Input your search keywords and press Enter.

မြန်မာ့တပ်မတော်နှင့် AA အဖွဲ့အနေဖြင့် စစ်ရေးကိစ္စရင်ဆိုင်မှုများတွင် ကျေးရွာတွင်းမဝင်ရန် KACC ပြောရေးဆိုခွင့်ရှိသူတောင်းဆို

Salai Khup Khup

ပလက်ဝမြို့နယ်ရှိ ကျေးရွာများတွင် မြန်မာ့တပ်မတော်အဖွဲ့နှင့် AAအဖွဲ့ တို့အနေဖြင့် စစ်ရေးကိစ္စ ရင်ဆိုင်မှုများတွင် ကျေးရွာများအတွင်း မဝင်ရန် Khumi Affairs Coordination Council (KACC) ပြောရေးဆိုခွင့်ရှိသူ ဦးစောမြက တောင်းဆိုလိုက်သည်။

KACC ပြောရေးဆိုခွင့်ရှိသူဦးစောမြက “ကျွန်တော်အဓိကပြောချင်တာကတော့ အေအေတွေအနေနဲ့ ရွာထဲကိုဝင်တဲ့ကိစ္စပဲဖြစ်တယ်။ ရွာထဲကိုဝင်ရင်ပြသနာတစ်စုံတစ်ခုကတော့ဖြစ်နေမှာပဲ။ သူတို့ပြောတာက သတင်းပေးတွေရွာထဲမှာရောက်လာတယ်လို့ပြောတယ်။ သူတို့ပြောတဲ့ပုံစံက ရွာကနေ တစ်ခြားဒေသကိုသွားနေတဲ့ ရွာသားတွေကိုယ့်ရွာကိုပြန်လာတဲ့သူမှန်သမျှက သတင်းပေးလိုလိုသက်ရောက်နေတယ်။ ဒါက အဓိပ္ပါယ်မရှိဘူးလေ”ဟုပြောသည်။

သူကဆက်ပြီး “အေအေဖက်က ပလက်ဝမြို့နယ်တွင်း ကျူးလွန်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သူတို့ငြင်းဆိုထားတယ်။ မြန်မာ့တပ်မတော်ဖက်ကလည်း ငြင်းဆိုထားတယ်။ မြန်မာတပ်မတော်ဖက်က ငြင်းဆိုတဲ့ကိစ္စမှာတော့ ဘာမှမပြောလိုဘူး။ သူတို့ဘယ်လောက်အထိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသလဲဆိုတာ သူတို့အသိဆုံးပဲဖြစ်မှာ”ဟုပြောသည်။

ပလက်ဝမြို့နယ် ကျီးလေရွာ ဒေသခံ အယောက် (၁၀၀) ကျော်ကို AAတပ်မတော်အဖွဲ့မှ ဇန်နဝါရီလ (၈)ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခံဒေသခံ အချို့ကိုလည်း စစ်ဆေး၊ မေးမြန်းစဉ် ရိုက်နှက် ခဲ့ကြောင်းကိုလည်း AA ဖက်မှ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် ဝန်ခံခဲ့သည်။

ဦးစောမြက “အေအေဖက်က ရွာသားတွေကိုနှိပ်စက်တဲ့ တပ်သားတွေကို အရေးယူတယ်ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘာမှ သက်သေနဲ့အမှန်တရားကိုမတွေ့ရဘူးလေ။ ဒါကြောင့် အဓိကပြောချင်တာကတော့ ရွာထဲကိုမဝင်ကြဖို့ကိုပြောချင်တာဖြစ်တယ်။ ကျွန်တော်ဆိုရင် ဘယ်လိုခံစားရလဲဆိုတော့ ကျွန်တော့် တို့လူမျိုးနဲ့ကျွန်တော်တို့ဒေသကို ပစ်မှတ်ထားတယ်လို့ပဲခံစားလာရတယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်တွင် ကျေးရွာပေါင်း (၄၀၀)ကျော် တည်ရှိပြီး ဒေသခံ အများစုမှာ လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဖမ်းဆီးခံရမည်ကို ကြောက်၍ နေရပ်မပြန်သူ များစွာရှိလာကြောင်းကိုလည်း ချင်းအရပ်ဖက် အဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဦးစောမြက “တစ်ချို့ကပြောတယ်။ ကျွန်တော်တို့အဖွဲ့အစည်းက စစ်တပ်ရဲ့ကျောထောက်နောက်ခံတဲ့။ ဘာမှမဆိုင်ဘူး။ အခုချိန်ထိ ဘယ်စစ်ဗိုလ်နဲ့မှလည်း စကားမပြောဖူးဘူး။ သူတို့ကလည်း ကျွန်တော်တို့လိုအဖွဲ့နဲ့လက်တွဲဖို့ ဘယ်နည်းနဲ့မှ စဉ်းစားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့က လွတ်လပ်စွာနဲ့ပဲ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ကိစ္စတွေကို ပြောနေတာဖြစ်တယ်။ အဲလိုပြောလို့ ဖုန်းနဲ့ဖြစ်ဖြစ် ခြိမ်းခြောက်တာတွေကိုတော့ ကြုံရတယ်။ ခူးမီး(ချင်း) မှာက မျိုးနွယ်စုကွဲတွေရှိသေးတယ်။ အဲဒီကြားမှာ ပြသနာတွေဖြစ်ရင် ညှိနှိုင်းပေးဖို့ ရည်ရွယ်ချက်သက်သက်နဲ့ထူထောင်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်” ဟုပြောသည်။

