Input your search keywords and press Enter.

အရှိုချင်းစစ်ဘေးရှောင် (၄၀၀) ဝန်းကျင် စားနပ်ရိက္ခာနှင့် ဆေးဝါးကုသမှု အရေးပေါ်လိုအပ်နေ

Salai Khup Khup

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် အရှိုချင်းလူမျိုး (၄၀၀) ဝန်းကျင်လောက်မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးကုသရေးအတွက် အရေးပေါ် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း အရှိုချင်း စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဦးနေလင်းက ပြောသည်။

အရှိုချင်း စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဦးနေလင်းက “အရှိုချင်းဒုက္ခသည် ငါးရာနီးပါးရှိတယ်။ ရခိုင်တွေလည်း နည်းနည်းပါတယ်။ အရှိုချင်းက လေးရာလောက်ရှိတယ်။ ပြောင်းရွေ့လာတဲ့ စစ်ဘေးရှောင်တွေမှာ အခက်ခဲလည်းအများကြီးရှိတယ်။ အဓိက အခက်ခဲတော့ ကျန်းမာရေးနဲ့ ပက်သက်ပြီး ပိုက်ဆံကမရှိ နောက်ပြီး စားဝတ်နေရေးမှာ အခက်ခဲဖြစ်တယ်”ဟုပြောသည်။

ကျန်းမာရေးနှင့်ပတ်သက်ပြီး အများနှင့် နေထိုင်ရခြင်းဖြစ်သဖြင့် ကလေးအများစုတွင် ဝမ်းပျက်ဝမ်းလျှေရောဂါဖြစ်ပွားမှုများလည်း လက်ရှိတွင် ကြုံတွေ့နေရကြောင်းသိရသည်။

အမ်းမြို့ပေါ်တွင် အရှိုချင်းစစ်ဘေးရှောင် ရွာသား (၅၀၀)နီးပါးှရှိပြီး (၃၀၀)နီးပါးလောက်ကို ယာယီစစ်ရှောင် စခန်းအဖြစ် ဖွင့်လှစ်ထားသည့် မြို့နယ်အားကစားခန်းမတွင် နေထိုင်ထိုင်ကြပြီး ကျန်(၂၀၀)လောက်မှာ နီးစပ်ရာ ဆွေမျိုးများထံတွင် နေထိုင်ကြကြောင်း သိရသည်။

အရှိုချင်း စာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ ဦးနေလင်းက “ဒုက္ခသည်တွေ သူတို့ရေရှည် နေရာထိုင်ခင်းနဲ့ပက်သက်ပြီး ထွေအုပ်တို့နဲ့တော့့မြို့နယ်မှာ ညှိနှိုင်းတာတို့တော့ရှိတယ်။ ကျောင်းသားတွေ စာမေးပွဲပြီးတဲ့အထိ ဒုက္ခသည်စခန်းမှာထားပြီးတော့ ပြည်နယ်တို့ ခရိုင်တို့ဖက်ကနေ ရွာတည်ပေးရင် ရွာတည်သွားဖို့ရှိတယ်။ တစ်နှစ်ဖြစ်ဖြစ် ခြောက်လကျော်ကျော် ဖြစ်ဖြစ် ကြာမယ်ထင်တယ်”ဟုပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ စစ်ဘေးရှောင် များအခက်အခဲနှင့် ပက်သက်ပြီး ကူညီဆောင်ရွက် ပေးနေကြောင်း နှင့် ၎င်းစစ်ဘေးရှောင်များ အမြဲတမ်းနေထိုင် နိုင်ရန် စီစဉ်ရန်မှာ စောသေးကြောင်း သတင်းမီဒီယာများသို့ ပြောကြားထားသည်။

စစ်ဘေးရှောင်များထဲတွင် ကျောင်းနေရွယ် ကလေးငယ်(၁၀၀) ကျော်ပါရှိနေပြီး ၎င်းကလေးတို့ ပညာသင်ယူရန် ကျောင်း(၅)ကျောင်းတွင် ကျောင်းအပ်ခွင့် ပြုထားကြောင်းသိရသည်။

စစ်ဘေးရှောင် ဒုက္ခသည်များ ရွာတည်ပေးနိုင်ပါက ရွာသွားလမ်းများ ၎င်းတို့၏ နေထိုင်မည့် အဆောက်အအုံများ အသက်မွေးဝမ်းကျောင်းများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် ငွေကြေးများ ထောက်ပံ့ပေးစေလိုကြောင်းလည်း ဦးနေလင်းက ပြောသည်။

