Input your search keywords and press Enter.

အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုလုပ်မည့် တမူးကုန်သွယ်ရေးဇုံကို ၂၀၂၀ အတွင်းစတင်တည်ဆောက်ရန် စီစဉ်

Salai C.Lian

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံကြား အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် တမူးမြို့တွင် ကုန်သွယ်ရေးဇုံကို ၂၀၂၀ အတွင်း စတင်တည်ဆောက်နိုင်ရန် စီစဉ်လျှက်ရှိကြောင်း ညှိနှိုင်းရေးတာဝန်ခံ ချင်းတွင်းအင်စီတီးကျုမှ ဒါရိုက်တာ ကိုကျော်မိုးလှိုင်က ပြောသည်။

ချင်းတွင်းအင်စီတီးကျု ဒါရိုက်တာ ကိုကျော်မိုးလှိုင်က “၂၀၂၀ အတွင်းမှာတော့ လုပ်ငန်းစနိုင်လိမ့်မယ်၊ အခုက လုပ်ဖို့ကြိုးစားနေတယ်၊ မြေနေရာအတွက် ပြည်ထောင်စုအဆင့်ကို တင်ပြရမှာဆိုတော့ ပြည်ထောင်စုကနေ ခွင့်ပြုချက်ရသွားရင်တော့ လုပ်ငန်းစဖို့ကတော့ အဆင်သင့်ရှိပြီ၊ ဒီအတွက် ဘတ်ဂျက် ဘယ်လောက်သုံးမယ်ဆိုတာကတော့ ပြောလို့မရသေးဘူး၊ Mizzima Foundation ကကမ်းလှမ်းထားတယ်၊ သူတို့် ဘယ်လောက်ကုန်မယ် ဆိုတာတော့ ပြောလို့မရသေးဘူး၊ ပညာရှင်တွေနဲ့ ဒီဇိုင်းဆွဲမယ်ဆိုတော့ ကုန်ကျစရိတ်တော့ ရာနဲ့ချီကုန်မယ်” ဟု ပြောသည်။

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ၏ နယ်စပ်ဖြစ်သည့် တမူးမြို့ ကုန်သွယ်ရေးဇုံဝန်းတွင် ကုန်များသာမက ဟိုတယ်ဇုံများလည်းပါမည်ဖြစ်ခြင်းကြောင့် အနည်းဆုံးတည်ဆောက်မှု (၃) နှစ်ကြာမြင့်မည်ဖြစ်ကြောင်း ဦး ကျော်မိုးလှိုင်က ဆိုသည်။

ဦး ကျော်မိုးလှိုင်က “ခုဆောက်မယ့် ကုန်သွယ်ရေးဇုံထဲမှာက ဟိုတယ်ဇုံတွေပါမယ်၊ ဈေးတွေပါမယ်၊ ကုန်စခန်းတွေပါမယ်၊ မြေဧရိယာက ရှိသလောက်နဲ့လုပ်မှာဆိုတော့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလိုမယ်၊ အချိန်တော့ အနည်းဆုံး (၃) နှစ်လောက်တော့ ပေးဖို့လိုမယ်” ဟု ပြောသည်။

အဆိုပါ ကုန်သွယ်ရေးဇုံ တည်ဆောက်မှု ပြီးစီးပါက ဒေသခံများအနေဖြင့် အကျိုးအမြတ် ရရှိရန် မျှော်လင့်ချက်အများကြီးမရှိကြောင်း တမူးမြို့ဒေသခံ တစ်ဦးကပြောသည်။

