Input your search keywords and press Enter.

တရုတ်နိုင်ငံတွင် ဒေါက်တာဘွဲ့သင်ကြားနေသူချင်းကျောင်းသားတစ်ဦးအာား လက်ရှိမြေပြင်အနေအထား အပေါ်မေးမြန်းခြင်း

လက်ရှိတရုတ်ပြည်ရဲ့ ဝူဟန် မှာဖြစ်ပွားနေတဲ့ conorus virus ကြောင့် မြန်မာကျောင်းသား ၆၀ ကျော်ကို ဆေးစစ်ပြီး မြန်မာပြည်ကို ပြန်ပို့ဆောင်ဖို့ နှစ်ဖက်နိုင်ငံက ဆောင်ရွက်နေပါတယ်။ မြန်မာကျောင်းသား ၆၀ ကျော်ထဲမှာ ဒေါက်တာဘွဲ့တက်ရောက်နေကြတဲ့ ချင်းတိုင်းရင်းသား (၅) ပါဝင်နေပါတယ်။ အဲဒီချင်းကျောင်းသားတွေထဲက ကလေးတက္ကသိုလ်ဆရာတစ်ဦး ဖြစ်ပြီး Central China Normal University မှာ ရုက္ခဗေဒ ဒေါက်တာဘွဲ့ကို သင်ယူနေတဲ့ ဆရာဗန်ဗျက်လွယ်ကို လက်ရှိမြေပြင်အနေအထား၊ မြန်မာကျောင်းသားများ၏ အခြေအနေတွေကို မေးမြန်းထားပါတယ်။

မေး – Salai C.Lian

မေး။ ။ လက်ရှိတရုတ်ပြည်မှာ ဖြစ်ပွားနေတဲ့ Conorus virus ကိစ္စက အတော်လေးအခြေအနေဆိုးနေတယ်လို့ သိရတယ်။ မြန်မာပြည်ကနေ ကျောင်းသွားတက်နေတဲ့သူတွေ အခြေအနေ ဘယ်လိုရှိလဲဗျ?

ဖြေ။ ။ အရင်ဆုံးအနေနဲ့ ဒေသအသီးသီးကနေ မိတ်ဆွေသူငယ်ချင်းတွေက သတိသယနဲ့ ဆုတောင်းပေးကြတဲ့အပေါ် ကျေးဇူးတင်တယ်လို့ အရင်ဆုံးပြောလိုပါတယ်။ ခုဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လက်ရှိအခြေအနေကတော့ ဘာမှထူးခြားမှုမရှိသေးဘူး၊ ပုံမှန်အတိုင်းရှိနေပါသေးတယ်။

မေး။ ။ မြန်မာကျောင်းသားတွေ ပြန်လာဖို့ အစိုးရနှစ်ဖက်ညှိနှိုင်းနေတယ်လို့လဲသိရတယ်။ ဘာထူးခြားမှုရှိပြီလဲ။

ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ ကတော့ဘာမှ လုပ်နိုင်တာ မရှိဘူး၊ အစိုးရ အချင်းချင်း ဆက်သွယ်ပြီး လက်ရှိအခြေအနေကို လေ့လာသုံးသပ်နေကြတယ်၊ ဒါပေမဲ့ တာဝန်ရှိတဲ့ အစိုးရပိုင်းကတော့ သူတို့တစ်စုံတစ်ရာ ဘာမှပြောဆိုတာ၊ အသိပေးတာ၊ ကြေငြာတာမရှိသေးဘူး၊ သူတို့ကိုပဲ ကျွန်တော်တို့ စောင့်နေကြတယ်။

မေး။ ။ တရုတ်အခြေစိုက် မြန်မာသံရုံးကတော့ မြန်မာကျောင်းသားတွေနဲ့အဆက်မပြတ်ဆက်သွယ်ပြီး အစားအသောက်တွေလည်း သက်ဆိုင်ရာနဲ့ညှိနှိုင်းပြီး ပေးပို့ထားတယ်ဆိုပြီး ထုတ်ပြန်ချက်ထုတ်တဲ့အပေါ်မှာကော။

