Input your search keywords and press Enter.

မြင်းစီးသည့် ဓလေ့ကို ပြန်လည်ဖော်ကျူးသည့် အနေဖြင့် ချင်းအမျိုးသားနေ့တွင် မြင်းစီးပြိုင်ပွဲ ကျင်းပမည်

Salai C.Lian

ဖေဖော်ဝါရီလ(၂၀) ရက်နေ့တွင် ကျင်းပမည့် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ရိုးရာထိန်းသိမ်းသည့် အနေဖြင့် မြင်းစီးပြိုင်ပွဲကို ချင်းပြည်နယ်၊ ဟားခါးမြို့၌ The Hakha Post မှ ဦးဆောင်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

The Hakha Post CEO Lalawmpuia က “ချင်းပြည်သူတွေအားလုံးက မြင်းစီးတဲ့ ရိုးရာကိုပြန်လည်မြှင့်တင်တဲ့အနေနဲ့ ကျင်းပရခြင်းဖြစ်တယ်၊ ပြီးတော့ ချင်းပြည်နယ်က မြင်းတွေကို မြေပြန့်က စျေးချိုချိုသာသာနဲ့လာဝယ်ပြီ အသားသတ်ခုံတွေမှာ တစ်ခြားအသားနဲ့လိမ်ရောင်းတယ်ဆိုတာမျိုးတွေလည်း သိရတယ်။ ဒါကြောင့် မြင်းရဲ့ တန်ဖိုးကို ပြန်လည်မြှင့်တင်ပြီး ချင်းတွေရဲ့ မြင်းစီးတဲ့ဓလေ့ကို ပြန်လည် ဖော်ထုတ်ချင်တာလည်းပါတယ်။ ကျွန်တော်တို့မြင်းစီးပြိုင်ပွဲလုပ်ခြင်းအားဖြင့် မြင်း တစ်ကောင် ၃ သိန်းကနေ ၆ သိန်းထိတက်လာတယ်၊ မြင်းရဲ့တန်ဖိုးပြန်ရှိလာတယ်။ အဲဒါတွေကို ထိန်းသိမ်းဖို့ ကျင်းပရခြင်းဖြစ်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ ချင်းလူမျိုးများ၏ မြင်းအသုံးပြုခဲ့သည့် ဓလေ့ကို ပြန်လည်ဖော်ကျူးသည့် ရည်ရွယ်ချက်ဖြင့် ပြီးခဲ့သည့် ချင်းအမျိုးသားနေ့တွင်လည်း The Hakha Post မှ တာဝန်ယူကျင်းပခဲ့ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှလည်း ရန်ပုံငွေထောက်ပံ့မှုဖြင့် ကူညီပေးခဲ့ကြောင်း ပွဲစီစဉ်ဦးဆောင်သူ ဆလိုင်းဇဗျက်ထောင်းကပြောသည်။

သူက “မနှစ်တုန်းကလည်း ကျွန်တော်တို့ ဟားခါးမြို့မှာ ပထမအကြိမ် ကျင်းပပြီးပြီ၊ အခုလည်း ပြိုင်ပွဲဝင်ဖို့ စာရင်းသွင်းတဲ့သူ ရှိပြီ၊ နောက်နောင်လည်း ရိုးရာထိန်းသိမ်းသည့် အနေနဲ့ ဆက်လက်ကျင်းပမယ်၊ ဒီမြင်းစီးပြိုင်ပွဲမှာ ဒုန်းဆီးအပြေးပြိုင်စု၊ အလှစီးဆုစသည်ဖြင့် ဆုငွေပေးသွားမယ်၊ ချင်းပြည်နယ်က ဘယ်သူမဆို ဝင်ပြိုင်လို့ရတယ်” ဟု ပြောသည်။

သူကဆက်ပြီး ယခင်က လမ်းပန်းဆက်သွယ်ရေး၊ ကုန်များသယ်ဆောင်ရေးများအတွက် ချင်းလူမျိုးများအနေဖြင့် မြင်းကိုအသုံးပြုခဲ့သော်လည်း ယခုအခါ မြင်းအသုံးပြုမှုနည်းလာသဖြင့် မြင်းများလည်း ရှားပါးလာကြောင်း ပြောသည်။

မြင်းစီးပြိုင်ပွဲတစ်ခုစီတိုင်းတွင် ပထမဆု ၃ သိန်း၊ ဒုတိယဆု ၂ သိန်း၊ တတိယဆု ၁ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

Zawgyi

ျမင္းစီးသည့္ ဓေလ့ကို ျပန္လည္ေဖာ္က်ဴးသည့္ အေနျဖင့္ ခ်င္းအမ်ိဳးသားေန႔တြင္ ျမင္းစီးၿပိဳင္ပြဲ က်င္းပမည္

