Input your search keywords and press Enter.

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း

Lian Tuang

တစ်နိုင်ငံလုံးက စိတ်ဝင်တစားစောင့်ကြည့်နေသော MYANMAR IDOL 2019 ပြိုင်ပွဲကြီးတွင် ဟားခါးသူလေး Esther မှ Winner ဆွတ်ခူးခဲ့သဖြင့် မိမိတို့အားလုံး အတိုင်းမသိဝမ်းသာဂုဏ်ယူမဆုံးဖြစ်ရပါသည်။

အောင်ပွဲများထွေးပိုက်လာသည့် အက်စတာ၏ အိမ်အပြန်ခရီးတွင် သူမ ဖြတ်သန်းရာ လမ်းခရီးတစ်လျှောက်လုံး ကြိုဆိုနှုတ်ဆက်ကြသည့်အပြင် မြို့တော်ဟားခါးတွင် ဂုုုဏ်ပြုပွဲများ တခမ်းတနားပြုလုပ်ကြသည်မှာ အင်မတန်မှ ကြည်နူးစရာကောင်းလှပါသည်။

ပြည်သူနှင့်အတူ အများပြည်သူ၏ ပျော်ရွှင်ကြည်နူးမှုကို အသိအမှတ်ပြုသောအားဖြင့် သော်လည်းကောင်း မိမိတို့ကိုယ်တိုင် ဂီတ အနုပညာကိုတန်ဖိုးထားသောအားဖြင့်သော်လည်းကောင်း ပြည်နယ်အစိုးရအနေဖြင့်လည်း ဂုဏ်ပြုပွဲအခမ်းအနားများ သီးသန့်စီစဉ်လျက် ဆုတော်ငွေများစွာလည်းချီးမြှင့်ခဲ့ကြသည်။

ပြည်သူလူထုနှင့် အချိန်အတော်ကြာ အနေဝေးခဲ့သည့် ပြည်နယ်အစိုးရသည် MMID ကိစ္စတွင်မူ ပြည်သူနှင့်အတူ အနီးကပ်ရပ်တည်ပေးနိုင်ခဲ့သဖြင့် အံ့သြစရာ ဝမ်းသာစရာပီတိဖြာမိ်ပါသည်။

ပြည်နယ်အစိုးရအနေဖြင့် ပြည်သူနဲ့အနေဝေးကာ အများပြည်သူ၏ဆန္ဒသဘောထားကို အလေးမထားနိုင်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
လောလောလတ်လတ်အနေဖြင့် ယခင် လဆန်း ၁ ရက်နေ့ ( ၁ ဒီဇင်ဘာ ၂၀၁၉ ) တွင် တီးတိန်မြို့ ၌ ပြုလုပ်သော လူထုဆန္ဒ ဖော်ထုတ်ပွဲကြီးသည် သာဓကတစ်ခုပင်ဖြစ်ပါသည်။

ပုံပြင်မဟုတ်သော အဖြစ်အပျက်

ဆန္ဒ ဖော်ထုတ်ရသည့် အကြောင်းအရာကတော့ ချင်းပြည်နယ် နယ်စွန်နယ်ဖြား တစ်နေရာတွင် တာဝန်ထမ်းဆောင်ရင်း တရားမဝင် ဝင်ရောက်နေထိုင်သော နိုင်ငံခြားသားတစ်ဦး၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကိုခံခဲ့ရသည့် စေတနာရှင် ကျောင်းဆရာမလေး အတွက် တရားမျှတမှုကိုဖော်ဆောင်ပေးရန်နှင့် ပြည်နယ်အစိုးရအနေဖြင့် တာဝန်ယူမှုမရှိသည့်အပြင် အကြိမ်ကြိမ် အသရေဖျက်စော်ကားခဲ့သဖြင့် ပြန်လည်တောင်းပန်ရန်နှင့် မိမိတို့၏တာဝန်နှင့် ဝတ္တရားရှိသည်များကို အမြန်ဆုံးကျေပွန်စွာဆောင်ရွက်ပေးရန် စသည့်အချက်များပါဝင်သော တောင်းဆိုချက်များကို တောင်းဆိုခဲ့ကြပါသည်။

၎င်းဆန္ဒဖော်ထုတ်ပွဲသို့ ရန်ကုန်၊ ကလေး၊ တမူးမြို့များအပြင် ကျေးရွာပေါင်း ၅၀ ကျော်မှ ဆရာမကြောင့် ပူဆွေးသောကရောက်သူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

အခြေအနေကတွန်းပို့ခြင်း

ဆရာမ အသတ်ခံရသည့်နေ့မှစ၍ ၁၀ ရက်ကျော်ကြာသည့်အထိ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်အရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း၊ တစ်စုံတစ်ခုဖြင့် ကိုယ်ရောင်မပြသည့်အပြင် ဝမ်းနည်းကြောင်းသဝဏ်လွှာပင် မထုတ်ပြန်နိုင်ခဲ့သဖြင့် ဤရာဇဝတ်မှုကြောင့် ဝမ်းနည်းကြေကွဲနေကြသော ပြည်သူများမှာ အနာပေါ်တုတ်ကျသလို ဖြစ်ကာ မိမိတို့၏ ခံစားချက်နှင့် သဘောထားများကို သက်ဆိုင်ရာအစိုးရအဖွဲ့မှ ကြားနာသိရှိနိင်ရန် ငြိမ်းချမ်းစွာဖြင့် ဆန္ဒဖော်ရသည့်အထိဖြစ်လာပါသည်။