တမူးမြို့ဒေသခံဖြစ်သူ အောင်သူချမ်းက “ကုန်သွယ်ရေးဇုံဆိုရင် ကုန်သည်တွေအတွက်ဆိုတော့ ကျွန်တော်မပြောတတ်ဘူးဗျ၊ ပုံမှန်ရောင်းဝယ်နေတဲ့ တစ်ခြားမြို့သူမြို့သားတွေအတွက်ဆိုရင် သိပ်မပြောပလောက်ဘူးထင်တယ်၊ ကုန်သည်တွေ အဆင်ပြေရင်တော့ တစ်ချို့တစ်ပိုင်းမှာ ကျွန်တော်တို့လည်း အဆင်ပြေမယ်၊ ဒါပေမဲ့ အဲလောက်ကြီးတော့ ဖြစ်မယ်မထင်ဘူး၊ ကိုယ့်ဒေသကထွက်တဲ့ ကုန်တွေကို ပို့နိုင်တဲ့အခြေအနေဆိုရင်တော့ ဒေသခံတွေအတွက်တော့ အလုပ်အဆင်ပြေမှာပေါ့၊ တစ်ဖက်နိုင်ငံဖက်က ကုန်တွေအတွက် တည်ဆောက်တာဆိုရင်တော့ ဒေသခံတွေအနေနဲ့ အများကြီးအကျိုးခံစားရမယ် လို့မထင်ဘူး။ ပြီးတော့ ကုန်သွယ်ရေးဇုံနဲ့ ဒေသခံတွေ အချိတ်အဆက်လုပ်ပေးဖို့လည်း လိုမယ်ထင်တယ်၊ အစိုးရအတွက်တော့ အခွန်များများရမှာပေါ့” ဟု ပြောသည်။

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးစခန်း(တမူး) ကို ၁၉၉၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ကာ နှစ်ဖက်နိုင်ငံကြား ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေပြီး၊ လက်ရှိတွင် နှစ်နိုင်ငံ၏ အဓိက ကုန်သွယ်မှုလမ်းကြောင်း တစ်ခုဖြစ်သည်။

Zawgyi

အိႏၵိယႏုိင္ငံႏွင့္ ကုန္သြယ္မႈလုပ္မည့္ တမူးကုန္သြယ္ေရးဇုံကုိ ၂၀၂၀ အတြင္းစတင္တည္ေဆာက္ရန္ စီစဥ္

အိႏၵိယႏုိင္ငံႏွင့္ ျမန္မာႏုိင္ငံၾကား အဓိက ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သည့္ တမူးၿမိဳ႕တြင္ ကုန္သြယ္ေရးဇုံကို ၂၀၂၀ အတြင္း စတင္တည္ေဆာက္ႏုိင္ရန္ စီစဥ္လ်ွက္ရွိေၾကာင္း ညွိႏွိဳင္းေရးတာ၀န္ခံ ခ်င္းတြင္းအင္စီတီးက်ဳမွ ဒါရုိက္တာ ကုိေက်ာ္မုိးလွဳိင္က ေျပာသည္။

ခ်င္းတြင္းအင္စီတီးက်ဳ ဒါရုိက္တာ ကုိေက်ာ္မုိးလွဳိင္က “၂၀၂၀ အတြင္းမွာေတာ့ လုပ္ငန္းစႏုိင္လိမ့္မယ္၊ အခုက လုပ္ဖုိ႔ႀကိဳးစားေနတယ္၊ ေျမေနရာအတြက္ ျပည္ေထာင္စုအဆင့္ကုိ တင္ျပရမွာဆုိေတာ့ ျပည္ေထာင္စုကေန ခြင့္ျပဳခ်က္ရသြားရင္ေတာ့ လုပ္ငန္းစဖုိ႔ကေတာ့ အဆင္သင့္ရွိၿပီ၊ ဒီအတြက္ ဘတ္ဂ်က္ ဘယ္ေလာက္သုံးမယ္ဆုိတာကေတာ့ ေျပာလုိ႔မရေသးဘူး၊ Mizzima Foundation ကကမ္းလွမ္းထားတယ္၊ သူတုိ႔္ ဘယ္ေလာက္ကုန္မယ္ ဆုိတာေတာ့ ေျပာလုိ႔မရေသးဘူး၊ ပညာရွင္ေတြနဲ႔ ဒီဇုိင္းဆြဲမယ္ဆုိေတာ့ ကုန္က်စရိတ္ေတာ့ ရာနဲ႔ခ်ီကုန္မယ္” ဟု ေျပာသည္။