ဖြေ။ ။ စားရေးသောက်ရေး အခက်မခဲမရှိစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညိုနိုင်းဆောင်ရွက်ပေးတယ် ဆိုတဲ့ဟာကတော့ ကျွန်တော်တို့ဆီမရောက်သေးတာလား မသိဘူး၊ ဘာတစ်ခုမှ အသိပေးတာလဲမရှိသေးဘူး၊ ကြားလဲမကြာသေးဘူး။

မေး။ ။ ကျန်းမာရေးစိစစ်ပြီး မြန်မာပြည်ပြန်ခေါ်နိုင်ဖို့ အစိုးရနှစ်ဖက် ညှိနှိုင်းနေတယ်ဆိုတဲ့အပေါ်မှာကော?

ဖြေ။ ။ မြန်မာပြည်ကို ပြန်မပြန်ဆိုတဲ့ဟာကတော့ ကျွန်တော်တို့အနေနဲ့ ဘာမှပြောလို့မရသေးဘူး၊ ဘာမှလည်း ပြောဆိုပိုင်ခွင့်မရှိဘူး၊ ကိုယ့်နိုင်ငံကိုယ့်ဒေသ၊ ကိုယ့်မိသားစု ဆွေမျိုးတွေနဲ့တော့ အကုန်လုံးနေချင်ကြတာပေါ့၊ ဒါပေမဲ့ ဘယ်တက်နိုင်မလဲ။
မေး။ ။ ဆရာ့အနေနဲ့ တစ်ခြားကျောင်းမှာ တက်နေတဲ့ မြန်မာပြည်က ကျောင်းသား/သူ အခြေအနေသိသလောက်လည်းပြောပြပေးပါအုံး။

ဖြေ။ ။ မြန်မာပြည်ကနေ ကျောင်းလာတက်တဲ့ ကျောင်းသူ/သား အခြေအနေကတော့ အကုန်လုံးတူနေတယ်၊ ဒါပေမဲ့ တစ်ချို့ကျောင်းတွေကတော့ ကျောင်းကပဲ ထမင်းကျွေးပေးကြတယ်၊ ကျွန်တော်တို့ ကျောင်းမှာကတော့ အခုထိ အဲလိုလုပ်ပေးတာ မရှိသေးဘူး၊ ဝူဟန် မှာနေတဲ့ ကျောင်းသူ/သားတွေကတော့ အခုထိတော့ ကျန်းကျန်းမာမာနဲ့ နေထိုင်ကြတယ်၊ ကျောင်းအပြင်ကိုတော့ ထွက်ခွင့်မပေးကြဘူး၊ အချို့ကျောင်းတွေမှာဆိုရင် သူတို့နေတဲ့ အဆောင်ကနေတောင် ထွက်ခွင့်မပေးကြဘူး၊ အဲလိုပဲ ကျွန်တော်တို့လဲ ကိုယ့်ခန်းထဲမှာပဲ နေကြတယ်။

မေး။ ။ ဆရာတို့ကျောင်းမှာ ချင်းလူမျိုး ဘယ်နှယောက်ရှိလဲ၊ ပြီးတော့ မြန်မာပြည်ဘက်ကရော တစ်ခြားတိုင်းရင်းသား ဘယ်နှယောက်ရှိကြလဲ

ဖြေ။ ။ ကျွန်တော်တို့ ကျောင်းမှာကတော့ ချင်းလူမျိုး ၃ ယောက်ရှိတယ်၊ မြန်မာပြည်ကဆိုရင်တော့ ၂၁ ယောက်ရှိတယ်၊ တစ်ချို့တွေက ကျောင်းပိတ်ရက်အတွင်း မြန်မာပြည်ကို ပြန်ကြတယ်၊ အကုန်လုံးပေါင်းရင်တော့ ၃၉ ယောက်ရှိတယ်၊ အခုမပြန်တဲ့သူတွေကတော့ ကျောင်းပြီးမယ့်သူတွေရယ် Experiment လုပ်မယ့်သူတွေပဲ ကျန်တော့တယ်။

မေး ။ ။မြန်မာပြည်ကဖက်ကနေ တရုတ်နိုင်ငံမှာ ကျောင်းသွားတက်တဲ့သူတွေအတွက် အလွန်စိတ်ပူကြတယ်၊ အဲအပေါ်တစ်ခုခုပြောပြပေးစေလိုပါတယ်။