ဤကဲ့သို့အနယ်နယ်အရပ်ရပ်မှ ပြည်သူအများ ပူးပေါင်းဆန္ဒဖော်ထုတ်သည့်အကြောင်းကိုလည်း ပြည်တွင်း ပြည်ပ မီဒီယာများမှ အကျယ်တဝင့်ဖော်ပြကြရာ တစ်နိုင်ငံလုံးကို လှုပ်ခတ်ခဲ့သော သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါသည်။

ကျောက်ရုပ်ကဲ့သို့သောတုံ့ပြန်မှု

မိမိ၏လက်အောင်ငယ်သား ဝန်ထမ်း တစ်ယောက် ရက်ရက်စက်စက် အသတ်ခံရသည့် ဖြစ်စဉ်ကြီးတွင် ပြည်နယ်အစိုးရအနေဖြင့်တာဝန်သိသိ၊ တာဝန်ယူမှုရှိရှိ နိုးကြားတက်ကြွစွာဖြင့် ဦးဆောင်လှုပ်ရှားမှုများပြုလုပ်လိမ့်မည်ဟု အားကိုးတကြီးမျှော်လင့်နေကြသော်လည်း တကယ့်မြေပြင်ပကတိ အခြေအနေတွင် ထိုကဲ့သို့မဟုတ်ပဲ ယင်းဖြစ်စဉ်ကြီးတွင် အစိုးရမှ ပူးပေါင်းပါဝင်ပေးရန် ပြည်သူလူထုမှ နည်းလမ်းမျိုးစုံဖြင့် ချော့မော့ဆွဲခေါ်ရသည့် ပြောင်းပြန်သဘောဖြစ်သွားသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။

ဤကဲ့သို့ လူထုအားဖြင့် အစိုးရအား လှုပ်နိုး ချော့မော့ခေါ်ဆောင်ကြသော်လည်း နည်းနည်းလေးမှထူးခြားမလာနိုင်သဖြင့် ရန်ကုန်မြို့တော်ကြီးသို့ တစ်ဆင့်တိုး သတင်းစာရှင်းလင်းပွဲများပြုလုပ်ခဲ့ကြရသည်။

ဤကဲ့သို့ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားလုပ်ဆောင်ကြသော်လည်း ပြည်နယ်အစိုးရ အဖွဲ့မှာ တုတ်တုတ်မျှ မလှုပ်နိုင်ပါ။ မရွှေ့နိုင်ပါ။

အကူငွေနဲ့ ဆုတော်ငွေ

သို့သော်လည်း စေတနာရှင် ဆရာမလေးကို သဂြိုလ်ပြီး ၂၅ ရက်မြောက် တစ်ခုသော တနင်္ဂနွေနေ့ မနက်ပိုင်းတွင် ပြည်နယ်အစိုးရကိုယ်စား ဝန်ကြီးတစ်ပါးမှ နာရေးသတင်းလာမေးကာ “ အစိုးရအဖွဲ့ကိုယ်စားလာရောက်ခြင်းဖြစ်ကြောင်း၊ နာရေး ကာလတွင် လာချင်သော်လည်း လုံးဝမအားသဖြင့်မလာနိုင်ကြောင်း၊ ယခုလည်းမအားတဲ့ကြားကအချိန််လုပြီးလာရောက်ခြင်းဖြစ်ကြောင်း စသည်များပြောကြားရင်း အစိုးရ၏နာရေး အကူငွေ ကျပ် နှစ်သိန်း ကိုးသောင်း ကျော်ကျော် ( ၂၉၀,၀၀၀+ )အား ပေးအပ်ပါသည်။ ဆရာမ၏မိခင်မှ အကူငွေကို လက်ခံရင်း ကျပ် သုံးသိန်း အဖြစ်မှတ်ယူပါမည်ဟုပြောကြားခဲ့ပါသည်။

အကူငွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုမျှ မှတ်ချက်မပြုလိုပါသော်လည်း Myanmar Idol Winner ကိုချီးမြင့်သော ပြည်နယ်အစိုးရ၏ဆုတော်ငွေများကိုတော့သွားမြင်ယောင်မိပါသည်။ ၁ဝသိန်း နဲ့၅သိန်း ပေါ့။

ပြဿနာအရင်းအမြစ်

တကယ်တေ့ာ ဆရာမ အသတ်ခံရသည့် ပြဿနာ အရင်းအမြစ်မှာ အိမ်တွင်းအကြမ်းဖက်မှု တစ််ခုမှစတင်ခဲ့သည်ဟုဆိုရပါမည်။
မိထွေးနှင့် အတူနေခဲ့ရပြီး ဖခင်၏ရက်ရှည်လများ အကြမး်ဖက် နှိပ်စက်မှုဒဏ်ကို မခံနိုင်တော့သည့်အဆုံး ဘဝကိုအရှုးံပေးကာ ခြေဦးတည့်ရာထွက်ပြေးနေသော ၁၆နှစ် အရွယ် ကောင်မလေး တစ်ယောက်၊ တောထဲ တောင်ထဲတွင် တစ်ယောက်တည်း ငတ်ပြတ်သေဆုံးမည့် အခြေအနေကို မကြည့်ရက်နိုင်လို့ တစ်ရွာသားချင်းများ အလယ်တန်းကျောင်း တက်ရောက်ရာ ခိုင်ကမ်းမြို့သို့သွားရောက်လိုပါက သွားရောက်နိင်ကြောင်း ဆရာမ၏ အကြံပြုချက်ကို လက်ခံကာ ခိုင်ကမ်းမြို့ ဆရာမ မိခင်အိမ်သို့ သွားရောက်ခိုုလှုံရာမှ ပြဿနာ စတင်သည်ဟုဆိုနိုင်ပါသည်။

