Input your search keywords and press Enter.

ချင်းပြည်နယ်တွင် နည်းစနစ်ကျကျ ဝဥ စိုက်ပျိုးပါက ၁ ဧက ပိသာချိန် ၉၀၀၀ နီးပါးထွက်နိုင်

Salai C.Lian

ချင်းပြည်နယ်အတွင်း ဝဥ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် နည်းစနစ်တကျ စိုက်ပျိုးပါက ၁ ဧကလျှင် အနည်းဆုံး ပိသာချိန်ပေါင်း ၈၀၀၀ အထက် ရရှိနိုင်ကြောင်း ဖလမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်မြို့နယ် ဦးစီးမှူး ဦး မင်းနိုင်က ပြောသည်။

ဖလမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်မြို့နယ် ဦးစီးမှူး ဦး မင်းနိုင်က “ကျွန်တော်တို့ ချင်းပြည်နယ်မှာ နည်းစနစ်ကျကျ ဝဥကို စိုက်ခဲ့ရင် တစ်ဧက ကိုပိသာချိန် ၈၇၅၀ ထိရနိုင်တယ်၊ အဲဒါကတော့ ကန်ပလက်မှာ လက်တွေ့စိုက်တဲ့သူတွေကနေ သိခဲ့ရတယ်၊ အဲဒါ ချင်းပြည်နယ်တွင်းနေရာတကာမှာရတဲ့အနေအထားဖြစ်တယ်။ လက်ရှိကျွန်တော်တို့ ချင်းပြည်နယ်မှာ စိုက်တဲ့နည်းနဲ့ဆိုရင် တစ်ဧကကို ပိသာချိန် ၅၀၀၀ ရဖို့တောင်မှ မနည်းကြိုးစားရတယ်၊ အဲဒါတောင် မသေချာဘူး ဖြစ်နေတယ်” ဟု ပြောသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ချင်းပြည်နယ်တွင်းရှိ မြို့နယ်အချို့တွင်ဒေသခံတောင်သူများအနေဖြင့် ဝဥ စနစ်တကျ စိုက်ပျိုးနိုင်ရန်နှင့် အထွက်နှုန်းတိုးနိုင်ရန် ရည်ရွယ်ပြီး သင်တန်းများ ပို့ချလျက်ရှိကြောင်းသိရသည်။

ဦးမင်းနိုင်က “ကျွန်တော်တို့ သင်တန်းအတွင်း အဓိကတော့ မျိုးကောင်း၊ မျိုးသန့်စိုက်ပျိုးတတ်ဖို့ ၊ ရေရှည်မှာ ကျွန်တော်တို့ အရည်အသွေးရှိဖို့ သင်တန်းတွေလိုက်ပို့ပေးတာရှိတယ်၊ ကျွန်တော်တို့ လက်ရှိ ချင်းပြည်နယ်အတွင်း ဝဥစိုက်ပျိုးတဲ့ပုံစံက ရှေးခေတ်ဆန်တယ်။ ဘိုးဘွားထုံးစံစိုက်တဲ့နည်းကို အခုထိလိုက်စိုက်နေတုန်းပဲ၊ ဒီလိုသာ ဆက်စိုက်နေရင်တော့ အချိန်တော်တော်ကြာသွားမယ်၊ အဲဒါကို ကျွန်တော်တို့ မလိုချင်ဘူး၊ (၃) နှစ်ကြာလောက်ကြာတဲ့ဟာကို (၂) နှစ်လောက်နဲ့ မြန်မြန်ရနိုင်တဲ့ စိုက်ပျိုးနည်းကို ကျွန်တော်တို့ သင်ပေးတယ်” ဟု ပြောသည်။

ယခုအခါ ဝဥဈေးကွက်နှင့်ပတ်သက်ပြီး ဒေသခံပိုင် အခြောက်လှမ်းစက်ရုံတည်ဆောက်မှု၊ အခြားနိုင်ငံနှင့်ဈေးကွက်ချိတ်ဆက်မှုများကို ကိုယ်ထူကိုယ်ထ ဒေသခံများမှ ဆောင်ရွက်နေပြီး အစိုးရမှ တရားဝင်နိုင်ငံတကာဈေးကွက်နှင့်ချိတ်ဆက်မှုကို အလေးပေးဆောင်ရွက်ပေးပါက ဒေသခံတောင်သူများအတွက် များစွာ အကျိုးရှိမည်ဖြစ်ကြောင်း ဝဥစိုက်ပျိုးသူတစ်ဦးက မှတ်ချက်ပြုသည်။

