Input your search keywords and press Enter.

တီးတိန်မြို့တွင် ရဲတပ်သား တစ်ဦးဓားထိုးဒဏ်ရာများဖြင့် သေဆုံး

Salai Khup Khup

တီးတိန်မြို့၊ မြို့သစ်ရပ်ကွက်နေ ရဲတပ်သား ထန်ခန့်ကိမ်း(၂၃)နှစ်မှာ ဖေဖော်ဝါရီလ (၂)ရက်နေ့ မနက် ၅နာရီ ခွဲတွင် ဆုတောင်းဆောင် တောင်ခြေတွင် ဓားထိုးဒဏ်ရာများဖြင့် အသက်သေဆုံးခဲ့သည်။

ZSYO တာဝန်ခံ ကို Kim Tuang က “သောကြာနေ့က ရိခေါ်ဒါရ် သွားတဲ့ ကုန်သွယ်ကားလမ်းပေါ်က မာန်ဆောင်း တံတိန်းမှာ တာဝန်ကျတယ်။ အဲကနေပြန်လာတယ် အိမ်မှာဘဲ တစ်နေကုန်နေတယ်။ ည(၁၀)ခွဲလောက်မှာ အပြင်ထွက်သွားတယ် ။ တီးတိန်မြို့ မြို့မရပ်ကွက်မှာရှိတဲ့ တိုးချဲ့ရပ်ကွက်ရဲ့ ဆုတောင်းဆောင်တောင်ခြေမှာဘဲ မနက်စောစော ဘုရားကျောင်းက အမျိုးသမီးတွေ ဆရာတွေ ဆုတောင်းဆောင် တက်ရင်း တောင်ခြေမှာ မနက် (၅)နာရီခွဲ လောက်မှာ အလောင်းကိုတွေ့တယ်”ဟုပြောသည်။

ဓားဒဏ်ရာ သုံးချက်ဖြင့် အသက်သေဆုံးသွားသည့် ရဲတပ်သား ထန်ခန့်ကိမ်း အမှုကို တီးတိန်မြို့ မြို့မ ရဲစခန်းမှ စုံစမ်းစစ်ဆေးနေဆဲဟု ပြောသည်။ သေဆုံးသွားသည့် ထန်ခန့်ကိမ်း အလောင်းဘေးတွင် ဓားတစ်ချောင်းနှင့် သူ၏ဖုန်းကို တွေ့ရှိရကြောင်းသိရသည်။

တီးတိန်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက “ အသက်ဆုံးရှုံးသွားတဲ့ ရဲတပ်သား ထန်ခန့်ကိမ်း အမှုနဲ့ ပက်သက်ပြီး လောလောဆယ် စုံစမ်းစစ်ဆေးဆဲ ဖြစ်တယ်”ဟုပြောသည်။

လက်ရှိတီးတိန်မြို့ပေါ်တွင် မူးယစ်ဆေးဝါးများ အကြီးကျယ် သုံးစွဲလာပြီး နောက်ဆက်တွဲ လုယက် ခိုးယူမှုများလည်း ပေါများလာကြောင်း ZSYO တာဝန်ခံ ကို Kim Tuang ကပြောသည်။

ကိုKim Tuang မှ “တီးတိန်မြို့ပေါ်မှာ မူးယစ်ဆေးဝါး အကြီးကျယ် သုံးစွဲနေတယ်။ မူးယစ်ဆးရဲ့ နောက်ဆက်တွဲ လုယက်မှု တွေများလာတယ် ။ ဘုကျောင်းသွားတာတောင် အရင်လို အားလုံးမသွားကျဖို့ ဘုရားကျောင်းသွားရင်လည်း အိမ်မှာ လူကြီးတစ်ယောက်ယောက်ဖြစ်ဖြစ် ကျန်ခဲ့ဖို့ ရဲတပ်ဖွဲ့က သတိပေးရတယ်”ဟုပြောသည်။