ကောင်မလေး ထွက်ပြေးပြီး နောက်ပိုင်း ( ဆရာမ အသတ်ခံရသည်အထိ) ပြဿနာထွေထွေထူးထူးဘာမှမရှိသော်လည်း သူ့သမီး သတ်ခွင့်မရရင် သမီးကိုကာကွယ်ပေးနေတဲ့ ဆရာမကိုသတ်မည်ဖြစ်ကြောင်း ရာဇဝတ်သမားက မကြာခဏပြောဆိုနေသည်ဟု ရွာခံများမှပြန်ပြောကြပါသည်။

ရာဇဝတ်သားသည် မညီညာသည့်နံရံများကြားမှ အဆက်မပြတ်ဝင်ရောက်လာသော ဆောင်းနှင်းလေအေးများကို ကာကွယ်နိုင်ရန် ပလပ်စတစ် အကြည်များဖြင့် ထက်ပူးကာရံထားသော ဆရာမအိမ်ယာထဲသို့ တံခါးကို ကန်ပြီး အထဲသို့အတင်းဝင်ရောက်ကာ အိမ်လွမ်းစိတ်ဖြင့်နားနေ အိပ်စက်နေသော ဆရာမအား သေနတ်ဖြင့် ရက်ရက်စက်စက်ပစ်သတ်လိုက်သည်။ ထို့နောက် အိမ်ပြင်ထွက်လာကာ “နင်တို့ဆရာမကိုငါပစ်သတ်လိုက်ပြီ၊ ဆေးရုံပို့ကြဟေ့” ဆိုပြီးအော်ဟစ်သွားသေးသည်ဟု ကျောင်းအုပ်ကြီးမှ ပြောကြပါသည်။

သူတို့ခိုလှုံရာ ဆရာမသည် မိမိတာဝန်ကျရာ အိမ်ခြေ ၁၀ သာ ရှိသည့်အရပ်တွင် တာဝန်သိသိ၊ ဇွဲရှိရှိ၊ စေတနာရှိရှိ၊ သစ္စာရှိရှိ တာဝန်ထမ်းဆောင်သည့်အပြင် ပြောင်းရွှေ့နိုင်ရန် အခွင့်အရေးရနေသော်လည်း ကျောင်းသားများ၏ပညာရေးကို အထိခိုက်မခံစေချင်သောဆန္ဒဖြင့် အပြောင်းအရွှေ့ကို ဦးစားပေးမလုပ်ဆောင်ခဲ့ပါ။

ထို့ပြင်မူလတန်းပြီးမြောက်သောသားတပည့်များ ကျောင်းမထွက်ပဲ ပညာရေးကိုမဖြစ်မနေဆက်လက်သင်ယူနိုင်ရန် မိခင်ရှိရာခိုင်ကမ်းမြို့သို့ ပို့ဆောင်ခဲ့သည်မှာလည်း ၂ နှစ်တိုင်တိုင် ရှိခဲ့ပြီဖြစ်သည်။

၁ နှစ်လျင် နှစ်ယောက်နှုန်းဖြစ်သဖြင့် အလယ်တန်းကျောင်းသား ၄ ယောက်ကို စေတနာကို အရင်းခံလျက် မရှိ ရှိသည့်ကြားက ဆရာမမိခင်ကြီးမှ မိမိသားသမီးအရင်းကဲ့သို့ကြည့်ရှုစောင့်ရှောက်ခဲ့ပါသည်။

ထို့ပြင် ဖခင်၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှု အလုံးစုံကိုခံစားကာ ဘဝတစ်ခုလုံးကို လက်မြှောက်အရှုံးပေးနေသော ၁၆ နှစ် ကောင်မလေးအတွက် နွေးထွေးမှု လုံခြုံမှုကိုပေးစွမ်းနိုင်သည်မှာလည်း ဆရာမ၏မိခင် မုဆိုးမ၏ရင်ခွင်နှင့် တဲအိမ်လေးပင်ဖြစ်လာပါတော့သည်။

ကံကြမ္မာအလှည့်အပြောင်း

ကျောင်းသားတွေကတော့ ဆရာမ စီစဉ်ပေးထားသည့်အတိုင်း အတန်းပညာကို ပျော်ရွှင်စွာ သင်ယူနေကြပါသည်။ ကောင်မလေး ကလည်း ဘဝကိုအသစ်ကပြန်စကာ လောကဒဏ်ကို သတ္တိရှိရှိ ပျော်ပျော်ရွှင်ရွင် ရင်ဆိုင်ဖြတ်သန်းနိုင််ခဲ့ပါပြီ။

သို့သော်လည်း ဆရာမလေးကတော့ အသက်တစ်ချောင်းပေးဆပ်လိုက်ရပါပြီ။ ဥပဒေ၏အကာအကွယ်ပြုမှု၊ ပတ်ဝန်းကျင်၏အကာအကွယ်ပြုမှုကို လိုအပ်သော ကောင်မလေးတစ်ယောက်ကို ဆရာမလေးတစ်ယောက်တည်းက နွေးထွေးလုံခြုံစွာကာကွယ်ပေးနိုင်သော်လည်း သူ့အသက်အန္တရယ်ကိုမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကာကွယ်မပေးနိုင်ခဲ့ပါ။

အသက်မဲ့နေသောသူ့ကိုကာကွယ်ဖေးမမှု မရှိသည့်အပြင် အသရေဖျက်စော်ကားကာ ရာဇဝတ်သားအတွက် ရှေ့နေလိုက်ပေးသည့် လူပုဂ္ဂိုလ်နှင့် အစိုးရအကြီးအကဲများပင်ရှိနေခဲ့သဖြင့် ဝမ်းနည်းစိတ်ပျက်မှုများကို ပီပြင်စွာပုံဖော်ပေးနိုင်မည့် စကားလုံးပင်ရှာရခက်နေပါသည်။

