Input your search keywords and press Enter.

ကုလားတန်မြစ်ကူးတံတားတည်ဆောက်မှု AA နှောက်ယှက်မှုကြောင့် လုပ်ငန်းမပြီးစီးသဖြင့် သတ်မှတ်ကာလအတွင်း ဖွင့်လှစ်နိုင်မည်မဟုတ်

Shing Mang

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ကုလားတန်မြစ်ပေါ်တွင် တည်ဆောက်နေသည့် ကုလားတန်မြစ်ကူးတံတားအား ယခုနှစ် ချင်းအမျိုးသားနေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း ရက္ခိုင့်တပ်မတော် (AA) ၏လုပ်ငန်းနှောင်ယှက်မှုများကြောင့် အချိန်မီ လုပ်ငန်းမပြီးစီးနိုင်သဖြင့် ဖွင့်လှစ်နိုင်မည်မဟုတ်ကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်ကပြောသည်။

“ပလက်ဝတံတားကတော့ သံဘောင်တွေသယ်တဲ့နေရာမှာ AA ကနှောက်ယှက်တာတွေဖြစ်တယ်၊ နောက်ပြီးတော့ မီးရှို့လိုက်တယ်။ ပထမအကြိမ်၊ ဒုတိယအကြိမ်နှောက်ယှက်ပစ်ခတ်တယ်။ လက်နက်ကြီးနဲ့ပစ်တယ် အဲလိုမျိုးတွေကြောင့် သတ်မှတ်တဲ့ရက်ကို ပစ္စည်းအရောက်မပို့နိုင်ဘူး၊၂၀၂၀ ဖေဖော်ဝါရီ ၂၀ ဖွင့်ပွဲလုပ်မယ်၊ ချင်းအမျိုးသားနေ့မှာလုပ်ဖို့မှန်းထားပေမယ့် Targeting Out သွားပြီ”ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ကုလားတန်မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းအား သတ်မှတ်ထားသည့်အချိန်တွင် ပြီးစီးနိုင်ခြင်းမရှိသော်လည်း ယခုနှစ်အတွင်းတွင် ပြီးစီးနိုင်ရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးစိုးထက်မှ ဆက်ပြောသည်။

ပလက်ဝမြို့ ဒေသခံ ဦးကျော်အောင်မှ “ဘယ်လိုဖြစ်ဖြစ် စိတ်မကောင်းဘူးပေါ့ဗျာ၊ အစိုးရကလည်း ကြိုးစားနေတဲ့ အချိန်ကာလဖြစ်တယ်၊ လူထုတွေကလည်း စိတ်ဝင်စားနေတဲ့အရာလည်းဖြစ်တယ်၊ ဒါပေမယ့် မမျှော်လင့်ပဲနဲ့ နိင်ငံရေးပဋိပက္ခကြောင့်မှန်းတဲ့အတိုင်းဖြစ်မလာဘူး၊ စိတ်မကောင်းဘူးကလွဲလို့ဘာမှတော့မရှိတော့ဘူး၊ မပြီးနိုင်တဲ့အတွက် လမ်းပမ်းဆက်သွယ်ရေးလည်းအတွက်လည်း နှောင့်နှေးတဲ့အရာတစ်ခုဖြစ်တယ်လို့လည်းလူထုအနေနဲ့ပြောချင်ပါတယ်”ဟု ပြောသည်။

ကုလားတန်မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းတွင် အနှောက်အယှက်မရှိပဲ ပစ္စည်းများ အချိန်မီရောက်ရှိပြီး လုပ်ငန်းပုံမှန်လည်ပတ်နိုင်ပါက သတ်မှတ်ကာလတွင်ပြီးစီးနိုင်မည်ဟု ပြည်နယ်အစိုးရအဖွဲ့မှ ပြောဆိုထားသည်။

ရက္ခိုင့်တပ်မတော် (AA) မှပြောရေးဆိုခွင့်ရှိသူ ခိုင်သုခမှ ဖွံ့ဖြိုးရေးလုပ်ငန်းကို တမင်နှောက်ယှက်ခြင်းမဟုတ်ပဲ ဒေသဖွံ့ဖြိုးရေးကို မိမိတို့မှလည်း လိုလားကြောင်း ချင်းဝေါလ်သတင်းဌာနမှ မေးမြန်းရာတွင် ဖြေကြားခဲ့သည်။

