Input your search keywords and press Enter.

ရန်ကုန် – ကန်ပက်လက် ကားလိုင်းတိုက်ရိုက် ပြေးဆွဲခြင်းကြောင့် ခေါနူးစုမ်သို့ ခရီးသွားတိုးလာဟုဆို

Salai C.Lian

ရန်ကုန်မြို့နှင့် ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်မြို့သို့ ခရီးသည်ပို့ဆောင်ရေးယာဉ်ကြီးများ နေ့စဉ်တိုက်ရိုက်ပြေးဆွဲလာမှုကြောင့် ချင်းပြည်နယ်၏ အထင်ကရ ဖြစ်သည့် ခေါ်နူးစုမ် အမျိုးသားဥယျာဉ်သို့ ခရီးသွားဝင်ရောက်မှု နေ့စဉ်များပြားလာကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်က ပြောသည်။

စည်ပင်ဝန်ကြီး ဦး စိုးထက်က “အဲဒါကတော့ ပြီးခဲ့တဲ့ လကတည်းက ကားလိုင်းတော့ ဆွဲနေပြီ၊ ပြည်တွင်းပြည်ပ ခရီးသည်တွေ ပိုများလာတယ်၊ အရင်တုန်းကတော့ အဆင့်ပေါင်းမြောက်များစွာ လာရတာကို နှစ်ဆင့် သုံးဆင့်နဲ့ပေါ့၊ အခုက ရန်ကုန်-ကန်ပက်လက် တိုက်ရိုက်ကားဆိုတော့ ခရီးသည်တွေက ပိုများလာတယ်” ဟု ပြောသည်။

ခေါ်နူးစုမ် အမျိုးသားဥယျာဉ်သို့ သွားရောက်လည်ပတ်နိုင်ရန် ကားလိုင်းတိုက်ရိုက်လိုင်းပြေးဆွဲခြင်းကြောင့် ခရီးသွားပြည်သူများလာသည်ဟု အစိုးရဖက်မှဆိုသော်လည်း လက်ရှိအခြေအနေတွင် သိသိသာသာ လည်ပတ်သူမရှိသေးကြောင်း ခေါ်နူးစုမ် အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦး တင်မြစိုးက ပြောသည်။

ဦး တင်မြစိုးက “ဒီမှာတော့ ထွေထွေထူးထူးတော့ မရှိပါဘူး ကျွန်တော်သိရသလောက်ဆိုရင် ရုံးပိတ်ရက်တွေမှာပဲ လာကြတယ်၊ ကျန်တဲ့ရက်တွေမှာကတော့ သိပ်မရှိဘူး၊ ဒါပေမဲ့ အခုက ရန်ကုန်-ကန်ပက်လက်တိုက်ရိုက်ကားရှိလာတော့ တစ်ယောက်၊ နှစ်ယောက်လာချင်တဲ့သူအတွက် ကတော့ အထောက်အကူပြုသွားတာပေါ့၊ ခါတိုင်းထက်တော့ ပိုပြီးသက်သာလာမယ်လို့ မျော်လင့်တယ်” ဟု ပြောသည်။

ရန်ကုန်-ကန်ပက်လက် တိုက်ရိုက် ကားလိုင်းဆွဲခြင်းဖြင့် ချင်းပြည်နယ် ဒေသအတွင်း ခရီးသွားပြည်သူများလာမည်ဟု မျော်လင့်သော်လည်း အနည်းဆုံး ၃ ရက်ရုံးပိတ်ရက်ရှိမှသာ ဒေသအတွင်း ပြည်သူများ လည်ပတ်သူများကြောင်း သိရသည်။
ကန်ပက်လက်မြို့ Mountain Views ဟိုတယ်ပိုင်ရှင် ဒေါ် ခိုင်ခိုင်ဦးက “ခရီးသွားပိုများများပြောရရင်တော့ ဟိုတယ်တွေကလည်းများတော့ ကျွန်မက အကုန်မသိဘူး၊ တိုက်ရိုက်လိုင်းဆွဲတော့ များမယ်လို့ မျော်နေတယ်၊ ပန်းပွဲတော်ရက်လိုမျိုးဆိုရင်တော့ တော်တော်ရှိကြတယ်၊ ဒီရက်တွေကတော့ ရုံးပိတ်ရက်မဟုတ်တဲ့အတွက် မလာကြဘူး၊ အစိုးရ ရုံးပိတ်ရက် ၃ ရက်လောက်ရှိရင်တော့ ခရီးသွားတွေက ပိုများလာတယ်” ဟု ပြောသည်။

ရန်ကုန် နှင့် ကန်ပက်လက် တိုက်ရိုက်လိုင်းဆွဲသည့် မန္တလာမင်း အဆင့်မြင့် Air con Bus ကားလိုင်းသစ်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကန်ပက်လက်မြို့ မြို့မရပ်ကွပ်တွင်ဂိတ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Zawgyi

ရန္ကုန္ – ကန္ပက္လက္ ကားလိုင္းတိုက္ရိုက္ ေျပးဆြဲျခင္းေၾကာင့္ ေခါႏူးစုမ္သို႔ ခရီးသြားတိုးလာဟုဆို