အိႏၵိယႏုိင္ငံႏွင့္ ျမန္မာႏုိင္ငံ၏ နယ္စပ္ျဖစ္သည္႔ တမူးၿမိဳ႕ ကုန္သြယ္ေရးဇုံ၀န္းတြင္ ကုန္မ်ားသာမက ဟုိတယ္ဇုံမ်ားလည္းပါမည္ျဖစ္ျခင္းေၾကာင့္ အနည္းဆုံးတည္ေဆာက္မႈ (၃) ႏွစ္ၾကာျမင့္မည္ျဖစ္ေၾကာင္း ဦး ေက်ာ္မုိးလွဳိင္က ဆုိသည္။

ဦး ေက်ာ္မုိးလွဳိင္က “ခုေဆာက္မယ္႔ ကုန္သြယ္ေရးဇုံထဲမွာက ဟုိတယ္ဇုံေတြပါမယ္၊ ေစ်းေတြပါမယ္၊ ကုန္စခန္းေတြပါမယ္၊ ေျမဧရိယာက ရွိသေလာက္နဲ႔လုပ္မွာဆုိေတာ့ ရင္းႏွီးျမွဳပ္ႏွံမွုေတြ အမ်ားႀကီးလုိမယ္၊ အခ်ိန္ေတာ့ အနည္းဆုံး (၃) ႏွစ္ေလာက္ေတာ့ ေပးဖုိ႔လုိမယ္” ဟု ေျပာသည္။

အဆုိပါ ကုန္သြယ္ေရးဇုံ တည္ေဆာက္မႈ ၿပီးစီးပါက ေဒသခံမ်ားအေနျဖင့္ အက်ဳိးအျမတ္ ရရွိရန္ ေမွ်ာ္လင့္ခ်က္အမ်ားႀကီးမရွိေၾကာင္း တမူးၿမိဳ႕ေဒသခံ တစ္ဦးကေျပာသည္။

တမူးၿမိဳ႕ေဒသခံျဖစ္သူ ေအာင္သူခ်မ္းက “ကုန္သြယ္ေရးဇံုဆုိရင္ ကုန္သည္ေတြအတြက္ဆိုေတာ့ ကၽြန္ေတာ္မေျပာတတ္ဘူးဗ်၊ ပုံမွန္ေရာင္း၀ယ္ေနတဲ့ တစ္ျခားၿမိဳ႕သူၿမိဳ႕သားေတြအတြက္ဆုိရင္ သိပ္မေျပာပေလာက္ဘူးထင္တယ္၊ ကုန္သည္ေတြ အဆင္ေျပရင္ေတာ့ တစ္ခ်ဳိ႕တစ္ပုိင္းမွာ ကၽြန္ေတာ္တုိ႔လည္း အဆင္ေျပမယ္၊ ဒါေပမဲ့ အဲေလာက္ႀကီးေတာ့ ျဖစ္မယ္မထင္ဘူး၊ ကုိယ္႔ေဒသကထြက္တဲ့ ကုန္ေတြကို ပို႕ႏုိင္တဲ့အေျခအေနဆိုရင္ေတာ့ ေဒသခံေတြအတြက္ေတာ့ အလုပ္အဆင္ေျပမွာေပါ့၊ တစ္ဖက္ႏုိင္ငံဖက္က ကုန္ေတြအတြက္ တည္ေဆာက္တာဆိုရင္ေတာ့ ေဒသခံေတြအေနနဲ႕ အမ်ားႀကီးအက်ိဳးခံစားရမယ္ လုိ႕မထင္ဘူး။ ၿပီးေတာ့ ကုန္သြယ္ေရးဇံုနဲ႔ ေဒသခံေတြ အခ်ိတ္အဆက္လုပ္ေပးဖုိ႔လည္း လုိမယ္ထင္တယ္၊ အစုိးရအတြက္ေတာ့ အခြန္မ်ားမ်ားရမွာေပါ့” ဟု ေျပာသည္။

အိႏၵိယ-ျမန္မာ ကုန္သြယ္ေရးစခန္း(တမူး) ကုိ ၁၉၉၆ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ကာ ႏွစ္ဖက္ႏုိင္ငံၾကား ကုန္သြယ္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေနၿပီး၊ လက္ရွိတြင္ ႏွစ္ႏုိင္ငံ၏ အဓိက ကုန္သြယ္မႈလမ္းေၾကာင္း တစ္ခုျဖစ္သည္။