အရဲစွန့်နှိုင်းယှဉ်ခြင်း

နှိုင်းယှဉ်ရန် မည်သို့မျှ မသင့်တော်မှန်းသိနေသော်လည်း အရဲစွန့်ပြီးနှိုန်းယှဉ်ရရင် ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် လွှတ်တော်ဥက္ကဌအပါအဝင်၊ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ တက်ရောက်ချီးမြှင့်သည့် MMID Winner ညီမလေး Esther ဂုဏ်ပြုပွဲကြီးအား တခမ်းတနားပြုလုပ်ပြီး မြင်နေရသူအားလုံးမှ မုဒိတာပွားပီတိဖြာခဲ့ရသကဲ့သို့ နာသုံးနာနှင့် ပြည့်စုံသောနိုင်င့ံသားကောင်းရတနာ ဆရာမလေး၊ အကာအကွယ်မဲ့သူကို အကာအကွယ်ပေးနိုင်သော ဆရာမ၊ ဘဝအရှုးံပေးသူကို ကယ်တင်ခဲ့သော ဆရာမ၊ ခက်ခဲ ဆင်းရဲသူများ၏ ခိုလှုံအားကိုးရာ ဆရာမ၊ ပေးအပ်သော တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်ခဲ့သော ဆရာမ၊ ဖခင်မရှိသော်လည်း မိခင်နှင့် မောင်နှမများကို ပြုစုစောင့်ရှောက်နေသော ဆရာမ၊ ထိုသို့သော သစ္စာ၊ သတ္တိ၊ သမာဓိပြည့်စုံမှုကြောင့်ပင် သေပွဲဝင်ခဲ့သော ဆရာမလေး အတွက် အပေါ်ယံမျှပင်ဖြစ်သော်လည်း လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ အသိအမှတ်ပြုသော အစီစဉ်လေး တစ်ခုလောက်တော့မြင်ချင်မိတာတေ့ာ ဝန်ခံရပါစေ။

ထိုက်တန်သော အစိုးရ

အစိုးရတစ်ရပ်အနေဖြင့် မိမိတို့၏ပြည်သူပြည်သားအားလုံးကို ကျောသားရင်းသားမခွဲခြားပဲ ညီတူညီမျှ ပြုစုပျိုးထောင်ပေးရန်၊ ကြည့်ရှုစောင့်ရှောက်ရန်၊ ခက်ခဲအားနည်းသူကိုကူညီဖေးမရန်၊ ချီးကျူးဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရန် တာဝန်ရှိပါသည်။
သို့သော်လည်း ဒီအဖြစ်အပျက် နှစ်ခုအပေါ်သေချာသုံးသပ်မည် ဆိုပါက အစိုးရ၏သဘောထားနှင့် အခြေအနေအား အတိုင်းအတာတစ်ခုထိသုံးသပ်လို့ရနေသလိုဖြစ်နေပါသည်။သို့သော် မိမိတို့ကိုယ်တိုင် ရွေးချယ်တင်မြောက်သော အစိုးရဖြစ်နေသဖြင့် မည့်သို့မျှ မှတ်ချက်မပြုလိုပါ။ နောက်ဆုံး ချီးကျူးဂုဏ်ပြုထိုက်သူ အားလုံးကို အမှန်တကယ်ချီးကျူးဂုဏ်ပြုစေလိုသည့် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ရေးသားတင်ပြတင်ခြင်းသာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှရည်ညွန်းပြောဆိုခြင်းမဟုတ်ပါကြောင်းရိုးသားစွာတင်ပြပါရစေ ခင်ဗျာ။

လျန်းတွောင် ၀၉၄၀၀၅၁၁၇၅၇

Zawgyi Version

ဂုဏ္ျပဳထိုက္သူကို ဂုဏ္ျပဳျခင္း

တစ္ႏုိင္ငံလုံးက စိတ္၀င္တစားေစာင့္ၾကည့္ေနေသာ MYANMAR IDOL 2019 ၿပိဳင္ပြဲႀကီးတြင္ ဟားခါးသူေလး Esther မွ Winner ဆြတ္ခူးခ့ဲသျဖင့္ မိမိတို႔အားလုံး အတိုင္းမသိ၀မ္းသာဂုဏ္ယူမဆုံးျဖစ္ရပါသည္။

ေအာင္ပြဲမ်ားေထြးပိုက္လာသည့္ အက္စတာ၏ အိမ္အျပန္ခရီးတြင္ သူမ ျဖတ္သန္းရာ လမ္းခရီးတစ္ေလွ်ာက္လုံး ႀကိဳဆိုႏႈတ္ဆက္ၾကသည့္အျပင္ ၿမိဳ႕ေတာ္ဟားခါးတြင္ ဂုုုဏ္ျပဳပြဲမ်ား တခမ္းတနားျပဳလုပ္ၾကသည္မွာ အင္မတန္မွ ၾကည္ႏူးစရာေကာင္းလွပါသည္။

ျပည္သူႏွင့္အတူ အမ်ားျပည္သူ၏ ေပ်ာ္ရႊင္ၾကည္ႏူးမႈကို အသိအမွတ္ျပဳေသာအားျဖင့္ ေသာ္လည္းေကာင္း မိမိတုိ႔ကိုယ္တိုင္ ဂီတ အႏုပညာကိုတန္ဖိုးထားေသာအားျဖင့္ေသာ္လည္းေကာင္း ျပည္နယ္အစိုးရအေနျဖင့္လည္း ဂုဏ္ျပဳပြဲအခမ္းအနားမ်ား သီးသန္႔စီစဥ္လ်က္ ဆုေတာ္ေငြမ်ားစြာလည္းခ်ီးျမႇင့္ခဲ့ၾကသည္။

