Input your search keywords and press Enter.

မှတ်ပုံတင်တွင် လူမျိုးအမည် “ဗမာ” ဟု ရေးသားခံရသူ ချင်းလူမျိုး ၁ သိန်းကျော်ရှိဟုဆို

Salai C Lian

မြန်မာနိုင်ငံမြေပြန့် (ချင်းပြည်နယ်ပြင်ပ) ရောက်ရှိသည့် ချင်းလူမျိုးများ၏ နိုင်ငံသားမှတ်ပုံတင်များတွင် လူမျိုးအမည်တွင် “ဗမာ” ဟု ရေးသားခဲ့သည့် ချင်းလူမျိုးအယောက် ၁ သိန်းကျော်ရှိကြောင်း သိရသည်။

နိုင်ငံသားမှတ်ပုံတွင်တွင် လူမျိုးအမည်မှန် ပြန်လည်ရေးသားနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးနေသူ
Salai Ceu Bik Thawng က “မိမိတို့လေ့လာတွေ့ရှိချက်အရ ဒေသခံတိုင်းရင်းသား များအနေနဲ့ မှတ်ပုံတင်(လ.၀.က)၊ မွေးစာရင်း နှင့် ကျောင်းအမည်စာရင်း စတဲ့ဌာနဆိုင်ရာစာရင်းများတွင် သူတို့ နိုင်ငံသားအမည်နှင့် လူမျိုးအမည် မှားယွင်းစွာဖော်ပြနေမှုကို ပြင်ဆင်ပေးစေလိုကြသော်လည်း စိုးရိမ်ခြင်းနှင့် နည်းလမ်းမသိရှိခြင်း တို့ကြောင့် အခက်အခဲများ ကြုံတွေ့ကြတယ်၊ ်” ဟု ၄င်းလူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ မှားယွန်းရေးသားသည့် အထဲတွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ်မြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်နှစ်စေတုတ္တရာမြို့များတွင် ဇန်နဝါရီလ(၄)ရက်မှ ၁၃ရက်အထိ၊ (၁၀)ရက်တာ ကြာမြင့်ပြီး မြို့နယ်(၄)ခုမှ မြို့များအပြင် မွေ့လယ်၊ ဘော်ပြင်း၊ မောက်လေး၊ မောက်လင်း၊ ဝတ်ချီပါ၊ ရွာသာ၊ လက်ဝဲကုန်း၊ ပေါ်လယ်၊ ထန်ပင်ကုန်း စည့်ကျေးရွာပေါင်း (၉)ခုကို သွားရောက် စစ်တန်းကောက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ဘာသာရေးခက်မှုကြောင်း နယ်စွန်နယ်ဖျား၊ ဝေးလံခေါင်သီသည့် ဒေသများရှိ ဌာနည်တိုင်းရင်းသားများတွင် မှတ်ပုံတင်ရာတွင် အမည် ၉၀ ရာခိုင်းနှုန်းမှားယွင်းမှုရှိကြောင်း January (၁၀) ရက်နေ့ထုတ် ချင်းဝေါလ် သတင်းဌာနသို့ Chindwin Institute ဒါရိုက်တာ ဦး ကျော်မိုးလှိုင် ကပြောသည်။

ဦး ကျော်မိုးလှိုင်က “သူတို့ဘာကြောင့် မသိသလဲဆိုတော့ တိုင်းရင်းသားအချို့တွေက ဝေးလံခေါင်သီတဲ့ နေရာတွေမှာ နေကြတယ်၊ တစ်ချို့ဆိုရင် ဆေးရုံတွေဝေးတော့ ကိုယ့်ဟာနဲ့ကို ကလေးမွေးကြတယ်၊ သူတို့အနေနဲ့ မွေးစာရင်းတွေယူဖို့က တော်တော်ခက်ခဲကြတယ်၊ မှတ်ပုံတင် ဘယ်လိုလုပ်မလဲ၊ အိမ်ထောင်စုကို ဘယ်လိုခွဲရမလဲ၊ အဲလိုမျိုးမှာ သက်ဆိုင်ရာဌာနရဲ့ အသိပညာပေးမှု အားနည်းနေတယ်၊ ဆိုတော့တိုင်းရင်းသာတွေက မသိနိူင်ဘူး၊ နောက်တစ်ခုက ဘာသာစကားက ဗမာလိုပြောတဲ့ချိန်မှာ နားမလည်တဲ့သူတွေလည်း ရှိတယ်” ဟု ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ချင်းလူမျိုး (၁၂)သိန်းခန့် နေထိုင်လျက်ရှိသည်ဟု ခန့်မှန်းရပြီး ချင်းပြည်နယ်တွင် (၅)သိန်းခွဲ၊ ပြည်မ(ချင်းပြည်နယ်ပြင်ပ)တွင် (၆) သိန်းကျော် ရှိမည်ဖြစ်ကြောင်း သိရသည်။

