Input your search keywords and press Enter.

AA မှ ဦးဝှေ့တင်းအား ပြန်လွှတ်ပေးမှုမှာ အားလုံးတောင်းဆိုထားသည့်ကိစ္စဖြစ်သဖြင့် ဝမ်းသာကြိုဆိုကြောင်း ပြောဆို

Salai Benezer

ရက္ခိုင့်တပ်မတော် (AA) မှ သုံးလကြာဖမ်းဆီးထားသည့် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးဝင်းတင်းအား ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ပြန်လွှတ်ခဲ့သည့်အပေါ် အားလုံးမျှော်လင့်တောင်းဆိုထားသည့် ကိစ္စဖြစ်သဖြင့် ဝမ်းသာကြိုဆိုကြောင်း ချင်းလူမှုအသိုင်းအဝိုင်း အလွှာစုံမှ ပုဂ္ဂိုလ်တစ်ချို့မှ ပြောဆိုကြသည်။

ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်မှ “ကျနော်တို့အနေနဲ့က ကျန်းကျန်းမာမာနဲ့ ပြန်လွှတ်ပေးဖို့ အမြဲတမ်း တောင်းဆိုခဲ့တယ်၊ အခုလိုမျိုး ကျန်းကျန်းမာမာနဲ့ ပြန်လွှတ်ပေးလိုက်တဲ့အတွက် ကျနော်တို့အနေနဲ့ ကျေးဇူးတင်ပါတယ်၊ ဦးဝှေ့တင်းနှင့် ဖုန်းပြောတော့လည်း ကျန်းမာရေးကောင်းမွန်တယ်လို့ ပြောပါတယ်၊ နောက်ပြီးတော့ စစ်ပွဲဖြစ်နေတဲ့ကြားမှ လက်ရှိပျောက်ဆုံးနေတဲ့ အပြစ်မရှိတဲ့ ပြည်သူတွေကိုလည်း ဘယ်သူဘဲဖမ်းဖမ်း မတရားမှုလို့ဘဲ မြင်တယ်ပေါ့၊ အဲဒါကြောင့် ဘယ်သူဘဲဖမ်းဖမ်း ကျန်တဲ့သူတွေ ပြန်လွှတ်ပေးဖို့ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ တောင်းဆိုချင်ပါတယ်”ဟု ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့တွင် ရက္ခိုင့်တပ်မတော် (AA) မှ စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ (၂၁)ရက်ညနေပိုင်းတွင် ကျောင်းဆရာ ဦးတောင်ပန်းနှင့်အတူ ပြန်လည် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်မှ “သူလွတ်လာတာ ဝမ်းသာတာပေါ့၊ ဒီကိစ္စက ပြည်တွင်းပြည်ပက ချင်းတွေအားလုံး တောင့်တနေတဲ့ ကိစ္စဘဲလေ၊ အခုလွှတ်လိုက်တဲ့အတွက် အားလုံးဝမ်းသာကြပါ၊ ဒီလိုမျိုးဘဲဖြစ်သင့်တာဘဲလေ၊ အခုဖမ်းတာတစ်ချို့ကိုလည်း မကြာခင်လွှတ်လိုက်ရင်တော့ ကောင်းတာပေါ့၊ သူတို့က ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်လဲတော့မသိဘူး၊ ဦးဝှေ့တင်းက ပြည်သူရွေးချယ်တဲ့ ကိုယ်စားလှယ်ဖြစ်တဲ့အတွက် အခုလို ကျန်းကျန်းမာမာနဲ့ထားပြီးပြန်လွှတ်တယ်ဆိုတော့ သူတို့ကို ကျေးဇူးတင်ရမှာပေါ့ဗျာ” ဟု ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ပြန်လွှတ်ပေးသည့်အပေါ် ဝမ်းသာကြိုဆိုပြီး အဖမ်းနေရဆဲဖြစ်သူ အပြစ်မဲ့ဒေသခံ ပြည်သူများကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း တောင်းဆိုကြသည်။

ဦးဝှေ့တင်း ပြန်လွတ်လာသည့်အပေါ် ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် CNRWG ၏ Director ကို Lian Tuang မှ “ ဦးဝှေ့တင်းအနေနဲ့ အသက်ရှင်ပြီးတော့ ပြန်လွတ်လာတာ ဝမ်းသာတယ်၊ နောက်ပြီးတော့ သူတို့လက်ထဲမှာ ကျန်သေးတဲ့ အဖမ်းခံရတဲ့ လူတွေကို ချင်းလူမျိုးအပြင် ရခိုင်လူမျိုးအဖမ်းခံရတဲ့သူတွေကိုလဲ ခုလိုမျိုး ကျန်းကျန်းမာမာ ပြန်လွှတ်ပေးဖို့ မျှော်လင့်တယ်၊ စစ်ရေးနဲ့ဖြစ်တဲ့ကိစ္စကို စစ်ရေးနဲ့ဘဲ ဖြေရှင်းစေချင်တယ်၊ အခုဟာက သူတို့ဦးတည်ချက်ဘယ်လိုဘဲဖြစ်ဖြစ် ပြည်သူတွေကိုထိခိုက်နေတယ်၊ အဲဒါမကောင်းဘူး၊ ပြည်သူတွေထိခိုက်တဲ့ကိစ္စကိုတော့ ဘာမှ မလုပ်စေချင်ဘူး”ဟု ပြောသည်။

