Input your search keywords and press Enter.

ဖလမ်းမြို့ရှိ ဆူရ်ဘုန်လေယာဉ်ကွင်းကို ဇွန်လအတွင်း ဖွင့်လှစ်နိူင်ရန် လုပ်ငန်းအပြီးသတ်လျက်ရှိ

Salai C.Lian
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် တည်ဆောက်လျက်ရှိသည့် ဆူရ်ဘုန်လေယာဉ်ကွင်းကို လာမည့် ဇွန်လအတွင်း ဖွင့်လှစ်နိူင်ရန် လုပ်ငန်းများကိုအပြီးသတ်ဆောင်ရွက်လျက်ရှိကြောင်း ဖလမ်းမြို့နယ် စည်ပင်ကော်မတီ ဥက္ကဌ Pu Dar Lian Uk ကပြောသည်။

Pu Dar Lian Uk က “ခုဆောက်လုပ်နေတဲ့ ဂါလံ ၂၀၀၀၀ ဆန့်ရေကန် ကတော့ အမြန်ဆုံး ကျွန်တော်တို့ ပြီးချင်တယ်၊ လုပ်ငန်းလည်း ကျွန်တော်တို့ စတင်နေပါပြီ၊ ဒီအတွက် ရေတင်စက်တွေလည်း ကျွန်တော်တို့ အကုန်လုံးမှာပြီးပြီ၊ ကျွန်တော်တို့ သိန်း ၃၀၀ လောက်ကုန်မယ်၊ ဖြစ်နိူင်ရင် ဒီလအတွင်း ပြီးချင်တယ်၊ ပေ ၃၀၀ လောက်အမြင့်ကနေ ပေ ၂၀၀၀ လောက်ဝေးတဲ့နေရာကို ကျွန်တော်တို့ ရေတင်မယ်၊ ဒါပြီးရင်တော့ ဆူရ်ဘုန်လေယာဉ်ကွင်းအတွက် ရေလုံလုံလောက် ရမယ်” ဟုပြောသည်။

ဆူရ်ဘုန် လေယာဉ်ကွင်းတည်ဆောက်မှုလုပ်ငန်းကာလအတွင်း ရာသီဥတုမဖောက်ပြန်ပါက မေလအတွင်း အပြီးသတ်တည်ဆောက်မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေး ဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦး စိုးထက်ကဆိုသည်။
စည်ပင် ဝန်ကြီး ဦးစိုးထက်က “ဆူရ်ဘုန် လေယာဉ်ကွင်းက မေလမှာ အပြီးသတ်ဖို့စလုပ်နေတယ်၊ ကျွန်တော်တို့ ဇွန်လမှာ ဖွင့်မယ်၊ ဟိုတလောက ဝန်ကြီး ဦးသန့်စင်မောင် လာပြီး စစ်ဆေးပြီးပြီ၊ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ငွေလည်းရှိတယ်၊ လူလည်းရှိတယ်၊ စက်လည်းရှိတယ်၊ ရာသီဥတုသာ မဖောတ်ပြန်ရင်ပေါ့၊ မိုးရွာတာတို့ရှိရင် ဘိလပ်မြေလောင်းတာတို့ အခက်ခဲဖြစ်သွားနိုင်တယ်၊ မိုးလည်းမရွာတော့ဘူးဆိုတော့ ဒီအတိုင်းဆိုရင် ကျွန်တော်တို့ ပြီးတယ်” ဟု ဆိုသည်။

လက်ရှိ ဆူရ်ဘုန် လေယာဉ်ကွင်းအတွင်း လုပ်ငန်းခွင်အတွက် ၂ လက်မပိုက်ဖြင့် ရေပေးပို့နေပြီး ရေရှည်တွင် လုံလုံလောက်လောက် ရေ ရရှိနိူင်ရန် အခြားပိုက်လိုင်းများကိုပါ တပ်ဆင်လျက်ရှိကြောင်းသိရသည်။

