Input your search keywords and press Enter.

ချင်းပြည်အတွင်း ဆေးဝါးကုသရေး သယ်ယူပို့ဆောင်ရေးအတွက် (ဒရုန်း) လေယာဉ်အသုံးပြုရန် ပြင်ဆင်လျက်ရှိ

Salai C Lian

ချင်ပြည်နယ်အတွင်း နယ်စွန်နယ်ဖျား၊ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံခေါင်သီများအတွက် ဆေးဝါးကုရေး အဆင်ပြေပို့ဆောင်နိုင်ရန် မောင်းသူမဲ့ လေယာဉ်(ဒရုန်း) များ ပြင်ဆင်လျက်ရှိကြောင်း ဒေါက်တာ ဆာဆာကပြောသည်။

ဒေါက်တာ ဆာဆာက “ချင်းပြည်နယ်မှာ လူမဲ့လေယာဉ် (ဒရုန်း) ကိုအသုံးပြုပြီးတော့ ဆေးဝါးကုသမှု လုပ်ဆောင်ဖို့ရန်ပြင်ဆင်နေတယ်၊ ချင်းပြည်နယ်အတွင်း ဘယ်နေရာမဆို လိုအပ်သည့်ဆေးဝါးများကို ပို့ဆောင်ပေးမယ်၊ အဲ့ဒီအတွက် အမေရိကန်ပြည်ထောင်စု အဖွဲ့အစည်းတစ်ခုက လေယာဉ် ၂ စီးလှူပေးသွားပြီးပြီ၊ ချင်းပြည်နယ်ဟာ အနောက်ကျဆုံးပြည်နယ် ဖြစ်သော်လည်း ပထမဆုံးပြည်နယ် ဖြစ်လာတော့မယ်” ဟု ပြောသည်။

အဆိုပါအကြောင်းကို ချင်းလန်းကလပ်မှ မြန်မာအိုင်ဒေါစီးစင် (၄) တွင် Top 5 ရောက်ချင်းလူမျိုးမောင်မယ်များအား ဂုဏ်ပြုသည့် အခန်းအနားတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ ဆာဆာမှဆက်ပြီး “၂၀၂၀ သည် ကျွန်တော်တို့ ချင်းလူမျိုးတွေအတွက် အကောင်းဆုံးနှစ် ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်တယ်၊ မကြာခင်မှာ ကျွန်တော်တို့ ချင်းပြည်နယ်မှာ လေဆိပ်နှစ်ခု ရှိတော့မယ်၊ ဖလမ်းလေဆိပ်နှင့် လိုင်လင်ပီးလေဆိပ်ဖြစ်တယ်၊ လိုင်လင်ပီးကတော့ ကျွန်တော်တို့ လုပ်တာမကြာသေးဘူး၊ ဒါပေမဲ့ မေလအတွင်းမှာ ကျွန်တော်တို့ ပြီးသွားမယ်၊ မကြာခင်မှာ မြန်မာနိုင်ငံအတွင်း လေဆိပ်အများဆုံးပြည်နယ် ဖြစ်လာမယ်” ဟု ပြောသည်။

ထို့ပြင် ချင်းပြည်နယ်အတွင်း ဝေးလံခေါင်သီ နယ်စွန်နယ်ဖျားများ ကျန်းမာရေး အလွယ်တကူ စောင့်ရှောက်နိုင်ရန် မိုဘိုင်းဖုန်းစနစ်နှင့် ရုပ်သံမှစစ်ဆေးမှုများကို မကြာခင်အသုံးပြုတော့မည် ဖြစ်ကြောင်း ဒေါက်တာ ဆာဆာက ဆိုသည်။

၄င်းက “အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ တက္ကသိုလ်နဲ့ ကျွန်တော်တွဲပြီး မိုဘိုင်းဖုန်းကို အသုံးပြုပြီးတော့ ပထမဆုံး ဓါတ်မှန်ရိုက်တဲ့ အစီအစဉ်ကို အသုံးပြုတော့မယ်၊ ကျွန်တော်တို့ ရန်ကုန်ကို ဆေးရုံတက်စရာတောင် မလိုတော့ဘူး၊ ရန်ကုန်ဖက်ကသာ ဆေးရုံလာတက်မယ်၊ ပြီးတော့ သြစတီးလျ နိုင်ငံနှင့်တွဲပြီး Television ကိုအသုံးပြုပြီး ကျန်းမာရေး လုပ်ငန်းလုပ်ဖို့ ပြင်ဆင်နေတယ်၊ ဒါကိုကျွန်တော်တို့ အောင်မြင်လာတဲ့ တစ်နေ့ကျရင် လူနာကဆေးရုံလာစရာ မလိုတော့ဘူး၊ ဆရာဝန်တွေက လူနာဆီကိုသွားရတော့မယ်” ဟု ပြောသည်။

ချင်းပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဆေးကုသရာတွင် အချိန်မမှီခြင်း၊ လမ်းတွင်သေဆုံးခြင်း အပါအဝင် ဒုက္ခမျိုးဆုံကြုံတွေ့ရလေ့ရှိတယ်။

Zawgyi Version

ခ်င္းျပည္အတြင္း ေဆး၀ါးကုသေရး သယ္ယူပုိ႔ေဆာင္ေရးအတြက္ (ဒရုန္း) ေလယာဥ္အသုံးျပဳရန္ ျပင္ဆင္လ်က္ရွိ

