Input your search keywords and press Enter.

တက္ကသိုလ်ကျောင်းသား ဒါလ်မွန်းမာန် သေဆုံးမှုနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်

Salai Khup Khup

ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆိုင်ကယ်မတော်တဆဖြစ်၍ ဆေးကုသမှုခံယူရင်း အသက် သေဆုံး သွားသည့် လူနာအပေါ် ဆေးရုံဖက်မှ တာဝန်လစ်ဟင်းမှုဟု စွပ်စွဲပြောဆို နေကြခြင်းပေါ် ဒီကနေ့ ညနေ (၃)နာရီတွင် ပြည်သူ့ဆေးရုံတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ကလေးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းက “ဒီနေ့ဒီချိန်ခါမှာ ယာဉ်မတော်တဆနဲ့ ဦးခေါင်းထိပြီး ဆေးရုံကိုရောက်လာတဲ့ လူနာ (၁၀)ယောက်မှာဆိုရင် (၈)ယောက်က အသက်သေဆုံး ပါတယ်။ ကျန်တဲ့ နှစ်ယောက်က ပြန်ကောင်းပါတယ်။ ဒါပေမဲ့ မှတ်ညဏ်ပိုင်း ခြေလက်လှုပ်ရှားမှု ပိုင်းမှာတော့ မှုလအတိုင်း ပြန်မဖြစ်နိုင်ဘူးလို့ တွေ့နေရပါတယ်”ဟုပြောသည်။

ကလေးမြို့နည်းပညာတက္ကသိုလ်ကျောင်းသား ဒါလ်မွန်းမာန်သည် ဇန်နဝါရီလ(၂၆)ရက်ည (၁၁း၃၀) ခန့်အချိန်တွင် ဆိုင်ကယ်မတော်တဆဖြစ်၍ ဦးခေါင်းပိုင်းထိသွားပြီး ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သည်။

ဒါလ်မွန်းမာန် ဆေးရုံစရောက်ကာစ ဖြစ်စဉ်နဲ့ပက်သက်ပြီး ဆေးရုံအုပ် ဒေါက်တာအောင်မျိုး ဝင်းက “ည၁၁ နာရီခွဲတွေလောက်မှာ ရဲတွေက လာပို့တယ်။ အဲဒီချိန်မှာ လူနာစောင့် တစ်ဦးတစ်ယောက်မှ မပါခဲ့ပါဘူး။ မြို့မစျေးထိပ်မှာ ဆိုင်ကယ်လဲနေတာနဲ့ လာပို့တယ်လို့ ပြောပါတယ်။ လူနာက စကားလည်း ပြောနိုင်တယ်။ အရက်တော့ သောက်ထားတယ်လို့လည်း သိရတယ်။ လူနာကို ခွဲစိတ်လူနာဆောင်မှာ နေရာချထားပြီးတော့ တာဝန်ကျ လက်ထောက်ဆရာဝန်နဲ့ သူနာပြု ဆရာဝန်များက စစ်ဆေးကုသမှုများ ပေးထားပါတယ်။ စမ်းသပ်စစ်ဆေးချက်အရ အသိစိတ်ရှိနေသေး တယ်။ သွေးပေါင်ချိန်လည်း ကောင်းပါတယ်။ သွေးနီဥကို စက်နဲ့ချိန်လိုက်တဲ့ အချိန်မှာလည်း သွေးနီဥက မလိုအပ်သေးတဲ့ အခြေနေမှာရှိပါတယ်။ သွေးအုပ်စုက O သွေးဖြစ်ပါတယ်။ ခွဲစိတ်ကုသမှု လုပ်မယ်ဆိုရင် ရောဂါရှိမရှိ စစ်ဆေးရပါတယ် ခွဲစိတ်ဆရာဝန် ပြောပြချက်အရ လူနာရဲ့ အတွင်းဒဏ်ရာက တော်တော်လေး ပြင်းတယ်လို့ပြောတယ်”ဟုပြောသည်။

သူကဆက်ပြီး “ဦးခေါင်းထဲမှာ သွေးယိုနေပေမဲ့ သွေးစစ်ကြည့်လိုက်တော့ သွေးသွင်းဖို့က မလိုသေးဘူးလို့ သိရတယ်။ နေ့ခင်း (၂)နာရီမှာ CT ဓာတ်မှန်ရိုက်ဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ လူနာဟာ ရရှိဒဏ်ရာက တဖြည်းဖြည်းဆိုးလာပြီး လိုအပ်တဲ့ ဆေးဝါးကုသရင်း (၁) နာရီ ဝန်းကျင်မှာ သေဆုံးခဲ့တယ်”ဟုပြောသည်။