ျပည္သူလူထုႏွင့္ အခ်ိန္အေတာ္ၾကာ အေနေ၀းခဲ့သည့္ ျပည္နယ္အစိုးရသည္ MMID ကိစၥတြင္မူ ျပည္သူႏွင့္အတူ အနီးကပ္ရပ္တည္ေပးႏိုင္ခဲ့သျဖင့္ အံ့ၾသစရာ ၀မ္းသာစရာပီတိျဖာမိ္ပါသည္။

ျပည္နယ္အစိုးရအေနျဖင့္ ျပည္သူန႔ဲအေနေဝးကာ အမ်ားျပည္သူ၏ဆႏၵသေဘာထားကို အေလးမထားႏိုင္ခ့ဲသည္မွာ ၾကာျမင့္ခဲ့ၿပီျဖစ္သည္။
ေလာေလာလတ္လတ္အေနျဖင့္ ယခင္ လဆန္း ၁ ရက္ေန႔ ( ၁ ဒီဇင္ဘာ ၂၀၁၉ ) တြင္ တီးတိန္ျမိဳ႔ ၌ ျပဳလုပ္ေသာ လူထုဆႏၵ ေဖာ္ထုတ္ပြဲႀကီးသည္ သာဓကတစ္ခုပင္ျဖစ္ပါသည္။

ပုံျပင္မဟုတ္ေသာ အျဖစ္အပ်က္

ဆႏၵ ေဖာ္ထုတ္ရသည့္ အေၾကာင္းအရာကေတာ့ ခ်င္းျပည္နယ္ နယ္စြန္နယ္ျဖား တစ္ေနရာတြင္ တာ၀န္ထမ္းေဆာင္ရင္း တရားမ၀င္ ၀င္ေရာက္ေနထိုင္ေသာ ႏုိင္ငံျခားသားတစ္ဦး၏ ရက္ရက္စက္စက္ သတ္ျဖတ္ျခင္းကိုခံခ့ဲရသည့္ ေစတနာရွင္ ေက်ာင္းဆရာမေလး အတြက္ တရားမွ်တမႈကိုေဖာ္ေဆာင္ေပးရန္ႏွင့္ ျပည္နယ္အစိုးရအေနျဖင့္ တာ၀န္ယူမႈမရွိသည့္အျပင္ အႀကိမ္ႀကိမ္ အသေရဖ်က္ေစာ္ကားခ့ဲသျဖင့္ ျပန္လည္ေတာင္းပန္ရန္ႏွင့္ မိမိတို႔၏တာ၀န္ႏွင့္ ၀တၱရားရွိသည္မ်ားကို အျမန္ဆုံးေက်ပြန္စြာေဆာင္ရြက္ေပးရန္ စသည့္အခ်က္မ်ားပါ၀င္ေသာ ေတာင္းဆိုခ်က္မ်ားကို ေတာင္းဆိုခဲ့ၾကပါသည္။

၎ဆႏၵေဖာ္ထုတ္ပြဲသို႔ ရန္ကုန္၊ ကေလး၊ တမူးၿမိဳ႔မ်ားအျပင္ ေက်းရြာေပါင္း ၅၀ ေက်ာ္မွ ဆရာမေၾကာင့္ ပူေဆြးေသာကေရာက္သူမ်ား ပူးေပါင္းပါ၀င္ခဲ့ၾကသည္။

အေျခအေနကတြန္းပို႔ျခင္း

ဆရာမ အသတ္ခံရသည့္ေန႔မွစ၍ ၁၀ ရက္ေက်ာ္ၾကာသည့္အထိ ျပည္နယ္အစိုးရအဖြဲ႔မွ တာ၀န္အရေသာ္လည္းေကာင္း၊ လူမႈေရးအရေသာ္လည္းေကာင္း၊ တစ္စုံတစ္ခုျဖင့္ ကိုယ္ေရာင္မျပသည့္အျပင္ ၀မ္းနည္းေၾကာင္းသ၀ဏ္လႊာပင္ မထုတ္ျပန္ႏိုင္ခ့ဲသျဖင့္ ဤရာဇ၀တ္မႈေၾကာင့္ ၀မ္းနည္းေၾကကြဲေနၾကေသာ ျပည္သူမ်ားမွာ အနာေပၚတုတ္က်သလို ျဖစ္ကာ မိမိတို႔၏ ခံစားခ်က္ႏွင့္ သေဘာထားမ်ားကို သက္ဆိုင္ရာအစိုးရအဖြဲ႔မွ ၾကားနာသိရွိနိင္ရန္ ၿငိမ္းခ်မ္းစြာျဖင့္ ဆႏၵေဖာ္ရသည့္အထိျဖစ္လာပါသည္။

ဤက့ဲသို႔အနယ္နယ္အရပ္ရပ္မွ ျပည္သူအမ်ား ပူးေပါင္းဆႏၵေဖာ္ထုတ္သည့္အေၾကာင္းကိုလည္း ျပည္တြင္း ျပည္ပ မီဒီယာမ်ားမွ အက်ယ္တ၀င့္ေဖာ္ျပၾကရာ တစ္ႏုိင္ငံလုံးကို လႈပ္ခတ္ခ့ဲေသာ သတင္းတစ္ပုဒ္ျဖစ္ခ့ဲပါသည္။

