Input your search keywords and press Enter.

ချင်းပြည်သူအားလုံး တည်းနိုင်မည့် ACSY ၏ အဆောက်အဦး ယခုနှစ်ကုန်ပိုင်းတွင် စတင်တည်းနိုင်မည်ဟုဆို

Salai C Lian

All Chin Society Yangon ၏ အဆောက်အဦး ယခုနှစ် ကုန်ပိုင်းတွင် အပြီးစီးတည်ဆောက်မည်ဖြစ်ပြီး ချင်းပြည်သူအားလုံးလည်း နှစ်ကုန်ပိုင်းတွင် စတင်တည်းခိုနိုင်မည်ဖြစ်ကြောင်း All Chin Society Yangon ၏ ဥက္ကဌဟောင်း Peter Ngun Za Cung ကပြောသည်။

Peter Ngun Za Cung က “ဒီနှစ်ကုန်ပိုင်းလောက်ဆိုရင် ပြည်သူတွေလည်း တည်းလို့ရတော့မယ်၊ လက်ရှိဆောက်နေတဲ့ အဆောင်ကတော့ လာမယ့်လဆိုရင်တော့ ကျွန်တော်တို့ ပြီးလောက်ပြီထင်တယ်၊ တကယ်တန်းတော့ ကျွန်တော်တို့ ဒီအဆောက်အဦးတွေကို အောက်တိုဘာလလောက် အပြီးစီးလုပ်ဖို့ရည်မှန်းထားတယ်၊ ဒါပေမဲ့ လုပ်ငန်းတွေက တော်တော်နှေးတော့ နှစ်ကုန်ပိုင်းမှာပဲ အပြီးသတ်နိုင်မယ်” ဟု ပြောသည်။

လက်ရှိ All Chin Society Yangon ၏ခန်းမဆောင်တည်ဆောက်ရန် ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ပနက်တင်ပွဲနှင့် ACSY အမှတ်သားဖွင့်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း Peter Ngun Za Cung ကဆိုသည်။

All Chin Society Yangon ၏ အတွင်းရေးမှူး Peter Ngun Za Cung က “ခန်းမဆောင် ဆောက်ဖို့အတွက် ကျွန်တော်တို့ မနက်ဖြန် ၁၀ နာရီ အုတ်မြစ်ချ ဆုတောင်းပွဲလုပ်ဖို့ရှိတယ်၊ အုတ်မြစ်ချပွဲမှာ ဒုသမ္မတ ဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်ထောင်စု ဝန်ကြီး ဦးတင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦး ဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦး မောင်မောင်အေးနှင့် ဌာနဆိုင်ရာ အကြီးအကဲတွေလာမယ်၊ ပြီးတော့ ကျွန်တော်တို့ကျောက်တိုင်ဖွင့်ပွဲလည်း လုပ်မယ်” ဟု ပြောသည်။

ယင်း ACSY ၏အဆောက်အဦးတည်ဆောက်ရန် ခန့်မှန်းငွေ ကျပ် သန်းပေါင်း ၁၅-၂၀ ထိခန့်မှန်းထားသော်လည်း လက်ရှိတွင် ရန်ပုံငွေအပြည့်အဝမရသေးကြောင်း Peter Ngun Za Cung ကပြောသည်။

Peter Ngun Za Cung က “ဒီဇိုင်းဆွဲထားတာတွေအကုန်လုံး ဒီနှစ်အတွင်း အပြီးဆောက်မယ်၊ ဒီအတွက် ဘတ်ဂျက် ခန့်မှန်းငွေ ကျပ်သန်းပေါင်း ၁၅ သန်းနှင့် ၂၀ ကြားမှန်းထားတယ်၊ ဒါပေမဲ့ တကယ်တန်းရှာနိုင်မယ်လားတော့ ပြောလို့မရသေးဘူး၊ လက်ရှိမှာတော့ အခုထိကျွန်တော်တို့ သိန်း ၅၀၀၀ ပတ်ဝန်းကျင်လောက်ပဲရသေးတယ်” ဟု ပြောသည်။

All Chin Society Yangon အဆောက်အဦး တည်ဆောက်မှုပြီးစီးပါက ကမ္ဘာတစ်ဝန်းရှိချင်းပြည်သူများ လိုအပ်သလိုအခမဲ့ တည်းခိုနိုင်မည်ဖြစ်သည်။

Zawgyi Version

ခ်င္းျပည္သူအားလုံး တည္းႏုိင္မည္႔ ACSY ၏ အေဆာက္အဦး ယခုႏွစ္ကုန္ပုိင္းတြင္ စတင္တည္းႏုိင္မည္ဟုဆုိ

