Input your search keywords and press Enter.

တရုတ်နိုင်ငံတွင် ဖြစ်ပေါ်နေသည့် corona virus ကြောင့်သောင်တင်နေသည့် မြန်မာကျောင်းသား/သူများ ပြန်နိုင်ရန် စီစဉ်လျက်ရှိဟုဆို

Salai C Lian

တရုတ်ပြည်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားနေသည့် corona virus ကြောင့် မြန်မာကျောင်းသား ၆၀ ကျော်ကို ဆေးစစ်ပြီး မြန်မာပြည်ကို ပြန်ပို့ဆောင်ဖို့ နှစ်ဖက်နိုင်ငံက ဆောင်ရွက်နေကြောင်း Zhongnan University of Economics and Law တွင် ကျောင်းတွင်ပညာသင်ကြားနေသည့် ဒေါ်ခင်ကြည်ထွန်းက ပြောသည်။

ဒေါ်ခင်ကြည်ထွန်းက “အခုလောလောဆယ်တော့ ကျွန်မတို့ဝူဟန်ကကျောင်းသားတွေ မိမိတို့ကျောင်းမှာဘေးကင်းလုံ့ခြုံကျန်းမာစွာရှ်ိနေပါတယ်၊ တရုတ်နှစ်သစ်ကူးကျောင်းပိတ်ရက်ဖြစ်တဲ့အတွက် စျေးဆိုင်တွေ အကုန်လုံးက ပိတ်ထားပါတယ်၊ မြန်မာသံရုံးကလဲ virus အကြောင်း ကြားကြားချင်းမှာဘဲ ဒီက ရှိနေတဲ့ ကျောင်းသားတွေနဲ့ အမြဲအဆက်အသွယ်ရှိပါတယ်၊ ကျွန်မတို့ အိမ်ပြန်နိုင်ဖို့အတွက် နှစ်နိုင်ငံညှိနှိုင်းနေတယ်လို့ပြောပါတယ် မြန်မာဘက်က ခွင့်ပြုပါပြီ တရုတ်ဘက်ကသာ မသေချာသေးတာပါ” ဟု ပြောသည်။

Corona ရောဂါ ဖြစ်ပွားခဲ့သောကြောင့် လွန်ခဲ့သည့် ရက်တပတ်မှ Zhongnan University of Economics and Law ကျောင်း gate ပိတ်လိုက်ပြီး၊ ရောဂါကာကွယ်ရေးများလုပ်ဆောင်ပေးကြောင်း သိရသည်။

ဒေါ်ခင်ကြည်ထွန်းက “ကျွန်မတို့ Law ကျောင်းကတော့ ရေတွေ ကျောင်းပတ်ဝန်းကျင်တွေကို ပိုးသတ်ပေးထားပါတယ် ဒီနေ့ဆိုရင် ကျောင်း canteen ၂ ခုကို အချိန်ပိုင်းဖွင့်ပေးထားပါတယ် supermarket တစ်ခုကိုလဲ ဖွင့်ပေးထားပါတယ်၊ ကျွန်မတို့ Law ကျောင်းက spring semester ကို နောက်ဆုတ် လိုက်ပြီဆိုတော့ ကျွန်မတို့ အိမ်ပြန်နိုင်ဖ်ု့ မြန်မာသံရုံးက ကူညီပေးနေပါတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံ အခြေစိုက်မြန်မာသံရုံးအနေဖြင့် မြန်မာပြည်ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသော်လည်း ကျန်းမာရေးစိစစ်ဖို့လိုအပ်လာပါက မိမိနိုင်ငံတွင်သာ စစ်ချင်ကြောင်း ဆရာမ ခင်ကြည်ထွန်းက ပြောသည်။

သူက “စစ်ဆေးခံဖို့ကိစ္စကျတော့ ကျွန်မတို့အမြင်ကလေ ဝူဟန်ဖြစ်ဖြစ် တခြားမြို့တစ်ခုခုမှာဖြစ်ဖြစ် ဟိုဝတ်စုံကြီးဝတ်ပြီး camp သွင်းပြီးတော့ စစ်ဆေးမယ်ဆို ရင်တော့လေ အဆင်မပြေလောက်ဘူးထင်တယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့မိမိတို့ကျောင်းမှာ ကျန်းမာစွာရှိနေတဲ့အချိန်မှာ Camp ထဲရောက်မှ ဒုက္ခရောက်မှာ ပိုးကူးမှာပိုစိုးရိမ်တယ်၊ ဆေးစစ်တာကို မိမိနိုင်ငံမှာဘဲ အစစ်ခံချင်ပါတယ်၊ အခုချိန်က ကျောင်းလဲပိတ်ထားပြီဆိုတော့ ကျွန်မတိာ့အားလုံးအတွက် မိမိအိမ်ပြန်တာ အကောင်းဆုံးဘဲလို့ ထင်ပါတယ်၊ ပြီးတော့စိုးရိမ်ပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ် ကျွန်မတို့ကျောင်းသားတွေမိမိတို့ကျောင်းမှာ ကျန်းမာစွာရှိနေပါတယ်” ဟု ပြောသည်။

