Input your search keywords and press Enter.

မင်းတပ်မြို့တွင်း သောက်သုံးရေ ဖူလှုံရေး ကျပ်သန်းပေါင်း ၉၀၀ ကျော် အသုံးပြုပြီး ယခုနှစ်အပြီး အကောင်အထည်ဖော်မည်

Salai C.Lian

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင်း သောက်သုံးရေ ဖူလုံစွာရရှိနိုင်ရန် ဂျပန်နိုင်ငံအခြေစိုက် INGO တစ်ခုဖြစ်သည့် TPA-Tera People Association ၏ ထောက်ပံ့ကူညီမှုဖြင့် ကျပ်သန်းပေါင်း ၉၀၀ ကျော်အသုံးပြုပြီး ၂၀၂၀ ခုနှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း မင်းတပ်မြို့ TPA Administration officer ဦး မန်လိန်းက ပြောသည်။

TPA Administration officer ဦး မန်လိန်းက “မင်းတပ်မြို့ သောက်သုံးရေ ဖူလှုံစွာရရှိရေးစီမံကိန်းကို ဂျပန်နိုင်ငံအခြေစိုက်တဲ့ ကုမ္ပဏီကပဲ တာဝန်ယူဆောင်ရွက်သွားမယ်၊ သူတို့ကတော့ မိုးမကျမှီ လုပ်ငန်းအပြီးစီး လုပ်ဆောင်မယ်လို့တော့ ပြောထားတယ်၊ စာချုပ်အနေနဲ့ကတော့ ဒီဇင်ဘာလ နောက်ဆုံးဆိုပြီး ချုပ်ထားတယ်၊ စီမံကိန်းအတွက် ကျပ် သန်း ၉၀၀ ကျော်အသုံးပြုသွားမယ်” ဟု ပြောသည်။

ယင်းစီမံကန်းသည် TPA-Tera People Association အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယနှစ် စီမံကိန်းဖြစ်ပြီး မင်းတပ်မြို့ပေါ်ရှိ ရပ်ကွက် ၄ ခု ဖြစ်သည့် ဘဝသစ်ရပ်ကွက်၊ စံပြရပ်ကွက်၊အရှေ့ပြင် ရပ်ကွက်နှင့်အနောက်ရပ်ကွက်ရှိ ပြည်သူများအတွက် သန့်ရှင်းသည့် သောက်သုံးရေ ု လုံလောက်စွာရရှိနိုင်မည် ဖြစ်ကြောင်း ဦး မန်လိန်းကပြောသည်။

ဦး မန်လိန်းက “ကျွန်တော်တို့အနေနဲ့ကတော့ ဒီစီမံကိန်းကို ဇန်နဝါရီလ ကထဲက လုပ်ငန်းစတင်နေပြီ၊ ရပ်ကွက် (၄) ခုဖြစ်တဲ့ ဘဝသစ်ရပ်ကွက်၊ စံပြရပ်ကွက်၊အရှေ့ပြင်ရပ်ကွက်နှင့်အနောက်ရပ်ကွက်များအတွက် သောက်သုံးရေ ဖူလှုံစွာရရှိနိုင်မယ်၊ လက်ရှိမှာတော့ Survey လုပ်တာတွေ၊ ပေကြိုးတိုင်းတာလောက်ပဲ လုပ်သေးတယ်ဆိုတော့ အခတ်အခဲတော့ ပြောလို့မရသေးဘူး၊ ပိုက်လိုင်းအတွက်တူးတဲ့အချိန်ကျရင် ဘာတွေရင်ဆိုင်မလဲဆိုတာကတော့ ပြောလို့မရသေးဘူး၊ အဲဒီအတွက်တော့ နဲနဲတော့စိုးရိမ်ရတယ်” ဟု ပြောသည်။

TPA-Tera People Association သည် ချင်းပြည်နယ်တွင် ၂၀၁၈၊ နိုဝင်ဘာလ၊ ၂၁ရက်နေ့မှ ချင်းပြည်နယ်တောင်ပိုင်းတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ပထမစီမံကိန်းတွင် မတူပီမြို့နယ် လိုင်လင်းပီမြို့၊ လိုင်လင်းပီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးသင်တန်းကျောင်း RCC ပေ ၇၀ x ၃၀ သွပ်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်း နှစ်ထပ်ဆောင်နှင့် လှေးကောင်းကျေးရွာ အလယ်တန်းကျောင်းဆောင် RCC ပေ ၉၀ x ၃၀ သွပ်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်း တစ်ထပ်စာသင်ကျောင်းဆောင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Zawgyi
မင္းတပ္ၿမိဳ႕တြင္း ေသာက္သုံးေရ ဖူလႈံေရး က်ပ္သန္းေပါင္း ၉၀၀ ေက်ာ္ အသုံးျပဳၿပီး ယခုႏွစ္အၿပီး အေကာင္အထည္ေဖာ္မည္
Salai C.Lian
ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕ေပၚတြင္း ေသာက္သုံးေရ ဖူလုံစြာရရွိနိုင္ရန္ ဂ်ပန္နိုင္ငံအေျခစိုက္ INGO တစ္ခုျဖစ္သည့္ TPA-Tera People Association ၏ ေထာက္ပံ့ကူညီမႈျဖင့္ က်ပ္သန္းေပါင္း ၉၀၀ ေက်ာ္အသုံးျပဳၿပီး ၂၀၂၀ ခုႏွစ္အတြင္း အၿပီးေဆာင္ရြက္မည္ျဖစ္ေၾကာင္း မင္းတပ္ၿမိဳ႕ TPA Administration officer ဦး မန္လိန္းက ေျပာသည္။

