Input your search keywords and press Enter.

ချင်းပြည်နယ် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံသင်တန်းအတွက် သင်တန်းသားစတင်ခေါ်ယူ

Salai Benezar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကူညီထောက်ပံ့မှုဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွကမည့် ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်း၊ အမှတ်စဉ်(၄၉)အတွက် သန်တန်းလျှောက်လွှာ စတင်ခေါ်ယူနေကြောင်းသိရသည်။

“ခရီးသွားလုပ်ငန်းကဏ္ဍမှာဆိုရင် ခရီးသွားဒေသတစ်ခုကို ဖော်ထုတ်စေချင်တယ်ဆိုရင် တည်းခိုနေထိုင်ရေး၊ စားသောက်နေထိုင်ရေး၊ သွားလာလည်ပတ်ရေး၊ နောက်ပြီးတော့ ဒေသမှာရှိတဲ့ သတင်းအချက်အလက်တွေကို ပြောပြပေးမယ့် ဝန်ဆောင်မှုပေးမယ့် ဧည့်လမ်းညွှန် ကဏ္ဍလည်းပါတယ်၊ ဧည့်လမ်းညွှန်မှာ နှစ်မျိုးရှိတယ်၊ National Guide နဲ့ Regional Guide ဆိုပြီးပေါ့၊ ချင်းပြည်နယ်ရဲ့ သဘာဝအလှအပတွေ၊ ဒေသဆိုင်ရာ အချက်အလက်တွေ လိုက်လံပြသပြီး ဝန်ဆောင်မှုပေးနိုင်ဖို့က ဒေသခံဧည့်လမ်းညွှန်က ပိုပြီးတော့ သင့်တော်ပါတယ်၊ ပြီးတော့ ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက်လည်း စဉ်းစားတဲ့အနေနဲ့ ဒီသင်တန်းကို လုပ်ဖြစ်တာပါ”ဟု ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ ချင်းပြည်နယ်တာဝန်ခံ ဦးအောင်ဖြိုးမှပြောသည်။

ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်းကို ဟားခါးမြို့ရှိ Victoria Academy သင်တန်းခန်းမတွင် ဖေဖော်ဝါရီလ ၂၄ရက်နေ့မှ မတ်လ ၂ဝရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းသားအရေအတွက် ၅ဝဦး ခေါ်ယူထားက သင်တန်းကြေးအနေဖြင့် ကျပ်၅၀၀၀၀ ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

ချင်းပြည်နယ်မြောက်ပိုင်းတွင် ဧည့်လမ်းညွှန်အဖြစ်လုပ်ကိုင်နေသည့် ကိုဂျိုးမှ “ချင်းမြောက်မှာက တရားဝင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်တွေက ဒီနေ့အထိမရှိသေးဘူး၊ ဒါကြောင့် ဒီဟာကို ကြိုဆိုရမှာပေါ့၊ ချင်းပြည်နယ် ဟိုတယ်/ခရီးဌာနကိုလည်း ဒီကိစ္စနှင့်ပါတ်သတ်ပြီးတော့ ဒီဟာကိုလုပ်ပေးဖို့ အမြဲတမ်းအကူအညီတောင်းတယ်၊ ချင်းတောင်ပိုင်းကျတော့ ဒေသတွင်းခရီးသွားလုပ်ငန်းက ဖွံ့ဖြိုးပြီးသားဆိုတော့ သူတို့ဘက်မှာ ဒီသင်တန်းကို ဖွင့်ဖြစ်တယ်၊ အဲဒါကြောင့် သူတို့မှာက အဆင်သင့်ရှိပြီးသားပေါ့၊ ချင်းမြောက်မှာကျတော့ တရားဝင်လိုင်စင်ရတဲ့ ဒေသဆိုင်ရာဧည့်လမ်းညွှန်ကမရှိဘူးဆိုတော့ ဒီဟာကတော့ ကြိုဆိုရမှာပါ”ဟု ပြောသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် အသက် (၁၈) အထက်ဖြစ်ရမည်ဖြစ်ကာ အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူ(သို့) ယင်းနှင့်အဆင့်တူ အရည်အချင်းရှိသူဖြစ်ရမည်ဖြစ်ရမည့် အပြင် နိုင်ငံခြားဘာသာစကားတစ်ခုခုတတ်မြောက်ထားသူများ တက်ရောက်နိုင်မည်ဖြစ်ပြီး လျှောက်ထားလိုပါက ချင်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားဦးစီးဌာန (သို့) ၀၉ ၄၂၄၈၁၈၆၄၊ ၀၇၀ ၇၀၃၈၉ သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်းကို ၂၀၁၆ခုနှစ်တွင် ကန်ပက်လက်မြို့တွင် ဖွင့်လှစ်ခဲ့ဖူးပြီး သင်တန်းသား ၅၄ဦးသင်တန်းပေးခဲ့ပြီးဖြစ်သည်။ ယခု ဒုတိယအကြိမ် ကိုဟားခါးမြို့တွင် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi
ခ်င္းျပည္နယ္ ေဒသဆိုင္ရာ ဧည့္လမ္းညႊန္အေျခခံသင္တန္းအတြက္ သင္တန္းသားစတင္ေခၚယူ

ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၏ ကူညီေထာက္ပံ့မႈျဖင့္ ဟိုတယ္ႏွင့္ခရီးသြားလာေရး ညႊန္ၾကားေရးဦးစီးဌာနမွ စီစဥ္ေဆာင္ရြကမည့္ ေဒသဆိုင္ရာဧည့္လမ္းညႊန္သင္တန္း၊ အမွတ္စဥ္(၄၉)အတြက္ သန္တန္းေလၽွာက္လႊာ စတင္ေခၚယူေနေၾကာင္းသိရသည္။

“ခရီးသြားလုပ္ငန္းက႑မွာဆိုရင္ ခရီးသြားေဒသတစ္ခုကို ေဖာ္ထုတ္ေစခ်င္တယ္ဆိုရင္ တည္းခိုေနထိုင္ေရး၊ စားေသာက္ေနထိုင္ေရး၊ သြားလာလည္ပတ္ေရး၊ ေနာက္ၿပီးေတာ့ ေဒသမွာရွိတဲ့ သတင္းအခ်က္အလက္ေတြကို ေျပာျပေပးမယ့္ ဝန္ေဆာင္မႈေပးမယ့္ ဧည့္လမ္းညႊန္ က႑လည္းပါတယ္၊ ဧည့္လမ္းညႊန္မွာ ႏွစ္မ်ိဳးရွိတယ္၊ National Guide နဲ႔ Regional Guide ဆိုၿပီးေပါ့၊ ခ်င္းျပည္နယ္ရဲ့ သဘာဝအလွအပေတြ၊ ေဒသဆိုင္ရာ အခ်က္အလက္ေတြ လိုက္လံျပသၿပီး ဝန္ေဆာင္မႈေပးနိုင္ဖို႔က ေဒသခံဧည့္လမ္းညႊန္က ပိုၿပီးေတာ့ သင့္ေတာ္ပါတယ္၊ ၿပီးေတာ့ ေဒသခံေတြရဲ့ အလုပ္အကိုင္အခြင့္အလမ္းအတြက္လည္း စဥ္းစားတဲ့အေနနဲ႔ ဒီသင္တန္းကို လုပ္ျဖစ္တာပါ”ဟု ဟိုတယ္ႏွင့္ ခရီးသြား ညႊန္ၾကားမႈဦးစီးဌာန၏ ခ်င္းျပည္နယ္တာဝန္ခံ ဦးေအာင္ၿဖိဳးမွေျပာသည္။

