Input your search keywords and press Enter.

Shopping Mall တည်ဆောက်မည့်စီမံကိန်း ကန့်ကွက်သူများမှ ပြန်လည်သုံးသပ်စေလိုကြောင်း စည်ပင်ဝန်ကြီးပြော

Salai Benezar

ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်တွင် ပြုလုပ်မည့် Shopping Mall တည်ဆောက်မည့် စီမံကိန်းအပေါ် ကန့်ကွက်မှုများကြောင့် စီမံကိန်း ပျက်စီးသွားပါက ယခုကဲ့သို့ အခွင့်အရေး ပြန်လည်အကောင်အ ထည်ဖော်ပေးမည့် သူ နောင်ဆယ်စုနှစ်အထိ ပေါ်မပေါ် မသေချာသဖြင့် ပြန်လည်သုံးသပ် စေလိုကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ အဓိကတော့ လူငယ်တွေက ဘောလုံးကွင်းပျောက်သွားမှာကို စိုးရိမ်ကြတာ။ ကျွန်တော်တို့ပြောတာကတော့ အဲဒီမှာ ကျွန်တော်တို့ စံချိန်မီဘောလုံးကွင်းလည်း ပြန်လုပ်ပေးမယ်။ ပြည်နယ်အဆင့် Shopping Mall ကြီးရှိလာဖို့ဆိုတာမလွယ်ဘူး။ ဒါကြီးပျက်သွားရင် ဆယ်စုနှစ်တစ်စုမှာတောင် ဒီဟာကိုလုပ်မယ့်သူ ပေါ်လာဖို့မလွယ်ဘူး။ ဒါကြောင့် ဒါလေးကို ပြန်စဉ်းစားဖို့လူငယ်တွေဖက်ကလည်းပေါ့” ဟုပြောသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း စည်ပင်ဝန်ကြီးအပါအဝင် သက်ဆိုင်ရာအကြီးအကဲများနှင့် မြို့သစ်ရပ်ကွက်ရှိ ဒေသခံများနှင့်တွေ့ဆုံခဲ့ပြီး အစိုးရအဖွဲ့၏ စီမံကိန်း၊ Shopping Mall တည်ဆောက်မှုဖြင့်ရရှိလာမည့် အကျိုးစသည်တို့ကို သွားရောက်ရှင်းလင်းခဲ့ကြောင်းသိရသည်။

ဝန်ကြီးဦးစိုးထက်က “ ကျွန်တော်တို့လုပ်မယ့် Plan က ဘယ်လိုမြို့အတွက် ဘယ်လိုကောင်းအောင်လုပ်တယ်။ ကျွန်တော်တို့လုပ်မယ့် စီမံကိန်းကို အသေးစိတ်လည်း သိပုံမရကြဘူး။ အရင်ကတော့ ရပ်ကွက်လူကြီးတွေက သဘောတူတယ်ဆိုပြီးတော့ ဒီအစီအစဉ်လုပ်ဖြစ်တာပေါ့။ မနေ့ကတော့ လူအတော်များများနဲ့ တွေ့ဖြစ်တယ်။ အဲဒီဟာတွေထဲကနေ တွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး နောက်လမှာလည်း ထပ်တွေ့ဖို့ရှိတယ်။ ညှိနှိုင်းမှုကိုတော့ ဆက်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်” ဟုပြောသည်။

ဟားခါးမြို့သစ်ရှိ ရာလ်မှုန်းအားကစားကွင်းဝင်းအတွင်း Shopping Mall တည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်ပြီး ဟားခါးမြို့သစ်လူငယ်အဖွဲ့များမှ အဓိကကန့်ကွက်ခြင်းဖြစ်သည်။

ဟားခါးမြို့သစ်လူငယ်တစ်ဦးဖြစ်သူ Salai Cross Thang က “Shopping Mall ဆောက်ဖို့ကို လုံးလုံးကန့်ကွက်ဖို့မဟုတ်ပါဘူး။ ဟားခါးအတွက် ဒီဟာကို လိုအပ်သလားဆိုတာပဲစဉ်းစားမိတယ်။ လိုအပ်တယ်ဆိုရင်တောင် ဘာဖြစ်လို့ ဘောလုံးကွင်းမှာပဲ နေရာချပြီးဆောက်ချင်တာလဲ။ ဟားခါးမြို့မှာ နေရာအများကြီးရှိပါတယ်။ ဟားခါးမြို့ကိုလည်း တိုးတက်စေချင်တယ်။ လှလည်းလှစေချင်တယ်။ ဘာဖြစ်လို့တစ်ခြားနေရာမှာ မစဉ်းစားကြတာလဲ” ဟုပြောသည်။