ခန့်မှန်းအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် (၃)သိန်းကျော်၊ မကွေးတိုင်းဒေသကြီးမှာ (၁)သိ်န်းကျော်၊ ရခိုင်ပြည်နယ်တွင် (၁)သိန်းကျော်၊ ပဲခူးတိုင်းဒေသကြီးတွင် (၅)သောင်းကျော်၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၃) သောင်းကျော်၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၂)သောင်းခန့် စသည်ဖြင့် ချင်းလူမျိုးများသည် ပြန့်နှံ့နေထိုင် ကြပါသည်။

Zawgyi Version

မွတ္ပုံတင္တြင္ လူမ်ဳိးအမည္ “ဗမာ” ဟု ေရးသားခံရသူ ခ်င္းလူမ်ဳိး ၁ သိန္းေက်ာ္ရွိဟုဆို

ျမန္မာႏုိင္ငံေျမျပန္႔ (ခ်င္းျပည္နယ္ျပင္ပ) ေရာက္ရွိသည္႔ ခ်င္းလူမ်ဳိးမ်ား၏ ႏုိင္ငံသားမွတ္ပံုတင္မ်ားတြင္ လူမ်ိဳးအမည္တြင္ “ဗမာ” ဟု ေရးသားခဲ့သည္႔ ခ်င္းလူမ်ဳိးအေယာက္ ၁ သိန္းေက်ာ္ရွိေၾကာင္း သိရသည္။

ႏုိင္ငံသားမွတ္ပံုတြင္တြင္ လူမ်ိဳးအမည္မွန္ ျပန္လည္ေရးသားႏုိင္ေရး ကြင္းဆင္းေဆာင္ရြက္ေပးေနသူ
Salai Ceu Bik Thawng က “မိမိတို႔ေလ့လာေတြ႔ရိွခ်က္အရ ေဒသခံတိုင္းရင္းသား မ်ားအေနနဲ႕ မွတ္ပံုတင္(လ.၀.က)၊ ေမြးစာရင္း ႏွင့္ ေက်ာင္းအမည္စာရင္း စတဲ့ဌာနဆိုင္ရာစာရင္းမ်ားတြင္ သူတို႔ ႏိုင္ငံသားအမည္ႏွင့္ လူမ်ိဳးအမည္ မွားယြင္းစြာေဖာ္ျပေနမႈကို ျပင္ဆင္ေပးေစလိုၾကေသာ္လည္း စိုးရိမ္ျခင္းႏွင့္ နည္းလမ္းမသိရိွျခင္း တို႔ေၾကာင့္ အခက္အခဲမ်ား ၾကံဳေတြ႔ၾကတယ္၊ ္” ဟု ၄င္းလူမႈကြန္ယက္ စာမ်က္ႏွာတြင္ ေရးသားထားသည္။

အဆုိပါ မွားယြန္းေရးသားသည္႔ အထဲတြင္ မေကြးတုိင္းေဒသႀကီး၊ ဂန္႔ေဂၚၿမိဳ႕နယ္၊ ထီးလင္းၿမိဳ႕နယ္၊ ေဆာၿမိဳ႕နယ္ႏွစ္ေစတုတၱရာၿမိဳ႕မ်ားတြင္ ဇန္န၀ါရီလ(၄)ရက္မွ ၁၃ရက္အထိ၊ (၁၀)ရက္တာ ၾကာျမင့္ၿပီး ၿမိဳ႕နယ္(၄)ခုမွ ၿမိဳ႕မ်ားအျပင္ ေမြ႔လယ္၊ ေဘာ္ျပင္း၊ ေမာက္ေလး၊ ေမာက္လင္း၊ ၀တ္ခ်ီပါ၊ ရြာသာ၊ လက္၀ဲကုန္း၊ ေပၚလယ္၊ ထန္ပင္ကုန္း စည္႔ေက်းရြာေပါင္း (၉)ခုကို သြားေရာက္ စစ္တန္းေကာက္ခဲ့ျခင္းျဖစ္သည္။