ေဒသဆိုင္ရာဧည့္လမ္းညႊန္သင္တန္းကို ဟားခါးၿမိဳ႕ရွိ Victoria Academy သင္တန္းခန္းမတြင္ ေဖေဖာ္ဝါရီလ ၂၄ရက္ေန႔မွ မတ္လ ၂ဝရက္ေန႔အထိ ျပဳလုပ္သြားမည္ျဖစ္ၿပီး သင္တန္းသားအေရအတြက္ ၅ဝဦး ေခၚယူထားက သင္တန္းေၾကးအေနျဖင့္ က်ပ္၅၀၀၀၀ ေကာက္ခံသြားမည္ျဖစ္ေၾကာင္းသိရသည္။

ခ်င္းျပည္နယ္ေျမာက္ပိုင္းတြင္ ဧည့္လမ္းညႊန္အျဖစ္လုပ္ကိုင္ေနသည့္ ကိုဂ်ိဳးမွ “ခ်င္းေျမာက္မွာက တရားဝင္ ေဒသဆိုင္ရာ ဧည့္လမ္းညႊန္ေတြက ဒီေန႔အထိမရွိေသးဘူး၊ ဒါေၾကာင့္ ဒီဟာကို ႀကိဳဆိုရမွာေပါ့၊ ခ်င္းျပည္နယ္ ဟိုတယ္/ခရီးဌာနကိုလည္း ဒီကိစၥႏွင့္ပါတ္သတ္ၿပီးေတာ့ ဒီဟာကိုလုပ္ေပးဖို႔ အျမဲတမ္းအကူအညီေတာင္းတယ္၊ ခ်င္းေတာင္ပိုင္းက်ေတာ့ ေဒသတြင္းခရီးသြားလုပ္ငန္းက ဖြံ့ၿဖိဳးၿပီးသားဆိုေတာ့ သူတို႔ဘက္မွာ ဒီသင္တန္းကို ဖြင့္ျဖစ္တယ္၊ အဲဒါေၾကာင့္ သူတို႔မွာက အဆင္သင့္ရွိၿပီးသားေပါ့၊ ခ်င္းေျမာက္မွာက်ေတာ့ တရားဝင္လိုင္စင္ရတဲ့ ေဒသဆိုင္ရာဧည့္လမ္းညႊန္ကမရွိဘူးဆိုေတာ့ ဒီဟာကေတာ့ ႀကိဳဆိုရမွာပါ”ဟု ေျပာသည္။

သင္တန္းတက္ေရာက္လိုသူမ်ားအေနျဖင့္ အသက္ (၁၈) အထက္ျဖစ္ရမည္ျဖစ္ကာ အေျခခံပညာအထက္တန္းေအာင္ျမင္ၿပီးသူ(သို႔) ယင္းႏွင့္အဆင့္တူ အရည္အခ်င္းရွိသူျဖစ္ရမည္ျဖစ္ရမည့္ အျပင္ နိုင္ငံျခားဘာသာစကားတစ္ခုခုတတ္ေျမာက္ထားသူမ်ား တက္ေရာက္နိုင္မည္ျဖစ္ၿပီး ေလၽွာက္ထားလိုပါက ခ်င္းျပည္နယ္ဟိုတယ္ႏွင့္ခရီးသြားဦးစီးဌာန (သို႔) ၀၉ ၄၂၄၈၁၈၆၄၊ ၀၇၀ ၇၀၃၈၉ သို႔ဆက္သြယ္စုံစမ္းနိုင္ပါသည္။

ေဒသဆိုင္ရာ ဧည့္လမ္းညႊန္သင္တန္းကို ၂၀၁၆ခုႏွစ္တြင္ ကန္ပက္လက္ၿမိဳ႕တြင္ ဖြင့္လွစ္ခဲ့ဖူးၿပီး သင္တန္းသား ၅၄ဦးသင္တန္းေပးခဲ့ၿပီးျဖစ္သည္။ ယခု ဒုတိယအႀကိမ္ ကိုဟားခါးၿမိဳ႕တြင္ သင္တန္းဖြင့္လွစ္ျခင္းျဖစ္ေၾကာင္းသိရသည္။