Input your search keywords and press Enter.

နယ်မြေလုံခြုံမှုမရှိခြင်းကြောင့် ပလက်ဝမြို့နယ်မှ ကျောင်းဆရာ/ဆရာမ များ ပြောင်းရွှေ့ရန် ပြင်ဆင်နေဟုဆို

Salai Khup Khup

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စစ်ပွဲများဖြစ်ပွားနေပြီး နယ်မြေလုံခြုံမှု မရှိမှုကြောင့် ကျောင်းဆရာ/ဆရာမများ အပြောင်းရွေ့တင်နေကြကြောင်း ပလက်ဝမြို့နယ် ပညာရေးမှူး ဦးမျိုးမင်းထံမှ သိရသည်။

ပလက်ဝမြို့နယ် ပညာရေးမှူး ဦးမျိုးမင်းက “ဒီဒေသဖက်မှာက ကျောင်းကလည်း များတယ်ဆိုတော့ ကျောင်းဆရာ ဆရာမ အင်အားကလည်း အများကြီးလိုအပ်နေသေးတယ်။ ကျောင်းဆရာ/ဆရာမ အင်အားကို ဖြည့်တော့ ဖြည့်နေပေမဲ့ အများကြီး လိုအပ်နေသေးတယ် တချို့ကျောင်းတွေဆိုရင် ဆရာတစ်ယောက်ထဲ ရှိတဲ့ ကျောင်းတွေ တော်တော်များတယ်။ နောက်ပြီး နယ်မြေမလုံခြုံမှုကို စိုးရိမ်လို့ ကျောင်းဆရာ/ဆရာမတွေက အပြောင်းရွေ့တွေ တင်ကြတယ် သူတို့မြို့နယ်တွေမှာ ပြန်ဖို့ အပြောင်းရွေ့တွေ တင်ကျတယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်ရှိ ဌာနဆိုင်ရာများထဲတွင် ပညာရေးဌာနမှ ဝန်ထမ်းများမှာ အထူးသဖြင့် လိုအပ်နေပြီး ပလက်ဝမြို့နယ်တွင် ပညာရေးပိုင်းမှ တာဝန်ကျလာသည့် ဆရာ/ဆရာမ များမှာ ဒေသမငြိမ်ခြမ်း မှုများကြောင့် တာဝန်ကျဒေသများတွင် မသွားရဲကြောင်း ဒေသခံဦးဘူထန်ပိုင် ကပြောသည်။

“ကျွန်တော်က သံတောင်ဖက်ခြမ်းကဆိုတော့ သံထောင်ဖက် ခြမ်းမှာဆိုရင် ကျောင်းဆရာ/ဆရာမ ရှိတဲ့ ရွာကရှားရှားပါးပါးဖြစ်တယ် မချပေးတာတော့ မဟုတ်ဘူး မသွားရဲကြဘူး အတင်းအဓမ္မသွားခိုင်းရင်လည်း သူတို့တစ်ခုခုဖြစ်သွားရင် ဘယ်သူမှ မတတ်နိုင်ဘူး ဌာနပိုင်းကလည်း အတင်းအဓမ္မမသွားခိုင်းလောက်ဘူး ထင်တယ်၊ ဒေသအချို့က အန္တရာယ်ရှိလို့ မသွားတဲ့သူတွေ လည်း ရှိမယ် ကျွန်တော်သိသလောက် တချို့က ပလက်ဝမြို့နယ် ဖြစ်တဲ့အတွက် အဲဒါကို အကြောင်းပြပြီး အခွင့်ကောင်းယူပြီး မှ လုံခြုံရဲ့သားနဲ့ မသွားတဲ့ ဟာတွေလည်း အများကြီးရှိတယ်”ဟု ဦးဘူထန်ပိုင်မှ ပြောသည်။

ပလက်ဝမြို့နယ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း (၃၈၄) ကျောင်းရှိသော်လည်း သင်ကြားပေးမည့် ဆရာ/ဆရာမများ မရှိသည့်အတွက် ၂၀၁၉ ခုနှစ်တွင် ကျောင်းပေါင်း ၂၁၂ ကျောင်းပိတ်ထားရကြောင်း သိရသည်။

