Input your search keywords and press Enter.

ဦးဝမ္မသူးမောင်းပန်ခြံကို အစိုးရထောက်ပံ့ငွေမပါသေးပဲ အလှူငွေများဖြင့် လုပ်ငန်းဆက်လုပ်လျက်ရှိ

Salai Khup Khup

မင်းတပ်မြို့တွင်ထားရှိမည့် ဦးဝမ္မသူးမောင်း ပန်းခြံကို အစိုးရထောက်ပံ့ငွေမပါရှိသေးပဲ ဒေသခံများနှင့် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများထံမှ ကောက်ခံရရှိသည့် အလှူငွေဖြင့် ဆောက်လုပ် အကောင်ထည်ဖော်လျှက်ရှိကြောင်း ဦးဝမ္မသူးမောင်း ပန်းခြံ ဖြစ်မြောက်ရေး ဥက္ကဌ ဦးကီးရှိန်းကပြောသည်။

ဦးဝမ္မသူးမောင်းပန်းခြံ ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဥက္ကဌ ဦးကီးရှိန်းက “ဒီပန်းခြံလုပ်ဖို့ စည်ပင်ကို တင်ပြတဲ့အခါ တစ်နှစ်ကြာမယ်လို့ သိရတယ်။ လုပ်ငန်းအကောင် ထည်ဖော်လို့ မရလောက်ဘူးဆိုတော့ တင်ဒါခေါ်မယ် ဆိုလည်း ဒီကိစ္စက ပိုက်ဆံဝင်မဲ့ဟာ မဖြစ်တော့ ဘယ်ကုမ္ပဏီကလည်း လုပ်မှာမဟုတ်ဘူးဆိုတော့ အလှူခံပြီးလုပ်ဖို့ စရတာဖြစ်တယ်။ မန္တလေးမှာနေတဲ့ ဦးရှိန်းမာန်ကို ကူညီပေးဖို့ တောင်းခံတယ်။ သူကလည်း ဦးအိုက်ဇက်ခင် လက်ထက် တုန်းကဒီခြံဝန်းခတ်ဖို့ သိန်းတစ်ရာလှူထားတယ်။ လှူလက်စနဲ့ မထူးဘူးဆိုပြီး သူကကြေးရုပ်အတွက် တာဝန်ယူတဲ့အခါကျတော့ အဆင်ပြေတယ်။ နောက်ပြီးကြေးရုပ်တင် ဖို့ကျပြန်တော့လည်း ငွေလိုလာပြီ ဆိုတော့ ဦးရှိန်းမာန်ကဘဲ သူ့ပိုက်ဆံနဲ့ စိုက်ထုတ်ပြီး ကူညီပေးတယ်”ဟုပြောသည်။

ဦးဝမ္မသူးမောင်း ပန်းခြံတည်ဆောက်ရန် လွန်ခဲ့သည့် ခြောက်နှစ်ကတည်းက အစီအစဉ်ဆွဲခဲ့ပြီး ပန်းခြံတည်ဆောက်ရန် အတွက် မြို့နယ်စည်ပင်မှ သိန်းသုံးရာနှင့် သိန်းငါးရာ အကြား တင်တောင်းထားကြောင်း သိရသည်။

ပန်းခြံဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ဦးကီးရှိန်းက “စည်ပင်ကတော့ တင်တုန်း ကျဖို့တော့ သေချာတယ်လို့ပြောတယ်။ စည်ပင်ကတော့ သိန်းသုံးရာနဲ့ ငါးရာအကြားတင်ထားတယ်လို့ပြောတယ် ဒီပမာဏကလည်း ဝန်းထဲအပြင်ဆင်စရိတ်မပါသေးဘူး။ ပန်းခြံထဲမှာလည်း လူဝင်လူထွက်မရှိရင် ဝင်ငွေကမရှိဘူးဆိုတော့ ပန်းခြံကိုမြေတွေငြိပြီး ရန်ကုန်တိရိစ္ဆာန် ဥယာန်ထဲကလို ကလေးတွေကစားနိုင်တဲ့ မြင်းဆီးတဲ့ဟာတွေ လူငယ်တွေအတွက် ဂျင်တို့ ကစားလို့တဲ့အရာတွေ တည်ဆောက်ရင်ကောင်းမယ်လို့ ပြောတဲ့အခါကျတော့ စည်ပင်ကနေ သိန်းသုံးရာ ထပ်တင်တယ်လို့ သိရတယ်”ဟုပြောသည်။

