Salai C.Lian

မြန်မာ့တပ်မတော်နှင့် ရက္ခုင့်တပ်တော်ကြား တိုက်ပွဲဖြစ်ပွားမှုကြောင်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အရှေ့မြောက်ဖက်ရှိ သြရမတောင်ခြေနားတွင်နေထိုင်သည့် ခမီ တိုင်းရင်းသားစစ်ဘေးရှောင် လူဦးရေ ၆၀ ကျော်ပုဏ္ဏားကျွန်းမြိ့သို့ ထပ်မံရောက်ရှိကြောင်း ပုဏ္ဏားကျွန်းမြို့ ဒေသခံများထံမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့ လူငယ်ဖွ့ံဖြိုးရေး(ပြုစု) တာဝန်ခံ ကို အင်္ဂါအောင်က“လက်ရှိအခြေအနေကတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး လုပ်ပေးထားတယ်၊ သိပ်ပြီးဖူလုံတာတော့ မဟုတ်ဘူး၊ အိမ်ထောင်စုအနေနဲ့ကတော့ မများတော့ဘူး၊ တစ်ချို့တွေက ကိုယ့်ရဲ့ အသိတွေဆီကို ပြန်သွားတာတွေရှိတယ်၊ သူတို့တွေက ခမီ တိုင်းရင်းသားတွေဖြစ်ပေါ့၊ ရသေ့တောင်မြို့နယ်က ဖြစ်တယ်၊ သူတို့တွေထဲမှာ ကိုယ်ဝန်ဆောင်တဲ့သူတွေလည်းရှိတယ်၊ ဘုန်းကြီးကျောင်းမှာနေတယ်ဆိုတော့ စားသောက်ရေးကတော့ တတ်နိုင်သလောက်လုပ်ပေးပေမဲ့ မဖူလုံတဲ့ဟာတွေလည်း ရှိတယ်၊ သူတို့ရွာဟောင်းတွေကလည်း နယ်မြေမငြိမ်းချမ်းသေးတော့ ပြန်သွားဖို့က အခြေအနေ မကောင်းသေးဘူး” ဟု ပြောသည်။

ခမီတိုင်းရင်းသာများသည် ရသေ့တောင်မြို့နယ် ဗောဓိက ကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး ၂၀၁၈ ဒီဇင်ဘာလမှ ပြန်လည်စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ရသေ့တောင်မြို့နယ် ပဲသဒူစစ်ဘေးရှောင်စခန်းတွင် တစ်နှစ်နီးပါးခိုလှုံကြပြီး ၂၀၁၉ နိုဝင်ဘာလမှ ပဲသဒူကျေးရွာအနီး တစ်ဖန်တိုက်ပွဲပြန်စမှုကြောင့် ပုဏ္ဏားကျွန်းမြို့သို့ နောက်ထပ် ရွှေ့ပြောင်းရခြင်းဖြစ်ကြောင်း ကို အင်္ဂါအောင် ဆိုသည်။