မြန်မာသံရုံးအနေဖြင့် တရုတ်နိုင်ငံရှိ Zhongnan University of Economics and Law ကျောင်းသား/သူများကို မြန်မာပြည်ပြန်နိုင်ငံရန် ဆက်သွယ်မှုများရှိခဲ့သော်လည်း အချို့မြန်မာကျောင်းသား/သူ သံရုံးမှ ဆက်သွယ်မှုမရှိကြောင်း ဆိုသည်။

Central China Normal University မှာ ရုက္ခဗေဒ ဒေါက်တာဘွဲ့ကို သင်ယူနေတဲ့ ဆရာဗန်ဗျက်လွယ်က “စားရေးသောက်ရေး အခက်မခဲမရှိစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညိုနိုင်းဆောင်ရွက်ပေးတယ် ဆိုတဲ့ဟာကတော့ ကျွန်တော်တို့ဆီမရောက်သေးတာလား မသိဘူး၊ ဘာတစ်ခုမှ အသိပေးတာလဲမရှိသေးဘူး၊ ကြားလဲမကြာသေးဘူး။ မြန်မာပြည်ကို ပြန်မပြန်ဆိုတဲ့ဟာကတော့ ကျွန်တော်တို့အနေနဲ့ ဘာမှပြောလို့မရသေးဘူး၊ ဘာမှလည်း ပြောဆိုပိုင်ခွင့်မရှိဘူး၊ ကိုယ့်နိုင်ငံကိုယ့်ဒေသ၊ ကိုယ့်မိသားစု ဆွေမျိုးတွေနဲ့တော့ အကုန်လုံးနေချင်ကြတာပေါ့၊ ဒါပေမဲ့ ဘယ်တက်နိုင်မလဲ” ဟု ပြောသည်။

မြန်မာပြည်မှ တရုတ်နိုင်ငံသို့ ကျောင်းသွားတက်နေသည့် ကျောင်းသား/သူပေါင်း ၁၃၀ ကျော်ရှိပြီး၊ အချို့သော ကျောင်းသား/သူများသည့် ကျောင်းပိတ်ရက် ပြန်သွားကြောင်းသိရသည်။ လက်ရှိ တရုတ်နိုင်ငံတွင် corona virus ကြောင့် သောင်တင်နေသည့် မြန်မာကျောင်းသား/သူပေါင်း ၆၀ ကျော်ရှိကြောင်း သံရုံး၏ မှတ်တမ်းအရ သိရသည်။

Zawgyi Version



ဒေါ်ခင်ကြည်ထွန်းက “အခုလောလောဆယ်တော့ ကျွန်မတို့ဝူဟန်ကကျောင်းသားတွေ မိမိတို့ကျောင်းမှာဘေးကင်းလုံ့ခြုံကျန်းမာစွာရှိနေပါတယ်၊ တရုတ်နှစ်သစ်ကူးကျောင်းပိတ်ရက်ဖြစ်တဲ့အတွက် ဈေးဆိုင်တွေ အကုန်လုံးက ပိတ်ထားပါတယ်၊ မြန်မာသံရုံးကလဲ virus အကြောင်း ကြားကြားချင်းမှာဘဲ ဒီက ရှိနေတဲ့ ကျောင်းသားတွေနဲ့ အမြဲအဆက်အသွယ်ရှိပါတယ်၊ ကျွန်မတို့ အိမ်ပြန်နိုင်ဖို့အတွက် နှစ်နိုင်ငံညှိနှိုင်းနေတယ်လို့ပြောပါတယ် မြန်မာဘက်က ခွင့်ပြုပါပြီ တရုတ်ဘက်ကသာ မသေချာသေးတာပါ” ဟု ပြောသည်။