ဖြေ။ ။ ကျွန်တော်တို့ ပြန်လာမယ်ဆိုရင်လည်း နှစ်ဖက်အစိုးရရဲ့ အသိအမှတ်ပြုတဲ့ ကျန်းမာရေး စိစစ်မှုကို ခံယူမယ်၊ အဲတာအောင်မှသာ လာပြန်နိုင်မယ်၊ အဲဒါထက် ပိုဆိုးရွားတာက အခုအစိုးရဲ့ တရားဝင်မဟုတ်တဲ့ ခိုးပြီး တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ဝင်လာတဲ့သူ အများကြီး ရှိနေပြီ၊ အဲဒါတွေက ပိုကြောက်စရာ ကောင်းတယ်၊ ဥပမာ ပြောရရင် တစ်ချို့လေဆိပ်ရှိတဲ့ နေရာတွေပေါ့ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) နဲ့ နယ်စပ်ဖြစ်တဲ့ ရွှေလီတို့အတွက် ပိုပြီး သတိထားဖို့ အရမ်းလိုအပ်နေတယ်၊ ကျွန်တော်တို့ကတော့ လာပြန်ရင်လည်း အစိုးရနှစ်ဖက်က ခွင့်ပြုမှသာ လာပြန်မယ်။ အွန်လိုင်းက သတင်းအများတွေကို အကုန်မယုံပဲ ကိုယ်နေထိုင်ရာအရပ်မှာ ကျန်းကျန်းမာမာနဲ့ ဂရုစိုက်ကြဖို့ အရေးကြီးပါတယ်။

Zawgyi

လက္ရွိတ႐ုတ္ျပည္ရဲ့ ဝူဟန္ မွာျဖစ္ပြားေနတဲ့ conorus virus ေၾကာင့္ ျမန္မာေက်ာင္းသား ၆၀ ေက်ာ္ကို ေဆးစစ္ၿပီး ျမန္မာျပည္ကို ျပန္ပို႔ေဆာင္ဖို႔ ႏွစ္ဖက္နိုင္ငံက ေဆာင္ရြက္ေနပါတယ္။ ျမန္မာေက်ာင္းသား ၆၀ ေက်ာ္ထဲမွာ ေဒါက္တာဘြဲ႕တက္ေရာက္ေနၾကတဲ့ ခ်င္းတိုင္းရင္းသား (၅) ပါဝင္ေနပါတယ္။ အဲဒီခ်င္းေက်ာင္းသားေတြထဲက ကေလးတကၠသိုလ္ဆရာတစ္ဦး ျဖစ္ၿပီး Central China Normal University မွာ ႐ုကၡေဗဒ ေဒါက္တာဘြဲ႕ကို သင္ယူေနတဲ့ ဆရာဗန္ဗ်က္လြယ္ကို လက္ရွိေျမျပင္အေနအထား၊ ျမန္မာေက်ာင္းသားမ်ား၏ အေျခအေနေတြကို ေမးျမန္းထားပါတယ္။

ေမး – Salai C.Lian

ေမး။ ။ လက္ရွိတ႐ုတ္ျပည္မွာ ျဖစ္ပြားေနတဲ့ Conorus virus ကိစၥက အေတာ္ေလးအေျခအေနဆိုးေနတယ္လို႔ သိရတယ္။ ျမန္မာျပည္ကေန ေက်ာင္းသြားတက္ေနတဲ့သူေတြ အေျခအေန ဘယ္လိုရွိလဲဗ်?