ဦးဝမ္မသူးမောင်းကြေးရုပ်အောက်တွင် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ မြန်မာစာ၊ ချင်းစာတွေနဲ့ ရေးထားသည့် မျက်နှာစာ လေးခုတွင် ကဗျည်း ရေးထိုးမည် ဖြစ်ကြောင်းလည်း သိရသည်။
ဦးဝမ္မသူးမောင်းပန်းခြံ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန် မင်းတပ်မြို့ရှိ စျေးသည်များထံမှ (၂၁) သိန်းအလှူငွေရရှိပြီဖြစ်ပြီး ဒေသခံ ပြည်သူများထံများမှ အလှူငွေမကောက်ခံရသေးကြောင်း ဦးဝမ္မသူးမောင်းပန်းခြံ ဖြစ်မြောက်ရေး ဥက္ကဌကပြောသည်။
ပြည်တွင်းပြည်ပမှ ကောက်ခံရရှိသည့် အလှူငွေမှာ လက်ရှိစာရင်းအရ ကျပ်သိန်း ၂၂၀ ကျော်ကောက်ခံရရှိပြီြုဖစ်ကြောင်း အလှူငွေကောက်ခံပေးသူ ဦးရှိန်းမာန်ကပြောသည်။

သူက “ဒီပန်းခြံနဲ့ ဗိုလ်ချုပ်ကြေးရုပ်အတွက် ကော်မတီတွေဖွဲ့ပြီး ကောက်ခံတာတွေလည်း ရှိတယ်။ ကျတော်က လက်လမ်းမီသလောက် ကောက်ခံပေးတာ ဖြစ်တယ်။ ကျတော်က မန္တလေးကနေ ပြည်တွင်းပြည်ပ ကောက်ခံပေးတာဖြစ်တယ်။ ပြည်တွင်း ပြည်ပကနေ ပို့ပေးကြတယ်။ ပြည်ပက ပို့ပေးတာ များတယ်။ လက်ရှိ ကျတော့်လက်ထဲမှာ အလှူငွေကောက်ခံရရှိတာ သိန်း (၂၂၀) ကောက်ခံရရှိထားတယ်။ ပန်းခြံဆောက်ဖို့ အဓိကကောက်ခံတာဖြစ်တယ်”ဟုပြောသည်။

ဦးဝမ္မသူးမောင်းပန်းခြံ အကောင်အထည်ဖော်သည့်အဖွဲ့မှ ဝန်းခြံခတ်ခြင်း၊ ပန်းခြံမုဒ်ဦး ဆောက်လုပ်ခြင်းနှင့် ကြေးရုပ်အပိုင်းကို တာဝန်ယူမှာဖြစ်ပြီး ကျန်ရှိသည့် အသေးစိတ် လုပ်ငန်းစဉ်များကို စည်ပင်တွင် လွှဲပြောင်း တာဝန်ယူစေမည် ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi

ဦးဝမၼသူးေမာင္းပန္ၿခံကို အစိုးရေထာက္ပံ့ေငြမပါေသးပဲ အလႉေငြမ်ားျဖင့္ လုပ္ငန္းဆက္လုပ္လ်က္ရွိ

