Input your search keywords and press Enter.

ဟားခါးမြို့ပေါ်ရေပေးဝေရေးစီမံကိန်း ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် ဖွင့်ပွဲကျင်းပမည်

Salai Khup Khup

ဟားခါးမြို့ရေပေးဝေရေးစီမံကိန်းကို ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ပြည်ထောင်စုနေ့ ကြိုဆိုသော အားဖြင့် ဖွင့်ပွဲကျင်းပသွားမည်ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဟားခါးရေပေးဝေရေး အုပ်စု(၁၂)ခုမှာ (၈)ခုပြီးသွားပြီ။ ဖေဖော်ဝါရီ(၁၂)ရက်နေ့က ပြည်ထောင်စုနေ့ဖြစ်တော့ (၁၁)ရက်နေ့မှာ ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ဟားခါးရေပေးဝေရေး (၈) ခုကို ဖွင့်ပွဲလုပ်မှာဖြစ်တယ်”ဟုပြောသည်။

ဟားခါးမြို့ရေပေးဝေရေး အတွက် စီမံကိန်း(၁၂)ခုတွင် ရှစ်ခုပြီးဆုံးသွားပြီဖြစ်ပြီး ကျန်ရှိနေသေးသည့် လေးခုအတွက် ဘတ်ဂျက် သိန်းငါးထောင်ခုနှစ်ဆယ်ကိုလည်း RE တွင်တင်ထားကြောင်း စည်ပင်ဝန်ကြီးကပြောသည်။

သူကဆက်ပြီး “ဘတ်ဂျက်ရတယ်ဆိုရင်တော့ ကျန်တဲ့လေးခုလည်း ပြီးသွားမယ်။ တစ်မြို့လုံး နဂိုအစီအစဉ်တိုင်း ပြီးသွားမယ်။ ဘတ်ဂျက်ကို သိန်းငါးထောင်ခုနှစ်ဆယ် ရဖို့မျော်လင့်တယ်။ ဘာလို့လည်းဆိုတော့ ပိုက်ဝယ်ဖို့ကလည်း သိန်းလေးထောင်လောက်ရှိတယ်။ လုပ်အားခနဲ့ ဆိုရင်တော့ သိန်းငါးထောင်ခုနှစ်ဆယ်လောက် ကုန်ကျမှာဖြစ်တဲ့အတွက် RE မှာတင်ထားတယ်။ အဲဒါရရင် ဟားခါးမှာ ရေပေးဝေရေးပြီးသွားမယ်”ဟုပြောသည်။

ဟားခါးမြို့တွင်း ရေပေးဝေရေး ပိုက်လိုင်းတိုုးလာခြင်းကြောင့် ပိုက်လိုင်းသွယ်ပြီး ထပ်ပေးရဦးမှာဖြစ်ပြီး လွန်ခဲ့သည့် သုံးနှစ်အတွင်းမှ စီစဉ်ထားသည့် အတိုင်းပြုလုပ်နေရကြောင်းလည်းသိရသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “အရင်ကုမ္ပဏီတွေက မြို့တွင်းမှာ လုပ်ခဲ့တဲ့ ဒီဇိုင်းတွေက လွဲခဲ့တယ်။ လေးလက်မ လုပ်ရမဲ့နေရာမှာ နှစ်လက်မနဲ့ လုပ်ထားတယ်။ နှစ်လက်မနဲ့ လုပ်မဲ့နေရာမှာ လေးလက်မနဲ့ လုပ်ထားတယ် ။ ကွင်းဆင်းပြီး ဒီဇိုင်းဆွဲထားတာတွေက လွဲလွဲမှားမှားတွေရှိတယ်။ အဲဒါကြောင့်ရေက ပေးလို့မရနိုင်ဘူး။ ဒီဇိုင်းအသစ်နဲ့ သူတို့ပိုက်ဆံနဲ့သုံးတာလည်းရှိတယ်။ ပိုက်သပ်သပ်နဲ့ သုံးတာလည်းရှိတယ် ဒီဇိုင်းအသစ်နဲ့ လုပ်လိုက်တော့ အခုရှစ်ခုပြီးသွားတယ် လေးခုဘဲကျန်တယ် ဘတ်ဂျက်ရရင်တော့ ချက်ခြင်းလုပ်ပြီး နဂိုက စီစဉ်ထားတဲ့ (၁၂)ခုလည်း ချက်ချင်းပြီးသွားမယ်”ဟုပြောသည်။

ဟားခါးမြို့ရေပေးဝေရေးအတွက် သီမြစ်ရေတင်စီမံကိန်းမှ ရေမှာသီမြစ်ချောင်းအား ပိတ်ကာ ဆည်တည်ဆောက် သိုလှောင်ထားသဖြင့် နွေရာသီတွင်လည်း ရေပုံမှန်ပေးဝေ နိုင်မည်ဖြစ်ပြီး မတ်လမှစတင်ပြီး ၁ယူနစ် ၆ဝဝကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi

ဟားခါးၿမိဳ႕ေပၚေရေပးေဝေရးစီမံကိန္း ေဖေဖာ္ဝါရီလ(၁၁)ရက္ေန႔တြင္ ဖြင့္ပြဲက်င္းပမည္

ဟားခါးၿမိဳ႕ေရေပးေဝေရးစီမံကိန္းကို ေဖေဖာ္ဝါရီလ (၁၁)ရက္ေန႔တြင္ ျပည္ေထာင္စုေန႔ ႀကိဳဆိုေသာ အားျဖင့္ ဖြင့္ပြဲက်င္းပသြားမည္ဟု စည္ပင္ဝန္ႀကီး ဦးစိုးထက္ကေျပာသည္။