ရန္ကုန္ၿမိဳ႕ႏွင့္ ခ်င္းျပည္နယ္ ေတာင္ပိုင္း ကန္ပက္လက္ၿမိဳ႕သို႔ ခရီးသည္ပို႔ေဆာင္ေရးယာဥ္ႀကီးမ်ား ေန႔စဥ္တိုက္ရိုက္ေျပးဆြဲလာမႈေၾကာင့္ ခ်င္းျပည္နယ္၏ အထင္ကရ ျဖစ္သည့္ ေခၚႏူးစုမ္ အမ်ိဳးသားဥယ်ာဥ္သို႔ ခရီးသြားဝင္ေရာက္မႈ ေန႔စဥ္မ်ားျပားလာေၾကာင္း ခ်င္းျပည္နယ္ အစိုးရအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္သာယာေရး၊ လၽွပ္စစ္ႏွင့္ စက္မႈဝန္ႀကီး ဦးစိုးထက္က ေျပာသည္။

စည္ပင္ဝန္ႀကီး ဦး စိုးထက္က “အဲဒါကေတာ့ ၿပီးခဲ့တဲ့ လကတည္းက ကားလိုင္းေတာ့ ဆြဲေနၿပီ၊ ျပည္တြင္းျပည္ပ ခရီးသည္ေတြ ပိုမ်ားလာတယ္၊ အရင္တုန္းကေတာ့ အဆင့္ေပါင္းေျမာက္မ်ားစြာ လာရတာကို ႏွစ္ဆင့္ သုံးဆင့္နဲ႔ေပါ့၊ အခုက ရန္ကုန္-ကန္ပက္လက္ တိုက္ရိုက္ကားဆိုေတာ့ ခရီးသည္ေတြက ပိုမ်ားလာတယ္” ဟု ေျပာသည္။

ေခၚႏူးစုမ္ အမ်ိဳးသားဥယ်ာဥ္သို႔ သြားေရာက္လည္ပတ္နိုင္ရန္ ကားလိုင္းတိုက္ရိုက္လိုင္းေျပးဆြဲျခင္းေၾကာင့္ ခရီးသြားျပည္သူမ်ားလာသည္ဟု အစိုးရဖက္မွဆိုေသာ္လည္း လက္ရွိအေျခအေနတြင္ သိသိသာသာ လည္ပတ္သူမရွိေသးေၾကာင္း ေခၚႏူးစုမ္ အမ်ိဳးသားဥယ်ာဥ္ အုပ္ခ်ဳပ္ေရးမႉး ဦး တင္ျမစိုးက ေျပာသည္။

ဦး တင္ျမစိုးက “ဒီမွာေတာ့ ေထြေထြထူးထူးေတာ့ မရွိပါဘူး ကၽြန္ေတာ္သိရသေလာက္ဆိုရင္ ႐ုံးပိတ္ရက္ေတြမွာပဲ လာၾကတယ္၊ က်န္တဲ့ရက္ေတြမွာကေတာ့ သိပ္မရွိဘူး၊ ဒါေပမဲ့ အခုက ရန္ကုန္-ကန္ပက္လက္တိုက္ရိုက္ကားရွိလာေတာ့ တစ္ေယာက္၊ ႏွစ္ေယာက္လာခ်င္တဲ့သူအတြက္ ကေတာ့ အေထာက္အကူျပဳသြားတာေပါ့၊ ခါတိုင္းထက္ေတာ့ ပိုၿပီးသက္သာလာမယ္လို႔ ေမ်ာ္လင့္တယ္” ဟု ေျပာသည္။

ရန္ကုန္-ကန္ပက္လက္ တိုက္ရိုက္ ကားလိုင္းဆြဲျခင္းျဖင့္ ခ်င္းျပည္နယ္ ေဒသအတြင္း ခရီးသြားျပည္သူမ်ားလာမည္ဟု ေမ်ာ္လင့္ေသာ္လည္း အနည္းဆုံး ၃ ရက္႐ုံးပိတ္ရက္ရွိမွသာ ေဒသအတြင္း ျပည္သူမ်ား လည္ပတ္သူမ်ားေၾကာင္း သိရသည္။
ကန္ပက္လက္ၿမိဳ႕ Mountain Views ဟိုတယ္ပိုင္ရွင္ ေဒၚ ခိုင္ခိုင္ဦးက “ခရီးသြားပိုမ်ားမ်ားေျပာရရင္ေတာ့ ဟိုတယ္ေတြကလည္းမ်ားေတာ့ ကၽြန္မက အကုန္မသိဘူး၊ တိုက္ရိုက္လိုင္းဆြဲေတာ့ မ်ားမယ္လို႔ ေမ်ာ္ေနတယ္၊ ပန္းပြဲေတာ္ရက္လိုမ်ိဳးဆိုရင္ေတာ့ ေတာ္ေတာ္ရွိၾကတယ္၊ ဒီရက္ေတြကေတာ့ ႐ုံးပိတ္ရက္မဟုတ္တဲ့အတြက္ မလာၾကဘူး၊ အစိုးရ ႐ုံးပိတ္ရက္ ၃ ရက္ေလာက္ရွိရင္ေတာ့ ခရီးသြားေတြက ပိုမ်ားလာတယ္” ဟု ေျပာသည္။

ရန္ကုန္ ႏွင့္ ကန္ပက္လက္ တိုက္ရိုက္လိုင္းဆြဲသည့္ မႏၲလာမင္း အဆင့္ျမင့္ Air con Bus ကားလိုင္းသစ္ကို ၿပီးခဲ့သည့္ ဇန္နဝါရီလ ၁၅ ရက္ေန႔တြင္ ကန္ပက္လက္ၿမိဳ႕ ၿမိဳ႕မရပ္ကြပ္တြင္ဂိတ္ ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။