ဝဥစိုက်ပျိုးသူ မင်းတပ်မြို့နယ်မှ ဒေသခံတစ်ဦးက “ဝဥစိုက်ပျိုးရေးက တစ်နည်းတစ်ပုံနဲ့ အလုပ်အကိုင်ရှားပါးတဲ့ ချင်းပြည်နယ်အတွက် ဒေသခံတွေကို အထောက်အကူပြုတဲ့ အရာဖြစ်တယ်၊ အစိုးရဖက်ကလည်း အသေးစားချေးငွေတွေ ထုတ်ပေးလာတာလည်း အရမ်းကောင်းတဲ့ အစီအစဉ်ဖြစ်တယ်၊ ဈေးကွက်ကိစ္စထိ အစိုးရက ထိထိရောက်ရောက် ဆက်သွယ်တာဝန်ယူပေးတာမျိုးဆိုရင် ဝဥစိုက်တောင်သူတွေ အနေနဲ့လည်း အများကြီး အထောက်အကူဖြစ်စေမယ်” ဟု ပြောသည်။

စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ ချင်းပြည်နယ်တွင် အခြောက်ခံပြီးသား ဝဥတန်ချိန် ၅၀၀ ဝန်းကျင်နှစ်စဉ် ထွက်ရှိပြီး အဓိကအားဖြင့် တရုတ်နိုင်ငံနှင့် အခြားအိမ်နီးချင်းနိုင်ငံများသို့ ပေးပို့လက်ရှိသည်။
ဝဥကို တစ်နှစ်ဥ၊ အသီး၊ ဥခြမ်းပြီး အခြောက်ခံပြီးသည့် ဝဥ စသည်ဖြင့် ရောင်းဝယ်ကြပြီး အနည်းဆုံး ကျပ် ၅၀၀၀ မှ ၁၅၀၀၀ အထိဈေးရှိကြောင်းသိရသည်။

Zawgyi

ခ်င္းျပည္နယ္တြင္ နည္းစနစ္က်က် ၀ဥ စုိက္ပ်ဳိးပါက ၁ ဧက ပိသာခ်ိန္ ၉၀၀၀ နီးပါးထြက္နုိင္

ခ်င္းျပည္နယ္အတြင္း ၀ဥ စုိက္ပ်ဳိးေရးလုပ္ငန္း လုပ္ကုိင္သူမ်ားအေနျဖင့္ နည္းစနစ္တက် စိုက္ပ်ိဳးပါက ၁ ဧကလွ်င္ အနည္းဆုံး ပိသာခ်ိန္ေပါင္း ၈၀၀၀ အထက္ ရရွိႏုိင္ေၾကာင္း ဖလမ္းၿမိဳ႕နယ္ စုိက္ပ်ဳိးေရးဦးစီးဌာန လက္ေထာက္ၿမိဳ႕နယ္ ဦးစီးမွဴး ဦး မင္းႏုိင္က ေျပာသည္။

ဖလမ္းၿမိဳ႕နယ္ စုိက္ပ်ဳိးေရးဦးစီးဌာန လက္ေထာက္ၿမိဳ႕နယ္ ဦးစီးမွဴး ဦး မင္းႏုိင္က “ကၽြန္ေတာ္တုိ႔ ခ်င္းျပည္နယ္မွာ နည္းစနစ္က်က် ၀ဥကုိ စုိက္ခဲ့ရင္ တစ္ဧက ကုိပိသာခ်ိန္ ၈၇၅၀ ထိရႏုိင္တယ္၊ အဲဒါကေတာ့ ကန္ပလက္မွာ လက္ေတြ႕စုိက္တဲ့သူေတြကေန သိခဲ့ရတယ္၊ အဲဒါ ခ်င္းျပည္နယ္တြင္းေနရာတကာမွာရတဲ့အေနအထားျဖစ္တယ္။ လက္ရွိကၽြန္ေတာ္တုိ႔ ခ်င္းျပည္နယ္မွာ စုိက္တဲ့နည္းနဲ႔ဆုိရင္ တစ္ဧကကို ပိသာခ်ိန္ ၅၀၀၀ ရဖုိ႔ေတာင္မွ မနည္းႀကိဳးစားရတယ္၊ အဲဒါေတာင္ မေသခ်ာဘူး ျဖစ္ေနတယ္” ဟု ေျပာသည္။

စိုက္ပ်ိဳးေရးဦးစီးဌာနမွ ခ်င္းျပည္နယ္တြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ေဒသခံေတာင္သူမ်ားအေနျဖင့္ ၀ဥ စနစ္တက် စိုက္ပ်ိဳးႏုိင္ရန္ႏွင့္ အထြက္ႏွဳန္းတိုးႏုိင္ရန္ ရည္ရြယ္ၿပီး သင္တန္းမ်ား ပို႕ခ်လ်က္ရွိေၾကာင္းသိရသည္။