ဦးဝှေ့တင်းအား ပြန်လည်လွှတ်ပေးရ ခြင်းနှင့် ပတ်သက်ပြီး ရခိုင်နှင့် ခူမီး အမျိုးသားများအကြားတွင် အပြန်အလှန် နားလည်မှုများ၊ ယုံကြည်မှုများ အပြင် အတူယှဉ်တွဲနေထိုင်ခဲ့ကြသည့်အလျောက် ညီရင်းအစ်ကို ဆက်ဆံရေးကို ပြန်လည်တည် ဆောက်လိုပြီး မိမိတို့အချင်းချင်းအကြားတွင် ဖြတ်သန်းရမည့် ရေရှည်ကို ထောက်ရှု၍ ပြန်လွှတ်ပေး လိုက်ခြင်းဖြစ်ကြောင်း AA အဖွဲ့မှ ထုတ်ပြန်ချက် ထုတ်ပြန်ရာတွင် ထည့်သွင်းထားသည်။

Zawgyi Version

AA မွ ဦးေဝွ႕တင္းအား ျပန္လႊတ္ေပးမႈမွာ အားလုံးေတာင္းဆိုထားသည့္ကိစၥျဖစ္သျဖင့္ ဝမ္းသာႀကိဳဆိုေၾကာင္း ေျပာဆို

ရကၡိဳင့္တပ္မေတာ္ (AA) မွ သုံးလၾကာဖမ္းဆီးထားသည့္ ပလက္ဝၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးဝင္းတင္းအား ဇန္နဝါရီလ (၂၁)ရက္ေန႔တြင္ ျပန္လႊတ္ခဲ့သည့္အေပၚ အားလုံးေမၽွာ္လင့္ေတာင္းဆိုထားသည့္ ကိစၥျဖစ္သျဖင့္ ဝမ္းသာႀကိဳဆိုေၾကာင္း ခ်င္းလူမႈအသိုင္းအဝိုင္း အလႊာစုံမွ ပုဂၢိဳလ္တစ္ခ်ိဳ႕မွ ေျပာဆိုၾကသည္။

ပလက္ဝၿမိဳ႕နယ္မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဆလိုင္းမ်ိဳးထိုက္မွ “က်ေနာ္တို႔အေနနဲ႔က က်န္းက်န္းမာမာနဲ႔ ျပန္လႊတ္ေပးဖို႔ အျမဲတမ္း ေတာင္းဆိုခဲ့တယ္၊ အခုလိုမ်ိဳး က်န္းက်န္းမာမာနဲ႔ ျပန္လႊတ္ေပးလိုက္တဲ့အတြက္ က်ေနာ္တို႔အေနနဲ႔ ေက်းဇူးတင္ပါတယ္၊ ဦးေဝွ႕တင္းႏွင့္ ဖုန္းေျပာေတာ့လည္း က်န္းမာေရးေကာင္းမြန္တယ္လို႔ ေျပာပါတယ္၊ ေနာက္ၿပီးေတာ့ စစ္ပြဲျဖစ္ေနတဲ့ၾကားမွ လက္ရွိေပ်ာက္ဆုံးေနတဲ့ အျပစ္မရွိတဲ့ ျပည္သူေတြကိုလည္း ဘယ္သူဘဲဖမ္းဖမ္း မတရားမႈလို႔ဘဲ ျမင္တယ္ေပါ့၊ အဲဒါေၾကာင့္ ဘယ္သူဘဲဖမ္းဖမ္း က်န္တဲ့သူေတြ ျပန္လႊတ္ေပးဖို႔ ျပည္သူ႔ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ ေတာင္းဆိုခ်င္ပါတယ္”ဟု ေျပာသည္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႕တင္းအား ၂၀၁၉ခုႏွစ္ နိုဝင္ဘာလ (၃) ရက္ေန႔တြင္ ရကၡိဳင့္တပ္မေတာ္ (AA) မွ စတင္ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး ဇန္နဝါရီလ (၂၁)ရက္ညေနပိုင္းတြင္ ေက်ာင္းဆရာ ဦးေတာင္ပန္းႏွင့္အတူ ျပန္လည္ လႊတ္ေပးခဲ့ျခင္းျဖစ္သည္။