ဟားခါးမြို့သစ်ရပ်ကွက်ဥက္ကဌဖြစ်သူ ဦးရမ်လျန်မှ ယခုစီမံကိန်းသည် စီမံကိန်းကြီးဖြစ်သည့်အတွက် အနှောင့်အယှက်ရှိလာမည်ကို ကြိုတင်တွက်ဆထားပြီးဖြစ်ကြောင်းပြောသည်။

မြို့သစ်ရပ်ကွက်ဥက္ကဌ ဦး ရမ်လျန်က “ ကောင်းတဲ့ကိစ္စတစ်ခုခုလုပ်တော့မယ်ဆိုရင် မနာလိုတဲ့စိတ်တွေ၊ တစ်ကိုယ်ကောင်းဆန်စိတ်ထားတွေက ရပ်ရွာကောင်းကျိုးအတွက် ဘယ်တော့မှဖြစ်မလာတတ်ဘူးဆိုတာ အတွေ့အကြုံအရ ရှင်းရှင်းလင်းလင်းတွေ့ရတယ်” ဟုပြောသည်။

ယခု Shopping Mall တည်ဆောက်ရန် ပြည်နယ်အစိုးရမှ လျာထားသည့် နေရာသည် ဟားခါးမှ ဖလမ်း၊ ထန်တလန်ဖက်ကိုသွားသည့်နေရာတွင်ရှိသည့် အ.ထ.က (၂) ကျောင်းနှင့် ကားလမ်းမကြီး အထက်တွင်ရှိသည့် ရာမှုန်အားကစားကွင်းဧရိယာတွင်ဖြစ်ကြောင်းသိရသည်။

Zawgyi
Shopping Mall တည္ေဆာက္မည့္စီမံကိန္း ကန႔္ကြက္သူမ်ားမွ ျပန္လည္သုံးသပ္ေစလိုေၾကာင္း စည္ပင္ဝန္ႀကီးေျပာ

ဟားခါးၿမိဳ႕၊ ၿမိဳ႕သစ္ရပ္ကြက္တြင္ ျပဳလုပ္မည့္ Shopping Mall တည္ေဆာက္မည့္ စီမံကိန္းအေပၚ ကန႔္ကြက္မႈမ်ားေၾကာင့္ စီမံကိန္း ပ်က္စီးသြားပါက ယခုကဲ့သို႔ အခြင့္အေရး ျပန္လည္အေကာင္အ ထည္ေဖာ္ေပးမည့္ သူ ေနာင္ဆယ္စုႏွစ္အထိ ေပၚမေပၚ မေသခ်ာသျဖင့္ ျပန္လည္သုံးသပ္ ေစလိုေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ႀကီးဦးစိုးထက္ကေျပာသည္။

စည္ပင္ဝန္ႀကီး ဦးစိုးထက္က “ အဓိကေတာ့ လူငယ္ေတြက ေဘာလုံးကြင္းေပ်ာက္သြားမွာကို စိုးရိမ္ၾကတာ။ ကၽြန္ေတာ္တို႔ေျပာတာကေတာ့ အဲဒီမွာ ကၽြန္ေတာ္တို႔ စံခ်ိန္မီေဘာလုံးကြင္းလည္း ျပန္လုပ္ေပးမယ္။ ျပည္နယ္အဆင့္ Shopping Mall ႀကီးရွိလာဖို႔ဆိုတာမလြယ္ဘူး။ ဒါႀကီးပ်က္သြားရင္ ဆယ္စုႏွစ္တစ္စုမွာေတာင္ ဒီဟာကိုလုပ္မယ့္သူ ေပၚလာဖို႔မလြယ္ဘူး။ ဒါေၾကာင့္ ဒါေလးကို ျပန္စဥ္းစားဖို႔လူငယ္ေတြဖက္ကလည္းေပါ့” ဟုေျပာသည္။

ဇန္နဝါရီလ ၂၉ ရက္ေန႔ကလည္း စည္ပင္ဝန္ႀကီးအပါအဝင္ သက္ဆိုင္ရာအႀကီးအကဲမ်ားႏွင့္ ၿမိဳ႕သစ္ရပ္ကြက္ရွိ ေဒသခံမ်ားႏွင့္ေတြ႕ဆုံခဲ့ၿပီး အစိုးရအဖြဲ႕၏ စီမံကိန္း၊ Shopping Mall တည္ေဆာက္မႈျဖင့္ရရွိလာမည့္ အက်ိဳးစသည္တို႔ကို သြားေရာက္ရွင္းလင္းခဲ့ေၾကာင္းသိရသည္။

