Input your search keywords and press Enter.

လက်ရှိ ချင်းပြည်နယ်အစိုးရ၏ လုပ်ငန်းကြီးများသည် ယခင်အစိုးရလက်ထက် လုပ်ငန်းများကိုဆက်လက် အကောင်အထည်ဖော်ခြင်းဖြစ်ဟု ထန်တလန်လွှတ်တော်ကိုယ်စားလှယ်ပြော

Salai C.Lian

အဲန်အဲယ်ဒီ အစိုးရ လက်ထက် ချင်းပြည်နယ်အစိုးရအနေဖြင့် ချင်းပြည်နယ်အတွင်း ဘတ်ဂျက်အကုန်အကျများသည့် လုပ်ငန်းများသည် ယခင် ပြည်ခိုင်ဖြိုးအစိုးရလက်ထက် လုပ်ငန်းများကို ဆက်လက်အကောင် အထည်ဖော်ခြင်းများဖြစ်ကြောင်း ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော် ဒေါ်နီဆွေလျန်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်ပြောသည့် ဘတ်ဂျက်အကုန်အကျများသည့် လုပ်ငန်းများတွင် ချင်းပြည်နယ်မြောက်ပိုင်းအစွန်ဖြစ်သည့် ကျီခါးမြို့မှ ချင်းပြည်နယ်တောင်ပိုင်းအစွန် ပလက်ဝအထိ ကားလမ်းပေါက်မည့်စီမံကိန်း၊ ဖလမ်းမြို့နယ်တွင်တည်ဆောက်နေသည့် ဆုရ်ဘုန်လေယာဉ်ကွင်း၊ ဟားခါးကောလိပ်ရရှိသည့်ကိစ္စများပါဝင်သည်။

ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီဆွေလျန်က က “ဆုရ်ဘုန်လေယာဉ်ကွင်း၊ ကျီခါး-ပလက်၀ ကားလမ်းအတွက်လည်း သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းက တောင်းဆိုပြီး ဘက်ဂျက်လည်း အကုန်ကျပြီးသား ဖြစ်တယ်၊ အဲဒါကို လက်ရှိအစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့က ဆက်လက်လုပ်ငန်းအကောင်အထည် ဖော်ပေးခြင်းသာဖြစ်တယ်” ဟု ပြောသည်။
ချင်းပြည်နယ်အတွင်း လုပ်ငန်းကြီးများဖြစ်သည့် စီမံကိန်းအချို့သည် ချင်းအမျိုးသားတပ်ဦးမှ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း ယခင်အစိုးရထံ တောင်းဆိုခဲ့သည့် လုပ်ငန်းများလည်းပါဝင်ကြောင်း ဒေါ်နီဆွေလျန်ကပြောသည်။

ဒေါ်နီဆွေလျန်က “ဖလမ်းမြို့က ဆုရ်ဘုန်လေယာဉ်ကွင်းကို သမ္မတဦးသိန်းစိန်ခေတ်က ချင်းအမျိုးသားတပ်ဦးက သင့်တော်တဲ့ တစ်နေရာရာမှာ ဆောက်ပေးဖို့ တောင်းဆိုထားတယ်၊ ဟားခါး တက္ကသိုလ်ကတော့ ချင်းအမျိုးသားတပ်ဦးထဲ တောင်းဆိုထားတာ မဟုတ်ဘူး၊ မြို့မိမြို့ဖကလည်း တောင်းဆိုထားတယ်၊ ပြီးတော့ ပထမအကြိမ်အစိုးရသက်တမ်းတုန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကလည်း တောင်းဆိုထားတယ်၊ ဦး သိန်းစိန်လက်ထက်တုန်းက ဘတ်ဂျက်တွေ အကုန်လုံးကျပြီးသား ဖြစ်တယ်”ဟု ပြောသည်။

သူက ဆက်ပြီး “လက်ရှိအစိုးရ တက်လာပြီးတဲ့နောက် ထင်ထင်သာသာ လုပ်ငန်းလုပ်ဆောင်တာ ဆိုရင် ပညာရေးအတွက် ကျောင်းအဆင့်မြင့် ပေးတာတို့ပါတယ်၊ ကျောင်းဆောက်ပေးတာတို့ကတော့ ပြည်သူတွေအနေနဲ့ မျက်မြင်တွေ့နိုင်တဲ့ တိုးတက်မှုတစ်ခု ဖြစ်တယ်” ဟု ပြောသည်။

Zawgyi

လက္ရွိ ခ်င္းျပည္နယ္အစိုးရ၏ လုပ္ငန္းႀကီးမ်ားသည္ ယခင္အစိုးရလက္ထက္ လုပ္ငန္းမ်ားကိုဆက္လက္ အေကာင္အထည္ေဖာ္ျခင္းျဖစ္ဟု ထန္တလန္လႊတ္ေတာ္ကိုယ္စားလွယ္ေျပာ