မင္းတပ္ၿမိဳ႕တြင္ထားရွိမည့္ ဦးဝမၼသူးေမာင္း ပန္းၿခံကို အစိုးရေထာက္ပံ့ေငြမပါရွိေသးပဲ ေဒသခံမ်ားႏွင့္ ျပည္တြင္းျပည္ပရွိ မိဘျပည္သူမ်ားထံမွ ေကာက္ခံရရွိသည့္ အလႉေငြျဖင့္ ေဆာက္လုပ္ အေကာင္ထည္ေဖာ္လၽွက္ရွိေၾကာင္း ဦးဝမၼသူးေမာင္း ပန္းၿခံ ျဖစ္ေျမာက္ေရး ဥကၠဌ ဦးကီးရွိန္းကေျပာသည္။

ဦးဝမၼသူးေမာင္းပန္းၿခံ ျဖစ္ေျမာက္ေရး ေကာ္မတီ အဖြဲ႕ဥကၠဌ ဦးကီးရွိန္းက “ဒီပန္းၿခံလုပ္ဖို႔ စည္ပင္ကို တင္ျပတဲ့အခါ တစ္ႏွစ္ၾကာမယ္လို႔ သိရတယ္။ လုပ္ငန္းအေကာင္ ထည္ေဖာ္လို႔ မရေလာက္ဘူးဆိုေတာ့ တင္ဒါေခၚမယ္ ဆိုလည္း ဒီကိစၥက ပိုက္ဆံဝင္မဲ့ဟာ မျဖစ္ေတာ့ ဘယ္ကုမၸဏီကလည္း လုပ္မွာမဟုတ္ဘူးဆိုေတာ့ အလႉခံၿပီးလုပ္ဖို႔ စရတာျဖစ္တယ္။ မႏၲေလးမွာေနတဲ့ ဦးရွိန္းမာန္ကို ကူညီေပးဖို႔ ေတာင္းခံတယ္။ သူကလည္း ဦးအိုက္ဇက္ခင္ လက္ထက္ တုန္းကဒီၿခံဝန္းခတ္ဖို႔ သိန္းတစ္ရာလႉထားတယ္။ လႉလက္စနဲ႔ မထူးဘူးဆိုၿပီး သူကေၾကး႐ုပ္အတြက္ တာဝန္ယူတဲ့အခါက်ေတာ့ အဆင္ေျပတယ္။ ေနာက္ၿပီးေၾကး႐ုပ္တင္ ဖို႔က်ျပန္ေတာ့လည္း ေငြလိုလာၿပီ ဆိုေတာ့ ဦးရွိန္းမာန္ကဘဲ သူ႔ပိုက္ဆံနဲ႔ စိုက္ထုတ္ၿပီး ကူညီေပးတယ္”ဟုေျပာသည္။

ဦးဝမၼသူးေမာင္း ပန္းၿခံတည္ေဆာက္ရန္ လြန္ခဲ့သည့္ ေျခာက္ႏွစ္ကတည္းက အစီအစဥ္ဆြဲခဲ့ၿပီး ပန္းၿခံတည္ေဆာက္ရန္ အတြက္ ၿမိဳ႕နယ္စည္ပင္မွ သိန္းသုံးရာႏွင့္ သိန္းငါးရာ အၾကား တင္ေတာင္းထားေၾကာင္း သိရသည္။

ပန္းၿခံျဖစ္ေျမာက္ေရး ေကာ္မတီဥကၠဌ ဦးကီးရွိန္းက “စည္ပင္ကေတာ့ တင္တုန္း က်ဖို႔ေတာ့ ေသခ်ာတယ္လို႔ေျပာတယ္။ စည္ပင္ကေတာ့ သိန္းသုံးရာနဲ႔ ငါးရာအၾကားတင္ထားတယ္လို႔ေျပာတယ္ ဒီပမာဏကလည္း ဝန္းထဲအျပင္ဆင္စရိတ္မပါေသးဘူး။ ပန္းၿခံထဲမွာလည္း လူဝင္လူထြက္မရွိရင္ ဝင္ေငြကမရွိဘူးဆိုေတာ့ ပန္းၿခံကိုေျမေတြၿငိၿပီး ရန္ကုန္တိရိစၧာန္ ဥယာန္ထဲကလို ကေလးေတြကစားနိုင္တဲ့ ျမင္းဆီးတဲ့ဟာေတြ လူငယ္ေတြအတြက္ ဂ်င္တို႔ ကစားလို႔တဲ့အရာေတြ တည္ေဆာက္ရင္ေကာင္းမယ္လို႔ ေျပာတဲ့အခါက်ေတာ့ စည္ပင္ကေန သိန္းသုံးရာ ထပ္တင္တယ္လို႔ သိရတယ္”ဟုေျပာသည္။