ေက်ာက္ရုပ္က့ဲသို႔ေသာတုံ႔ျပန္မႈ

မိမိ၏လက္ေအာင္ငယ္သား ၀န္ထမ္း တစ္ေယာက္ ရက္ရက္စက္စက္ အသတ္ခံရသည့္ ျဖစ္စဥ္ႀကီးတြင္ ျပည္နယ္အစိုးရအေနျဖင့္တာ၀န္သိသိ၊ တာ၀န္ယူမႈရွိရွိ ႏုိးၾကားတက္ၾကြစြာျဖင့္ ဦးေဆာင္လႈပ္ရွားမႈမ်ားျပဳလုပ္လိမ့္မည္ဟု အားကိုးတႀကီးေမွ်ာ္လင့္ေနၾကေသာ္လည္း တကယ့္ေျမျပင္ပကတိ အေျခအေနတြင္ ထုိက့ဲသို႔မဟုတ္ပဲ ယင္းျဖစ္စဥ္ႀကီးတြင္ အစိုးရမွ ပူးေပါင္းပါ၀င္ေပးရန္ ျပည္သူလူထုမွ နည္းလမ္းမ်ိဳးစုံျဖင့္ ေခ်ာ့ေမာ့ဆြဲေခၚရသည့္ ေျပာင္းျပန္သေဘာျဖစ္သြားသည္မွာ အားလုံးအသိပင္ျဖစ္ပါသည္။

ဤက့ဲသို႔ လူထုအားျဖင့္ အစိုးရအား လႈပ္ႏုိး ေခ်ာ့ေမာ့ေခၚေဆာင္ၾကေသာ္လည္း နည္းနည္းေလးမွထူးျခားမလာႏိုင္သျဖင့္ ရန္ကုန္ၿမိဳ႕ေတာ္ႀကီးသို႔ တစ္ဆင့္တိုး သတင္းစာရွင္းလင္းပြဲမ်ားျပဳလုပ္ခဲ့ၾကရသည္။

ဤကဲ့သို႔ နည္းလမ္းေပါင္းစုံျဖင့္ ႀကိဳးစားလုပ္ေဆာင္ၾကေသာ္လည္း ျပည္နယ္အစိုးရ အဖြဲ႔မွာ တုတ္တုတ္မွ် မလႈပ္ႏိုင္ပါ။ မေရႊ႕ႏိုင္ပါ။

အကူေငြန႔ဲ ဆုေတာ္ေငြ

သို႔ေသာ္လည္း ေစတနာရွင္ ဆရာမေလးကို သျဂိဳလ္ၿပီး ၂၅ ရက္ေျမာက္ တစ္ခုေသာ တနဂၤေႏြေန႔ မနက္ပိုင္းတြင္ ျပည္နယ္အစိုးရကိုယ္စား ၀န္ႀကီးတစ္ပါးမွ နာေရးသတင္းလာေမးကာ “ အစိုးရအဖြဲ႔ကိုယ္စားလာေရာက္ျခင္းျဖစ္ေၾကာင္း၊ နာေရး ကာလတြင္ လာခ်င္ေသာ္လည္း လုံး၀မအားသျဖင့္မလာႏိုင္ေၾကာင္း၊ ယခုလည္းမအားတ့ဲၾကားကအခ်ိန္္လုၿပီးလာေရာက္ျခင္းျဖစ္ေၾကာင္း စသည္မ်ားေျပာၾကားရင္း အစိုးရ၏နာေရး အကူေငြ က်ပ္ ႏွစ္သိန္း ကိုးေသာင္း ေက်ာ္ေက်ာ္ ( ၂၉၀,၀၀၀+ )အား ေပးအပ္ပါသည္။ ဆရာမ၏မိခင္မွ အကူေငြကို လက္ခံရင္း က်ပ္ သုံးသိန္း အျဖစ္မွတ္ယူပါမည္ဟုေျပာၾကားခ့ဲပါသည္။

အကူေငြန႔ဲပတ္သက္ၿပီး တစ္စုံတစ္ခုမွ် မွတ္ခ်က္မျပဳလိုပါေသာ္လည္း Myanmar Idol Winner ကိုခ်ီးျမင့္ေသာ ျပည္နယ္အစိုးရ၏ဆုေတာ္ေငြမ်ားကိုေတာ့သြားျမင္ေယာင္မိပါသည္။ ၁၀သိန္း နဲ႔၅သိန္း ေပါ့။

ျပႆနာအရင္းအျမစ္

တကယ္ေတ့ာ ဆရာမ အသတ္ခံရသည့္ ျပႆနာ အရင္းအျမစ္မွာ အိမ္တြင္းအၾကမ္းဖက္မႈ တစ္္ခုမွစတင္ခ့ဲသည္ဟုဆိုရပါမည္။
မိေထြးႏွင့္ အတူေနခ့ဲရၿပီး ဖခင္၏ရက္ရွည္လမ်ား အၾကမး္ဖက္ ႏွိပ္စက္မႈဒဏ္ကို မခံႏုိင္ေတာ့သည့္အဆုံး ဘ၀ကိုအရႈးံေပးကာ ေျခဦးတည့္ရာထြက္ေျပးေနေသာ ၁၆ႏွစ္ အရြယ္ ေကာင္မေလး တစ္ေယာက္၊ ေတာထဲ ေတာင္ထဲတြင္ တစ္ေယာက္တည္း ငတ္ျပတ္ေသဆုံးမည့္ အေျခအေနကို မၾကည့္ရက္ႏိုင္လို႔ တစ္ရြာသားခ်င္းမ်ား အလယ္တန္းေက်ာင္း တက္ေရာက္ရာ ခိုင္ကမ္းၿမိဳ႕သို႔သြားေရာက္လုိပါက သြားေရာက္နိင္ေၾကာင္း ဆရာမ၏ အၾကံျပဳခ်က္ကို လက္ခံကာ ခိုင္ကမ္းၿမိဳ႕ ဆရာမ မိခင္အိမ္သို႔ သြားေရာက္ခိုုလံႈရာမွ ျပႆနာ စတင္သည္ဟုဆိုႏိုင္ပါသည္။