ကို အင်္ဂါအောင် “သူတို့က တစ်ခြားဒုက္ခသည်စခန်းကနေ ပြောင်းလာတာဆိုတော့ နှစ်ထပ်လိုဖြစ်သွားတာပေါ့၊ ဟိုမှာကလည်း အရင်ကထောက်ပ့ံတဲ့သူတွေ ပြတ်သွားတော့ ဒီဖက်ကိုလာပြောင်းကြတာဖြစ်တယ်၊ ကျွန်တော်တို့ကတော့ ကူညီနိုင်မည့် အဖွဲ့အစည်းတွေကို လိုက်ချိတ်ပေးတယ်၊ သူတို့ အလုပ်လုပ်ချင်ရင် ကျွန်တော်တို့က အလုပ်ရှင်တွေကို လိုက်ချိတ်ပေးတယ်၊ ပြီးတော့ သူတို့ကူညီသူမရှိရင် မြို့ထဲက တိုင်းရင်းသားတွေထဲကနေ အလှူတွေလိုက်ခံပေးတယ်၊ လက်လှမ်းမီသလောက် လိုက်ကူညီပေးတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်နေသည့် ခမီ တိုင်းရင်းသားများကို ပရဟိတအဖွဲ့အစည်းနဲ့ နီးစပ်ရာတိုင်းရင်းသားများမှ ကူညီခဲ့သော်လည်း ရေရှည်တွင် အခတ်အခဲများရှိမည်ကို စိုးရိမ်ကြောင်း ကို အင်္ဂါအောင် ကပြောသည်။
ကို အင်္ဂါအောင် “သူတို့ဒီဖက်ကို လာနေတာ ၂ လလောက်ရှိပြီ၊ ကျွန်တော်တို့ကတော့ လုပ်နိုင်သမျှလုပ်ပေးတယ်၊ ဒါပေမဲ့ ရေရှည်အတွက်ကတော့ ဆင်ပြေမှုထက် အဆင်မပြေမှု ပိုများလာမယ်လို့ ကျွန်တော်ထင်တယ်၊ ခုက ကိုယ်ဝန်သည်တွေရှိတော့ နောက်ဆိုရင် သူတို့ကိုပါ သွားစဉ်းစားပေးဖို့ လိုတော့မယ်” ဟု ဆက်လက်ရှင်းပြသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခုင့်တပ်တော်ကြား တိုက်ပွဲဖြစ်ပွားမှုကြောင်း ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ စစ်ဘေးရှောင် ဒုက္ခသည် ခြောက်သိန်းကျော် ရှိပြီဖြစ်ကြောင်း စစ်တမ်းများအရ သိရသည်။

Zawgyi
ပုဏၰားကၽြန္းၿမိဳ႕တြင္ ခမီတိုင္းရင္းသား ေနာက္ထပ္ စစ္ေဘးေရွာင္ျပည္သူ ၆၀ ေက်ာ္ေရာက္ရွိ

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡဳင့္တပ္ေတာ္ၾကား တိုက္ပြဲျဖစ္ပြားမႈေၾကာင္း ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္အေရွ႕ေျမာက္ဖက္ရွိ ၾသရမေတာင္ေျခနားတြင္ေနထိုင္သည့္ ခမီ တိုင္းရင္းသားစစ္ေဘးေရွာင္ လူဦးေရ ၆၀ ေက်ာ္ပုဏၰားကၽြန္းၿမိ့သို႔ ထပ္မံေရာက္ရွိေၾကာင္း ပုဏၰားကၽြန္းၿမိဳ႕ ေဒသခံမ်ားထံမွ သိရသည္။

ပုဏၰားကၽြန္းၿမိဳ႕ လူငယ္ဖြ႕ံၿဖိဳးေရး(ျပဳစု) တာဝန္ခံ ကို အဂၤါေအာင္က“လက္ရွိအေျခအေနကေတာ့ ကၽြန္ေတာ္တို႔ အတတ္နိုင္ဆုံး လုပ္ေပးထားတယ္၊ သိပ္ၿပီးဖူလုံတာေတာ့ မဟုတ္ဘူး၊ အိမ္ေထာင္စုအေနနဲ႔ကေတာ့ မမ်ားေတာ့ဘူး၊ တစ္ခ်ိဳ႕ေတြက ကိုယ့္ရဲ့ အသိေတြဆီကို ျပန္သြားတာေတြရွိတယ္၊ သူတို႔ေတြက ခမီးတိုင္းရင္းသားေတြျဖစ္ေပါ့၊ ရေသ့ေတာင္ၿမိဳ႕နယ္က ျဖစ္တယ္၊ သူတို႔ေတြထဲမွာ ကိုယ္ဝန္ေဆာင္တဲ့သူေတြလည္းရွိတယ္၊ ဘုန္းႀကီးေက်ာင္းမွာေနတယ္ဆိုေတာ့ စားေသာက္ေရးကေတာ့ တတ္နိုင္သေလာက္လုပ္ေပးေပမဲ့ မဖူလုံတဲ့ဟာေတြလည္း ရွိတယ္၊ သူတို႔ရြာေဟာင္းေတြကလည္း နယ္ေျမမၿငိမ္းခ်မ္းေသးေတာ့ ျပန္သြားဖို႔က အေျခအေန မေကာင္းေသးဘူး” ဟု ေျပာသည္။