All Chin Society Yangon ၏ အေဆာက္အဦး ယခုႏွစ္ ကုန္ပုိင္းတြင္ အၿပီးစီးတည္ေဆာက္မည္ျဖစ္ၿပီး ခ်င္းျပည္သူအားလုံးလည္း ႏွစ္ကုန္ပုိင္းတြင္ စတင္တည္းခုိႏုိင္မည္ျဖစ္ေၾကာင္း All Chin Society Yangon ၏ ဥကၠဌေဟာင္း Peter Ngun Za Cung ကေျပာသည္။

Peter Ngun Za Cung က “ဒီႏွစ္ကုန္ပုိင္းေလာက္ဆုိရင္ ျပည္သူေတြလည္း တည္းလုိ႔ရေတာ့မယ္၊ လက္ရွိေဆာက္ေနတဲ့ အေဆာင္ကေတာ့ လာမယ္႔လဆုိရင္ေတာ့ ကၽြန္ေတာ္တုိ႔ ၿပီးေလာက္ၿပီထင္တယ္၊ တကယ္တန္းေတာ့ ကၽြန္ေတာ္တုိ႔ ဒီအေဆာက္အဦးေတြကုိ ေအာက္တုိဘာလေလာက္ အၿပီးစီးလုပ္ဖုိ႔ရည္မွန္းထားတယ္၊ ဒါေပမဲ့ လုပ္ငန္းေတြက ေတာ္ေတာ္ေႏွးေတာ့ ႏွစ္ကုန္ပုိင္းမွာပဲ အၿပီးသတ္ႏုိင္မယ္” ဟု ေျပာသည္။

လက္ရွိ All Chin Society Yangon ၏ခန္းမေဆာင္တည္ေဆာက္ရန္ ဇန္န၀ါရီလ (၁၆) ရက္ေန႔တြင္ ပနက္တင္ပြဲႏွင့္ ACSY အမွတ္သားဖြင့္ပြဲ က်င္းပသြားမည္ျဖစ္ေၾကာင္း Peter Ngun Za Cung ကဆုိသည္။

All Chin Society Yangon ၏ အတြင္းေရးမွဴး Peter Ngun Za Cung က “ခန္းမေဆာင္ ေဆာက္ဖုိ႔အတြက္ ကၽြန္ေတာ္တုိ႔ မနက္ျဖန္ ၁၀ နာရီ အုတ္ျမစ္ခ် ဆုေတာင္းပြဲလုပ္ဖုိ႔ရွိတယ္၊ အုတ္ျမစ္ခ်ပြဲမွာ ဒုသမၼတ ဟင္နရီဗန္ထီးယူ၊ ျပည္ေထာင္စု ၀န္ႀကီး ေဒါက္တာ ၀င္းျမတ္ေအး၊ ျပည္ေထာင္စု ၀န္ႀကီး ဦးတင္ျမင့္၊ ရန္ကုန္တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦး ၿဖိဳးမင္းသိန္း၊ ရန္ကုန္ၿမိဳ႕ေတာ္၀န္ ဦး ေမာင္ေမာင္ေအးႏွင့္ ဌာနဆုိင္ရာ အႀကီးအကဲေတြလာမယ္၊ ၿပီးေတာ့ ကၽြန္ေတာ္တုိ႔ေက်ာက္တုိင္ဖြင့္ပြဲလည္း လုပ္မယ္” ဟု ေျပာသည္။

ယင္း ACSY ၏အေဆာက္အဦးတည္ေဆာက္ရန္ ခန္႔မွန္းေငြ က်ပ္ သန္းေပါင္း ၁၅-၂၀ ထိခန္႔မွန္းထားေသာ္လည္း လက္ရွိတြင္ ရန္ပုံေငြအျပည္႔အ၀မရေသးေၾကာင္း Peter Ngun Za Cung ကေျပာသည္။

Peter Ngun Za Cung က “ဒီဇုိင္းဆြဲထားတာေတြအကုန္လုံး ဒီႏွစ္အတြင္း အၿပီးေဆာက္မယ္၊ ဒီအတြက္ ဘတ္ဂ်က္ ခန္႔မွန္းေငြ က်ပ္သန္းေပါင္း ၁၅ သန္းႏွင့္ ၂၀ ၾကားမွန္းထားတယ္၊ ဒါေပမဲ့ တကယ္တန္းရွာႏုိင္မယ္လားေတာ့ ေျပာလုိ႔မရေသးဘူး၊ လက္ရွိမွာေတာ့ အခုထိကၽြန္ေတာ္တုိ႔ သိန္း ၅၀၀၀ ပတ္၀န္းက်င္ေလာက္ပဲရေသးတယ္” ဟု ေျပာသည္။

All Chin Society Yangon အေဆာက္အဦး တည္ေဆာက္မႈၿပီးစီးပါက ကမၻာတစ္၀န္းရွိခ်င္းျပည္သူမ်ား လုိအပ္သလုိအခမဲ့ တည္းခုိႏုိင္မည္ျဖစ္သည္။