ခ်င္ျပည္နယ္အတြင္း နယ္စြန္နယ္ဖ်ား၊ လမ္းပမ္းဆက္သြယ္ေရးခက္ခဲသည္႔ ေ၀းလံေခါင္သီမ်ားအတြက္ ေဆး၀ါးကုေရး အဆင္ေျပပုိ႔ေဆာင္ႏုိင္ရန္ ေမာင္းသူမဲ့ ေလယာဥ္(ဒရုန္း) မ်ား ျပင္ဆင္လ်က္ရွိေၾကာင္း ေဒါက္တာ ဆာဆာကေျပာသည္။

ေဒါက္တာ ဆာဆာက “ခ်င္းျပည္နယ္မွာ လူမဲ့ေလယာဥ္ (ဒရုန္း) ကုိအသုံးျပဳၿပီးေတာ့ ေဆး၀ါးကုသမႈ လုပ္ေဆာင္ဖုိ႔ရန္ျပင္ဆင္ေနတယ္၊ ခ်င္းျပည္နယ္အတြင္း ဘယ္ေနရာမဆုိ လုိအပ္သည္႔ေဆး၀ါးမ်ားကုိ ပုိ႔ေဆာင္ေပးမယ္၊ အဲ့ဒီအတြက္ အေမရိကန္ျပည္ေထာင္စု အဖြဲ႔အစည္းတစ္ခုက ေလယာဥ္ ၂ စီးလွဴေပးသြားၿပီးၿပီ၊ ခ်င္းျပည္နယ္ဟာ အေနာက္က်ဆုံးျပည္နယ္ ျဖစ္ေသာ္လည္း ပထမဆုံးျပည္နယ္ ျဖစ္လာေတာ့မယ္” ဟု ေျပာသည္။

အဆုိပါအေၾကာင္းကုိ ခ်င္းလန္းကလပ္မွ ျမန္မာအုိင္ေဒါစီးစင္ (၄) တြင္ Top 5 ေရာက္ခ်င္းလူမ်ဳိးေမာင္မယ္မ်ားအား ဂုဏ္ျပဳသည္႔ အခန္းအနားတြင္ ေျပာဆုိခဲ့ျခင္း ျဖစ္သည္။

ေဒါက္တာ ဆာဆာမွဆက္ၿပီး “၂၀၂၀ သည္ ကၽြန္ေတာ္တုိ႔ ခ်င္းလူမ်ဳိးေတြအတြက္ အေကာင္းဆုံးႏွစ္ ျဖစ္မယ္လုိ႔ ကၽြန္ေတာ္ယုံၾကည္တယ္၊ မၾကာခင္မွာ ကၽြန္ေတာ္တုိ႔ ခ်င္းျပည္နယ္မွာ ေလဆိပ္ႏွစ္ခု ရွိေတာ့မယ္၊ ဖလမ္းေလဆိပ္ႏွင့္ လုိင္လင္ပီးေလဆိပ္ျဖစ္တယ္၊ လုိင္လင္ပီးကေတာ့ ကၽြန္ေတာ္တုိ႔ လုပ္တာမၾကာေသးဘူး၊ ဒါေပမဲ့ ေမလအတြင္းမွာ ကၽြန္ေတာ္တုိ႔ ၿပီးသြားမယ္၊ မၾကာခင္မွာ ျမန္မာႏုိင္ငံအတြင္း ေလဆိပ္အမ်ားဆုံးျပည္နယ္ ျဖစ္လာမယ္” ဟု ေျပာသည္။

ထုိ႔ျပင္ ခ်င္းျပည္နယ္အတြင္း ေ၀းလံေခါင္သီ နယ္စြန္နယ္ဖ်ားမ်ား က်န္းမာေရး အလြယ္တကူ ေစာင့္ေရွာက္ႏုိင္ရန္ မုိဘုိင္းဖုန္းစနစ္ႏွင့္ ရုပ္သံမွစစ္ေဆးမွဳမ်ားကုိ မၾကာခင္အသုံးျပဳေတာ့မည္ ျဖစ္ေၾကာင္း ေဒါက္တာ ဆာဆာက ဆုိသည္။

၄င္းက “အေမရိကန္ျပည္ေထာင္စုမွာရွိတဲ့ တကၠသုိလ္နဲ႔ ကၽြန္ေတာ္တြဲၿပီး မုိဘုိင္းဖုန္းကုိ အသုံးျပဳၿပီးေတာ့ ပထမဆုံး ဓါတ္မွန္ရုိက္တဲ့ အစီအစဥ္ကုိ အသုံးျပဳေတာ့မယ္၊ ကၽြန္ေတာ္တုိ႔ ရန္ကုန္ကုိ ေဆးရုံတက္စရာေတာင္ မလုိေတာ့ဘူး၊ ရန္ကုန္ဖက္ကသာ ေဆးရုံလာတက္မယ္၊ ၿပီးေတာ့ ၾသစတီးလ် ႏုိင္ငံႏွင့္တြဲၿပီး Television ကုိအသုံးျပဳၿပီး က်န္းမာေရး လုပ္ငန္းလုပ္ဖုိ႔ ျပင္ဆင္ေနတယ္၊ ဒါကုိကၽြန္ေတာ္တုိ႔ ေအာင္ျမင္လာတဲ့ တစ္ေန႔က်ရင္ လူနာကေဆးရုံလာစရာ မလုိေတာ့ဘူး၊ ဆရာ၀န္ေတြက လူနာဆီကုိသြားရေတာ့မယ္” ဟု ေျပာသည္။

ခ်င္းျပည္နယ္တြင္ လမ္းပန္းဆက္သြယ္ေရး ခက္ခဲမႈေၾကာင့္ ေဆးကုသရာတြင္ အခ်ိန္မမွီျခင္း၊ လမ္းတြင္ေသဆုံးျခင္း အပါအ၀င္ ဒုကၡမ်ဳိးဆုံႀကံဳေတြ႕ရေလ့ရွိတယ္။