Input your search keywords and press Enter.

တိုင်း/ပြည်နယ် အဆင့် ဝူရှူးပြိုင်ပွဲတွင် ချင်းပြည်နယ်ကိုယ်စားပြုအားကစားသမားများမှ ရွှေ၊ ငွေ၊ ကြေး ဆုများရရှိ

Salai Khup Khup

နှစ်စဉ်ကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အဆင့် ဝူရှုး အားကစားပြိုင်ပွဲတွင် ချင်းပြည်နယ် ကိုယ်စားပြု အားကစားသမားများမှ ပထမဆု၊ ဒုတိရဆု၊ တတိယဆု အသီးသီးဆွတ်ခူးရရှိသည်။

ဝူရှုးအားကစား နည်းပြ ဆရာတမ်မာန်က “၂၀၂၀ခုနှစ်မှာ ကျင်းပတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့် တရုတ်သိုင်းပညာ ဝှုရှုးပြိုင်ပွဲမှာ ချင်းပြည်နယ် အနေနဲ့ ပထမဆုကို ရွှေ(၂)ခု၊ ဒုတိယငွေ(၄)ခု၊ တတိယဆုကြေး(၅)ခု ရရှိခဲ့တယ်။ ရွှေအများဆုံးရရှိဆု တခွန်စိုက်ဆု ကတော့ အဆင့်တစ်ခု လွဲချော်ပြီးကာမှ ဒီနှစ်လည်း ရရှိခါနီးနီးနဲ့ မရရှိခဲ့ကြပြန်ဘူး”ဟုပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်ကျင်းပသည့် ပြိုင်ပွဲကို ချင်းပြည်နယ် ကိုယ်စားပြုအနေဖြင့် အမျိုးသမီး အားကစားသမား (၈)ဦး၊ အမျိုးသား အားကစားသမား(၇)ဦး၊ စုစုပေါင်း (၁၅)ဦး တို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ဝူရှုးပြိုင်ပွဲတွင် ချင်းပြည်နယ် အားကစားသမား(၆)ဦးမှ ဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီး နှစ်ဦးမှ ပထမဆုဆွက်ခူး ရရှိခဲ့ကြသည်။ ရွှေအများဆုံး ရရှိသည့် ဆုဖြစ်သည့် တခွန်စိုက်ဆုကို ချင်းပြည်နယ် အနေဖြင့် မရရှိနိုင်သေးသည့်ပေါ် စိတ်မကောင်းဖြစ်ရကြောင်းလည်း နည်းပြ ဆရာတမ်မာန် ကပြောသည်။

နည်းပြဆရာတမ်မာန်က “ ဒီနှစ်လည်း အားကစားသမားတွေ စုစည်းတဲ့ အချိန် သိပ်မရလိုက်ဘူး။ ပြိုင်ပွဲချိန်နီး ကပ်ပြီးလုပ်လိုက်တော့ တခွန်စိုက်ဆုလည်း ကျွန်တော်တို့ ရသင့်တယ်။ တံဆိပ်ကလေး တစ်ခုလွဲသွားတော့ မရလိုက်ဘူး။ ပြီးခဲ့နှစ်ကလည်း တခွန်စိုက်ဆု လွဲတယ်။ ဒီနှစ်လည်း ထပ်ပြီးခါမှ လွဲချော်သွားတဲ့ အပေါ်မှာ များစွာ စိတ်မကောင်းဖြစ်တယ်။ နောက်နှစ်ဆိုရင် ကြိုတင်ပြီး ပြင်ဆင်ပြီး ဘာဖြစ်ဖြစ် တခွန်တိုင်ဆုရအောင် ကြိုးစားသွားမယ်”ဟုပြောသည်။

နှစ်စဉ် ချင်းပြည်နယ် ကိုယ်စားပြုအနေဖြင့် သွားရောက်ယဉ်ပြိုင်သည့် အားကစားသမားများတွင် မင်းတပ်မြို့မှ အဓိက အားကစားသမားများ ပါဝင်ပြီး တွန်းဇံမှ အားကစားသမား တစ်ဦးသာ ပါဝင်ကြောင်းလည်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဝူရှုးပြိုင်ပွဲအတွက် ချင်းပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် အားကစားသမားများအတွက် ပံ့ပိုးကူညီပေးမှုများ ရှိကြောင်းလည်း သိရသည်။

Zawgyi

တုိင္း/ျပည္နယ္ အဆင့္ ၀ူရွဴးၿပိဳင္ပြဲတြင္ ခ်င္းျပည္နယ္ကိုယ္စားျပဳအားကစားသမားမ်ားမွ ေရႊ၊ ေငြ၊ ေၾကး ဆုမ်ားရရွိ

