Input your search keywords and press Enter.

CBC မှ ပြုလုပ်မည့်အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို ချင်းပြည်နယ်အစိုးရမှ ခွင့်ပြုချက်မပေး

Salai Khup Khup

မင်းတပ်မြို့တွင် ခရစ်ယာန်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ချင်းအမျိုးညီညွတ် ငြိမ်းချမ်းရေးဆိုင်ရာ ဒေသနှင့် လူမှုပတ်ဝန်းကျင် ငြိမ်းချမ်းဖွံ့ဖြိုးရေး အလွတ်သဘော တွေ့ဆုံပွဲကို ချင်းပြည်နယ်အစိုးရမှ ခွင့်ပြုချက်မပေးကြောင်း သိရသည်။

ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “(NRPC) ကနေခွင့်ပြုချက် ရမှဘဲ ပြည်နယ်ကလည်း ခွင့်ပြုလို့ရမှာ ဘာဖြစ်လို့လဲဆိုတော့ အခုကျင်းပမယ့်ပွဲမှာလည်း ချင်းအမျိုးသားတပ်ဦး(CNF)တွေ ပါဝင်နေတယ်။ ဘာသာရေးအတိုင်း လုပ်နေတာမဟုတ်ဘူး။ ဘာသာရေးသီးသန့်ဆိုရင် ဘာဆိုဘာမှ မဖြစ်ဘူး။ အခုက နိုင်ငံရေးပါတီတွေလည်း ပါဝင်နေတယ် ဆိုတော့ (NRPC) ခွင့်ပြုချက်လိုတယ်”ဟုပြောသည်။

ဆွေးနွေးပွဲကို မင်းတပ်မြို့တွင် ၂၉ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ချင်းအမျိုးသားတပ်ဦးကိုယ်စားလှယ်အဖွဲ့ (၈) ဦးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ထံခွင့်ပြုချက်တင်ထားမှု ခွင့်ပြုချက်မရမီ ပါဝင်တက်ရောက်ခွင့်ရရေးအတွက် ပြည်နယ်အစိုးရသို့ ခွင့်ပြုချက်တင်ထားခြင်းဖြစ်သည်။

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ စီစဉ်ကျင်းပမည့် ချင်းအမျိုးသားများ ပိုမိုညီညွှတ်ငြိမ်းချမ်းရေးဆိုင်ရာ ဒေသနှင့် လူမှုပတ်ဝန်းကျင် ငြိမ်းချမ်းဖွံ့ဖြိုး ညီညွှတ်ရေး ဆိုင်ရာချင်းအမျိုးသားများ ဒုတိယအကြိမ် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးပွဲကို မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်ရှိ ထွဋ်ခေါင်ကြီးဟိုတယ်တွင် ကျင်းပရန်စီစဉ်ထားခြင်းဖြစ်သည်။

Zawgyi

CBC မွ ျပဳလုပ္မည့္အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးပြဲကို ခ်င္းျပည္နယ္အစိုးရမွ ခြင့္ျပဳခ်က္မေပး

မင္းတပ္ၿမိဳ႕တြင္ ခရစ္ယာန္အဖြဲ႕ခ်ဳပ္မွ ႀကီးမႉးက်င္းပမည့္ ခ်င္းအမ်ိဳးညီညြတ္ ၿငိမ္းခ်မ္းေရးဆိုင္ရာ ေဒသႏွင့္ လူမႈပတ္ဝန္းက်င္ ၿငိမ္းခ်မ္းဖြံ့ၿဖိဳးေရး အလြတ္သေဘာ ေတြ႕ဆုံပြဲကို ခ်င္းျပည္နယ္အစိုးရမွ ခြင့္ျပဳခ်က္မေပးေၾကာင္း သိရသည္။

ခ်င္းျပည္နယ္ အစိုးရေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ႀကီး ဦးစိုးထက္က “(NRPC) ကေနခြင့္ျပဳခ်က္ ရမွဘဲ ျပည္နယ္ကလည္း ခြင့္ျပဳလို႔ရမွာ ဘာျဖစ္လို႔လဲဆိုေတာ့ အခုက်င္းပမယ့္ပြဲမွာလည္း ခ်င္းအမ်ိဳးသားတပ္ဦး(CNF)ေတြ ပါဝင္ေနတယ္။ ဘာသာေရးအတိုင္း လုပ္ေနတာမဟုတ္ဘူး။ ဘာသာေရးသီးသန႔္ဆိုရင္ ဘာဆိုဘာမွ မျဖစ္ဘူး။ အခုက နိုင္ငံေရးပါတီေတြလည္း ပါဝင္ေနတယ္ ဆိုေတာ့ (NRPC) ခြင့္ျပဳခ်က္လိုတယ္”ဟုေျပာသည္။

ေဆြးေႏြးပြဲကို မင္းတပ္ၿမိဳ႕တြင္ ၂၉ရက္ေန႔မွ ၃၀ ရက္ေန႔အထိ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ခ်င္းအမ်ိဳးသားတပ္ဦးကိုယ္စားလွယ္အဖြဲ႕ (၈) ဦးအတြက္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC) ထံခြင့္ျပဳခ်က္တင္ထားမႈ ခြင့္ျပဳခ်က္မရမီ ပါဝင္တက္ေရာက္ခြင့္ရေရးအတြက္ ျပည္နယ္အစိုးရသို႔ ခြင့္ျပဳခ်က္တင္ထားျခင္းျဖစ္သည္။

ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္မွ စီစဥ္က်င္းပမည့္ ခ်င္းအမ်ိဳးသားမ်ား ပိုမိုညီညႊတ္ၿငိမ္းခ်မ္းေရးဆိုင္ရာ ေဒသႏွင့္ လူမႈပတ္ဝန္းက်င္ ၿငိမ္းခ်မ္းဖြံ့ၿဖိဳး ညီညႊတ္ေရး ဆိုင္ရာခ်င္းအမ်ိဳးသားမ်ား ဒုတိယအႀကိမ္ အလြတ္သေဘာေတြ႕ဆုံ ေဆြးေႏြးပြဲကို မင္းတပ္ၿမိဳ႕၊ အေရွ႕ျပင္ရပ္ကြက္ရွိ ထြဋ္ေခါင္ႀကီးဟိုတယ္တြင္ က်င္းပရန္စီစဥ္ထားျခင္းျဖစ္သည္။