သူကဆက်ပြီး “မူးယစ်ဆေးဝါးနဲ့ ပက်သက်ပြီး မြို့နယ်အဆင့်ကနေတော့ အားကိုးစရာ သိပ်မရှိပါဘူး။ နိုင်ငံတော်အဆင့်ကနေ ကိုင်တွယ်မှ အဆင်ပြေမယ်လို့ မြင်တယ်။ လုယက်မှုတွေကဖြစ်တယ် လုယက်မှုတွေကို ကျူးလွန်နေတဲ့ သူတွေကိုတောင် မိရင်တောင် ချင်းထုံးစံနဲ့ ဖြေရှင်းနေတယ် မမိတာလည်း အများကြီးရှိတယ်။ အဲဒါလုံးဝ ထိရောက်မှုမရှိဘူး ဇိုမီးထုံးစံမှာ မှုးယစ်ဆေးဝါးကို ရိုးရာထုံးစံနဲ့ ဖြေရှင်းတာက လုံးဝထိရောက်တဲ့ ဖြေရှင်းပုံမဟုတ်ဘူး။ ပြည်သူရဲတွေဖက်ကလည်း ဒါကိုနှိမ်နှင်းတာ အားနည်းတယ်”ဟုပြောသည်။

တီးတိန်မြို့နယ်တွင် ၂၀၁၉ ခုနှစ်တစ်နှစ်ထဲအတွင်း ဆေးအလွန်အကျွံသုံးစွဲမိပြီး အသက်သေဆုံးသွားသည့် လူငယ်များ ရှိပြီး ကျီခါးမြို့တစ်ခုထဲတွင်လည်း တစ်နှစ်အတွင်း မူးယစ်ဆေးဝါးဖြင့် အသက်သေဆုံးသူ (၁၀)ဦးခန့် ရှိနေကြောင်း သိရသည်။
photo: RCM Page

Zawgyi

တီးတိန္ၿမိဳ႕တြင္ ရဲတပ္သား တစ္ဦးဓားထိုးဒဏ္ရာမ်ားျဖင့္ ေသဆုံး

တီးတိန္ၿမိဳ႕၊ ၿမိဳ႕သစ္ရပ္ကြက္ေန ရဲတပ္သား ထန္ခန႔္ကိမ္း(၂၃)ႏွစ္မွာ ေဖေဖာ္ဝါရီလ (၂)ရက္ေန႔ မနက္ ၅နာရီ ခြဲတြင္ ဆုေတာင္းေဆာင္ ေတာင္ေျခတြင္ ဓားထိုးဒဏ္ရာမ်ားျဖင့္ အသက္ေသဆုံးခဲ့သည္။

ZSYO တာ၀န္ခံ ကို Kim Tuang က “ေသာၾကာေန႔က ရိေခၚဒါရ္ သြားတဲ့ ကုန္သြယ္ကားလမ္းေပၚက မာန္ေဆာင္း တံတိန္းမွာ တာဝန္က်တယ္။ အဲကေနျပန္လာတယ္ အိမ္မွာဘဲ တစ္ေနကုန္ေနတယ္။ ည(၁၀)ခြဲေလာက္မွာ အျပင္ထြက္သြားတယ္ ။ တီးတိန္ၿမိဳ႕ ၿမိဳ႕မရပ္ကြက္မွာရွိတဲ့ တိုးခ်ဲ႕ရပ္ကြက္ရဲ႕ ဆုေတာင္းေဆာင္ေတာင္ေျခမွာဘဲ မနက္ေစာေစာ ဘုရားေက်ာင္းက အမ်ိဳးသမီးေတြ ဆရာေတြ ဆုေတာင္းေဆာင္ တက္ရင္း ေတာင္ေျခမွာ မနက္ (၅)နာရီခြဲ ေလာက္မွာ အေလာင္းကိုေတြ႕တယ္”ဟုေျပာသည္။

