Input your search keywords and press Enter.

သက်တမ်းကုန် စားသောက်ကုန် ပစ္စည်းသိမ်းဆည်းခြင်းသည် ပြည်သူများကို သတိပေးခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အရေးယူမည်

Salai C.Lian

ချင်းပြည်နယ် အတွင်းရှိ သက်တမ်းကုန် အလှ/စားသောက်ကုန် များကို စစ်ဆေးလျက်ရှိပြီး သက်တမ်းကုန် ပစ္စည်းများသိမ်းဆည်းခြင်းသည် ပြည်သူများကို သတိပေးခြင်းဖြစ်ကာ နောက်ပိုင်းတွင် အရေးယူမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန တာဝန်ခံ ဒေါက်တာ Joseph ကပြောသည်။

ဒေါက်တာ Joseph က “အခုထိကတော့ ကျွန်တော်တို့အနေနဲ့ကတော့ ဆေးဝါးဖြစ်ဖြစ်၊ စားသောက်ကုန်ဖြစ်ဖြစ်၊ အလှကုန်ဖြစ်ဖြစ် ပစ္စည်းသိမ်းတာလောက်ကိုပဲ ကျွန်တော်တို့လုပ်တယ်၊ ဘယ်လို အရေးယူဖို့ ဆိုတာမျိုးကတော့ ကျွန်တော်တို့ ဆွေးနွေးပြင်ဆင်နေတုန်းဖြစ်တယ်၊ အခုက ပြည်သူတွေကို သတိပေးတာ ဖြစ်တယ်” ဟု ပြောသည်။

ချင်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှာ ဇန်နဝါရီလအတွင်း ၁၇ ဆိုင်စစ်ဆေးခဲ့ရာ သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းတန်ဖိုး ခန့်မှန်း ကျပ် ၁၂၀၀၀၀၀ ခန့်သိမ်းဆည်းရမိကြောင်း ချင်းပြည်နယ် FDA လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။

ချင်းပြည်နယ်အတွင်းရှိ အလှ/စားသောက်ကုန်ရောင်းသည့် ဆိုင်များကို ပြည်နယ်မှ ဦးဆောင်ပြီး ဟားခါးမြို့နယ်၊ ခရိုင်အဆင့်များကလည်း သက်တမ်းလွန်နှင့် စားသင့်မစားသင့်စားသောက်ကုန်များကို စစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။

ဒေါက်တာ Joseph က “ကျွန်တော်တို့ စစ်ဆေးတဲ့ချိန်မှာကတော့ ကျွန်တော်တို့ အဓိကတွေ့တာကတော့ သက်တမ်းကုန်တဲ့ဟာတွေများတယ်၊ တစ်ချို့ကတော့ သက်တမ်း ၂ နှစ်လွန်တာမျိုးကိုလည်း တွေ့ရတယ်၊ သုံးစွဲရန်မသင့်ကတော့ အဲလောက်ကြီး မတွေ့ရဘူး၊ သက်တမ်းကုန်ဆုံးတဲ့ဟာတွေကတော့ ဆိုးကျိုး ဘာဖြစ်မလဲ ဆိုတာတော့ ပြောလို့မရဘူး၊ အကုန်လုံးကို မီးရှို့တယ်၊ အလှကုန်ကတော့ ကျွန်တော်တို့ တစ်လကို တစ်ကြိမ်စစ်ဆေးတယ်၊ ဆေးဆိုင်ကလည်း တစ်လ တစ်ကြိမ်၊ စားသောက်ကုန်တွေကိုတော့ တစ်လ နှစ်ကြိမ် စစ်ဆေးတယ်” ဟု ပြောသည်။

နေပြည်တော်ရှိ FDA ဌာနချုပ်ရုံးမှ စားသုံးရန် မသင့်သည့် အစားအစာများစာရင်းကို ၃ လတစ်ကြိမ် ထုတ်ပြန်လေ့ရှိပြီး ချင်းပြည်နယ်အတွင်းတွင်မူ စားသုံးရန်မသင့်သည့် အစားအသောက်မရှိပဲ သက်တမ်းလွန်သည့်အစားအသောက်များကို အဓိကတွေ့ရှိရကြောင်းသိရသည်။
Zawgyi
သက္တမ္းကုန္ စားေသာက္ကုန္ ပစၥည္းသိမ္းဆည္းျခင္းသည္ ျပည္သူမ်ားကို သတိေပးျခင္းျဖစ္ၿပီး ေနာက္ပိုင္းတြင္ အေရးယူမည္