ဝန္ႀကီးဦးစိုးထက္က “ ကၽြန္ေတာ္တို႔လုပ္မယ့္ Plan က ဘယ္လိုၿမိဳ႕အတြက္ ဘယ္လိုေကာင္းေအာင္လုပ္တယ္။ ကၽြန္ေတာ္တို႔လုပ္မယ့္ စီမံကိန္းကို အေသးစိတ္လည္း သိပုံမရၾကဘူး။ အရင္ကေတာ့ ရပ္ကြက္လူႀကီးေတြက သေဘာတူတယ္ဆိုၿပီးေတာ့ ဒီအစီအစဥ္လုပ္ျဖစ္တာေပါ့။ မေန႔ကေတာ့ လူအေတာ္မ်ားမ်ားနဲ႔ ေတြ႕ျဖစ္တယ္။ အဲဒီဟာေတြထဲကေန ေတြ႕ရွိခ်က္ေတြနဲ႔ပတ္သက္ၿပီး ေနာက္လမွာလည္း ထပ္ေတြ႕ဖို႔ရွိတယ္။ ညႇိႏွိုင္းမႈကိုေတာ့ ဆက္ၿပီး ေဆာင္ရြက္သြားမွာျဖစ္တယ္” ဟုေျပာသည္။

ဟားခါးၿမိဳ႕သစ္ရွိ ရာလ္မႈန္းအားကစားကြင္းဝင္းအတြင္း Shopping Mall တည္ေဆာက္မည့္ကိစၥႏွင့္ ပတ္သက္ၿပီး ဟားခါးၿမိဳ႕သစ္လူငယ္အဖြဲ႕မ်ားမွ အဓိကကန႔္ကြက္ျခင္းျဖစ္သည္။

ဟားခါးၿမိဳ႕သစ္လူငယ္တစ္ဦးျဖစ္သူ Salai Cross Thang က “Shopping Mall ေဆာက္ဖို႔ကို လုံးလုံးကန႔္ကြက္ဖို႔မဟုတ္ပါဘူး။ ဟားခါးအတြက္ ဒီဟာကို လိုအပ္သလားဆိုတာပဲစဥ္းစားမိတယ္။ လိုအပ္တယ္ဆိုရင္ေတာင္ ဘာျဖစ္လို႔ ေဘာလုံးကြင္းမွာပဲ ေနရာခ်ၿပီးေဆာက္ခ်င္တာလဲ။ ဟားခါးၿမိဳ႕မွာ ေနရာအမ်ားႀကီးရွိပါတယ္။ ဟားခါးၿမိဳ႕ကိုလည္း တိုးတက္ေစခ်င္တယ္။ လွလည္းလွေစခ်င္တယ္။ ဘာျဖစ္လို႔တစ္ျခားေနရာမွာ မစဥ္းစားၾကတာလဲ” ဟုေျပာသည္။

ဟားခါးၿမိဳ႕သစ္ရပ္ကြက္ဥကၠဌျဖစ္သူ ဦးရမ္လ်န္မွ ယခုစီမံကိန္းသည္ စီမံကိန္းႀကီးျဖစ္သည့္အတြက္ အေႏွာင့္အယွက္ရွိလာမည္ကို ႀကိဳတင္တြက္ဆထားၿပီးျဖစ္ေၾကာင္းေျပာသည္။

ၿမိဳ႕သစ္ရပ္ကြက္ဥကၠဌ ဦး ရမ္လ်န္က “ ေကာင္းတဲ့ကိစၥတစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ မနာလိုတဲ့စိတ္ေတြ၊ တစ္ကိုယ္ေကာင္းဆန္စိတ္ထားေတြက ရပ္ရြာေကာင္းက်ိဳးအတြက္ ဘယ္ေတာ့မွျဖစ္မလာတတ္ဘူးဆိုတာ အေတြ႕အၾကဳံအရ ရွင္းရွင္းလင္းလင္းေတြ႕ရတယ္” ဟုေျပာသည္။

ယခု Shopping Mall တည္ေဆာက္ရန္ ျပည္နယ္အစိုးရမွ လ်ာထားသည့္ ေနရာသည္ ဟားခါးမွ ဖလမ္း၊ ထန္တလန္ဖက္ကိုသြားသည့္ေနရာတြင္ရွိသည့္ အ.ထ.က (၂) ေက်ာင္းႏွင့္ ကားလမ္းမႀကီး အထက္တြင္ရွိသည့္ ရာမႈန္အားကစားကြင္းဧရိယာတြင္ျဖစ္ေၾကာင္းသိရသည္။