ဦးမင္းႏုိင္က “ကၽြန္ေတာ္တုိ႔ သင္တန္းအတြင္း အဓိကေတာ့ မ်ဳိးေကာင္း၊ မ်ဳိးသန္႔စုိက္ပ်ဳိးတတ္ဖုိ႔ ၊ ေရရွည္မွာ ကၽြန္ေတာ္တုိ႔ အရည္အေသြးရွိဖုိ႔ သင္တန္းေတြလုိက္ပုိ႔ေပးတာရွိတယ္၊ ကၽြန္ေတာ္တုိ႔ လက္ရွိ ခ်င္းျပည္နယ္အတြင္း ၀ဥစုိက္ပ်ဳိးတဲ့ပုံစံက ေရွးေခတ္ဆန္တယ္။ ဘုိးဘြားထုံးစံစုိက္တဲ့နည္းကုိ အခုထိလုိက္စုိက္ေနတုန္းပဲ၊ ဒီလုိသာ ဆက္စုိက္ေနရင္ေတာ့ အခ်ိန္ေတာ္ေတာ္ၾကာသြားမယ္၊ အဲဒါကုိ ကၽြန္ေတာ္တုိ႔ မလုိခ်င္ဘူး၊ (၃) ႏွစ္ၾကာေလာက္ၾကာတဲ့ဟာကုိ (၂) ႏွစ္ေလာက္နဲ႔ ျမန္ျမန္ရႏုိင္တဲ့ စုိက္ပ်ဳိးနည္းကုိ ကၽြန္ေတာ္တုိ႔ သင္ေပးတယ္” ဟု ေျပာသည္။

ယခုအခါ ၀ဥေစ်းကြက္ႏွင့္ပတ္သက္ၿပီး ေဒသခံပိုင္ အေျခာက္လွမ္းစက္ရံုတည္ေဆာက္မႈ၊ အျခားႏုိင္ငံႏွင့္ေစ်းကြက္ခ်ိတ္ဆက္မႈမ်ားကို ကိုယ္ထူကုိယ္ထ ေဒသခံမ်ားမွ ေဆာင္ရြက္ေနၿပီး အစိုးရမွ တရား၀င္ႏုိင္ငံတကာေစ်းကြက္ႏွင့္ခ်ိတ္ဆက္မႈကို အေလးေပးေဆာင္ရြက္ေပးပါက ေဒသခံေတာင္သူမ်ားအတြက္ မ်ားစြာ အက်ိဳးရွိမည္ျဖစ္ေၾကာင္း ၀ဥစိုက္ပ်ိဳးသူတစ္ဦးက မွတ္ခ်က္ျပဳသည္။

၀ဥစိုက္ပ်ိဳးသူ မင္းတပ္ၿမိဳ႕နယ္မွ ေဒသခံတစ္ဦးက “၀ဥစုိက္ပ်ဳိးေရးက တစ္နည္းတစ္ပုံနဲ႔ အလုပ္အကုိင္ရွားပါးတဲ့ ခ်င္းျပည္နယ္အတြက္ ေဒသခံေတြကုိ အေထာက္အကူျပဳတဲ့ အရာျဖစ္တယ္၊ အစုိးရဖက္ကလည္း အေသးစားေခ်းေငြေတြ ထုတ္ေပးလာတာလည္း အရမ္းေကာင္းတဲ့ အစီအစဥ္ျဖစ္တယ္၊ ေစ်းကြက္ကိစၥထိ အစုိးရက ထိထိေရာက္ေရာက္ ဆက္သြယ္တာ၀န္ယူေပးတာမ်ဳိးဆုိရင္ ၀ဥစုိက္ေတာင္သူေတြ အေနနဲ႔လည္း အမ်ားႀကီး အေထာက္အကူျဖစ္ေစမယ္” ဟု ေျပာသည္။

စိုက္ပ်ိဳးေရးဦးစီးဌာန၏ စာရင္းအရ ခ်င္းျပည္နယ္တြင္ အေျခာက္ခံၿပီးသား ၀ဥတန္ခ်ိန္ ၅၀၀ ၀န္းက်င္ႏွစ္စဥ္ ထြက္ရွိၿပီး အဓိကအားျဖင့္ တရုတ္ႏုိင္ငံႏွင့္ အျခားအိမ္နီးခ်င္းႏုိင္ငံမ်ားသို႕ ေပးပုိ႕လက္ရွိသည္။
၀ဥကို တစ္ႏွစ္ဥ၊ အသီး၊ ဥျခမ္းၿပီး အေျခာက္ခံၿပီးသည့္ ၀ဥ စသည္ျဖင့္ ေရာင္း၀ယ္ၾကၿပီး အနည္းဆံုး က်ပ္ ၅၀၀၀ မွ ၁၅၀၀၀ အထိေစ်းရွိေၾကာင္းသိရသည္။