ပလက်ဝမြို့ပေါ်တွင် နေထိုင်သူ အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ “ကုလာတန် မြစ်ကူးတံတား ဆောက်လုပ်တာ မပြီးနိုင်ဘူးဆိုတော့ ကျွန်တော်တို့က လမ်းပမ်းဆက်သွယ်ရေး သွားလာတာတွေရှိတယ်၊ ဥပမာ ရေလမ်းနဲ့သွားတာထက် ကုန်းလမ်းနဲ့သွားတာက ပိုမြန်တယ်၊ အခုအဆင်မပြေနိုင်တဲ့အတွက်ကြောင့် အခက်ခဲရှိတယ်၊အခုဒီတံတားသာ ပြီးသွားမယ်ဆိုရင် ကျွန်တော်တို့ ရခိုင်ပြည်နယ်ဘက်ကနေ ထွက်တာ မဟုတ်ဘဲနဲ့ မတူပီဘက်တို့ဘာတို့ ကနေသွားဖို့ပိုအဆင်ပြေလာမှာပေါ့”ဟု ပြောသည်။

ပလက်ဝမြို့နယ်အတွင်း သက်ဆိုင်ရာအာဏာပိုင်များမှ ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ခဲ့ပြီး သတ်မှတ်ရက် ကုန်ဆုံးပြီဖြစ်သော်လည်း နောက်ထပ် (၂) လထပ်မံ တိုးမြှင့်ကြောင်း ဇန်နဝါရီလ (၉) ရက်နေ့က ဆက်လက်ထုတ်ပြန်ခဲ့သည်။

Zawgyi

ကုလားတန္ျမစ္ကူးတံတားတည္ေဆာက္မႈ AA ေႏွာက္ယွက္မႈေၾကာင့္ လုပ္ငန္းမၿပီးစီးသျဖင့္ သတ္မွတ္ကာလအတြင္း ဖြင့္လွစ္ႏိုင္မည္မဟုတ္

ခ်င္းျပည္နယ္ ပလက္၀ၿမဳိ႕နယ္ရွိ ကုလားတန္ျမစ္ေပၚတြင္ တည္ေဆာက္ေနသည့္ ကုလားတန္ျမစ္ကူးတံတားအား ယခုႏွစ္ ခ်င္းအမ်ဳိးသားေန႔တြင္ ဖြင့္လွစ္ရန္ စီစဥ္ထားေသာ္လည္း ရကၡိဳင့္တပ္မေတာ္ (AA) ၏လုပ္ငန္းေႏွာင္ယွက္မႈမ်ားေၾကာင့္ အခ်ိန္မီ လုပ္ငန္းမၿပီးစီးႏိုင္သျဖင့္ ဖြင့္လွစ္ႏိုင္မည္မဟုတ္ေၾကာင္း ခ်င္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ရွိသူ ဦးစိုးထက္ကေျပာသည္။

“ပလက္ဝတံတားကေတာ့ သံေဘာင္ေတြသယ္တဲ့ေနရာမွာ AA ကေႏွာက္ယွက္တာေတြျဖစ္တယ္၊ ေနာက္ျပီးေတာ့ မီးရွဳိ႕လိုက္တယ္။ ပထမအၾကိမ္၊ ဒုတိယအၾကိမ္ေနွာက္ယွက္ပစ္ခတ္တယ္။ လက္နက္ၾကီးနဲ႔ပစ္တယ္ အဲလိုမ်ိဳးေတြေၾကာင့္ သတ္မွတ္တဲ့ရက္ကို ပစၥည္းအေရာက္မပို႔နုိင္ဘူး၊၂၀၂၀ ေဖေဖာ္ဝါရီ ၂၀ ဖြင့္ပြဲလုပ္မယ္၊ ခ်င္းအမ်ိဳးသားေန႔မွာလုပ္ဖို႔မွန္းထားေပမယ့္ Targeting Out သြားျပီ”ဟု စည္ပင္၀န္ႀကီး ဦးစိုးထက္ကေျပာသည္။

ကုလားတန္ျမစ္ကူးတံတား တည္ေဆာက္ေရးစီမံကိန္းအား သတ္မွတ္ထားသည့္အခ်ိန္တြင္ ၿပီးစီးႏိုင္ျခင္းမရွိေသာ္လည္း ယခုႏွစ္အတြင္းတြင္ ၿပီးစီးႏိုင္ရန္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ဦးစိုးထက္မွ ဆက္ေျပာသည္။