ဓားဒဏ္ရာ သုံးခ်က္ျဖင့္ အသက္ေသဆုံးသြားသည့္ ရဲတပ္သား ထန္ခန႔္ကိမ္း အမႈကို တီးတိန္ၿမိဳ႕ ၿမိဳ႕မ ရဲစခန္းမွ စုံစမ္းစစ္ေဆးေနဆဲဟု ေျပာသည္။ ေသဆုံးသြားသည့္ ထန္ခန႔္ကိမ္း အေလာင္းေဘးတြင္ ဓားတစ္ေခ်ာင္းႏွင့္ သူ၏ဖုန္းကို ေတြ႕ရွိရေၾကာင္းသိရသည္။

တီးတိန္ၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူ တစ္ဦးက “ အသက္ဆုံးရႈံးသြားတဲ့ ရဲတပ္သား ထန္ခန႔္ကိမ္း အမႈနဲ႔ ပက္သက္ၿပီး ေလာေလာဆယ္ စုံစမ္းစစ္ေဆးဆဲ ျဖစ္တယ္”ဟုေျပာသည္။

လက္ရွိတီးတိန္ၿမိဳ႕ေပၚတြင္ မူးယစ္ေဆးဝါးမ်ား အႀကီးက်ယ္ သုံးစြဲလာၿပီး ေနာက္ဆက္တြဲ လုယက္ ခိုးယူမႈမ်ားလည္း ေပါမ်ားလာေၾကာင္း ZSYO တာ၀န္ခံ ကို Kim Tuang ကေျပာသည္။

ကိုKim Tuang မွ “တီးတိန္ၿမိဳ႕ေပၚမွာ မူးယစ္ေဆးဝါး အႀကီးက်ယ္ သုံးစြဲေနတယ္။ မူးယစ္ဆးရဲ့ ေနာက္ဆက္တြဲ လုယက္မႈ ေတြမ်ားလာတယ္ ။ ဘုေက်ာင္းသြားတာေတာင္ အရင္လို အားလုံးမသြားက်ဖို႔ ဘုရားေက်ာင္းသြားရင္လည္း အိမ္မွာ လူႀကီးတစ္ေယာက္ေယာက္ျဖစ္ျဖစ္ က်န္ခဲ့ဖို႔ ရဲတပ္ဖြဲ႕က သတိေပးရတယ္”ဟုေျပာသည္။

သူကဆက္ၿပီး “မူးယစ္ေဆးဝါးနဲ႔ ပက္သက္ၿပီး ၿမိဳ႕နယ္အဆင့္ကေနေတာ့ အားကိုးစရာ သိပ္မရွိပါဘူး။ နိုင္ငံေတာ္အဆင့္ကေန ကိုင္တြယ္မွ အဆင္ေျပမယ္လို႔ ျမင္တယ္။ လုယက္မႈေတြကျဖစ္တယ္ လုယက္မႈေတြကို က်ဴးလြန္ေနတဲ့ သူေတြကိုေတာင္ မိရင္ေတာင္ ခ်င္းထုံးစံနဲ႔ ေျဖရွင္းေနတယ္ မမိတာလည္း အမ်ားႀကီးရွိတယ္။ အဲဒါလုံးဝ ထိေရာက္မႈမရွိဘူး ဇိုမီးထုံးစံမွာ မႈးယစ္ေဆးဝါးကို ရိုးရာထုံးစံနဲ႔ ေျဖရွင္းတာက လုံးဝထိေရာက္တဲ့ ေျဖရွင္းပုံမဟုတ္ဘူး။ ျပည္သူရဲေတြဖက္ကလည္း ဒါကိုႏွိမ္ႏွင္းတာ အားနည္းတယ္”ဟုေျပာသည္။

တီးတိန္ၿမိဳ႕နယ္တြင္ ၂၀၁၉ ခုႏွစ္တစ္ႏွစ္ထဲအတြင္း ေဆးအလြန္အကၽြံသုံးစြဲမိၿပီး အသက္ေသဆုံးသြားသည့္ လူငယ္မ်ား ရွိၿပီး က်ီခါးၿမိဳ႕တစ္ခုထဲတြင္လည္း တစ္ႏွစ္အတြင္း မူးယစ္ေဆးဝါးျဖင့္ အသက္ေသဆုံးသူ (၁၀)ဦးခန႔္ ရွိေနေၾကာင္း သိရသည္။
photo: RCM Page