ဇန်နဝါရီလ အစောပိုင်းက ရက္ခိုင့်တပ်မတော် AAအဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ အကြားတိုက်ပွဲများ ပြင်းထန်ခဲ့သောကြောင့် ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ဒါးလက်၊ မက်လမောင်းနှင့် ကဇုကိုင်းကျေးရွာ အုပ်စုမှ အရှိုချင်း ရွာသားများသည် အမ်းမြို့ပေါ်နှင့် မကွေးတိုင်း ဒေသကြီးဖက်သို့ ပြောင်း ရွေ့လာခဲ့ကြသည်။

မကွေးတိုင်းဖက်သို့ ပြောင်းရွေ့ပြီးသည့် အရှိုချင်း စစ်ဘေးရှောင်မှာ တစ်ရာကျော်ဝန်း ကျင်ရှိပြီး နောက်ထပ် ပြောင်းရွေ့ချင်သည့် စစ်ဘေးရှောင် အရှိုချင်းများမှာ မှတ်ပုံတင် မရှိကြခြင်းကြောင့် ပြောင်းရွေ့၍ မရသေးကြောင်းသိရသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်ဖက်မှ စစ်ဘေးရှောင်လာသူများမှာ လက်ရှိမကွေးတိုင်းဒေသရှိ မင်းဘူးရွာ ငဖဲရွာ သရက်နှင့် မင်းတုံးမြို့နယ် ဖက်တွင် တိမ်းရှောင် နေထိုင်ကြပြီး အချို့မှာ ဆွေမျိုးအိမ်များတွင် နေထိုင်ပြီး အချို့မှာ ဘုရားကျောင်းတို့တွင် နေထိုင်ကြကြောင်း ကူညီကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

Zawgyi
အရွိုခ်င္းစစ္ေဘးေရွာင္ (၄၀၀) ဝန္းက်င္ စားနပ္ရိကၡာႏွင့္ ေဆးဝါးကုသမႈ အေရးေပၚလိုအပ္ေန

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္တြင္ စစ္ေဘးတိမ္းေရွာင္ေနသည့္ အရွိုခ်င္းလူမ်ိဳး (၄၀၀) ဝန္းက်င္ေလာက္မွာ စားနပ္ရိကၡာနဲ႔ ေဆးဝါးကုသေရးအတြက္ အေရးေပၚ အခက္အခဲႏွင့္ ရင္ဆိုင္ေနရေၾကာင္း အရွိုခ်င္း စာေပႏွင့္ယဥ္ေက်းမႈေကာ္မတီ ဥကၠဌ ဦးေနလင္းက ေျပာသည္။

အရွိုခ်င္း စာေပႏွင့္ယဥ္ေက်းမႈေကာ္မတီ ဥကၠဌ ဦးေနလင္းက “အရွိုခ်င္းဒုကၡသည္ ငါးရာနီးပါးရွိတယ္။ ရခိုင္ေတြလည္း နည္းနည္းပါတယ္။ အရွိုခ်င္းက ေလးရာေလာက္ရွိတယ္။ ေျပာင္းေရြ႕လာတဲ့ စစ္ေဘးေရွာင္ေတြမွာ အခက္ခဲလည္းအမ်ားႀကီးရွိတယ္။ အဓိက အခက္ခဲေတာ့ က်န္းမာေရးနဲ႔ ပက္သက္ၿပီး ပိုက္ဆံကမရွိ ေနာက္ၿပီး စားဝတ္ေနေရးမွာ အခက္ခဲျဖစ္တယ္”ဟုေျပာသည္။

က်န္းမာေရးႏွင့္ပတ္သက္ၿပီး အမ်ားႏွင့္ ေနထိုင္ရျခင္းျဖစ္သျဖင့္ ကေလးအမ်ားစုတြင္ ဝမ္းပ်က္ဝမ္းေလၽွေရာဂါျဖစ္ပြားမႈမ်ားလည္း လက္ရွိတြင္ ၾကဳံေတြ႕ေနရေၾကာင္းသိရသည္။

အမ္းၿမိဳ႕ေပၚတြင္ အရွိုခ်င္းစစ္ေဘးေရွာင္ ရြာသား (၅၀၀)နီးပါးွရွိၿပီး (၃၀၀)နီးပါးေလာက္ကို ယာယီစစ္ေရွာင္ စခန္းအျဖစ္ ဖြင့္လွစ္ထားသည့္ ၿမိဳ႕နယ္အားကစားခန္းမတြင္ ေနထိုင္ထိုင္ၾကၿပီး က်န္(၂၀၀)ေလာက္မွာ နီးစပ္ရာ ေဆြမ်ိဳးမ်ားထံတြင္ ေနထိုင္ၾကေၾကာင္း သိရသည္။

