Input your search keywords and press Enter.

ကျပ်သန်းပေါင်း ၂၁၂ သန်းကျော် အကုန်ကျခံပြီး ကလေးမြို့လေဆိပ် တိုးချဲ့တည်ဆောက်

Salai Benezar

စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ကလေးလေဆိပ် အား လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ကျပ်သန်းပေါင်း ၂၁၂သန်းကျော် အကုန်ကျခံကာ တိုးချဲ့တည်ဆောက်နေကြောင်းသိရသည်။

“ကလေးမြို့လေဆိပ်ရဲ့ လက်ရှိအဆောက်အဦးက ခရီးသည်တွေအဝင်အထွက် ကြပ်နေလို့ တိုးချဲ့ဆောက်တာပါ၊ အဟောင်းကိုလည်းမဖျက်ဘဲနဲ့ ဆက်သွားမှာပေါ့၊ အရင်အဆောက်အဦးက ပေ၆ဝရှိတယ်၊ အခုထပ်တိုးမှာက ပေ၄ဝထပ်တိုးမှာဆိုတော့ ပေ ၁၀၀ ဖြစ်သွားမှာပေါ့၊ အခုလက်ရှိ ကြုံနေရတဲ့ ခရီးသည်အဝင်အထွက် ကြပ်တဲ့ဟာ လျှော့သွားမှာပါ”ဟု ကလေးမြို့လေဆိပ် တိုးချဲ့ဆောင်တာဝန်ယူ တည်ဆောက်နေသည့် ထက်အာကာ ကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာ ဦးသန့်ဇော်ထွန်းမှ ပြောသည်။

ကလေးမြို့လေဆိပ် လက်ရှိအဆောက်အဦးမှာ အကျယ် ပေ ၁၂၀ နှင့် အရှည် ပေ ၆၀ ရှိပြီး လက်ရှိတိုးချဲ့တည်ဆောက်နေသည့် အဆောက်အဦးပြီးစီးပါက အကျယ် ပေ ၁၂၀ နှင့် အရှည် ပေ ၁၀၀ ဖြစ်သွားမည်ဖြစ်ကာ ဩဂုတ်လအတွင်းပြီးစီးနိုင်ရန် တည်ဆောက်နေကြောင်းသိရသည်။

ကလေးမြို့ဒေသခံတစ်ဦးက “ အခုနောက်ပိုင်းမှာ ခရီးသွားဧည့်သည်တွေပိုများလာတော့ လက်ရှိအဆောက်အဦးက အရမ်းကိုကျဉ်းနေတယ်။ အဝင်၊ အထွက်လမ်းကလည်း တစ်ခုတည်းဖြစ်နေတယ်။ အရင်ကလိုမဟုတ်ပဲ အခုဆိုရင် နေ့တိုင်းကို လေယာဉ်ပျံသန်းနေပြီ။ ခရီးသည်လည်းပိုပိုများနေတာမို့လို့ အဆင့်အတန်းရှိပြီး ခရီးသည်တွေ သက်တောင့်သက် သာဖြစ်မယ့် အဆောက်အဦးထပ်ဆောက်ဖို့ကလိုကိုလိုနေတာပါ” ဟုပြောသည်။

ကလေးမြို့လေဆိပ်သည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ လေဆိပ်များအနက် မြို့လယ်ခေါင်တွင် တည်ရှိသည့် တစ်ခုတည်းသောလေဆိပ်ဖြစ်သည်။

ကလေးမြို့လေဆိပ်ကို ကလေးမြို့နယ်အတွင်းရှိ ပြည်သူများသာမက ချင်းပြည်နယ်မြောက်ပိုင်းရှိ ပြည်သူများမှလည်းအဓိက အသုံးပြုနေသည့် လေဆိပ်တစ်ခုဖြစ်သည်။

Zawgyi
က်ပ္သန္းေပါင္း ၂၁၂ သန္းေက်ာ္ အကုန္က်ခံၿပီး ကေလးၿမိဳ႕ေလဆိပ္ တိုးခ်ဲ႕တည္ေဆာက္