ေကာင္မေလး ထြက္ေျပးၿပီး ေနာက္ပိုင္း ( ဆရာမ အသတ္ခံရသည္အထိ) ျပႆနာေထြေထြထူးထူးဘာမွမရွိေသာ္လည္း သူ႔သမီး သတ္ခြင့္မရရင္ သမီးကိုကာကြယ္ေပးေနတ့ဲ ဆရာမကိုသတ္မည္ျဖစ္ေၾကာင္း ရာဇ၀တ္သမားက မၾကာခဏေျပာဆိုေနသည္ဟု ရြာခံမ်ားမွျပန္ေျပာၾကပါသည္။

ရာဇ၀တ္သားသည္ မညီညာသည့္နံရံမ်ားၾကားမွ အဆက္မျပတ္၀င္ေရာက္လာေသာ ေဆာင္းႏွင္းေလေအးမ်ားကို ကာကြယ္ႏိုင္ရန္ ပလပ္စတစ္ အၾကည္မ်ားျဖင့္ ထက္ပူးကာရံထားေသာ ဆရာမအိမ္ယာထဲသို႔ တံခါးကုိ ကန္ၿပီး အထဲသို႔အတင္း၀င္ေရာက္ကာ အိမ္လြမ္းစိတ္ျဖင့္နားေန အိပ္စက္ေနေသာ ဆရာမအား ေသနတ္ျဖင့္ ရက္ရက္စက္စက္ပစ္သတ္လိုက္သည္။ ထို႔ေနာက္ အိမ္ျပင္ထြက္လာကာ “နင္တို႔ဆရာမကိုငါပစ္သတ္လိုက္ၿပီ၊ ေဆးရုံပို႔ၾကေဟ့” ဆိုၿပီးေအာ္ဟစ္သြားေသးသည္ဟု ေက်ာင္းအုပ္ႀကီးမွ ေျပာၾကပါသည္။

သူတို႔ခုိလႈံရာ ဆရာမသည္ မိမိတာ၀န္က်ရာ အိမ္ေျခ ၁၀ သာ ရွိသည့္အရပ္တြင္ တာ၀န္သိသိ၊ ဇြဲရွိရွိ၊ ေစတနာရွိရွိ၊ သစၥာ႐ွိ႐ွိ တာ၀န္ထမ္းေဆာင္သည့္အျပင္ ေျပာင္းေရႊ႕ႏိုင္ရန္ အခြင့္အေရးရေနေသာ္လည္း ေက်ာင္းသားမ်ား၏ပညာေရးကို အထိခိုက္မခံေစခ်င္ေသာဆႏၵျဖင့္ အေျပာင္းအေရႊ႕ကို ဦးစားေပးမလုပ္ေဆာင္ခဲ့ပါ။

ထို႕ျပင္မူလတန္းၿပီးေျမာက္ေသာသားတပည့္မ်ား ေက်ာင္းမထြက္ပဲ ပညာေရးကိုမျဖစ္မေနဆက္လက္သင္ယူႏိုင္ရန္ မိခင္ရွိရာခုိင္ကမ္းၿမိဳ႕သို႕ ပို႔ေဆာင္ခ႔ဲသည္မွာလည္း ၂ ႏွစ္တိုင္တိုင္ ရွိခဲ့ၿပီျဖစ္သည္။

၁ ႏွစ္လ်င္ ႏွစ္ေယာက္ႏွဳန္းျဖစ္သျဖင့္ အလယ္တန္းေက်ာင္းသား ၄ ေယာက္ကို ေစတနာကို အရင္းခံလ်က္ မရွိ ရွိသည့္ၾကားက ဆရာမမိခင္ႀကီးမွ မိမိသားသမီးအရင္းက့ဲသို႕ၾကည့္ရႈေစာင့္ေရွာက္ခ့ဲပါသည္။

ထုိ႔ျပင္ ဖခင္၏ ညွဥ္းပန္းႏွိပ္စက္မႈႏွင့္ အိမ္တြင္းအၾကမ္းဖက္မႈ အလုံးစုံကိုခံစားကာ ဘ၀တစ္ခုလုံးကို လက္ေျမွာက္အရႈံးေပးေနေသာ ၁၆ ႏွစ္ ေကာင္မေလးအတြက္ ေႏြးေထြးမႈ လုံျခဳံမႈကိုေပးစြမ္းႏိုင္သည္မွာလည္း ဆရာမ၏မိခင္ မုဆိုးမ၏ရင္ခြင္ႏွင့္ တဲအိမ္ေလးပင္ျဖစ္လာပါေတာ့သည္။

ကံၾကမၼာအလွည့္အေျပာင္း

ေက်ာင္းသားေတြကေတာ့ ဆရာမ စီစဥ္ေပးထားသည့္အတိုင္း အတန္းပညာကို ေပ်ာ္ရႊင္စြာ သင္ယူေနၾကပါသည္။ ေကာင္မေလး ကလည္း ဘ၀ကိုအသစ္ကျပန္စကာ ေလာကဒဏ္ကို သတၱိရွိရွိ ေပ်ာ္ေပ်ာ္ရႊင္ရြင္ ရင္ဆိုင္ျဖတ္သန္းႏိုင္္ခ့ဲပါၿပီ။

သို႔ေသာ္လည္း ဆရာမေလးကေတာ့ အသက္တစ္ေခ်ာင္းေပးဆပ္လိုက္ရပါၿပီ။ ဥပေဒ၏အကာအကြယ္ျပဳမႈ၊ ပတ္၀န္းက်င္၏အကာအကြယ္ျပဳမႈကို လိုအပ္ေသာ ေကာင္မေလးတစ္ေယာက္ကို ဆရာမေလးတစ္ေယာက္တည္းက ေႏြးေထြးလုံျခံဳစြာကာကြယ္ေပးႏိုင္ေသာ္လည္း သူ႔အသက္အႏၱရယ္ကိုမူ မည္သူတစ္ဦးတစ္ေယာက္ကမွ် ကာကြယ္မေပးႏိုင္ခ့ဲပါ။