ခ်င္းျပည္နယ္ အတြင္းရွိ သက္တမ္းကုန္ အလွ/စားေသာက္ကုန္ မ်ားကို စစ္ေဆးလ်က္ရွိၿပီး သက္တမ္းကုန္ ပစၥည္းမ်ားသိမ္းဆည္းျခင္းသည္ ျပည္သူမ်ားကို သတိေပးျခင္းျဖစ္ကာ ေနာက္ပိုင္းတြင္ အေရးယူမႈမ်ားျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း ခ်င္းျပည္နယ္ ျပည္နယ္အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာန တာဝန္ခံ ေဒါက္တာ Joseph ကေျပာသည္။

ေဒါက္တာ Joseph က “အခုထိကေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ကေတာ့ ေဆးဝါးျဖစ္ျဖစ္၊ စားေသာက္ကုန္ျဖစ္ျဖစ္၊ အလွကုန္ျဖစ္ျဖစ္ ပစၥည္းသိမ္းတာေလာက္ကိုပဲ ကၽြန္ေတာ္တို႔လုပ္တယ္၊ ဘယ္လို အေရးယူဖို႔ ဆိုတာမ်ိဳးကေတာ့ ကၽြန္ေတာ္တို႔ ေဆြးေႏြးျပင္ဆင္ေနတုန္းျဖစ္တယ္၊ အခုက ျပည္သူေတြကို သတိေပးတာ ျဖစ္တယ္” ဟု ေျပာသည္။

ခ်င္းျပည္နယ္အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနမွာ ဇန္နဝါရီလအတြင္း ၁၇ ဆိုင္စစ္ေဆးခဲ့ရာ သုံးစြဲရန္မသင့္သည့္ အလွကုန္ပစၥည္းတန္ဖိုး ခန႔္မွန္း က်ပ္ ၁၂၀၀၀၀၀ ခန႔္သိမ္းဆည္းရမိေၾကာင္း ခ်င္းျပည္နယ္ FDA လူမႈကြန္ယက္ စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။

ခ်င္းျပည္နယ္အတြင္းရွိ အလွ/စားေသာက္ကုန္ေရာင္းသည့္ ဆိုင္မ်ားကို ျပည္နယ္မွ ဦးေဆာင္ၿပီး ဟားခါးၿမိဳ႕နယ္၊ ခရိုင္အဆင့္မ်ားကလည္း သက္တမ္းလြန္ႏွင့္ စားသင့္မစားသင့္စားေသာက္ကုန္မ်ားကို စစ္ေဆးမႈျပဳလုပ္ေနေၾကာင္း သိရသည္။

ေဒါက္တာ Joseph က “ကၽြန္ေတာ္တို႔ စစ္ေဆးတဲ့ခ်ိန္မွာကေတာ့ ကၽြန္ေတာ္တို႔ အဓိကေတြ႕တာကေတာ့ သက္တမ္းကုန္တဲ့ဟာေတြမ်ားတယ္၊ တစ္ခ်ိဳ႕ကေတာ့ သက္တမ္း ၂ ႏွစ္လြန္တာမ်ိဳးကိုလည္း ေတြ႕ရတယ္၊ သုံးစြဲရန္မသင့္ကေတာ့ အဲေလာက္ႀကီး မေတြ႕ရဘူး၊ သက္တမ္းကုန္ဆုံးတဲ့ဟာေတြကေတာ့ ဆိုးက်ိဳး ဘာျဖစ္မလဲ ဆိုတာေတာ့ ေျပာလို႔မရဘူး၊ အကုန္လုံးကို မီးရွို႔တယ္၊ အလွကုန္ကေတာ့ ကၽြန္ေတာ္တို႔ တစ္လကို တစ္ႀကိမ္စစ္ေဆးတယ္၊ ေဆးဆိုင္ကလည္း တစ္လ တစ္ႀကိမ္၊ စားေသာက္ကုန္ေတြကိုေတာ့ တစ္လ ႏွစ္ႀကိမ္ စစ္ေဆးတယ္” ဟု ေျပာသည္။

ေနျပည္ေတာ္ရွိ FDA ဌာနခ်ဳပ္႐ုံးမွ စားသုံးရန္ မသင့္သည့္ အစားအစာမ်ားစာရင္းကို ၃ လတစ္ႀကိမ္ ထုတ္ျပန္ေလ့ရွိၿပီး ခ်င္းျပည္နယ္အတြင္းတြင္မူ စားသုံးရန္မသင့္သည့္ အစားအေသာက္မရွိပဲ သက္တမ္းလြန္သည့္အစားအေသာက္မ်ားကို အဓိကေတြ႕ရွိရေၾကာင္းသိရသည္။