ဒေသခံ ကျောင်းဆရာ အောင်စိုးထိုက်က “ပလက်ဝမြို့နယ် အနီးမှာရှိတဲ့ ကျောင်းတော်တော်များများမှာ ကျောင်းဖွင့်တယ် ဆိုပေမဲ့ ကျောင်းပိတ်တာနဲ့ အတူတူဘဲဖြစ်နေတယ်။ ဒေသလုံခြုံမှုမရှိတဲ့ အခါကျတော့ ကျောင်းအချိန်မှာ ပုံမှန်ကျောင်းမဖွင့်တာ များတယ် ဒီဒေသဖက်မှာ တာဝန်ကျတဲ့ ကျောင်းဆရာ/ဆရာမ တွေကလည်း ဒီကိုလာဖို့ ကြောက်ကြတော့ မလာရဲကြတော့ဘူး”ဟုပြောသည်။

ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်မတော်AAအဖွဲ့နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများပြင်းထန်လာပြီး စစ်မြေပြင်မှာ ပိုမိုကျယ်ပြန့်လာကာ ဒေသတော်တော်များမှာ လုံခြုံစိတ်ချမှု မရှိတော့သည့်ပြင် ပလက်ဝမြို့နယ်တွင် အစိုးရဝန်ထမ်းများ အနေဖြင့် တာဝန်ထမ်းဆောင်ရန် ငြင်းဆန်မှုများ ရှိလာကြောင်းလည်း သိရသည်။

Zawgyi Version

နယ္ေျမလံုျခဳံမႈမရွိျခင္းေၾကာင့္ ပလက္၀ၿမဳိ႕နယ္မွ ေက်ာင္းဆရာ/ဆရာမ မ်ား ေျပာင္းေရႊ႕ရန္ ျပင္ဆင္ေနဟုဆို

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တြင္ စစ္ပြဲမ်ားျဖစ္ပြားေနၿပီး နယ္ေျမလံုျခံဳမႈ မရွိမႈေၾကာင့္ ေက်ာင္းဆရာ/ဆရာမမ်ား အေျပာင္းေရြ႕တင္ေနၾကေၾကာင္း ပလက္ဝၿမိဳ႕နယ္ ပညာေရးမွဴး ဦးမ်ိဳးမင္းထံမွ သိရသည္။

ပလက္ဝၿမိဳ႕နယ္ ပညာေရးမွဴး ဦးမ်ိဳးမင္းက “ဒီေဒသဖက္မွာက ေက်ာင္းကလည္း မ်ားတယ္ဆုိေတာ့ ေက်ာင္းဆရာ ဆရာမ အင္အားကလည္း အမ်ားၾကီးလိုအပ္ေနေသးတယ္။ ေက်ာင္းဆရာ/ဆရာမ အင္အားကို ျဖည့္ေတာ့ ျဖည့္ေနေပမဲ႔ အမ်ားၾကီး လိုအပ္ေနေသးတယ္ တခ်ိဳ႕ေက်ာင္းေတြဆိုရင္ ဆရာတစ္ေယာက္ထဲ ရွိတဲ႔ ေက်ာင္းေတြ ေတာ္ေတာ္မ်ားတယ္။ ေနာက္ၿပီး နယ္ေျမမလံုျခံဳမႈကို စိုးရိမ္လို႔ ေက်ာင္းဆရာ/ဆရာမေတြက အေျပာင္းေရြ႕ေတြ တင္ၾကတယ္ သူတို႔ၿမိဳ႕နယ္ေတြမွာ ျပန္ဖို႔ အေျပာင္းေရြ႕ေတြ တင္က်တယ္”ဟုေျပာသည္။

ပလက္ဝၿမိဳ႕နယ္ရွိ ဌာနဆုိင္ရာမ်ားထဲတြင္ ပညာေရးဌာနမွ ဝန္ထမ္းမ်ားမွာ အထူးသျဖင့္ လုိအပ္ေနၿပီး ပလက္ဝၿမိဳ႕နယ္တြင္ ပညာေရးပိုင္းမွ တာဝန္က်လာသည့္ ဆရာ/ဆရာမ မ်ားမွာ ေဒသမျငိမ္ျခမ္း မႈမ်ားေၾကာင့္ တာဝန္က်ေဒသမ်ားတြင္ မသြားရဲေၾကာင္း ေဒသခံဦးဘူထန္ပိုင္ ကေျပာသည္။