ဖလမ်းမြို့နယ် စည်ပင်ကော်မတီ ဥက္ကဌ Pu Dar Lian Uk က “အခုလည်း ၂ လက်မပိုက်နဲ့ ကျွန်တော်တို့ လုပ်ပေးတာရှိတယ်၊ အခုလုပ်မယ့်ပိုက်ကတော့ ၄ လက်မပိုက်ဆိုတော့ ဘာမှစိုးရိမ်စရာမလိုတော့ဘူး၊ ပြီးတော့ ဖလမ်းမြို့တွင်းအတွက်လည်း ၆ လက်မပိုက်နဲ့ လုံလုံလောက်လောက်သုံးနိုင်အောင် controller တပ်ပြီးပို့ပေးတယ်” ဟု ပြောသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းအတွင်း လိုအပ်သည့် အဆောက်အအုံ၊ လေယာဉ်ပြေးလမ်းအတွက် လိုအပ်သည့် ကုန်ကျစရိတ် ကျပ်ငွေသန်းပေါင်း ၃၇ သန်းရာထားပြီး၊ လက်ရှိအခြေအနေတွင် တည်ဆောက်မှု ၇၅ ရာခိုင်နူန်း ပြီးစီးပြီ ဖြစ်သည်။

ထို့ပြင် လေယာဉ်ပြေးလမ်း အရှည်ပေ ၆၀၀၀၊ အကျယ် ပေ ၁၀၀၀ ဖြင့်တည်ဆောက်ပြီး ဆောက်လုပ်မှုပြီးစီးပါက ART-72 အမျိုးအစားဆင်းနိူင်မည်ဖြစ်ကာ မြန်မာနိူင်ငံတွင် ၆၉ ခု မြောက်လေယာဉ်ကွင်း ဖြစ်လာမည် ဖြစ်သည်။

Zawgyi

ဖလမ္းၿမိဳ႕ရွိ ဆူရ္ဘုန္ေလယာဥ္ကြင္းကို ဇြန္လအတြင္း ဖြင့္လွစ္ႏူိင္ရန္ လုပ္ငန္းအၿပီးသတ္လ်က္ရွိ

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕တြင္ တည္ေဆာက္လ်က္ရွိသည္႔ ဆူရ္ဘုန္ေလယာဥ္ကြင္းကို လာမည္႔ ဇြန္လအတြင္း ဖြင့္လွစ္ႏူိင္ရန္ လုပ္ငန္းမ်ားကိုအၿပီးသတ္ေဆာင္ရြက္လ်က္ရွိေၾကာင္း ဖလမ္းၿမိဳ႕နယ္ စည္ပင္ေကာ္မတီ ဥကၠဌ Pu Dar Lian Uk ကေျပာသည္။

Pu Dar Lian Uk က “ခုေဆာက္လုပ္ေနတဲ့ ဂါလံ ၂၀၀၀၀ ဆန္႕ေရကန္ ကေတာ့ အျမန္ဆုံး ကၽြန္ေတာ္တုိ႔ ၿပီးခ်င္တယ္၊ လုပ္ငန္းလည္း ကၽြန္ေတာ္တုိ႔ စတင္ေနပါၿပီ၊ ဒီအတြက္ ေရတင္စက္ေတြလည္း ကၽြန္ေတာ္တုိ႔ အကုန္လုံးမွာၿပီးၿပီ၊ ကၽြန္ေတာ္တုိ႔ သိန္း ၃၀၀ ေလာက္ကုန္မယ္၊ ျဖစ္ႏူိင္ရင္ ဒီလအတြင္း ၿပီးခ်င္တယ္၊ ေပ ၃၀၀ ေလာက္အျမင့္ကေန ေပ ၂၀၀၀ ေလာက္ေ၀းတဲ့ေနရာကုိ ကၽြန္ေတာ္တုိ႔ ေရတင္မယ္၊ ဒါၿပီးရင္ေတာ့ ဆူရ္ဘုန္ေလယာဥ္ကြင္းအတြက္ ေရလုံလုံေလာက္ ရမယ္” ဟုေျပာသည္။