ေျဖ။ ။ အရင္ဆုံးအေနနဲ႔ ေဒသအသီးသီးကေန မိတ္ေဆြသူငယ္ခ်င္းေတြက သတိသယနဲ႔ ဆုေတာင္းေပးၾကတဲ့အေပၚ ေက်းဇူးတင္တယ္လို႔ အရင္ဆုံးေျပာလိုပါတယ္။ ခုျဖစ္ေနတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ လက္ရွိအေျခအေနကေတာ့ ဘာမွထူးျခားမႈမရွိေသးဘူး၊ ပုံမွန္အတိုင္းရွိေနပါေသးတယ္။

ေမး။ ။ ျမန္မာေက်ာင္းသားေတြ ျပန္လာဖို႔ အစိုးရႏွစ္ဖက္ညႇိႏွိုင္းေနတယ္လို႔လဲသိရတယ္။ ဘာထူးျခားမႈရွိၿပီလဲ။

ေျဖ။ ။ ကၽြန္ေတာ္တို႔အေနနဲ႔ ကေတာ့ဘာမွ လုပ္နိုင္တာ မရွိဘူး၊ အစိုးရ အခ်င္းခ်င္း ဆက္သြယ္ၿပီး လက္ရွိအေျခအေနကို ေလ့လာသုံးသပ္ေနၾကတယ္၊ ဒါေပမဲ့ တာဝန္ရွိတဲ့ အစိုးရပိုင္းကေတာ့ သူတို႔တစ္စုံတစ္ရာ ဘာမွေျပာဆိုတာ၊ အသိေပးတာ၊ ေၾကျငာတာမရွိေသးဘူး၊ သူတို႔ကိုပဲ ကၽြန္ေတာ္တို႔ ေစာင့္ေနၾကတယ္။

ေမး။ ။ တ႐ုတ္အေျခစိုက္ ျမန္မာသံ႐ုံးကေတာ့ ျမန္မာေက်ာင္းသားေတြနဲ႔အဆက္မျပတ္ဆက္သြယ္ၿပီး အစားအေသာက္ေတြလည္း သက္ဆိုင္ရာနဲ႔ညႇိႏွိုင္းၿပီး ေပးပို႔ထားတယ္ဆိုၿပီး ထုတ္ျပန္ခ်က္ထုတ္တဲ့အေပၚမွာေကာ။

ေျဖ။ ။ စားေရးေသာက္ေရး အခက္မခဲမရွိေစရန္ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ ညိဳနိုင္းေဆာင္ရြက္ေပးတယ္ ဆိုတဲ့ဟာကေတာ့ ကၽြန္ေတာ္တို႔ဆီမေရာက္ေသးတာလား မသိဘူး၊ ဘာတစ္ခုမွ အသိေပးတာလဲမရွိေသးဘူး၊ ၾကားလဲမၾကာေသးဘူး။

ေမး။ ။ က်န္းမာေရးစိစစ္ၿပီး ျမန္မာျပည္ျပန္ေခၚနိုင္ဖို႔ အစိုးရႏွစ္ဖက္ ညႇိႏွိုင္းေနတယ္ဆိုတဲ့အေပၚမွာေကာ?

ေျဖ။ ။ ျမန္မာျပည္ကို ျပန္မျပန္ဆိုတဲ့ဟာကေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ ဘာမွေျပာလို႔မရေသးဘူး၊ ဘာမွလည္း ေျပာဆိုပိုင္ခြင့္မရွိဘူး၊ ကိုယ့္နိုင္ငံကိုယ့္ေဒသ၊ ကိုယ့္မိသားစု ေဆြမ်ိဳးေတြနဲ႔ေတာ့ အကုန္လုံးေနခ်င္ၾကတာေပါ့၊ ဒါေပမဲ့ ဘယ္တက္နိုင္မလဲ။
ေမး။ ။ ဆရာ့အေနနဲ႔ တစ္ျခားေက်ာင္းမွာ တက္ေနတဲ့ ျမန္မာျပည္က ေက်ာင္းသား/သူ အေျခအေနသိသေလာက္လည္းေျပာျပေပးပါအုံး။