ပလက္၀ၿမိဳ႕ ေဒသခံ ဦးေက်ာ္ေအာင္မွ “ဘယ္လိုျဖစ္ျဖစ္ စိတ္မေကာင္းဘူးေပါ့ဗ်ာ၊ အစိုးရကလည္း ၾကိဳးစားေနတဲ့ အခ်ိန္ကာလျဖစ္တယ္၊ လူထုေတြကလည္း စိတ္ဝင္စားေနတဲ့အရာလည္းျဖစ္တယ္၊ ဒါေပမယ့္ မေမွ်ာ္လင့္ပဲနဲ႔ နိင္ငံေရးပဋိပကၡေၾကာင့္မွန္းတဲ့အတိုုင္းျဖစ္မလာဘူး၊ စိတ္မေကာင္းဘူးကလြဲလို႔ဘာမွေတာ့မရွိေတာ့ဘူး၊ မျပီးနိုင္တဲ့အတြက္ လမ္းပမ္းဆက္သြယ္ေရးလည္းအတြက္လည္း ေနွာင့္ေႏွးတဲ့အရာတစ္ခုျဖစ္တယ္လို႔လည္းလူထုအေနနဲ႔ေျပာခ်င္ပါတယ္”ဟု ေျပာသည္။

ကုလားတန္ျမစ္ကူးတံတား တည္ေဆာက္ေရးစီမံကိန္းတြင္ အေႏွာက္အယွက္မရွိပဲ ပစၥည္းမ်ား အခ်ိန္မီေရာက္ရွိၿပီး လုပ္ငန္းပံုမွန္လည္ပတ္ႏုိင္ပါက သတ္မွတ္ကာလတြင္ၿပီးစီးႏုိင္မည္ဟု ျပည္နယ္အစိုးရအဖြဲ႕မွ ေျပာဆိုထားသည္။

ရကၡိဳင့္တပ္မေတာ္ (AA) မွေျပာေရးဆိုခြင့္ရွိသူ ခုိင္သုခမွ ဖြံ႕ၿဖိဳးေရးလုပ္ငန္းကို တမင္ေႏွာက္ယွက္ျခင္းမဟုတ္ပဲ ေဒသဖြံ႕ၿဖိဳးေရးကို မိမိတို႕မွလည္း လုိလားေၾကာင္း ခ်င္းေ၀ါလ္သတင္းဌာနမွ ေမးျမန္းရာတြင္ ေျဖၾကားခဲ့သည္။

ပလက္၀ၿမိဳ႕ေပၚတြင္ ေနထုိင္သူ အမည္မေဖာ္လုိသူ ေဒသခံတစ္ဦးမွ “ကုလာတန္ ျမစ္ကူးတံတား ေဆာက္လုပ္တာ မျပီးနိုင္ဘူးဆိုေတာ့ ကၽြန္ေတာ္တုိ႔က လမ္းပမ္းဆက္သြယ္ေရး သြားလာတာေတြရွိတယ္၊ ဥပမာ ေရလမ္းနဲ႔သြားတာထက္ ကုန္းလမ္းနဲ႔သြားတာက ပိုျမန္တယ္၊ အခုအဆင္မေျပနိုင္တဲ့အတြက္ေၾကာင့္ အခက္ခဲရွိတယ္၊အခုဒီတံတားသာ ျပီးသြားမယ္ဆိုရင္ ကၽြန္ေတာ္တို႔ ရခိုင္ျပည္နယ္ဘက္ကေန ထြက္တာ မဟုတ္ဘဲနဲ႔ မတူပီဘက္တို႔ဘာတို႔ ကေနသြားဖို႔ပိုအဆင္ေျပလာမွာေပါ့”ဟု ေျပာသည္။

ပလက္၀ၿမိဳ႕နယ္အတြင္း သက္ဆုိင္ရာအာဏာပိုင္မ်ားမွ ညမထြက္ရအမိန္႕ကိုလည္း ထုတ္ျပန္ခဲ့ၿပီး သတ္မွတ္ရက္ ကုန္ဆံုးၿပီျဖစ္ေသာ္လည္း ေနာက္ထပ္ (၂) လထပ္မံ တိုးျမွင့္ေၾကာင္း ဇန္န၀ါရီလ (၉) ရက္ေန႕က ဆက္လက္ထုတ္ျပန္ခဲ့သည္။

Photo; Khumi Media Group