ေဖေဖာ္ဝါရီလ(၂၀) ရက္ေန႔တြင္ က်င္းပမည့္ (၇၂) ႏွစ္ေျမာက္ ခ်င္းအမ်ိဳးသားေန႔တြင္ ရိုးရာထိန္းသိမ္းသည့္ အေနျဖင့္ ျမင္းစီးၿပိဳင္ပြဲကို ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕၌ The Hakha Post မွ ဦးေဆာင္ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

The Hakha Post CEO Lalawmpuia က “ခ်င္းျပည္သူေတြအားလုံးက ျမင္းစီးတဲ့ ရိုးရာကိုျပန္လည္ျမႇင့္တင္တဲ့အေနနဲ႔ က်င္းပရျခင္းျဖစ္တယ္၊ ၿပီးေတာ့ ခ်င္းျပည္နယ္က ျမင္းေတြကို ေျမျပန႔္က ေစ်းခ်ိဳခ်ိဳသာသာနဲ႔လာဝယ္ၿပီ အသားသတ္ခုံေတြမွာ တစ္ျခားအသားနဲ႔လိမ္ေရာင္းတယ္ဆိုတာမ်ိဳးေတြလည္း သိရတယ္။ ဒါေၾကာင့္ ျမင္းရဲ့ တန္ဖိုးကို ျပန္လည္ျမႇင့္တင္ၿပီး ခ်င္းေတြရဲ့ ျမင္းစီးတဲ့ဓေလ့ကို ျပန္လည္ ေဖာ္ထုတ္ခ်င္တာလည္းပါတယ္။ ကၽြန္ေတာ္တို႔ျမင္းစီးၿပိဳင္ပြဲလုပ္ျခင္းအားျဖင့္ ျမင္း တစ္ေကာင္ ၃ သိန္းကေန ၆ သိန္းထိတက္လာတယ္၊ ျမင္းရဲ့တန္ဖိုးျပန္ရွိလာတယ္။ အဲဒါေတြကို ထိန္းသိမ္းဖို႔ က်င္းပရျခင္းျဖစ္တယ္” ဟု ေျပာသည္။

ယခုကဲ့သို႔ ခ်င္းလူမ်ိဳးမ်ား၏ ျမင္းအသုံးျပဳခဲ့သည့္ ဓေလ့ကို ျပန္လည္ေဖာ္က်ဴးသည့္ ရည္ရြယ္ခ်က္ျဖင့္ ၿပီးခဲ့သည့္ ခ်င္းအမ်ိဳးသားေန႔တြင္လည္း The Hakha Post မွ တာဝန္ယူက်င္းပခဲ့ၿပီး ခ်င္းျပည္နယ္အစိုးရအဖြဲ႕မွလည္း ရန္ပုံေငြေထာက္ပံ့မႈျဖင့္ ကူညီေပးခဲ့ေၾကာင္း ပြဲစီစဥ္ဦးေဆာင္သူ ဆလိုင္းဇဗ်က္ေထာင္းကေျပာသည္။

သူက “မႏွစ္တုန္းကလည္း ကၽြန္ေတာ္တို႔ ဟားခါးၿမိဳ႕မွာ ပထမအႀကိမ္ က်င္းပၿပီးၿပီ၊ အခုလည္း ၿပိဳင္ပြဲဝင္ဖို႔ စာရင္းသြင္းတဲ့သူ ရွိၿပီ၊ ေနာက္ေနာင္လည္း ရိုးရာထိန္းသိမ္းသည့္ အေနနဲ႔ ဆက္လက္က်င္းပမယ္၊ ဒီျမင္းစီးၿပိဳင္ပြဲမွာ ဒုန္းဆီးအေျပးၿပိဳင္စု၊ အလွစီးဆုစသည္ျဖင့္ ဆုေငြေပးသြားမယ္၊ ခ်င္းျပည္နယ္က ဘယ္သူမဆို ဝင္ၿပိဳင္လို႔ရတယ္” ဟု ေျပာသည္။

သူကဆက္ၿပီး ယခင္က လမ္းပန္းဆက္သြယ္ေရး၊ ကုန္မ်ားသယ္ေဆာင္ေရးမ်ားအတြက္ ခ်င္းလူမ်ိဳးမ်ားအေနျဖင့္ ျမင္းကိုအသုံးျပဳခဲ့ေသာ္လည္း ယခုအခါ ျမင္းအသုံးျပဳမႈနည္းလာသျဖင့္ ျမင္းမ်ားလည္း ရွားပါးလာေၾကာင္း ေျပာသည္။

ျမင္းစီးၿပိဳင္ပြဲတစ္ခုစီတိုင္းတြင္ ပထမဆု ၃ သိန္း၊ ဒုတိယဆု ၂ သိန္း၊ တတိယဆု ၁ သိန္း ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္းသိရသည္။

Photo; The Chin Journal