ထုိ႔ျပင္ စစ္ကုိင္းတုိင္းေဒသႀကီးတြင္လည္း ဘာသာေရးခက္မႈေၾကာင္း နယ္စြန္နယ္ဖ်ား၊ ေ၀းလံေခါင္သီသည္႔ ေဒသမ်ားရွိ ဌာနည္တုိင္းရင္းသားမ်ားတြင္ မွတ္ပုံတင္ရာတြင္ အမည္ ၉၀ ရာခုိင္းႏွုန္းမွားယြင္းမွဳရွိေၾကာင္း January (၁၀) ရက္ေန႔ထုတ္ ခ်င္းေ၀ါလ္ သတင္းဌာနသုိ႔ Chindwin Institute ဒါရုိက္တာ ဦး ေက်ာ္မုိးလွဳိင္ ကေျပာသည္။

ဦး ေက်ာ္မိုးလႈိင္က “သူတို႔ဘာေၾကာင့္ မသိသလဲဆိုေတာ့ တိုင္းရင္းသားအခ်ိဳ႕ေတြက ေဝးလံေခါင္သီတဲ့ ေနရာေတြမွာ ေနၾကတယ္၊ တစ္ခ်ိဳ႕ဆိုရင္ ေဆး႐ုံေတြေဝးေတာ့ ကိုယ့္ဟာနဲ႔ကို ကေလးေမြးၾကတယ္၊ သူတို႔အေနနဲ႔ ေမြးစာရင္းေတြယူဖို႔က ေတာ္ေတာ္ခက္ခဲၾကတယ္၊ မွတ္ပုံတင္ ဘယ္လိုလုပ္မလဲ၊ အိမ္ေထာင္စုကို ဘယ္လိုခြဲရမလဲ၊ အဲလိုမ်ိဳးမွာ သက္ဆိုင္ရာဌာနရဲ႕ အသိပညာေပးမႈ အားနည္းေနတယ္၊ ဆိုေတာ့တိုင္းရင္းသာေတြက မသိႏိူင္ဘူး၊ ေနာက္တစ္ခုက ဘာသာစကားက ဗမာလိုေျပာတဲ့ခ်ိန္မွာ နားမလည္တဲ့သူေတြလည္း ရွိတယ္” ဟု ေျပာသည္။

လက္ရိွျမန္မာႏိုင္ငံတြင္ ခ်င္းလူမ်ိဳး (၁၂)သိန္းခန္႔ ေနထိုင္လ်က္ရိွသည္ဟု ခန္႔မွန္းရၿပီး ခ်င္းျပည္နယ္တြင္ (၅)သိန္းခြဲ၊ ျပည္မ(ခ်င္းျပည္နယ္ျပင္ပ)တြင္ (၆) သိန္းေက်ာ္ ရိွမည္ျဖစ္ေၾကာင္း သိရသည္။

ခန္႔မွန္းအားျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ (၃)သိန္းေက်ာ္၊ မေကြးတိုင္းေဒသႀကီးမွာ (၁)သိ္န္းေက်ာ္၊ ရခိုင္ျပည္နယ္တြင္ (၁)သိန္းေက်ာ္၊ ပဲခူးတိုင္းေဒသႀကီးတြင္ (၅)ေသာင္းေက်ာ္၊ ရန္ကုန္တိုင္းေဒသႀကီးတြင္ (၃) ေသာင္းေက်ာ္၊ ဧရာ၀တီတိုင္းေဒသႀကီးတြင္ (၂)ေသာင္းခန္႔ စသည္ျဖင့္ ခ်င္းလူမ်ိဳးမ်ားသည္ ျပန္႔ႏွံ႕ေနထိုင္ ၾကပါသည္။