စည္ပင္ဝန္ႀကီး ဦးစိုးထက္က “ဟားခါးေရေပးေဝေရး အုပ္စု(၁၂)ခုမွာ (၈)ခုၿပီးသြားၿပီ။ ေဖေဖာ္ဝါရီ(၁၂)ရက္ေန႔က ျပည္ေထာင္စုေန႔ျဖစ္ေတာ့ (၁၁)ရက္ေန႔မွာ ျပည္ေထာင္စုေန႔ကို ႀကိဳဆိုေသာအားျဖင့္ ဟားခါးေရေပးေဝေရး (၈) ခုကို ဖြင့္ပြဲလုပ္မွာျဖစ္တယ္”ဟုေျပာသည္။

ဟားခါးၿမိဳ႕ေရေပးေဝေရး အတြက္ စီမံကိန္း(၁၂)ခုတြင္ ရွစ္ခုၿပီးဆုံးသြားၿပီျဖစ္ၿပီး က်န္ရွိေနေသးသည့္ ေလးခုအတြက္ ဘတ္ဂ်က္ သိန္းငါးေထာင္ခုႏွစ္ဆယ္ကိုလည္း RE တြင္တင္ထားေၾကာင္း စည္ပင္ဝန္ႀကီးကေျပာသည္။

သူကဆက္ၿပီး “ဘတ္ဂ်က္ရတယ္ဆိုရင္ေတာ့ က်န္တဲ့ေလးခုလည္း ၿပီးသြားမယ္။ တစ္ၿမိဳ႕လုံး နဂိုအစီအစဥ္တိုင္း ၿပီးသြားမယ္။ ဘတ္ဂ်က္ကို သိန္းငါးေထာင္ခုႏွစ္ဆယ္ ရဖို႔ေမ်ာ္လင့္တယ္။ ဘာလို႔လည္းဆိုေတာ့ ပိုက္ဝယ္ဖို႔ကလည္း သိန္းေလးေထာင္ေလာက္ရွိတယ္။ လုပ္အားခနဲ႔ ဆိုရင္ေတာ့ သိန္းငါးေထာင္ခုႏွစ္ဆယ္ေလာက္ ကုန္က်မွာျဖစ္တဲ့အတြက္ RE မွာတင္ထားတယ္။ အဲဒါရရင္ ဟားခါးမွာ ေရေပးေဝေရးၿပီးသြားမယ္”ဟုေျပာသည္။

ဟားခါးၿမိဳ႕တြင္း ေရေပးေဝေရး ပိုက္လိုင္းတိုုးလာျခင္းေၾကာင့္ ပိုက္လိုင္းသြယ္ၿပီး ထပ္ေပးရဦးမွာျဖစ္ၿပီး လြန္ခဲ့သည့္ သုံးႏွစ္အတြင္းမွ စီစဥ္ထားသည့္ အတိုင္းျပဳလုပ္ေနရေၾကာင္းလည္းသိရသည္။

စည္ပင္ဝန္ႀကီး ဦးစိုးထက္က “အရင္ကုမၸဏီေတြက ၿမိဳ႕တြင္းမွာ လုပ္ခဲ့တဲ့ ဒီဇိုင္းေတြက လြဲခဲ့တယ္။ ေလးလက္မ လုပ္ရမဲ့ေနရာမွာ ႏွစ္လက္မနဲ႔ လုပ္ထားတယ္။ ႏွစ္လက္မနဲ႔ လုပ္မဲ့ေနရာမွာ ေလးလက္မနဲ႔ လုပ္ထားတယ္ ။ ကြင္းဆင္းၿပီး ဒီဇိုင္းဆြဲထားတာေတြက လြဲလြဲမွားမွားေတြရွိတယ္။ အဲဒါေၾကာင့္ေရက ေပးလို႔မရနိုင္ဘူး။ ဒီဇိုင္းအသစ္နဲ႔ သူတို႔ပိုက္ဆံနဲ႔သုံးတာလည္းရွိတယ္။ ပိုက္သပ္သပ္နဲ႔ သုံးတာလည္းရွိတယ္ ဒီဇိုင္းအသစ္နဲ႔ လုပ္လိုက္ေတာ့ အခုရွစ္ခုၿပီးသြားတယ္ ေလးခုဘဲက်န္တယ္ ဘတ္ဂ်က္ရရင္ေတာ့ ခ်က္ျခင္းလုပ္ၿပီး နဂိုက စီစဥ္ထားတဲ့ (၁၂)ခုလည္း ခ်က္ခ်င္းၿပီးသြားမယ္”ဟုေျပာသည္။

ဟားခါးၿမိဳ႕ေရေပးေဝေရးအတြက္ သီျမစ္ေရတင္စီမံကိန္းမွ ေရမွာသီျမစ္ေခ်ာင္းအား ပိတ္ကာ ဆည္တည္ေဆာက္ သိုေလွာင္ထားသျဖင့္ ေႏြရာသီတြင္လည္း ေရပုံမွန္ေပးေဝ နိုင္မည္ျဖစ္ၿပီး မတ္လမွစတင္ၿပီး ၁ယူနစ္ ၆ဝဝက်ပ္ႏႈန္းျဖင့္ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။