Input your search keywords and press Enter.

ခိုင်ကမ်းမြို့မရဲစခန်းမှ ဆိုင်ကယ်သူခိုးတစ်ဦး ဖမ်းစီးစစ်ဆေးရာ ယခင်ခိုးမှုများကိုပါ ဖော်ထုတ်ရမိ

Salai C.Lian

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ခိုင်ကမ်းမြို့ရှိ နယ်မြေရဲစခန်းများမှ ခိုင်ကမ်းမြို့အမှတ် (၂) ရပ်ကွက်နေ ဦး ကပ်ဒိကျိမ်အား ၄င်း၏နေအိမ်တွင် ဖမ်းဆီးရမိကြောင်း ခိုင်ကမ်းမြို့နယ်မြေရဲစခန်း နယ်ထိန်း ဒု-တပ်ကြပ် ကမ်းလမ့်ဒါလ်းက ပြောသည်။

ဒု – တပ်ကြပ် ကမ်းလမ့်ဒါလ်းက “သူ့ကိုကျွန်တော်တို့ဖမ်းတာက သုံး လေး ရက်လောက်တော့ရှိပြီ၊ သူက ဆိုင်ကယ်တစ်စီးခိုးရာကနေ ဖမ်းမိသွားတယ်၊ သူ့ကို အမျိုးမျိုးချော့ပြီးတော့ သူက ပြီးခဲ့တဲ့လက ခိုးတဲ့ဟာလည်းပါတယ်၊ ၃ လလောက်ကြာပြီး ခိုးတဲ့ဟာတွေလည်းရှိတယ်၊ တစ်ချို့ဟာတွေကတော့ နှစ်နဲ့ချီပြီး ခိုးတဲ့ဟာတွေလည်းပါတယ်၊ ကျွန်တော်တို့ ၉ စီးသူ့ဆီကနေ ဖမ်းမိတယ်၊ နှစ် စီးကတော့ ပိုင်ရှင်တွေက လာယူပြီးပြီ၊ ၇ စီးကအခုစခန်းမှာပဲ ရှိသေးတယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ခိုးတဲ့သူက ခိုင်ကမ်းကို လာနေတာ ၃ နှစ်လောက်တော့ရှိပြီ၊ သူတို့က Zuamnuamzang ကနေသားဖ လာနေတာဖြစ်တယ်၊ သူ့ကိုတော့ တရားရေးဖက်ကို အပ်လိုက်ပြီ၊ ပြည်သူတွေ အနေနဲ့ ကိုယ့်ဆိုယ်ကယ် ပျောက်ရင် ပိုင်ရှင်ဖြစ်သူက လာကြည့်ပြီး ရွေးလို့ရတယ်” ဟု ပြောသည်။

ဆိုင်ကယ်သွားရောက်ခိုးယူခဲ့သည့် နေရာများအဖြစ် ခိုင်ကမ်းမြို့တွင် ၁၂၅ အမျိုးအစား (၃) စီး၊ ကလေးမြို့တာဟန်းရပ်ကွက် ၁၂၅ အမျိုးအစား (၂) စီး၊ လက်ပံချောင်းကျေးရွာတွင် ၁ စီး၊ မြောက်ချောကျေးရွာတွင် ၁ စီး၊ ပျဉ်းတောဦးကျေးရွာတွင် ၁၃၅ အမျိုးအစား (၁) စီး၊ ညောင်ကုန်းကျေးရွာတွင် ၁ စီး စုစုပေါင်း ၉ စီး ခိုးခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

Zawgyi
ခိုင္ကမ္းၿမိဳ႕မရဲစခန္းမွ ဆိုင္ကယ္သူခိုးတစ္ဦး ဖမ္းစီးစစ္ေဆးရာ ယခင္ခိုးမႈမ်ားကိုပါ ေဖာ္ထုတ္ရမိ

ခ်င္းျပည္နယ္၊ ဖလမ္းခရိုင္၊ ခိုင္ကမ္းၿမိဳ႕ရွိ နယ္ေျမရဲစခန္းမ်ားမွ ခိုင္ကမ္းၿမိဳ႕အမွတ္ (၂) ရပ္ကြက္ေန ဦး ကပ္ဒိက်ိမ္အား ၄င္း၏ေနအိမ္တြင္ ဖမ္းဆီးရမိေၾကာင္း ခိုင္ကမ္းၿမိဳ႕နယ္ေျမရဲစခန္း နယ္ထိန္း ဒု-တပ္ၾကပ္ ကမ္းလမ့္ဒါလ္းက ေျပာသည္။

ဒု – တပ္ၾကပ္ ကမ္းလမ့္ဒါလ္းက “သူ႔ကိုကၽြန္ေတာ္တို႔ဖမ္းတာက သုံး ေလး ရက္ေလာက္ေတာ့ရွိၿပီ၊ သူက ဆိုင္ကယ္တစ္စီးခိုးရာကေန ဖမ္းမိသြားတယ္၊ သူ႔ကို အမ်ိဳးမ်ိဳးေခ်ာ့ၿပီးေတာ့ သူက ၿပီးခဲ့တဲ့လက ခိုးတဲ့ဟာလည္းပါတယ္၊ ၃ လေလာက္ၾကာၿပီး ခိုးတဲ့ဟာေတြလည္းရွိတယ္၊ တစ္ခ်ိဳ႕ဟာေတြကေတာ့ ႏွစ္နဲ႔ခ်ီၿပီး ခိုးတဲ့ဟာေတြလည္းပါတယ္၊ ကၽြန္ေတာ္တို႔ ၉ စီးသူ႔ဆီကေန ဖမ္းမိတယ္၊ ႏွစ္ စီးကေတာ့ ပိုင္ရွင္ေတြက လာယူၿပီးၿပီ၊ ၇ စီးကအခုစခန္းမွာပဲ ရွိေသးတယ္” ဟု ေျပာသည္။

သူက ဆက္ၿပီး “ခိုးတဲ့သူက ခိုင္ကမ္းကို လာေနတာ ၃ ႏွစ္ေလာက္ေတာ့ရွိၿပီ၊ သူတို႔က Zuamnuamzang ကေနသားဖ လာေနတာျဖစ္တယ္၊ သူ႔ကိုေတာ့ တရားေရးဖက္ကို အပ္လိုက္ၿပီ၊ ျပည္သူေတြ အေနနဲ႔ ကိုယ့္ဆိုယ္ကယ္ ေပ်ာက္ရင္ ပိုင္ရွင္ျဖစ္သူက လာၾကည့္ၿပီး ေရြးလို႔ရတယ္” ဟု ေျပာသည္။

ဆိုင္ကယ္သြားေရာက္ခိုးယူခဲ့သည့္ ေနရာမ်ားအျဖစ္ ခိုင္ကမ္းၿမိဳ႕တြင္ ၁၂၅ အမ်ိဳးအစား (၃) စီး၊ ကေလးၿမိဳ႕တာဟန္းရပ္ကြက္ ၁၂၅ အမ်ိဳးအစား (၂) စီး၊ လက္ပံေခ်ာင္းေက်းရြာတြင္ ၁ စီး၊ ေျမာက္ေခ်ာေက်းရြာတြင္ ၁ စီး၊ ပ်ဥ္းေတာဦးေက်းရြာတြင္ ၁၃၅ အမ်ိဳးအစား (၁) စီး၊ ေညာင္ကုန္းေက်းရြာတြင္ ၁ စီး စုစုေပါင္း ၉ စီး ခိုးခဲ့ေၾကာင္း ေဖာ္ထုတ္နိုင္ခဲ့သည္။