Input your search keywords and press Enter.

ရခိုင်မှ မကွေးသို့ ပြောင်းရွှေ့လိုသည့် ချင်းလူမျိုးများအား လက်ရှိနေထိုင်ရာ အုပ်ချုပ်ရေးမှုးများမှ ထောက်ခံစာမပေးခြင်းကြောင့် မပြောင်းရွှေ့နိုင်သေး

Salai Khup Khup

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ မကွေးတိုင်း ဒေသသို့ ပြောင်းရွေ့နေထိုင်လိုသည့် ချင်းလူမျိုးများအနေဖြင့် လက်ရှိနေထိုင်သည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများထံမှ ထောက်ခံစာ မပေးခြင်းကြောင့် ပြောင်းရွေ့၍ မရသေးကြောင်း အရှိုချင်းလူငယ်ခေါင်းဆောင် ဆလိုင်းရိုးမောင်က ပြောသည်။

အရှိုချင်းလူငယ်ခေါင်းဆောင် ဆလိုင်းရိုးမောင်က “အခုလောလောဆယ်တော့ ကျွန်တော်တို့ ဒေသဖက်ကို ပြောင်းရွေ့လာတာ (၁၀၀)ကျော်ဘဲရှိသေးတယ်။ အများစုက ဟိုဖက်မှာ မှတ်ပုံတင်လည်း မရှိ၊ အိမ်ထောင်စုစာရင်းလည်းမရှိတော့ ကျွန်တော်တို့ ဖက်ကိုလာလို့ မရဘူးလို့ သိရတယ်။ နောက်ပြီး သူတို့ရွာက အုပ်ချုပ်ရေးမှူးကလည်း ထောက်ခံစာလည်း မပေးဘူးလို့ သိရတယ်”ဟုပြောသည်။

လက်ရှိရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် ဖက်တွင် ရခိုင်တပ်မတော်AAအဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ အကြား တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် စစ်ပွဲဖြစ်ပွားရာ အနီးနားတွင် ရှိသည့် ကျေးရွာနေ ပြည်သူများမှာ ၎င်းတို့နေရပ်ဒေသကို စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ကျေးရွာများတွင် နေထိုင်သည့် ချင်းလူမျိုးအယောက် (၇၀၀) ဝန်းကျင်မှာလည်း မကွေးတိုင်းဒေသဖက်သို့ ပြောင်းရွေ့နေထိုင်ရန် ပြင်ဆင်လျှက်ရှိပြီး လက်ရှိမကွေးတိုင်း ဒေသဖက်သို့ ပြောင်းရွေ့ နေထိုင်ပြီးဖြစ်သည့် ချင်းလူဦးရေ (၁၀၀) ဝန်းကျင်လောက် ရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။

အရှိုချင်းလူငယ်ခေါင်းဆောင် ဆလိုင်းရိုးမောင်က “လက်ရှိ စစ်ဘေးရှောင်တွေက သူတို့အသိရွာတွေ ခရစ်ယာန် ဘာသာရေးခေါင်း ဆောင်အိမ်မှာ နေတယ်။ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ နောက်ပြီး ချင်းပြည်နယ် အစိုးရဖွဲ့တွေကနေ လူဦးရေစာရင်း အတိအကျ ရရင်တင်ပေးဖို့လည်း တောင်းဆိုတာတွေလည်း ရှိတယ်”ဟုပြောသည်။

ရခိုင်ပြည်နယ်မှ မကွေးတိုင်းဒေသဖက်သို့ ပြောင်းရွေ့လိုသည့် လူဦးရေ စာရင်းအတိကျ သိရှိရပြီး နောက်မှသာ ပြောင်းရွေ့နေထိုင်မည့် သူများ၏ နေရာထိုင်ခိုင်းများကို စီစဉ်ပေးသွားမည် ဖြစ်ကြောင်း မကွေးတိုင်း ချင်းရေးရာဝန်ကြီးကပြောသည်။

မကွေးတိုင်းဒေသကြီး ကျေးရွာအချို့တွင် ရခိုင်ပြည်နယ်ဖက်မှ ပြောင်းရွေ့လာသည့် ချင်းလူမျိုးများမှာ ရာဂဏန်းရှိနေပြီ ဖြစ်ပြီး ရခိုင်ပြည်နယ်မှ နောက်ထပ် ပြောင်းရွေ့လာဦးမည့် ချင်းလူမျိုးလူဦးရေ ခြောက်ရာကျော် ဝန်းကျင် ရှိနိုုင်ကြောင်းသိရသည်။

Zawgyi Version
ရခုိင္မွ မေကြးသုိ႕ ေျပာင္းေရႊ႕လုိသည့္ ခ်င္းလူမ်ိဳးမ်ားအား လက္ရွိေနထုိင္ရာ အုပ္ခ်ဳပ္ေရးမႈးမ်ားမွ ေထာက္ခံစာမေပးျခင္းေၾကာင့္ မေျပာင္းေရႊ႕ႏုိင္ေသး

