Input your search keywords and press Enter.

ကုလားတန်မြစ်ကူးတံတား ၈၅ ရာခိုင်းနှုန်းပြီးစီးပြီဖြစ်သဖြင့် မတ်လတွင် အပြီးတည်ဆောက်မည်

Salai C.Lian

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံံ့ဖြိုးရေး စီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ကုလားတန်မြစ်ကူးတံတားကို ယခုနှစ် မတ်လအပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ဦးစိုးထက်က “အခုက ၈၅ ရာခိုင်းနှုန်းလောက်တော့ ပြီးပြီလို့ သိရတယ်၊ မတ်လလောက်ဆိုရင်တော့ သူတို့ပြီးမယ်၊ ဆိုတော့ နိုင်ငံတော်အစိုးရကို တင်ပြပြီးမှ ပြည်ထောင်စုအဆင့်တွေ လာရောက် နိုင်မယ့်အချိန် ဖွင့်လှစ်ဖြစ်မယ်လို့တော့ ကျွန်တော်ထင်တယ်၊ အဓိကတော့ ပြည်ထောင်စုအဆင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကပဲ ကမကထလုပ်ပြီးတော့ ပြည်ထောင်စု ဘတ်ဂျက်နဲ့ လုပ်တာဆိုတော့ အတိအကျပြောလို့မရသေးဘူး” ဟု ပြောသည်။

ကုလားတန်မြစ်ကူးတံတား စီမံကိန်းပြီးစီးပါက ချင်းပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အထောက်အကူရှိလာမည်ဖြစ်ပြီး ဒေသခံများအတွက်အကျိုးရှိစေမည့် စီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာမည်ဖြစ်သည်။

အဆိုပါ စီမံကိန်း၏ အကျိုးဖြစ်ထွန်းစေမည့် ချင်းပြည်နယ် ပလက်ဝနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ ဇိုရမ်ပူရ်သို့ကူးသန်းရောင်းဝယ်နိုင်ရန်အတွက်လည်း လမ်းဖောက်လုပ်လျှက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ကုလားတန်မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းအမြန်ပြီးမြောက်နိုင်ရန်အတွက် အနှောက်အယှက်မရှိပဲ ပစ္စည်းများ အချိန်မီရောက်ရှိပြီး လုပ်ငန်းပုံမှန်လည်ပတ်နိုင်ရန်လိုအပ်ကြောင်း ဦးစိုးထက်ကပြောသည်။

ဝန်ကြီး ဦးစိုးထက်က “အရင်တုန်းကတော့ အေအေက သံဘောင်တွေမီးရှို့တဲ့အတွက် အခုလိုနောက်ကျတာဖြစ်တယ်၊ အခုနောက်ပိုင်းတော့ သယ်ယူပို့ဆောင်ရေးအတွက် အဆင်ပြေတယ်၊ ဆိုတော့ လုပ်ငန်းမြန်သွားတာပေါ့” ဟု ပြောသည်။

ကုလားတန်မြစ်ကူးတံတားစီမံကိန်းပြီးစီးပါက ချင်းပြည်နယ် ပလက်ဝမှတစ်ဆင့် အိန္ဒိယနိုင်ဖက်သို့ လွယ်ကူစွာ ကူးသန်းရောင်းဝယ်ရောင်းလုပ်နိုင်မည့်အပြင် ချင်းပြည်နယ်အတွင်းရှိ ပလက်ဝနှင့်နီးစပ်သည့် မတူပီသို့လည်း လွယ်ကူစွာကူးသန်းရောင်းဝယ်လုပ်ဆောင်နိုင်မည်ဖြစ်သလို ဟားခါး၊ မန္တလေး၊ ရန််ကုန် အပြင် မြန်မာနိုင်ငံအနှံ့ ရာသီမရွေးသွားလာနိုင်ရန်အထောက်အကူဖြစ်မည့်စီမံကိန်းဖြစ်သည်။

ကုလားတန်ဘက်စုံသုံးစီမံကိန်းအတွက် သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ စုစုပေါင်းကုန်ကျ စရိတ်မှာအမေရိ ကန်ဒေါ်လာ (၄၈၄)သန်းခန့်ဖြစ်ပြီး အိန္ဒိယနိုင်ငံအစိုးရ၏ အခြားနိုင်ငံများအတွက် အကူအညီထောက်ပံ့ပေးသည့် ငွေပမာဏတွင် အများဆုံးပမာဏဖြစ်သည်။
Zawgyi

ကုလားတန္ျမစ္ကူးတံတား ၈၅ ရာခိုင္းႏႈန္းၿပီးစီးၿပီျဖစ္သျဖင့္ မတ္လတြင္ အၿပီးတည္ေဆာက္မည္

Salai C.Lian

အိႏၵိယ – ျမန္မာ ႏွစ္နိုင္ငံပူးေပါင္းေဆာင္ရြက္သည့္ ကုလားတန္ျမစ္ေၾကာင္း ဘက္စုံဖြံံ့ၿဖိဳးေရး စီမံကိန္း၏ အစိတ္အပိုင္း တစ္ခုျဖစ္သည့္ ကုလားတန္ျမစ္ကူးတံတားကို ယခုႏွစ္ မတ္လအၿပီး တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္ အစိုးရအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ႀကီး ဦးစိုးထက္က ေျပာသည္။