အသက္မ့ဲေနေသာသူ႔ကိုကာကြယ္ေဖးမမႈ မရွိသည့္အျပင္ အသေရဖ်က္ေစာ္ကားကာ ရာဇ၀တ္သားအတြက္ ေရွ႕ေနလိုက္ေပးသည့္ လူပုဂၢိဳလ္ႏွင့္ အစိုးရအႀကီးအကဲမ်ားပင္ရွိေနခ့ဲသျဖင့္ ၀မ္းနည္းစိတ္ပ်က္မႈမ်ားကို ပီျပင္စြာပုံေဖာ္ေပးႏိုင္မည့္ စကားလုံးပင္ရွာရခက္ေနပါသည္။

အရဲစြန္႔ႏွဳိင္းယွဥ္ျခင္း

ႏွဳိင္းယွဥ္ရန္ မည္သို႔မွ် မသင့္ေတာ္မွန္းသိေနေသာ္လည္း အရဲစြန္႔ၿပီးႏွဳိန္းယွဥ္ရရင္ ျပည္နယ္အစိုးရ အစီအစဥ္ျဖင့္ လႊတ္ေတာ္ဥကၠဌအပါအ၀င္၊ ၀န္ႀကီးခ်ဳပ္ႏွင့္အစိုးရအဖြဲ႔၀င္မ်ား တက္ေရာက္ခ်ီးျမွင့္သည့္ MMID Winner ညီမေလး Esther ဂုဏ္ျပဳပြဲႀကီးအား တခမ္းတနားျပဳလုပ္ၿပီး ျမင္ေနရသူအားလုံးမွ မုဒိတာပြားပီတိျဖာခ့ဲရသက့ဲသို႔ နာသုံးနာႏွင့္ ျပည့္စုံေသာႏုိင္င့ံသားေကာင္းရတနာ ဆရာမေလး၊ အကာအကြယ္မ့ဲသူကို အကာအကြယ္ေပးႏိုင္ေသာ ဆရာမ၊ ဘ၀အရႈးံေပးသူကို ကယ္တင္ခ့ဲေသာ ဆရာမ၊ ခက္ခဲ ဆင္းရဲသူမ်ား၏ ခိုလံႈအားကိုးရာ ဆရာမ၊ ေပးအပ္ေသာ တာ၀န္မ်ားကိုေက်ပြန္စြာ ထမ္းေဆာင္ခ့ဲေသာ ဆရာမ၊ ဖခင္မရွိေသာ္လည္း မိခင္ႏွင့္ ေမာင္ႏွမမ်ားကို ျပဳစုေစာင့္ေရွာက္ေနေသာ ဆရာမ၊ ထုိသို႔ေသာ သစၥာ၊ သတၱိ၊ သမာဓိျပည့္စုံမႈေၾကာင့္ပင္ ေသပြဲ၀င္ခ့ဲေသာ ဆရာမေလး အတြက္ အေပၚယံမွ်ပင္ျဖစ္ေသာ္လည္း လႊတ္ေတာ္ဥကၠဌ၊ ၀န္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႕၀င္မ်ား အသိအမွတ္ျပဳေသာ အစီစဥ္ေလး တစ္ခုေလာက္ေတာ့ျမင္ခ်င္မိတာေတ့ာ ၀န္ခံရပါေစ။

ထိုက္တန္ေသာ အစိုးရ

အစိုးရတစ္ရပ္အေနျဖင့္ မိမိတို႔၏ျပည္သူျပည္သားအားလံုးကို ေက်ာသားရင္းသားမခြဲျခားပဲ ညီတူညီမွ် ျပဳစုပ်ိဳးေထာင္ေပးရန္၊ ၾကည့္႐ႈေစာင့္ေ႐ွာက္ရန္၊ ခက္ခဲအားနည္းသူကိုကူညီေဖးမရန္၊ ခ်ီးက်ဴးဂုဏ္ျပဳထိုက္သူကို ဂုဏ္ျပဳရန္ တာဝန္႐ွိပါသည္။
သို႔ေသာ္လည္း ဒီအျဖစ္အပ်က္ ႏွစ္ခုအေပၚေသခ်ာသုံးသပ္မည္ ဆိုပါက အစိုးရ၏သေဘာထားႏွင့္ အေျခအေနအား အတိုင္းအတာတစ္ခုထိသုံးသပ္လို႔ရေနသလိုျဖစ္ေနပါသည္။သို႔ေသာ္ မိမိတို႔ကိုယ္တိုင္ ေရြးခ်ယ္တင္ေျမာက္ေသာ အစိုးရျဖစ္ေနသျဖင့္ မည့္သို႔မွ် မွတ္ခ်က္မျပဳလိုပါ။ ေနာက္ဆုံး ခ်ီးက်ဴးဂုဏ္ျပဳထုိက္သူ အားလုံးကို အမွန္တကယ္ခ်ီးက်ဴးဂုဏ္ျပဳေစလိုသည့္ ရည္ရြယ္ခ်က္တစ္ခုတည္းျဖင့္ ေရးသားတင္ျပတင္ျခင္းသာျဖစ္ၿပီး မည္သူတစ္ဦးတစ္ေယာက္ကိုမွ်ရည္ၫြန္းေျပာဆိုျခင္းမဟုတ္ပါေၾကာင္းရိုးသားစြာတင္ျပပါရေစ ခင္ဗ်ာ။

လ်န္းေတြာင္ ၀၉၄၀၀၅၁၁၇၅၇