ဦးဝမၼသူးေမာင္းေၾကး႐ုပ္ေအာက္တြင္ ဂ်ပန္စာ၊ အဂၤလိပ္စာ၊ ျမန္မာစာ၊ ခ်င္းစာေတြနဲ႔ ေရးထားသည့္ မ်က္ႏွာစာ ေလးခုတြင္ ကဗ်ည္း ေရးထိုးမည္ ျဖစ္ေၾကာင္းလည္း သိရသည္။
ဦးဝမၼသူးေမာင္းပန္းၿခံ အေကာင္အထည္ေဖာ္ လုပ္ေဆာင္နိုင္ရန္ မင္းတပ္ၿမိဳ႕ရွိ ေစ်းသည္မ်ားထံမွ (၂၁) သိန္းအလႉေငြရရွိၿပီျဖစ္ၿပီး ေဒသခံ ျပည္သူမ်ားထံမ်ားမွ အလႉေငြမေကာက္ခံရေသးေၾကာင္း ဦးဝမၼသူးေမာင္းပန္းၿခံ ျဖစ္ေျမာက္ေရး ဥကၠဌကေျပာသည္။
ျပည္တြင္းျပည္ပမွ ေကာက္ခံရရွိသည့္ အလႉေငြမွာ လက္ရွိစာရင္းအရ က်ပ္သိန္း ၂၂၀ ေက်ာ္ေကာက္ခံရရွိၿပီျဳဖစ္ေၾကာင္း အလႉေငြေကာက္ခံေပးသူ ဦးရွိန္းမာန္ကေျပာသည္။
သူက “ဒီပန္းၿခံနဲ႔ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္အတြက္ ေကာ္မတီေတြဖြဲ႕ၿပီး ေကာက္ခံတာေတြလည္း ရွိတယ္။ က်ေတာ္က လက္လမ္းမီသေလာက္ ေကာက္ခံေပးတာ ျဖစ္တယ္။ က်ေတာ္က မႏၲေလးကေန ျပည္တြင္းျပည္ပ ေကာက္ခံေပးတာျဖစ္တယ္။ ျပည္တြင္း ျပည္ပကေန ပို႔ေပးၾကတယ္။ ျပည္ပက ပို႔ေပးတာ မ်ားတယ္။ လက္ရွိ က်ေတာ့္လက္ထဲမွာ အလႉေငြေကာက္ခံရရွိတာ သိန္း (၂၂၀) ေကာက္ခံရရွိထားတယ္။ ပန္းၿခံေဆာက္ဖို႔ အဓိကေကာက္ခံတာျဖစ္တယ္”ဟုေျပာသည္။
ဦးဝမၼသူးေမာင္းပန္းၿခံ အေကာင္အထည္ေဖာ္သည့္အဖြဲ႕မွ ဝန္းၿခံခတ္ျခင္း၊ ပန္းၿခံမုဒ္ဦး ေဆာက္လုပ္ျခင္းႏွင့္ ေၾကး႐ုပ္အပိုင္းကို တာဝန္ယူမွာျဖစ္ၿပီး က်န္ရွိသည့္ အေသးစိတ္ လုပ္ငန္းစဥ္မ်ားကို စည္ပင္တြင္ လႊဲေျပာင္း တာဝန္ယူေစမည္ ျဖစ္ေၾကာင္းလည္း သိရသည္။