ဦးစိုးထက္က “အခုက ၈၅ ရာခိုင္းႏႈန္းေလာက္ေတာ့ ၿပီးၿပီလို႔ သိရတယ္၊ မတ္လေလာက္ဆိုရင္ေတာ့ သူတို႔ၿပီးမယ္၊ ဆိုေတာ့ နိုင္ငံေတာ္အစိုးရကို တင္ျပၿပီးမွ ျပည္ေထာင္စုအဆင့္ေတြ လာေရာက္ နိုင္မယ့္အခ်ိန္ ဖြင့္လွစ္ျဖစ္မယ္လို႔ေတာ့ ကၽြန္ေတာ္ထင္တယ္၊ အဓိကေတာ့ ျပည္ေထာင္စုအဆင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနကပဲ ကမကထလုပ္ၿပီးေတာ့ ျပည္ေထာင္စု ဘတ္ဂ်က္နဲ႔ လုပ္တာဆိုေတာ့ အတိအက်ေျပာလို႔မရေသးဘူး” ဟု ေျပာသည္။

ကုလားတန္ျမစ္ကူးတံတား စီမံကိန္းၿပီးစီးပါက ခ်င္းျပည္နယ္၏ စီးပြားေရး ဖြံ့ၿဖိဳးတိုးတက္ရန္အေထာက္အကူရွိလာမည္ျဖစ္ၿပီး ေဒသခံမ်ားအတြက္အက်ိဳးရွိေစမည့္ စီမံကိန္း၏ အစိတ္အပိုင္းတစ္ရပ္ျဖစ္လာမည္ျဖစ္သည္။

အဆိုပါ စီမံကိန္း၏ အက်ိဳးျဖစ္ထြန္းေစမည့္ ခ်င္းျပည္နယ္ ပလက္ဝႏွင့္ အိႏၵိယနိုင္ငံ၊ မီဇိုရမ္ျပည္နယ္ရွိ ဇိုရမ္ပူရ္သို႔ကူးသန္းေရာင္းဝယ္နိုင္ရန္အတြက္လည္း လမ္းေဖာက္လုပ္လၽွက္ရွိေၾကာင္း ျမန္မာနိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံးမွ ဇန္နဝါရီလ (၂၁) ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။

ကုလားတန္ျမစ္ကူးတံတား တည္ေဆာက္ေရးစီမံကိန္းအျမန္ၿပီးေျမာက္နိုင္ရန္အတြက္ အေႏွာက္အယွက္မရွိပဲ ပစၥည္းမ်ား အခ်ိန္မီေရာက္ရွိၿပီး လုပ္ငန္းပုံမွန္လည္ပတ္နိုင္ရန္လိုအပ္ေၾကာင္း ဦးစိုးထက္ကေျပာသည္။

ဝန္ႀကီး ဦးစိုးထက္က “အရင္တုန္းကေတာ့ ေအေအက သံေဘာင္ေတြမီးရွို႔တဲ့အတြက္ အခုလိုေနာက္က်တာျဖစ္တယ္၊ အခုေနာက္ပိုင္းေတာ့ သယ္ယူပို႔ေဆာင္ေရးအတြက္ အဆင္ေျပတယ္၊ ဆိုေတာ့ လုပ္ငန္းျမန္သြားတာေပါ့” ဟု ေျပာသည္။

ကုလားတန္ျမစ္ကူးတံတားစီမံကိန္းၿပီးစီးပါက ခ်င္းျပည္နယ္ ပလက္ဝမွတစ္ဆင့္ အိႏၵိယနိုင္ဖက္သို႔ လြယ္ကူစြာ ကူးသန္းေရာင္းဝယ္ေရာင္းလုပ္နိုင္မည့္အျပင္ ခ်င္းျပည္နယ္အတြင္းရွိ ပလက္ဝႏွင့္နီးစပ္သည့္ မတူပီသို႔လည္း လြယ္ကူစြာကူးသန္းေရာင္းဝယ္လုပ္ေဆာင္နိုင္မည္ျဖစ္သလို ဟားခါး၊ မႏၲေလး၊ ရန္္ကုန္ အျပင္ ျမန္မာနိုင္ငံအႏွံ့ ရာသီမေရြးသြားလာနိုင္ရန္အေထာက္အကူျဖစ္မည့္စီမံကိန္းျဖစ္သည္။

ကုလားတန္ဘက္စုံသုံးစီမံကိန္းအတြက္ သယ္ယူပို႔ေဆာင္ေရးစီမံကိန္း၏ စုစုေပါင္းကုန္က် စရိတ္မွာအေမရိ ကန္ေဒၚလာ (၄၈၄)သန္းခန႔္ျဖစ္ၿပီး အိႏၵိယနိုင္ငံအစိုးရ၏ အျခားနိုင္ငံမ်ားအတြက္ အကူအညီေထာက္ပံ့ေပးသည့္ ေငြပမာဏတြင္ အမ်ားဆုံးပမာဏျဖစ္သည္။