Input your search keywords and press Enter.

ဖိတ်ကြားထားသည့် ဧည့်သည်များရောက်ရှိပြီးချိန်မှ ပွဲကျင်းပခွင့် ပိတ်ပင်မှုအပေါ် CBC ရှုံ့ချ

Salai C.Lian

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်ကျင်းပရန်စီစဉ်ထားသည့် ချင်းအမျိုးသားများ ပိုမိုညီညွတ်ငြိမ်းချမ်းရေးဆိုင်ရာ ဒေသနှင့်လူမှုပတ်ဝန်းကျင်ငြိမ်းချမ်းဖွံ့ဖြိုးညီညွှတ်ရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲအတွက် ဖိတ်ကြားထားသည့် ဧည့်သည်များ ရောက်ရှိပြီးချိန်မှ ပြည်နယ်အစိုးရမှ ပွဲကျင်းပခွင့်တားမြစ်သည့်အပေါ် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(CBC) မှ ယနေ့မင်းတပ်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရှုံ့ချလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။

ချင်းရှာလွန်းမစ်ရှင် လုပ်ငန်းကော်မတီ ကိုယ်စားလှယ် သိက္ခာတော် ဒေးနစ်(စ်) ငွန်ထောင်းမန်းက “သူတို့လုပ်တဲ့ ပုံစံက ချင်းအမျိုးသားတပ်ဦးပါရင် ပွဲလုပ်လို့မရဘူးတဲ့၊ ပြီးတော့ ကျွန်တော်တို့က CNF မပါပဲ လုပ်မယ်ဆိုပြီး ပြန်ပြောလိုက်တယ်၊ သူတို့က ခွင့်မပြုပြန်ဘူး၊ နောက်ပြီး ယနေ့ ၁း၃၀ ပွဲပြန်လုပ်လို့ရတယ် လုပ်ပြန်တော့ ဘယ်ဖြစ်တော့မှာလဲ၊ ဒီအကြောင်းကို ကျွန်တော်တို့ ဆုံးဖြတ်ချက်အမြင့်ဆုံးဖြစ်တဲ့ CBC Board of Management မှာ ပြန်ဆွေးနွေးမယ်၊ အဲဒါပြီး ဘယ်လိုပြန်လုပ်မယ် ဆိုတဲ့ဟာတွေ ထွက်လာမယ်” ဟု ပြောသည်။

ထုတ်ပြန်ချက်ထဲတွင် ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းမှုဖော်ဆောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ဦးတည်လျက် ဖွဲ့စည်းပုံးအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် အညီ ချင်းနှစ်ခြင်းခရစ်ယန် အဖွဲ့ချုပ်မှ ဆက်လက်ကျင်းပမည်ဟု ဖော်ပြထားသည်။

ချင်းအမျိုးသားများ ပိုမိုညီညွတ်ငြိမ်းချမ်းရေးဆိုင်ရာ ဒေသနှင့်လူမှုပတ်ဝန်းကျင်ငြိမ်းချမ်းဖွံ့ဖြိုးညီညွှတ်ရေး အလွတ်သဘောတွေ့ဆုံ ဆွေးနွေးပွဲကို ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ကျင်းပရန် စီစဉ်ထားပြီး၊ ချင်းအမျိုးသားတပ်ဦးကိုယ်စားလှယ်အဖွဲ့ (၈) ဦးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ထံခွင့်ပြုချက်တင်ထားမှု ခွင့်ပြုချက်မရမီ ပါဝင်တက်ရောက်ခွင့်ရရေးအတွက် ပြည်နယ်အစိုးရသို့ ခွင့်ပြုချက်တင်ထားဆဲဖြစ်သောကြောင့် ပိတ်ပြင်ထားခြင်းဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရက ဆိုသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ဖက်မှ ပွဲတွင် ချင်းအမျိုးသားတပ်ဦး အဖွဲ့ပါဝင်နေသဖြင့် NRPC မှ ခွင့်ပြုချက်ရမှသာ ပြည်နယ်အစိုးရအနေဖြင့် ခွင့်ပြုချက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

Zawgyi

ဖိတ္ၾကားထားသည့္ ဧည့္သည္မ်ားေရာက္ရွိၿပီးခ်ိန္မွ ပြဲက်င္းပခြင့္ ပိတ္ပင္မႈအေပၚ CBC ရႈံ႔ခ်