ႏွစ္စဥ္က်င္းပသည့္ တုိင္းေဒသၾကီးႏွင့္ျပည္နယ္ အဆင့္ ဝူရႈး အားကစားၿပိဳင္ပြဲတြင္ ခ်င္းျပည္နယ္ ကိုယ္စားျပဳ အားကစားသမားမ်ားမွ ပထမဆု၊ ဒုတိရဆု၊ တတိယဆု အသီးသီးဆြတ္ခူးရရွိသည္။

ဝူရႈးအားကစား နည္းျပ ဆရာတမ္မာန္က “၂၀၂၀ခုႏွစ္မွာ က်င္းပတဲ႔ တုိင္းေဒသၾကီးနဲ႕ျပည္နယ္အဆင့္ တရုတ္သိုင္းပညာ ဝႈရႈးၿပိဳင္ပြဲမွာ ခ်င္းျပည္နယ္ အေနနဲ႔ ပထမဆုကို ေရႊ(၂)ခု၊ ဒုတိယေငြ(၄)ခု၊ တတိယဆုေၾကး(၅)ခု ရရွိခဲ႔တယ္။ ေရႊအမ်ားဆံုးရရွိဆု တခြန္စိုက္ဆု ကေတာ့ အဆင့္တစ္ခု လြဲေခ်ာ္ၿပီးကာမွ ဒီႏွစ္လည္း ရရွိခါနီးနီးနဲ႔ မရရွိခဲ႔ၾကျပန္ဘူး”ဟုေျပာသည္။

တုိင္းေဒသၾကီးႏွင့္ ျပည္နယ္ အဆင့္က်င္းပသည့္ ၿပိဳင္ပြဲကို ခ်င္းျပည္နယ္ ကိုယ္စားျပဳအေနျဖင့္ အမ်ိဳးသမီး အားကစားသမား (၈)ဦး၊ အမ်ိဳးသား အားကစားသမား(၇)ဦး၊ စုစုေပါင္း (၁၅)ဦး တို႔ျဖင့္ ပါဝင္ယွဥ္ၿပိဳင္ခဲ႔ၾကျခင္းျဖစ္သည္။

ဝူရႈးၿပိဳင္ပြဲတြင္ ခ်င္းျပည္နယ္ အားကစားသမား(၆)ဦးမွ ဗိုလ္လုပြဲ တက္ေရာက္ခဲ႔ၿပီး ႏွစ္ဦးမွ ပထမဆုဆြက္ခူး ရရွိခဲ႔ၾကသည္။ ေရႊအမ်ားဆံုး ရရွိသည့္ ဆုျဖစ္သည့္ တခြန္စုိက္ဆုကို ခ်င္းျပည္နယ္ အေနျဖင့္ မရရွိႏုိင္ေသးသည့္ေပၚ စိတ္မေကာင္းျဖစ္ရေၾကာင္းလည္း နည္းျပ ဆရာတမ္မာန္ ကေျပာသည္။

နည္းျပဆရာတမ္မာန္က “ ဒီႏွစ္လည္း အားကစားသမားေတြ စုစည္းတဲ႔ အခ်ိန္ သိပ္မရလုိက္ဘူး။ ၿပိဳင္ပြဲခ်ိန္နီး ကပ္ၿပီးလုပ္လုိက္ေတာ့ တခြန္စုိက္ဆုလည္း ကၽြန္ေတာ္တို႔ ရသင့္တယ္။ တံဆိပ္ကေလး တစ္ခုလြဲသြားေတာ့ မရလုိက္ဘူး။ ၿပီးခဲ႔ႏွစ္ကလည္း တခြန္စိုက္ဆု လြဲတယ္။ ဒီႏွစ္လည္း ထပ္ၿပီးခါမွ လြဲေခ်ာ္သြားတဲ႔ အေပၚမွာ မ်ားစြာ စိတ္မေကာင္းျဖစ္တယ္။ ေနာက္ႏွစ္ဆုိရင္ ၾကိဳတင္ၿပီး ျပင္ဆင္ၿပီး ဘာျဖစ္ျဖစ္ တခြန္တိုင္ဆုရေအာင္ ၾကိဳးစားသြားမယ္”ဟုေျပာသည္။

ႏွစ္စဥ္ ခ်င္းျပည္နယ္ ကိုယ္စားျပဳအေနျဖင့္ သြားေရာက္ယဥ္ၿပိဳင္သည့္ အားကစားသမားမ်ားတြင္ မင္းတပ္ၿမိဳ႕မွ အဓိက အားကစားသမားမ်ား ပါဝင္ၿပီး တြန္းဇံမွ အားကစားသမား တစ္ဦးသာ ပါဝင္ေၾကာင္းလည္း သိရသည္။

တုိင္းေဒသၾကီးႏွင့္ ျပည္နယ္အဆင့္ ဝူရႈးၿပိဳင္ပြဲအတြက္ ခ်င္းျပည္နယ္အစိုးရ အဖြဲ႔အေနျဖင့္ အားကစားသမားမ်ားအတြက္ ပံ႔ပိုးကူညီေပးမႈမ်ား ရွိေၾကာင္းလည္း သိရသည္။