ရခုိင္ျပည္နယ္ အမ္းၿမိဳ႕နယ္မွ မေကြးတုိင္း ေဒသသို႔ ေျပာင္းေရြ႕ေနထိုင္လုိသည့္ ခ်င္းလူမ်ိဳးမ်ားအေနျဖင့္ လက္ရွိေနထုိင္သည့္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးမ်ားထံမွ ေထာက္ခံစာ မေပးျခင္းေၾကာင့္ ေျပာင္းေရြ႕၍ မရေသးေၾကာင္း အရႈိခ်င္းလူငယ္ေခါင္းေဆာင္ ဆလုိင္းရိုးေမာင္က ေျပာသည္။

အရႈိခ်င္းလူငယ္ေခါင္းေဆာင္ ဆလုိင္းရိုးေမာင္က “အခုေလာေလာဆယ္ေတာ့ ကၽြန္ေတာ္တုိ႔ ေဒသဖက္ကုိ ေျပာင္းေရြ႕လာတာ (၁၀၀)ေက်ာ္ဘဲရွိေသးတယ္။ အမ်ားစုက ဟိုဖက္မွာ မွတ္ပံုတင္လည္း မရွိ၊ အိမ္ေထာင္စုစာရင္းလည္းမရွိေတာ့ ကၽြန္ေတာ္တို႔ ဖက္ကိုလာလုိ႔ မရဘူးလုိ႔ သိရတယ္။ ေနာက္ၿပီး သူတို႔ရြာက အုပ္ခ်ဳပ္ေရးမွဴးကလည္း ေထာက္ခံစာလည္း မေပးဘူးလို႔ သိရတယ္”ဟုေျပာသည္။

လက္ရွိရခုိင္ျပည္နယ္ ေျမာက္ပိုင္းႏွင့္ ခ်င္းျပည္နယ္ ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္ ဖက္တြင္ ရခိုင္တပ္မေတာ္AAအဖြဲ႔ႏွင့္ ျမန္မာ့တပ္မေတာ္တုိ႔ အၾကား တိုက္ပြဲမ်ား ျပင္းထန္ေနျခင္းေၾကာင့္ စစ္ပြဲျဖစ္ပြားရာ အနီးနားတြင္ ရွိသည့္ ေက်းရြာေန ျပည္သူမ်ားမွာ ၎တုိ႔ေနရပ္ေဒသကို စြန္႔ခြာကာ စစ္ေဘးတိမ္းေရွာင္ေနၾကရသည္။

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ရွိ ေက်းရြာမ်ားတြင္ ေနထိုင္သည့္ ခ်င္းလူမ်ိဳးအေယာက္ (၇၀၀) ဝန္းက်င္မွာလည္း မေကြးတိုင္းေဒသဖက္သို႔ ေျပာင္းေရြ႕ေနထုိင္ရန္ ျပင္ဆင္လွ်က္ရွိၿပီး လက္ရွိမေကြးတုိင္း ေဒသဖက္သို႔ ေျပာင္းေရြ႕ ေနထိုင္ၿပီးျဖစ္သည့္ ခ်င္းလူဦးေရ (၁၀၀) ဝန္းက်င္ေလာက္ ရွိၿပီ ျဖစ္ေၾကာင္းလည္း သိရသည္။

အရႈိခ်င္းလူငယ္ေခါင္းေဆာင္ ဆလုိင္းရိုးေမာင္က “လက္ရွိ စစ္ေဘးေရွာင္ေတြက သူတို႔အသိရြာေတြ ခရစ္ယာန္ ဘာသာေရးေခါင္း ေဆာင္အိမ္မွာ ေနတယ္။ အရပ္ဖက္ လူမႈအဖြဲ႔အစည္းေတြ ေနာက္ၿပီး ခ်င္းျပည္နယ္ အစိုးရဖြဲ႔ေတြကေန လူဦးေရစာရင္း အတိအက် ရရင္တင္ေပးဖုိ႔လည္း ေတာင္းဆုိတာေတြလည္း ရွိတယ္”ဟုေျပာသည္။

ရခုိင္ျပည္နယ္မွ မေကြးတုိင္းေဒသဖက္သို႔ ေျပာင္းေရြ႕လုိသည့္ လူဦးေရ စာရင္းအတိက် သိရွိရၿပီး ေနာက္မွသာ ေျပာင္းေရြ႕ေနထုိင္မည့္ သူမ်ား၏ ေနရာထုိင္ခိုင္းမ်ားကို စီစဥ္ေပးသြားမည္ ျဖစ္ေၾကာင္း မေကြးတုိင္း ခ်င္းေရးရာဝန္ၾကီးကေျပာသည္။

မေကြးတုိင္းေဒသၾကီး ေက်းရြာအခ်ိဳ႕တြင္ ရခိုင္ျပည္နယ္ဖက္မွ ေျပာင္းေရြ႕လာသည့္ ခ်င္းလူမ်ိဳးမ်ားမွာ ရာဂဏန္းရွိေနၿပီ ျဖစ္ၿပီး ရခိုင္ျပည္နယ္မွ ေနာက္ထပ္ ေျပာင္းေရြ႕လာဦးမည့္ ခ်င္းလူမ်ိဳးလူဦးေရ ေျခာက္ရာေက်ာ္ ဝန္းက်င္ ရွိႏုိုင္ေၾကာင္းသိရသည္။