“ကၽြန္ေတာ္က သံေတာင္ဖက္ျခမ္းကဆုိေတာ့ သံေထာင္ဖက္ ျခမ္းမွာဆိုရင္ ေက်ာင္းဆရာ/ဆရာမ ရွိတဲ႔ ရြာကရွားရွားပါးပါးျဖစ္တယ္ မခ်ေပးတာေတာ့ မဟုတ္ဘူး မသြားရဲၾကဘူး အတင္းအဓမၼသြားခိုင္းရင္လည္း သူတုိ႔တစ္ခုခုျဖစ္သြားရင္ ဘယ္သူမွ မတတ္ႏုိင္ဘူး ဌာနပိုင္းကလည္း အတင္းအဓမၼမသြားခိုင္းေလာက္ဘူး ထင္တယ္၊ ေဒသအခ်ိဳ႕က အႏၱရာယ္ရွိလုိ႔ မသြားတဲ႔သူေတြ လည္း ရွိမယ္ ကၽြန္ေတာ္သိသေလာက္ တခ်ိဳ႕က ပလက္ဝၿမိဳ႕နယ္ ျဖစ္တဲ႔အတြက္ အဲဒါကို အေၾကာင္းျပၿပီး အခြင့္ေကာင္းယူၿပီး မွ လံုျခံဳရဲ႕သားနဲ႔ မသြားတဲ႔ ဟာေတြလည္း အမ်ားၾကီးရွိတယ္”ဟု ဦးဘူထန္ပိုင္မွ ေျပာသည္။

ပလက္ဝၿမိဳ႕နယ္တြင္ မူလတန္း၊ အလယ္တန္း၊ အထက္တန္း ေက်ာင္းေပါင္း (၃၈၄) ေက်ာင္းရွိေသာ္လည္း သင္ၾကားေပးမည့္ ဆရာ/ဆရာမမ်ား မရွိသည့္အတြက္ ၂၀၁၉ ခုႏွစ္တြင္ ေက်ာင္းေပါင္း ၂၁၂ ေက်ာင္းပိတ္ထားရေၾကာင္း သိရသည္။

ေဒသခံ ေက်ာင္းဆရာ ေအာင္စိုးထိုက္က “ပလက္ဝၿမိဳ႕နယ္ အနီးမွာရွိတဲ႔ ေက်ာင္းေတာ္ေတာ္မ်ားမ်ားမွာ ေက်ာင္းဖြင့္တယ္ ဆိုေပမဲ႔ ေက်ာင္းပိတ္တာနဲ႔ အတူတူဘဲျဖစ္ေနတယ္။ ေဒသလံုျခံဳမႈမရွိတဲ႔ အခါက်ေတာ့ ေက်ာင္းအခ်ိန္မွာ ပံုမွန္ေက်ာင္းမဖြင့္တာ မ်ားတယ္ ဒီေဒသဖက္မွာ တာဝန္က်တဲ႔ ေက်ာင္းဆရာ/ဆရာမ ေတြကလည္း ဒီကိုလာဖို႔ ေၾကာက္ၾကေတာ့ မလာရဲၾကေတာ့ဘူး”ဟုေျပာသည္။

ပလက္ဝၿမိဳ႕နယ္တြင္ ရကၡိဳင့္တပ္မေတာ္AAအဖြဲ႔ႏွင့္ ျမန္မာ့တပ္မေတာ္တို႔အၾကား တုိက္ပြဲမ်ားျပင္းထန္လာၿပီး စစ္ေျမျပင္မွာ ပိုမိုက်ယ္ျပန္႔လာကာ ေဒသေတာ္ေတာ္မ်ားမွာ လံုျခံဳစိတ္ခ်မႈ မရွိေတာ့သည့္ျပင္ ပလက္ဝၿမိဳ႕နယ္တြင္ အစိုးရဝန္ထမ္းမ်ား အေနျဖင့္ တာဝန္ထမ္းေဆာင္ရန္ ျငင္းဆန္မႈမ်ား ရွိလာေၾကာင္းလည္း သိရသည္။