အဲန္အဲယ္ဒီ အစိုးရ လက္ထက္ ခ်င္းျပည္နယ္အစုိးရအေနျဖင့္ ခ်င္းျပည္နယ္အတြင္း ဘတ္ဂ်က္အကုန္အက်မ်ားသည့္ လုပ္ငန္းမ်ားသည္ ယခင္ ျပည္ခုိင္ၿဖိဳးအစိုးရလက္ထက္ လုပ္ငန္းမ်ားကို ဆက္လက္အေကာင္ အထည္ေဖာ္ျခင္းမ်ားျဖစ္ေၾကာင္း ထန္တလန္ၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ ေဒၚနီေဆြလ်န္က ေျပာသည္။

လႊတ္ေတာ္ကိုယ္စားလွယ္ေျပာသည့္ ဘတ္ဂ်က္အကုန္အက်မ်ားသည့္ လုပ္ငန္းမ်ားတြင္ ခ်င္းျပည္နယ္ေျမာက္ပိုင္းအစြန္ျဖစ္သည့္ က်ီခါးၿမိဳ႕မွ ခ်င္းျပည္နယ္ေတာင္ပုိင္းအစြန္ ပလက္၀အထိ ကားလမ္းေပါက္မည့္စီမံကိန္း၊ ဖလမ္းၿမိဳ႕နယ္တြင္တည္ေဆာက္ေနသည့္ ဆုရ္ဘုန္ေလယာဥ္ကြင္း၊ ဟားခါးေကာလိပ္ရရွိသည့္ကိစၥမ်ားပါ၀င္သည္။

ထန္တလန္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ေဒၚနီေဆြလ်န္က က “ဆုရ္ဘုန္ေလယာဥ္ကြင္း၊ က်ီခါး-ပလက္၀ ကားလမ္းအတြက္လည္း သမၼတ ဦးသိန္းစိန္ လက္ထက္တုန္းက ေတာင္းဆုိၿပီး ဘက္ဂ်က္လည္း အကုန္က်ၿပီးသား ျဖစ္တယ္၊ အဲဒါကုိ လက္ရွိအစုိးရ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔က ဆက္လက္လုပ္ငန္းအေကာင္အထည္ ေဖာ္ေပးျခင္းသာျဖစ္တယ္” ဟု ေျပာသည္။
ခ်င္းျပည္နယ္အတြင္း လုပ္ငန္းႀကီးမ်ားျဖစ္သည့္ စီမံကိန္းအခ်ိဳ႕သည္ ခ်င္းအမ်ိဳးသားတပ္ဦးမွ အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ခ်ဳပ္ဆိုၿပီးေနာက္ပုိင္း ယခင္အစိုးရထံ ေတာင္းဆိုခဲ့သည့္ လုပ္ငန္းမ်ားလည္းပါ၀င္ေၾကာင္း ေဒၚနီေဆြလ်န္ကေျပာသည္။

ေဒၚနီေဆြလ်န္က “ဖလမ္းၿမိဳ႕က ဆုရ္ဘုန္ေလယာဥ္ကြင္းကုိ သမၼတဦးသိန္းစိန္ေခတ္က ခ်င္းအမ်ဳိးသားတပ္ဦးက သင့္ေတာ္တဲ့ တစ္ေနရာရာမွာ ေဆာက္ေပးဖုိ႔ ေတာင္းဆုိထားတယ္၊ ဟားခါး တကၠသုိလ္ကေတာ့ ခ်င္းအမ်ဳိးသားတပ္ဦးထဲ ေတာင္းဆုိထားတာ မဟုတ္ဘူး၊ ၿမိဳ႕မိၿမိဳ႕ဖကလည္း ေတာင္းဆုိထားတယ္၊ ၿပီးေတာ့ ပထမအႀကိမ္အစိုးရသက္တမ္းတုန္းက ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ေတြကလည္း ေတာင္းဆုိထားတယ္၊ ဦး သိန္းစိန္လက္ထက္တုန္းက ဘတ္ဂ်က္ေတြ အကုန္လုံးက်ၿပီးသား ျဖစ္တယ္”ဟု ေျပာသည္။

သူက ဆက္ၿပီး “လက္ရွိအစုိးရ တက္လာၿပီးတဲ့ေနာက္ ထင္ထင္သာသာ လုပ္ငန္းလုပ္ေဆာင္တာ ဆုိရင္ ပညာေရးအတြက္ ေက်ာင္းအဆင့္ျမင့္ ေပးတာတုိ႔ပါတယ္၊ ေက်ာင္းေဆာက္ေပးတာတုိ႔ကေတာ့ ျပည္သူေတြအေနနဲ႔ မ်က္ျမင္ေတြ႔ႏုိင္တဲ့ တုိးတက္မႈတစ္ခု ျဖစ္တယ္” ဟု ေျပာသည္။