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕တြင္က်င္းပရန္စီစဥ္ထားသည့္ ခ်င္းအမ်ိဳးသားမ်ား ပိုမိုညီညြတ္ၿငိမ္းခ်မ္းေရးဆိုင္ရာ ေဒသႏွင့္လူမႈပတ္ဝန္းက်င္ၿငိမ္းခ်မ္းဖြံ့ၿဖိဳးညီညႊတ္ေရး အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးပြဲအတြက္ ဖိတ္ၾကားထားသည့္ ဧည့္သည္မ်ား ေရာက္ရွိၿပီးခ်ိန္မွ ျပည္နယ္အစိုးရမွ ပြဲက်င္းပခြင့္တားျမစ္သည့္အေပၚ ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္(CBC) မွ ယေန႔မင္းတပ္ၿမိဳ႕တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ရႈံ႔ခ်လိုက္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္လိုက္သည္။

ခ်င္းရွာလြန္းမစ္ရွင္ လုပ္ငန္းေကာ္မတီ ကိုယ္စားလွယ္ သိကၡာေတာ္ ေဒးနစ္(စ္) ငြန္ေထာင္းမန္းက “သူတို႔လုပ္တဲ့ ပုံစံက ခ်င္းအမ်ိဳးသားတပ္ဦးပါရင္ ပြဲလုပ္လို႔မရဘူးတဲ့၊ ၿပီးေတာ့ ကၽြန္ေတာ္တို႔က CNF မပါပဲ လုပ္မယ္ဆိုၿပီး ျပန္ေျပာလိုက္တယ္၊ သူတို႔က ခြင့္မျပဳျပန္ဘူး၊ ေနာက္ၿပီး ယေန႔ ၁း၃၀ ပြဲျပန္လုပ္လို႔ရတယ္ လုပ္ျပန္ေတာ့ ဘယ္ျဖစ္ေတာ့မွာလဲ၊ ဒီအေၾကာင္းကို ကၽြန္ေတာ္တို႔ ဆုံးျဖတ္ခ်က္အျမင့္ဆုံးျဖစ္တဲ့ CBC Board of Management မွာ ျပန္ေဆြးေႏြးမယ္၊ အဲဒါၿပီး ဘယ္လိုျပန္လုပ္မယ္ ဆိုတဲ့ဟာေတြ ထြက္လာမယ္” ဟု ေျပာသည္။

ထုတ္ျပန္ခ်က္ထဲတြင္ ခ်င္းအမ်ိဳးသားမ်ား စည္းလုံးညီညြတ္ေရး၊ ၿငိမ္းခ်မ္းမႈေဖာ္ေဆာင္ေရး၊ ဖြံ့ၿဖိဳးတိုးတက္ေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးတို႔ကို ဦးတည္လ်က္ ဖြဲ႕စည္းပုံးအေျခခံဥပေဒ၊ တည္ဆဲဥပေဒမ်ားႏွင့္ အညီ ခ်င္းႏွစ္ျခင္းခရစ္ယန္ အဖြဲ႕ခ်ဳပ္မွ ဆက္လက္က်င္းပမည္ဟု ေဖာ္ျပထားသည္။

ခ်င္းအမ်ိဳးသားမ်ား ပိုမိုညီညြတ္ၿငိမ္းခ်မ္းေရးဆိုင္ရာ ေဒသႏွင့္လူမႈပတ္ဝန္းက်င္ၿငိမ္းခ်မ္းဖြံ့ၿဖိဳးညီညႊတ္ေရး အလြတ္သေဘာေတြ႕ဆုံ ေဆြးေႏြးပြဲကို ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕တြင္ က်င္းပရန္ စီစဥ္ထားၿပီး၊ ခ်င္းအမ်ိဳးသားတပ္ဦးကိုယ္စားလွယ္အဖြဲ႕ (၈) ဦးအတြက္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC) ထံခြင့္ျပဳခ်က္တင္ထားမႈ ခြင့္ျပဳခ်က္မရမီ ပါဝင္တက္ေရာက္ခြင့္ရေရးအတြက္ ျပည္နယ္အစိုးရသို႔ ခြင့္ျပဳခ်က္တင္ထားဆဲျဖစ္ေသာေၾကာင့္ ပိတ္ျပင္ထားျခင္းျဖစ္ေၾကာင္း ခ်င္းျပည္နယ္ အစိုးရက ဆိုသည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႕ဖက္မွ ပြဲတြင္ ခ်င္းအမ်ိဳးသားတပ္ဦး အဖြဲ႕ပါဝင္ေနသျဖင့္ NRPC မွ ခြင့္ျပဳခ်က္ရမွသာ ျပည္နယ္အစိုးရအေနျဖင့္ ခြင့္ျပဳခ်က္ေပးနိုင္မည္ျဖစ္ေၾကာင္း ေျပာဆိုထားသည္။

photo; Salai Thang Naing