ေျဖ။ ။ ျမန္မာျပည္ကေန ေက်ာင္းလာတက္တဲ့ ေက်ာင္းသူ/သား အေျခအေနကေတာ့ အကုန္လုံးတူေနတယ္၊ ဒါေပမဲ့ တစ္ခ်ိဳ႕ေက်ာင္းေတြကေတာ့ ေက်ာင္းကပဲ ထမင္းေကၽြးေပးၾကတယ္၊ ကၽြန္ေတာ္တို႔ ေက်ာင္းမွာကေတာ့ အခုထိ အဲလိုလုပ္ေပးတာ မရွိေသးဘူး၊ ဝူဟန္ မွာေနတဲ့ ေက်ာင္းသူ/သားေတြကေတာ့ အခုထိေတာ့ က်န္းက်န္းမာမာနဲ႔ ေနထိုင္ၾကတယ္၊ ေက်ာင္းအျပင္ကိုေတာ့ ထြက္ခြင့္မေပးၾကဘူး၊ အခ်ိဳ႕ေက်ာင္းေတြမွာဆိုရင္ သူတို႔ေနတဲ့ အေဆာင္ကေနေတာင္ ထြက္ခြင့္မေပးၾကဘူး၊ အဲလိုပဲ ကၽြန္ေတာ္တို႔လဲ ကိုယ့္ခန္းထဲမွာပဲ ေနၾကတယ္။

ေမး။ ။ ဆရာတို႔ေက်ာင္းမွာ ခ်င္းလူမ်ိဳး ဘယ္ႏွေယာက္ရွိလဲ၊ ၿပီးေတာ့ ျမန္မာျပည္ဘက္ကေရာ တစ္ျခားတိုင္းရင္းသား ဘယ္ႏွေယာက္ရွိၾကလဲ

ေျဖ။ ။ ကၽြန္ေတာ္တို႔ ေက်ာင္းမွာကေတာ့ ခ်င္းလူမ်ိဳး ၃ ေယာက္ရွိတယ္၊ ျမန္မာျပည္ကဆိုရင္ေတာ့ ၂၁ ေယာက္ရွိတယ္၊ တစ္ခ်ိဳ႕ေတြက ေက်ာင္းပိတ္ရက္အတြင္း ျမန္မာျပည္ကို ျပန္ၾကတယ္၊ အကုန္လုံးေပါင္းရင္ေတာ့ ၃၉ ေယာက္ရွိတယ္၊ အခုမျပန္တဲ့သူေတြကေတာ့ ေက်ာင္းၿပီးမယ့္သူေတြရယ္ Experiment လုပ္မယ့္သူေတြပဲ က်န္ေတာ့တယ္။

ေမး ။ ။ျမန္မာျပည္ကဖက္ကေန တ႐ုတ္နိုင္ငံမွာ ေက်ာင္းသြားတက္တဲ့သူေတြအတြက္ အလြန္စိတ္ပူၾကတယ္၊ အဲအေပၚတစ္ခုခုေျပာျပေပးေစလိုပါတယ္။

ေျဖ။ ။ ကၽြန္ေတာ္တို႔ ျပန္လာမယ္ဆိုရင္လည္း ႏွစ္ဖက္အစိုးရရဲ့ အသိအမွတ္ျပဳတဲ့ က်န္းမာေရး စိစစ္မႈကို ခံယူမယ္၊ အဲတာေအာင္မွသာ လာျပန္နိုင္မယ္၊ အဲဒါထက္ ပိုဆိုးရြားတာက အခုအစိုးရဲ့ တရားဝင္မဟုတ္တဲ့ ခိုးၿပီး တ႐ုတ္နိုင္ငံကေန ျမန္မာနိုင္ငံကို ဝင္လာတဲ့သူ အမ်ားႀကီး ရွိေနၿပီ၊ အဲဒါေတြက ပိုေၾကာက္စရာ ေကာင္းတယ္၊ ဥပမာ ေျပာရရင္ တစ္ခ်ိဳ႕ေလဆိပ္ရွိတဲ့ ေနရာေတြေပါ့ (ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္) နဲ႔ နယ္စပ္ျဖစ္တဲ့ ေရႊလီတို႔အတြက္ ပိုၿပီး သတိထားဖို႔ အရမ္းလိုအပ္ေနတယ္၊ ကၽြန္ေတာ္တို႔ကေတာ့ လာျပန္ရင္လည္း အစိုးရႏွစ္ဖက္က ခြင့္ျပဳမွသာ လာျပန္မယ္။ အြန္လိုင္းက သတင္းအမ်ားေတြကို အကုန္မယုံပဲ ကိုယ္ေနထိုင္ရာအရပ္မွာ က်န္းက်န္းမာမာနဲ႔ ဂ႐ုစိုက္ၾကဖို႔ အေရးႀကီးပါတယ္။