ခမီတိုင္းရင္းသာမ်ားသည္ ရေသ့ေတာင္ၿမိဳ႕နယ္ ေဗာဓိက ေက်းရြာတြင္ ေနထိုင္သူမ်ားျဖစ္ၿပီး ၂၀၁၈ ဒီဇင္ဘာလမွ ျပန္လည္စတင္ခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္ ပဲသဒူစစ္ေဘးေရွာင္စခန္းတြင္ တစ္ႏွစ္နီးပါးခိုလႈံၾကၿပီး ၂၀၁၉ နိုဝင္ဘာလမွ ပဲသဒူေက်းရြာအနီး တစ္ဖန္တိုက္ပြဲျပန္စမႈေၾကာင့္ ပုဏၰားကၽြန္းၿမိဳ႕သို႔ ေနာက္ထပ္ ေရႊ႕ေျပာင္းရျခင္းျဖစ္ေၾကာင္း ကို အဂၤါေအာင္ ဆိုသည္။

ကို အဂၤါေအာင္ “သူတို႔က တစ္ျခားဒုကၡသည္စခန္းကေန ေျပာင္းလာတာဆိုေတာ့ ႏွစ္ထပ္လိုျဖစ္သြားတာေပါ့၊ ဟိုမွာကလည္း အရင္ကေထာက္ပ့ံတဲ့သူေတြ ျပတ္သြားေတာ့ ဒီဖက္ကိုလာေျပာင္းၾကတာျဖစ္တယ္၊ ကၽြန္ေတာ္တို႔ကေတာ့ ကူညီနိုင္မည့္ အဖြဲ႕အစည္းေတြကို လိုက္ခ်ိတ္ေပးတယ္၊ သူတို႔ အလုပ္လုပ္ခ်င္ရင္ ကၽြန္ေတာ္တို႔က အလုပ္ရွင္ေတြကို လိုက္ခ်ိတ္ေပးတယ္၊ ၿပီးေတာ့ သူတို႔ကူညီသူမရွိရင္ ၿမိဳ႕ထဲက တိုင္းရင္းသားေတြထဲကေန အလႉေတြလိုက္ခံေပးတယ္၊ လက္လွမ္းမီသေလာက္ လိုက္ကူညီေပးတယ္” ဟု ေျပာသည္။

လက္ရွိတြင္ စစ္ေဘးေရွာင္ေနသည့္ ခမီ တိုင္းရင္းသားမ်ားကို ပရဟိတအဖြဲ႕အစည္းနဲ႔ နီးစပ္ရာတိုင္းရင္းသားမ်ားမွ ကူညီခဲ့ေသာ္လည္း ေရရွည္တြင္ အခတ္အခဲမ်ားရွိမည္ကို စိုးရိမ္ေၾကာင္း ကို အဂၤါေအာင္ ကေျပာသည္။
ကို အဂၤါေအာင္ “သူတို႔ဒီဖက္ကို လာေနတာ ၂ လေလာက္ရွိၿပီ၊ ကၽြန္ေတာ္တို႔ကေတာ့ လုပ္နိုင္သမၽွလုပ္ေပးတယ္၊ ဒါေပမဲ့ ေရရွည္အတြက္ကေတာ့ ဆင္ေျပမႈထက္ အဆင္မေျပမႈ ပိုမ်ားလာမယ္လို႔ ကၽြန္ေတာ္ထင္တယ္၊ ခုက ကိုယ္ဝန္သည္ေတြရွိေတာ့ ေနာက္ဆိုရင္ သူတို႔ကိုပါ သြားစဥ္းစားေပးဖို႔ လိုေတာ့မယ္” ဟု ဆက္လက္ရွင္းျပသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡဳင့္တပ္ေတာ္ၾကား တိုက္ပြဲျဖစ္ပြားမႈေၾကာင္း ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ ဒုကၡသည္ ေျခာက္သိန္းေက်ာ္ ရွိၿပီျဖစ္ေၾကာင္း စစ္တမ္းမ်ားအရ သိရသည္။