အရွိုခ်င္း စာေပႏွင့္ ယဥ္ေက်းမႈ ဥကၠဌ ဦးေနလင္းက “ဒုကၡသည္ေတြ သူတို႔ေရရွည္ ေနရာထိုင္ခင္းနဲ႔ပက္သက္ၿပီး ေထြအုပ္တို႔နဲ႔ေတာ့့ၿမိဳ႕နယ္မွာ ညႇိႏွိုင္းတာတို႔ေတာ့ရွိတယ္။ ေက်ာင္းသားေတြ စာေမးပြဲၿပီးတဲ့အထိ ဒုကၡသည္စခန္းမွာထားၿပီးေတာ့ ျပည္နယ္တို႔ ခရိုင္တို႔ဖက္ကေန ရြာတည္ေပးရင္ ရြာတည္သြားဖို႔ရွိတယ္။ တစ္ႏွစ္ျဖစ္ျဖစ္ ေျခာက္လေက်ာ္ေက်ာ္ ျဖစ္ျဖစ္ ၾကာမယ္ထင္တယ္”ဟုေျပာသည္။

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕မွ လူမႈေရးဝန္ႀကီး ေဒါက္တာခ်မ္းသာမွ စစ္ေဘးေရွာင္ မ်ားအခက္အခဲႏွင့္ ပက္သက္ၿပီး ကူညီေဆာင္ရြက္ ေပးေနေၾကာင္း ႏွင့္ ၎စစ္ေဘးေရွာင္မ်ား အျမဲတမ္းေနထိုင္ နိုင္ရန္ စီစဥ္ရန္မွာ ေစာေသးေၾကာင္း သတင္းမီဒီယာမ်ားသို႔ ေျပာၾကားထားသည္။

စစ္ေဘးေရွာင္မ်ားထဲတြင္ ေက်ာင္းေနရြယ္ ကေလးငယ္(၁၀၀) ေက်ာ္ပါရွိေနၿပီး ၎ကေလးတို႔ ပညာသင္ယူရန္ ေက်ာင္း(၅)ေက်ာင္းတြင္ ေက်ာင္းအပ္ခြင့္ ျပဳထားေၾကာင္းသိရသည္။

စစ္ေဘးေရွာင္ ဒုကၡသည္မ်ား ရြာတည္ေပးနိုင္ပါက ရြာသြားလမ္းမ်ား ၎တို႔၏ ေနထိုင္မည့္ အေဆာက္အအုံမ်ား အသက္ေမြးဝမ္းေက်ာင္းမ်ားအတြက္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးအတြက္ ေငြေၾကးမ်ား ေထာက္ပံ့ေပးေစလိုေၾကာင္းလည္း ဦးေနလင္းက ေျပာသည္။

ဇန္နဝါရီလ အေစာပိုင္းက ရကၡိဳင့္တပ္မေတာ္ AAအဖြဲ႕ႏွင့္ ျမန္မာ့တပ္မေတာ္တို႔ အၾကားတိုက္ပြဲမ်ား ျပင္းထန္ခဲ့ေသာေၾကာင့္ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ရွိ ဒါးလက္၊ မက္လေမာင္းႏွင့္ ကဇုကိုင္းေက်းရြာ အုပ္စုမွ အရွိုခ်င္း ရြာသားမ်ားသည္ အမ္းၿမိဳ႕ေပၚႏွင့္ မေကြးတိုင္း ေဒသႀကီးဖက္သို႔ ေျပာင္း ေရြ႕လာခဲ့ၾကသည္။

မေကြးတိုင္းဖက္သို႔ ေျပာင္းေရြ႕ၿပီးသည့္ အရွိုခ်င္း စစ္ေဘးေရွာင္မွာ တစ္ရာေက်ာ္ဝန္း က်င္ရွိၿပီး ေနာက္ထပ္ ေျပာင္းေရြ႕ခ်င္သည့္ စစ္ေဘးေရွာင္ အရွိုခ်င္းမ်ားမွာ မွတ္ပုံတင္ မရွိၾကျခင္းေၾကာင့္ ေျပာင္းေရြ႕၍ မရေသးေၾကာင္းသိရသည္။

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ဖက္မွ စစ္ေဘးေရွာင္လာသူမ်ားမွာ လက္ရွိမေကြးတိုင္းေဒသရွိ မင္းဘူးရြာ ငဖဲရြာ သရက္ႏွင့္ မင္းတုံးၿမိဳ႕နယ္ ဖက္တြင္ တိမ္းေရွာင္ ေနထိုင္ၾကၿပီး အခ်ိဳ႕မွာ ေဆြမ်ိဳးအိမ္မ်ားတြင္ ေနထိုင္ၿပီး အခ်ိဳ႕မွာ ဘုရားေက်ာင္းတို႔တြင္ ေနထိုင္ၾကေၾကာင္း ကူညီကယ္ဆယ္ေရး အဖြဲ႕မ်ားထံမွ သိရသည္။