ပလက်ဝမြို့နယ် ကျီးလေရွာတွင် ဇန်နဝါရီလ(၁၃) ရက်နေ့တွင် AAတပ်ဖွဲ့ဝင်များမှ ဒေသခံရွာသားများကို စုခေါ်ပြီး AA တပ်ဖွဲ့အနေဖြင့် ရွာသားများကို ရိုက်နှက်ခြင်း မပြုလုပ်တော့မည့်ကြောင်းနှင့် ဖမ်းဆီးခဲ့သည့် ချင်းအမျိုးသမီးများကိုလည်း လိင်ပိုင်း အကြမ်းမဖက်ခဲ့ကြောင်း ရှင်းပြခဲ့သော်လည်း ဒေသခံများ အနေဖြင့် လက်ရှိအချိန်ထိ စိုးရိမ်နေရဆဲ ဖြစ်ကြောင်းသိရသည်။

Zawgyi

ျမန္မာ့တပ္မေတာ္ႏွင့္ AA အဖြဲ႕အေနျဖင့္ စစ္ေရးကိစၥရင္ဆုိင္မႈမ်ားတြင္ ေက်းရြာတြင္းမ၀င္ရန္ KACC ေျပာေရးဆုိခြင့္ရွိသူေတာင္းဆို

ပလက္ဝၿမိဳ႕နယ္ရွိ ေက်းရြာမ်ားတြင္ ျမန္မာ့တပ္မေတာ္အဖြဲ႔ႏွင့္ AAအဖြဲ႔ တို႔အေနျဖင့္ စစ္ေရးကိစၥ ရင္ဆုိင္မႈမ်ားတြင္ ေက်းရြာမ်ားအတြင္း မဝင္ရန္ Khumi Affairs Coordination Council (KACC) ေျပာေရးဆုိခြင့္ရွိသူ ဦးေစာျမက ေတာင္းဆိုလိုက္သည္။

KACC ေျပာေရးဆုိခြင့္ရွိသူဦးေစာျမက “ကၽြန္ေတာ္အဓိကေျပာခ်င္တာကေတာ့ ေအေအေတြအေနနဲ႕ ရြာထဲကို၀င္တဲ့ကိစၥပဲျဖစ္တယ္။ ရြာထဲကို၀င္ရင္ျပသနာတစ္စံုတစ္ခုကေတာ့ျဖစ္ေနမွာပဲ။ သူတို႕ေျပာတာက သတင္းေပးေတြရြာထဲမွာေရာက္လာတယ္လုိ႕ေျပာတယ္။ သူတို႕ေျပာတဲ့ပံုစံက ရြာကေန တစ္ျခားေဒသကိုသြားေနတဲ့ ရြာသားေတြကိုယ့္ရြာကိုျပန္လာတဲ့သူမွန္သမွ်က သတင္းေပးလုိလုိသက္ေရာက္ေနတယ္။ ဒါက အဓိပၸါယ္မရွိဘူးေလ”ဟုေျပာသည္။

သူကဆက္ၿပီး “ေအေအဖက္က ပလက္၀ၿမိဳ႕နယ္တြင္း က်ဴးလြန္တဲ့ကိစၥနဲ႕ပတ္သက္ၿပီး သူတို႕ျငင္းဆိုထားတယ္။ ျမန္မာ့တပ္မေတာ္ဖက္ကလည္း ျငင္းဆိုထားတယ္။ ျမန္မာတပ္မေတာ္ဖက္က ျငင္းဆိုတဲ့ကိစၥမွာေတာ့ ဘာမွမေျပာလုိဘူး။ သူတို႕ဘယ္ေလာက္အထိ တာ၀န္ယူမႈ၊ တာ၀န္ခံမႈရွိသလဲဆိုတာ သူတို႕အသိဆံုးပဲျဖစ္မွာ”ဟုေျပာသည္။