ယာဉ်မတော်တဆဖြစ်ပြီး ဆေးရုံတက်ရောက်ခဲ့ရသည့် ဒါလ်မွန်းမာန်ကို ဆေးကုသပေးမည့် တာဝန်ကျ ဆရာဝန် ဆရာမများ၏ တာဝန်ယူမှုပိုင်း အားနည်းခဲ့ကြောင်း ဒါလ်မွန်းမာန်ဆေးရုံရောက်ပြီး ပထမဆုံး ပထမဆုံးလာရောက် ကြည့်ရှုသူ Salai Mumung ကပြောသည်။

Salai Mumungက “လူနာရဲ့ဘေးမှာရှိတဲ့ လူတွေက မြင်ဘူးသလိုဘဲဆိုပြီး အချင်းချင်းအကြောင်း ကြားရင်းနဲ့ ကျွန်တော့်ကို ဖုန်းဆက်တော့ ကျတော်လည်း ဆေးရုံကြီးနဲ့ အနီးဆုံးဆိုတော့ တခါတည်း ဆေးရုံလိုက်ပြေးလိုက်တဲ့ အချိန်က မနက်ကိုးနာရီဆိုတော့ ဝင်ခွင့်မပေးဘူ့း။ တခါးစောင့်ကတော့ ခွဲစိတ်ခန်းထဲ ဝင်သွားတယ်လို့ပြောတယ်။ ဆေးရုံတွေရဲ့ ပုံမှန်ဝင်ခွင့်ရတဲ့အချိန် (၁၁) ဝန်းကျင်လောက်မှာ။ လူနာကို ကျွန်တော်မြင်တာတော့ ထွေထွေထူးထူး သူတွက်ဘာမှမလုပ်ထားဘူး ။ ကုတင်မှာဘဲ ဒီအတိုင်းပစ်ထားတယ် ဘေးနားက လူနာတောင်တွေကို အကူညီတောင်းပြီး သွေးတွေသုတ်ပေးဖို့ အကူညီတောင်းတယ်လို့ သိရတယ်”ဟုပြောသည်။

သူကဆက်ပြီး “ကျတော်သိရတာက ခေါင်းကိုဓာတ်မှန်ရိုက်ဖို့ နေ့လည်နှစ်နာရီထိစောင့်ခိုင်းတယ်။ ကျတော်ဝင်တဲ့အချိန် ပုလင်းကြီးချိတ်တော့ သိပ်မဝင်နိုင်တော့ဘူး။ ပတ်ဝန်းကျင်ကိုလည်း မေးကြည့်သေးတယ် သွေးပေါင်ချိန်ဘယ်လောက်လဲ သွေးလိုနေရင်လည်း ကူညီနိုင်အောင်လို့။ ဆရာဝန်တွေကလည်း အဲဒီအချိန် ဘာမှကိုမပြောတာ။ စောင့်စောင့်ရင်းရင်း အသက်ဆုံးရှုံးသွားတယ်။ ကျတော်ရောက်သွားတဲ့ အချိန်မှာလည်း နားရွက်ကနေ သွေးတွေယိုနေတယ်။ အဲဒီညမှာ တာဝန်ကျတဲ့ အရေးပေါ်ဌာနမှာ တာဝန်ကျတဲ့ သူတွေကို ဝေဖန်ချင်တယ်။ သူတို့တာဝန်ကျတဲ့အချိန်မှာ ကောင်းကောင်း တာဝန်မယူဘူး”ဟုပြောသည်။

သေဆုံးသွားသူ ဒါလ်မွန်းမာန်သည် နည်းပညာတက္ကသိုလ်တွင် ပဥ္စမနှစ်တက်ရောက်နေသူဖြစ်ပြီး တစ်နိုင်ငံလုံးဆိုင်ရာ ဇိုမီးကျောင်းသားအဖွဲ့၏ ဥက္ကဌဟောင်းလည်းဖြစ်သည်။

Zawgyi
တကၠသိုလ္ေက်ာင္းသား ဒါလ္မြန္းမာန္ ေသဆုံးမႈႏွင့္ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲျပဳလုပ္

ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးတြင္ ဆိုင္ကယ္မေတာ္တဆျဖစ္၍ ေဆးကုသမႈခံယူရင္း အသက္ ေသဆုံး သြားသည့္ လူနာအေပၚ ေဆး႐ုံဖက္မွ တာဝန္လစ္ဟင္းမႈဟု စြပ္စြဲေျပာဆို ေနၾကျခင္းေပၚ ဒီကေန႔ ညေန (၃)နာရီတြင္ ျပည္သူ႔ေဆး႐ုံတြင္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့သည္။

ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာေအာင္မ်ိဳးဝင္းက “ဒီေန႔ဒီခ်ိန္ခါမွာ ယာဥ္မေတာ္တဆနဲ႔ ဦးေခါင္းထိၿပီး ေဆး႐ုံကိုေရာက္လာတဲ့ လူနာ (၁၀)ေယာက္မွာဆိုရင္ (၈)ေယာက္က အသက္ေသဆုံး ပါတယ္။ က်န္တဲ့ ႏွစ္ေယာက္က ျပန္ေကာင္းပါတယ္။ ဒါေပမဲ့ မွတ္ညဏ္ပိုင္း ေျခလက္လႈပ္ရွားမႈ ပိုင္းမွာေတာ့ မႈလအတိုင္း ျပန္မျဖစ္နိုင္ဘူးလို႔ ေတြ႕ေနရပါတယ္”ဟုေျပာသည္။

ကေလးၿမိဳ႕နည္းပညာတကၠသိုလ္ေက်ာင္းသား ဒါလ္မြန္းမာန္သည္ ဇန္နဝါရီလ(၂၆)ရက္ည (၁၁း၃၀) ခန႔္အခ်ိန္တြင္ ဆိုင္ကယ္မေတာ္တဆျဖစ္၍ ဦးေခါင္းပိုင္းထိသြားၿပီး ကေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးတြင္ ေဆးကုသမႈခံယူခဲ့သည္။

ဒါလ္မြန္းမာန္ ေဆး႐ုံစေရာက္ကာစ ျဖစ္စဥ္နဲ႔ပက္သက္ၿပီး ေဆး႐ုံအုပ္ ေဒါက္တာေအာင္မ်ိဳး ဝင္းက “ည၁၁ နာရီခြဲေတြေလာက္မွာ ရဲေတြက လာပို႔တယ္။ အဲဒီခ်ိန္မွာ လူနာေစာင့္ တစ္ဦးတစ္ေယာက္မွ မပါခဲ့ပါဘူး။ ၿမိဳ႕မေစ်းထိပ္မွာ ဆိုင္ကယ္လဲေနတာနဲ႔ လာပို႔တယ္လို႔ ေျပာပါတယ္။ လူနာက စကားလည္း ေျပာနိုင္တယ္။ အရက္ေတာ့ ေသာက္ထားတယ္လို႔လည္း သိရတယ္။ လူနာကို ခြဲစိတ္လူနာေဆာင္မွာ ေနရာခ်ထားၿပီးေတာ့ တာဝန္က် လက္ေထာက္ဆရာဝန္နဲ႔ သူနာျပဳ ဆရာဝန္မ်ားက စစ္ေဆးကုသမႈမ်ား ေပးထားပါတယ္။ စမ္းသပ္စစ္ေဆးခ်က္အရ အသိစိတ္ရွိေနေသး တယ္။ ေသြးေပါင္ခ်ိန္လည္း ေကာင္းပါတယ္။ ေသြးနီဥကို စက္နဲ႔ခ်ိန္လိုက္တဲ့ အခ်ိန္မွာလည္း ေသြးနီဥက မလိုအပ္ေသးတဲ့ အေျခေနမွာရွိပါတယ္။ ေသြးအုပ္စုက O ေသြးျဖစ္ပါတယ္။ ခြဲစိတ္ကုသမႈ လုပ္မယ္ဆိုရင္ ေရာဂါရွိမရွိ စစ္ေဆးရပါတယ္ ခြဲစိတ္ဆရာဝန္ ေျပာျပခ်က္အရ လူနာရဲ့ အတြင္းဒဏ္ရာက ေတာ္ေတာ္ေလး ျပင္းတယ္လို႔ေျပာတယ္”ဟုေျပာသည္။

သူကဆက္ၿပီး “ဦးေခါင္းထဲမွာ ေသြးယိုေနေပမဲ့ ေသြးစစ္ၾကည့္လိုက္ေတာ့ ေသြးသြင္းဖို႔က မလိုေသးဘူးလို႔ သိရတယ္။ ေန႔ခင္း (၂)နာရီမွာ CT ဓာတ္မွန္ရိုက္ဖို႔ စီစဥ္ထားေၾကာင္းလည္း သိရပါတယ္။ လူနာဟာ ရရွိဒဏ္ရာက တျဖည္းျဖည္းဆိုးလာၿပီး လိုအပ္တဲ့ ေဆးဝါးကုသရင္း (၁) နာရီ ဝန္းက်င္မွာ ေသဆုံးခဲ့တယ္”ဟုေျပာသည္။