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ရွိ ကေလးေလဆိပ္ အား ေလေၾကာင္းပို႔ေဆာင္ေရးဝန္ႀကီးဌာန၏ လမ္းညႊန္ခ်က္ျဖင့္ က်ပ္သန္းေပါင္း ၂၁၂သန္းေက်ာ္ အကုန္က်ခံကာ တိုးခ်ဲ႕တည္ေဆာက္ေနေၾကာင္းသိရသည္။

“ကေလးၿမိဳ႕ေလဆိပ္ရဲ့ လက္ရွိအေဆာက္အဦးက ခရီးသည္ေတြအဝင္အထြက္ ၾကပ္ေနလို႔ တိုးခ်ဲ႕ေဆာက္တာပါ၊ အေဟာင္းကိုလည္းမဖ်က္ဘဲနဲ႔ ဆက္သြားမွာေပါ့၊ အရင္အေဆာက္အဦးက ေပ၆ဝရွိတယ္၊ အခုထပ္တိုးမွာက ေပ၄ဝထပ္တိုးမွာဆိုေတာ့ ေပ ၁၀၀ ျဖစ္သြားမွာေပါ့၊ အခုလက္ရွိ ၾကဳံေနရတဲ့ ခရီးသည္အဝင္အထြက္ ၾကပ္တဲ့ဟာ ေလၽွာ့သြားမွာပါ”ဟု ကေလးၿမိဳ႕ေလဆိပ္ တိုးခ်ဲ႕ေဆာင္တာဝန္ယူ တည္ေဆာက္ေနသည့္ ထက္အာကာ ကုမၸဏီမွ တာဝန္ခံ အင္ဂ်င္နီယာ ဦးသန႔္ေဇာ္ထြန္းမွ ေျပာသည္။

ကေလးၿမိဳ႕ေလဆိပ္ လက္ရွိအေဆာက္အဦးမွာ အက်ယ္ ေပ ၁၂၀ ႏွင့္ အရွည္ ေပ ၆၀ ရွိၿပီး လက္ရွိတိုးခ်ဲ႕တည္ေဆာက္ေနသည့္ အေဆာက္အဦးၿပီးစီးပါက အက်ယ္ ေပ ၁၂၀ ႏွင့္ အရွည္ ေပ ၁၀၀ ျဖစ္သြားမည္ျဖစ္ကာ ဩဂုတ္လအတြင္းၿပီးစီးနိုင္ရန္ တည္ေဆာက္ေနေၾကာင္းသိရသည္။

ကေလးၿမိဳ႕ေဒသခံတစ္ဦးက “ အခုေနာက္ပိုင္းမွာ ခရီးသြားဧည့္သည္ေတြပိုမ်ားလာေတာ့ လက္ရွိအေဆာက္အဦးက အရမ္းကိုက်ဥ္းေနတယ္။ အဝင္၊ အထြက္လမ္းကလည္း တစ္ခုတည္းျဖစ္ေနတယ္။ အရင္ကလိုမဟုတ္ပဲ အခုဆိုရင္ ေန႔တိုင္းကို ေလယာဥ္ပ်ံသန္းေနၿပီ။ ခရီးသည္လည္းပိုပိုမ်ားေနတာမို႔လို႔ အဆင့္အတန္းရွိၿပီး ခရီးသည္ေတြ သက္ေတာင့္သက္ သာျဖစ္မယ့္ အေဆာက္အဦးထပ္ေဆာက္ဖို႔ကလိုကိုလိုေနတာပါ” ဟုေျပာသည္။

ကေလးၿမိဳ႕ေလဆိပ္သည္ ျမန္မာနိုင္ငံတစ္နိုင္ငံလုံးရွိ ေလဆိပ္မ်ားအနက္ ၿမိဳ႕လယ္ေခါင္တြင္ တည္ရွိသည့္ တစ္ခုတည္းေသာေလဆိပ္ျဖစ္သည္။

ကေလးၿမိဳ႕ေလဆိပ္ကို ကေလးၿမိဳ႕နယ္အတြင္းရွိ ျပည္သူမ်ားသာမက ခ်င္းျပည္နယ္ေျမာက္ပိုင္းရွိ ျပည္သူမ်ားမွလည္းအဓိက အသုံးျပဳေနသည့္ ေလဆိပ္တစ္ခုျဖစ္သည္။