ပလက္ဝၿမိဳ႕နယ္ က်ီးေလရြာ ေဒသခံ အေယာက္ (၁၀၀) ေက်ာ္ကို AAတပ္မေတာ္အဖြဲ႔မွ ဇန္နဝါရီလ (၈)ရက္ေန႔တြင္ ဖမ္းဆီးေခၚေဆာင္သြားခဲ႔ၿပီး ဖမ္းဆီးခံေဒသခံ အခ်ိဳ႕ကိုလည္း စစ္ေဆး၊ ေမးျမန္းစဥ္ ရိုက္ႏွက္ ခဲ႔ေၾကာင္းကိုလည္း AA ဖက္မွ ဇန္နဝါရီလ (၁၂) ရက္ေန႔တြင္ ေၾကညာခ်က္ ထုတ္ျပန္ ဝန္ခံခဲ႔သည္။

ဦးေစာျမက “ေအေအဖက္က ရြာသားေတြကိုႏွိပ္စက္တဲ့ တပ္သားေတြကို အေရးယူတယ္ေျပာတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႕ဘာမွ သက္ေသနဲ႕အမွန္တရားကိုမေတြ႕ရဘူးေလ။ ဒါေၾကာင့္ အဓိကေျပာခ်င္တာကေတာ့ ရြာထဲကိုမ၀င္ၾကဖို႕ကိုေျပာခ်င္တာျဖစ္တယ္။ ကၽြန္ေတာ္ဆိုရင္ ဘယ္လုိခံစားရလဲဆိုေတာ့ ကၽြန္ေတာ့္ တို႕လူမ်ိဳးနဲ႕ကၽြန္ေတာ္တို႕ေဒသကို ပစ္မွတ္ထားတယ္လုိ႕ပဲခံစားလာရတယ္”ဟုေျပာသည္။

ပလက္ဝၿမိဳ႕နယ္တြင္ ေက်းရြာေပါင္း (၄၀၀)ေက်ာ္ တည္ရွိၿပီး ေဒသခံ အမ်ားစုမွာ လက္နက္ကိုင္ အဖြဲ႔အစည္းမ်ား၏ အဖမ္းဆီးခံရမည္ကို ေၾကာက္၍ ေနရပ္မျပန္သူ မ်ားစြာရွိလာေၾကာင္းကိုလည္း ခ်င္းအရပ္ဖက္ အဖြဲ႔အစည္း၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ဦးေစာျမက “တစ္ခ်ိဳ႕ကေျပာတယ္။ ကၽြန္ေတာ္တို႕အဖြဲ႕အစည္းက စစ္တပ္ရဲ႕ေက်ာေထာက္ေနာက္ခံတဲ့။ ဘာမွမဆုိင္ဘူး။ အခုခ်ိန္ထိ ဘယ္စစ္ဗိုလ္နဲ႕မွလည္း စကားမေျပာဖူးဘူး။ သူတို႕ကလည္း ကၽြန္ေတာ္တို႕လုိအဖြဲ႕နဲ႕လက္တြဲဖုိ႕ ဘယ္နည္းနဲ႕မွ စဥ္းစားမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႕က လြတ္လပ္စြာနဲ႕ပဲ လူ႕အခြင့္အေရးခ်ိဳးေဖာက္ခံရတဲ့ကိစၥေတြကို ေျပာေနတာျဖစ္တယ္။ အဲလုိေျပာလုိ႕ ဖုန္းနဲ႕ျဖစ္ျဖစ္ ၿခိမ္းေျခာက္တာေတြကိုေတာ့ ႀကံဳရတယ္။ ခူးမီး(ခ်င္း) မွာက မ်ိဳးႏြယ္စုကြဲေတြရွိေသးတယ္။ အဲဒီၾကားမွာ ျပသနာေတြျဖစ္ရင္ ညွိႏွိဳင္းေပးဖုိ႕ ရည္ရြယ္ခ်က္သက္သက္နဲ႕ထူေထာင္တဲ့အဖြဲ႕အစည္းျဖစ္ပါတယ္” ဟုေျပာသည္။

ပလက္ဝၿမိဳ႕နယ္ က်ီးေလရြာတြင္ ဇန္နဝါရီလ(၁၃) ရက္ေန႔တြင္ AAတပ္ဖြဲ႔ဝင္မ်ားမွ ေဒသခံရြာသားမ်ားကို စုေခၚၿပီး AA တပ္ဖြဲ႔အေနျဖင့္ ရြာသားမ်ားကို ရုိက္ႏွက္ျခင္း မျပဳလုပ္ေတာ့မည့္ေၾကာင္းႏွင့္ ဖမ္းဆီးခဲ႔သည့္ ခ်င္းအမ်ိဳးသမီးမ်ားကိုလည္း လိင္ပိုင္း အၾကမ္းမဖက္ခဲ႔ေၾကာင္း ရွင္းျပခဲ႔ေသာ္လည္း ေဒသခံမ်ား အေနျဖင့္ လက္ရွိအခ်ိန္ထိ စုိးရိမ္ေနရဆဲ ျဖစ္ေၾကာင္းသိရသည္။