ယာဥ္မေတာ္တဆျဖစ္ၿပီး ေဆး႐ုံတက္ေရာက္ခဲ့ရသည့္ ဒါလ္မြန္းမာန္ကို ေဆးကုသေပးမည့္ တာဝန္က် ဆရာဝန္ ဆရာမမ်ား၏ တာဝန္ယူမႈပိုင္း အားနည္းခဲ့ေၾကာင္း ဒါလ္မြန္းမာန္ေဆး႐ုံေရာက္ၿပီး ပထမဆုံး ပထမဆုံးလာေရာက္ ၾကည့္ရႈသူ Salai Mumung ကေျပာသည္။

Salai Mumungက “လူနာရဲ့ေဘးမွာရွိတဲ့ လူေတြက ျမင္ဘူးသလိုဘဲဆိုၿပီး အခ်င္းခ်င္းအေၾကာင္း ၾကားရင္းနဲ႔ ကၽြန္ေတာ့္ကို ဖုန္းဆက္ေတာ့ က်ေတာ္လည္း ေဆး႐ုံႀကီးနဲ႔ အနီးဆုံးဆိုေတာ့ တခါတည္း ေဆး႐ုံလိုက္ေျပးလိုက္တဲ့ အခ်ိန္က မနက္ကိုးနာရီဆိုေတာ့ ဝင္ခြင့္မေပးဘူ႔း။ တခါးေစာင့္ကေတာ့ ခြဲစိတ္ခန္းထဲ ဝင္သြားတယ္လို႔ေျပာတယ္။ ေဆး႐ုံေတြရဲ့ ပုံမွန္ဝင္ခြင့္ရတဲ့အခ်ိန္ (၁၁) ဝန္းက်င္ေလာက္မွာ။ လူနာကို ကၽြန္ေတာ္ျမင္တာေတာ့ ေထြေထြထူးထူး သူတြက္ဘာမွမလုပ္ထားဘူး ။ ကုတင္မွာဘဲ ဒီအတိုင္းပစ္ထားတယ္ ေဘးနားက လူနာေတာင္ေတြကို အကူညီေတာင္းၿပီး ေသြးေတြသုတ္ေပးဖို႔ အကူညီေတာင္းတယ္လို႔ သိရတယ္”ဟုေျပာသည္။

သူကဆက္ၿပီး “က်ေတာ္သိရတာက ေခါင္းကိုဓာတ္မွန္ရိုက္ဖို႔ ေန႔လည္ႏွစ္နာရီထိေစာင့္ခိုင္းတယ္။ က်ေတာ္ဝင္တဲ့အခ်ိန္ ပုလင္းႀကီးခ်ိတ္ေတာ့ သိပ္မဝင္နိုင္ေတာ့ဘူး။ ပတ္ဝန္းက်င္ကိုလည္း ေမးၾကည့္ေသးတယ္ ေသြးေပါင္ခ်ိန္ဘယ္ေလာက္လဲ ေသြးလိုေနရင္လည္း ကူညီနိုင္ေအာင္လို႔။ ဆရာဝန္ေတြကလည္း အဲဒီအခ်ိန္ ဘာမွကိုမေျပာတာ။ ေစာင့္ေစာင့္ရင္းရင္း အသက္ဆုံးရႈံးသြားတယ္။ က်ေတာ္ေရာက္သြားတဲ့ အခ်ိန္မွာလည္း နားရြက္ကေန ေသြးေတြယိုေနတယ္။ အဲဒီညမွာ တာဝန္က်တဲ့ အေရးေပၚဌာနမွာ တာဝန္က်တဲ့ သူေတြကို ေဝဖန္ခ်င္တယ္။ သူတို႔တာဝန္က်တဲ့အခ်ိန္မွာ ေကာင္းေကာင္း တာဝန္မယူဘူး”ဟုေျပာသည္။

ေသဆုံးသြားသူ ဒါလ္မြန္းမာန္သည္ နည္းပညာတကၠသိုလ္တြင္ ပဥၥမႏွစ္တက္ေရာက္ေနသူျဖစ္ၿပီး တစ္နိုင္ငံလုံးဆိုင္ရာ ဇိုမီးေက်ာင္းသားအဖြဲ႕၏ ဥကၠဌေဟာင္းလည္းျဖစ္သည္။