ဆူရ္ဘုန္ ေလယာဥ္ကြင္းတည္ေဆာက္မႈလုပ္ငန္းကာလအတြင္း ရာသီဥတုမေဖာက္ျပန္ပါက ေမလအတြင္း အျပီးသတ္တည္ေဆာက္မည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္အစုိးရအဖြဲ႔ေျပာေရး ဆုိခြင့္ရွိသူ စည္ပင္၀န္ႀကီး ဦး စုိးထက္ကဆုိသည္။
စည္ပင္ ၀န္ႀကီး ဦးစုိးထက္က “ဆူရ္ဘုန္ ေလယာဥ္ကြင္းက ေမလမွာ အၿပီးသတ္ဖုိ႕စလုပ္ေနတယ္၊ ကၽြန္ေတာ္တုိ႔ ဇြန္လမွာ ဖြင့္မယ္၊ ဟုိတေလာက ၀န္ႀကီး ဦးသန္႔စင္ေမာင္ လာၿပီး စစ္ေဆးၿပီးၿပီ၊ ကၽြန္ေတာ္တုိ႔ အစုိးရအဖြဲ႔အေနနဲ႔ ေငြလည္းရွိတယ္၊ လူလည္းရွိတယ္၊ စက္လည္းရွိတယ္၊ ရာသီဥတုသာ မေဖာတ္ျပန္ရင္ေပါ့၊ မုိးရြာတာတုိ႔ရွိရင္ ဘိလပ္ေျမေလာင္းတာတုိ႔ အခက္ခဲျဖစ္သြားႏုိင္တယ္၊ မုိးလည္းမရြာေတာ့ဘူးဆုိေတာ့ ဒီအတုိင္းဆုိရင္ ကၽြန္ေတာ္တုိ႔ ၿပီးတယ္” ဟု ဆုိသည္။

လက္ရွိ ဆူရ္ဘုန္ ေလယာဥ္ကြင္းအတြင္း လုပ္ငန္းခြင္အတြက္ ၂ လက္မပုိက္ျဖင့္ ေရေပးပုိ႔ေနၿပီး ေရရွည္တြင္ လုံလုံေလာက္ေလာက္ ေရ ရရွိႏူိင္ရန္ အျခားပုိက္လုိင္းမ်ားကိုပါ တပ္ဆင္လ်က္ရွိေၾကာင္းသိရသည္။

ဖလမ္းၿမိဳ႕နယ္ စည္ပင္ေကာ္မတီ ဥကၠဌ Pu Dar Lian Uk က “အခုလည္း ၂ လက္မပုိက္နဲ႔ ကြ်န္ေတာ္တုိ႔ လုပ္ေပးတာရွိတယ္၊ အခုလုပ္မယ့္ပုိက္ကေတာ့ ၄ လက္မပုိက္ဆုိေတာ့ ဘာမွစုိးရိမ္စရာမလုိေတာ့ဘူး၊ ၿပီးေတာ့ ဖလမ္းၿမိဳ႕တြင္းအတြက္လည္း ၆ လက္မပုိက္နဲ႔ လုံလုံေလာက္ေလာက္သုံးႏုိင္ေအာင္ controller တပ္ၿပီးပုိ႔ေပးတယ္” ဟု ေျပာသည္။

ဆူရ္ဘုန္ေလယာဥ္ကြင္းအတြင္း လုိအပ္သည္႔ အေဆာက္အအုံ၊ ေလယာဥ္ေျပးလမ္းအတြက္ လုိအပ္သည္႔ ကုန္က်စရိတ္ က်ပ္ေငြသန္းေပါင္း ၃၇ သန္းရာထားၿပီး၊ လက္ရွိအေျခအေနတြင္ တည္ေဆာက္မႈ ၇၅ ရာခုိင္ႏူန္း ၿပီးစီးၿပီ ျဖစ္သည္။

ထုိ႔ျပင္ ေလယာဥ္ေျပးလမ္း အရွည္ေပ ၆၀၀၀၊ အက်ယ္ ေပ ၁၀၀၀ ျဖင့္တည္ေဆာက္ၿပီး ေဆာက္လုပ္မႈၿပီးစီးပါက ART-72 အမ်ဳိးအစားဆင္းႏူိင္မည္ျဖစ္ကာ ျမန္မာႏူိင္ငံတြင္ ၆၉ ခု ေျမာက္ေလယာဥ္ကြင္း ျဖစ္လာမည္ ျဖစ္သည္။