ခ်င္းျပည္နယ္ အစိုးရေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ႀကီး ဦးစိုးထက္မွ “သူလြတ္လာတာ ဝမ္းသာတာေပါ့၊ ဒီကိစၥက ျပည္တြင္းျပည္ပက ခ်င္းေတြအားလုံး ေတာင့္တေနတဲ့ ကိစၥဘဲေလ၊ အခုလႊတ္လိုက္တဲ့အတြက္ အားလုံးဝမ္းသာၾကပါ၊ ဒီလိုမ်ိဳးဘဲျဖစ္သင့္တာဘဲေလ၊ အခုဖမ္းတာတစ္ခ်ိဳ႕ကိုလည္း မၾကာခင္လႊတ္လိုက္ရင္ေတာ့ ေကာင္းတာေပါ့၊ သူတို႔က ဘယ္လိုရည္ရြယ္ခ်က္နဲ႔ လုပ္လဲေတာ့မသိဘူး၊ ဦးေဝွ႕တင္းက ျပည္သူေရြးခ်ယ္တဲ့ ကိုယ္စားလွယ္ျဖစ္တဲ့အတြက္ အခုလို က်န္းက်န္းမာမာနဲ႔ထားၿပီးျပန္လႊတ္တယ္ဆိုေတာ့ သူတို႔ကို ေက်းဇူးတင္ရမွာေပါ့ဗ်ာ” ဟု ေျပာသည္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႕တင္းအား ျပန္လႊတ္ေပးသည့္အေပၚ ဝမ္းသာႀကိဳဆိုၿပီး အဖမ္းေနရဆဲျဖစ္သူ အျပစ္မဲ့ေဒသခံ ျပည္သူမ်ားကိုလည္း အျမန္ဆုံးျပန္လႊတ္ေပးေစလိုေၾကာင္း ေတာင္းဆိုၾကသည္။

ဦးေဝွ႕တင္း ျပန္လြတ္လာသည့္အေပၚ ခ်င္းအရပ္ဘက္ လူမႈအဖြဲ႕အစည္းတစ္ခုျဖစ္သည့္ CNRWG ၏ Director ကို Lian Tuang မွ “ ဦးေဝွ႕တင္းအေနနဲ႔ အသက္ရွင္ၿပီးေတာ့ ျပန္လြတ္လာတာ ဝမ္းသာတယ္၊ ေနာက္ၿပီးေတာ့ သူတို႔လက္ထဲမွာ က်န္ေသးတဲ့ အဖမ္းခံရတဲ့ လူေတြကို ခ်င္းလူမ်ိဳးအျပင္ ရခိုင္လူမ်ိဳးအဖမ္းခံရတဲ့သူေတြကိုလဲ ခုလိုမ်ိဳး က်န္းက်န္းမာမာ ျပန္လႊတ္ေပးဖို႔ ေမၽွာ္လင့္တယ္၊ စစ္ေရးနဲ႔ျဖစ္တဲ့ကိစၥကို စစ္ေရးနဲ႔ဘဲ ေျဖရွင္းေစခ်င္တယ္၊ အခုဟာက သူတို႔ဦးတည္ခ်က္ဘယ္လိုဘဲျဖစ္ျဖစ္ ျပည္သူေတြကိုထိခိုက္ေနတယ္၊ အဲဒါမေကာင္းဘူး၊ ျပည္သူေတြထိခိုက္တဲ့ကိစၥကိုေတာ့ ဘာမွ မလုပ္ေစခ်င္ဘူး”ဟု ေျပာသည္။

ဦးေဝွ႕တင္းအား ျပန္လည္လႊတ္ေပးရ ျခင္းႏွင့္ ပတ္သက္ၿပီး ရခိုင္ႏွင့္ ခူမီး အမ်ိဳးသားမ်ားအၾကားတြင္ အျပန္အလွန္ နားလည္မႈမ်ား၊ ယုံၾကည္မႈမ်ား အျပင္ အတူယွဥ္တြဲေနထိုင္ခဲ့ၾကသည့္အေလ်ာက္ ညီရင္းအစ္ကို ဆက္ဆံေရးကို ျပန္လည္တည္ ေဆာက္လိုၿပီး မိမိတို႔အခ်င္းခ်င္းအၾကားတြင္ ျဖတ္သန္းရမည့္ ေရရွည္ကို ေထာက္ရႈ၍ ျပန္လႊတ္ေပး လိုက္ျခင္းျဖစ္ေၾကာင္း AA အဖြဲ႕မွ ထုတ္ျပန္ခ်က္ ထုတ္ျပန္ရာတြင္ ထည့္သြင္းထားသည္။