TPA Administration officer ဦး မန္လိန္းက “မင္းတပ္ၿမိဳ႕ ေသာက္သုံးေရ ဖူလႈံစြာရရွိေရးစီမံကိန္းကို ဂ်ပန္နိုင္ငံအေျခစိုက္တဲ့ ကုမၸဏီကပဲ တာဝန္ယူေဆာင္ရြက္သြားမယ္၊ သူတို႔ကေတာ့ မိုးမက်မွီ လုပ္ငန္းအၿပီးစီး လုပ္ေဆာင္မယ္လို႔ေတာ့ ေျပာထားတယ္၊ စာခ်ဳပ္အေနနဲ႔ကေတာ့ ဒီဇင္ဘာလ ေနာက္ဆုံးဆိုၿပီး ခ်ဳပ္ထားတယ္၊ စီမံကိန္းအတြက္ က်ပ္ သန္း ၉၀၀ ေက်ာ္အသုံးျပဳသြားမယ္” ဟု ေျပာသည္။

ယင္းစီမံကန္းသည္ TPA-Tera People Association အေနျဖင့္ ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္ ဒုတိယႏွစ္ စီမံကိန္းျဖစ္ၿပီး မင္းတပ္ၿမိဳ႕ေပၚရွိ ရပ္ကြက္ ၄ ခု ျဖစ္သည့္ ဘဝသစ္ရပ္ကြက္၊ စံျပရပ္ကြက္၊အေရွ႕ျပင္ ရပ္ကြက္ႏွင့္အေနာက္ရပ္ကြက္ရွိ ျပည္သူမ်ားအတြက္ သန႔္ရွင္းသည့္ ေသာက္သုံးေရ ု လုံေလာက္စြာရရွိနိုင္မည္ ျဖစ္ေၾကာင္း ဦး မန္လိန္းကေျပာသည္။

ဦး မန္လိန္းက “ကၽြန္ေတာ္တို႔အေနနဲ႔ကေတာ့ ဒီစီမံကိန္းကို ဇန္နဝါရီလ ကထဲက လုပ္ငန္းစတင္ေနၿပီ၊ ရပ္ကြက္ (၄) ခုျဖစ္တဲ့ ဘဝသစ္ရပ္ကြက္၊ စံျပရပ္ကြက္၊အေရွ႕ျပင္ရပ္ကြက္ႏွင့္အေနာက္ရပ္ကြက္မ်ားအတြက္ ေသာက္သုံးေရ ဖူလႈံစြာရရွိနိုင္မယ္၊ လက္ရွိမွာေတာ့ Survey လုပ္တာေတြ၊ ေပႀကိဳးတိုင္းတာေလာက္ပဲ လုပ္ေသးတယ္ဆိုေတာ့ အခတ္အခဲေတာ့ ေျပာလို႔မရေသးဘူး၊ ပိုက္လိုင္းအတြက္တူးတဲ့အခ်ိန္က်ရင္ ဘာေတြရင္ဆိုင္မလဲဆိုတာကေတာ့ ေျပာလို႔မရေသးဘူး၊ အဲဒီအတြက္ေတာ့ နဲနဲေတာ့စိုးရိမ္ရတယ္” ဟု ေျပာသည္။

TPA-Tera People Association သည္ ခ်င္းျပည္နယ္တြင္ ၂၀၁၈၊ နိုဝင္ဘာလ၊ ၂၁ရက္ေန႔မွ ခ်င္းျပည္နယ္ေတာင္ပိုင္းတြင္ စတင္အေကာင္အထည္ေဖာ္ေဆာင္ရြက္ခဲ့ၿပီး ပထမစီမံကိန္းတြင္ မတူပီၿမိဳ႕နယ္ လိုင္လင္းပီၿမိဳ႕၊ လိုင္လင္းပီ စဥ္ဆက္မျပတ္ ဖြံ့ၿဖိဳးေရးသင္တန္းေက်ာင္း RCC ေပ ၇၀ x ၃၀ သြပ္မိုး၊ အုတ္ကာ၊ အဂၤေတခင္း ႏွစ္ထပ္ေဆာင္ႏွင့္ ေလွးေကာင္းေက်းရြာ အလယ္တန္းေက်ာင္းေဆာင္ RCC ေပ ၉၀ x ၃၀ သြပ္မိုး၊ အုတ္ကာ၊ အဂၤေတခင္း တစ္ထပ္စာသင္ေက်ာင္းေဆာင္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

Photo; TPA