Input your search keywords and press Enter.

ကျပ်သိန်းသုံးထောင်ကျော်အကုန်ကျခံပြီး (၇၂)မြောက် ချင်းအမျိုးသားနေ့ ထန်တလန်မြို့တွင်ကျင်းပမည်

Shing Mang

ချင်းပြည်နယ် အစိုးရအနေဖြင့် ကျင်းပမည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဘက်ဂျက်ငွေ သိန်းသုံးထောင်ကျော် အကုန်ကျခံပြီး ထန်တလန်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်ထံမှ သိရသည်။

“သတ်မှတ်ချက်က အတည်တကျပြောဖို့ခက်တယ်၊ကုန်ကျစရိက်က သိန်းသုံးထောင်ကျော်လောက်ကုန်မယ့် အနေထားလောက်ဖြစ်တယ်၊အခုကျွန်တော်တို့ရမယ့် ဘက်ဂျက်က သိန်း ၂၈၀၀ လောက်ရှိမယ်၊ အစိုးရဘက်ဂျက်လည်း နည်းနည်းပါတယ်၊ အလှူခံတဲ့ငွေတွေလည်းပါတယ်၊Company ကရထားတဲ့ဟာတွေလည်းပါတယ် ပြည်တွင်းပြည်ပတက်နိုင်တဲ့လူတွေဆီက အလှူခံဖို့ဆက်လုပ်နေတယ်၊” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ပြောသည်။

ချင်းအမျိုးသားနေ့ကို နိုင်ငံတော်အကြိီးအကဲများ၊ ပြည်တွင်းပြည်ပဧည့်သည်များ ဖိတ်ရန်စီစဉ်ထားပြီး တည်းခိုရေး၊နေထိုင်စားသောက်ရေး၊သွားလာရေးများ အဆင်ပြေရန်အတွက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ ၊ဘာသာရေးအဖွဲ့စည်းများနှင့် ညှိနှိုင်းပြီီးလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

ထန်တလန်မြို့ မြိူ့မြို့ဖကော်မတီဝင် ဒုဥက္က Pu Lawm Bik မှ “ ကျွန်တော်တို့မြို့မှာ ကျင်းပဖို့ဆုံးဖြတ်တဲ့အချိန် သြဂုတ်လလောက်မှ ဆိုတော့ အခုပွဲကျင်းပဖို့အတွက်အခက်တွေ့နေတယ်၊သိန်း ၆၀၀ လောက် ဒီမြို့ကနေ ထုတ်ဖို့ပြောတယ်၊ မြို့ပေါ်ကနေ သိန်း ၄ဝဝလောက်ထုတ်နိုင်အောင်လုပ်မယ်၊ရွာတွေအားလုံးပေါင်းပြီး သိန်း ၂ဝဝလောက်တော့ စီစဉ်ပေးနိုင်အောင်တော့ လုပ်ထားတယ် ၊အခု ဟားခါး၊ကလေး၊မန္တလေး စတဲ့ မြို့တွေမှာရှိတဲ့ ထန်တလန်လူမျိုးတွေဆီမှာ အလှူခံဖို့လုပ်နေတယ်၊နိုင်ငံခြားဧည့်သည် အယောက် ၁၀၀ လောက်ကိုလည်း ဖိတ်ထားပြီးပါပြီ” ဟုပြောသည်။

ချင်းမျိူးသားနေ့အတွက်အားလုံးပြင်ဆင်ပြီးသားဖြစ်သည့် အတွက် ပြည်ထောင်စုနေ့ကိုလည်းထန်တလန်မှာတွင် ဆက်လုပ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဦးစိုးထက်မှ ဆက်လက်ပြီး “ကျွန်တော်တို့အခု ဘောလုံးကွင်းကိုလည်း အဆင်ပြေအောင်ဆောင်ရွက်တယ်၊လမ်းတွေလည်း ကောင်းအောင်လုပ်ထားတယ်၊ရဟတ်ယဉ်ဆင်းဖို့ ကွင်း(၂)ကွင်းပေါ့ အဲတာတွေလည်း ကျွန်တော်တို့ကြည့်ထားပြီးပြီ၊လုပ်ငန်းရဲ့ ၇၀%လောက်က အကုန်ပြီးနေပါပြီ” ဟုပြောသည်။

ချင်းအမျိုးသားနေ့ကို ယခင်က ပလက်ဝမြို့တွင်ကျင်းပရန်လျာထားသော်လည်း နယ်မြေအတွင်း တိုက်ပွဲများဖြစ်နေခြင်းကြောင့် ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့တွင် ပြောင်းရွေ့သတ်မှတ်ထားခြင်းဖြစ်သည်။

Zawgyi Version

က်ပ္သိန္းသံုးေထာင္ေက်ာ္အကုန္က်ခံျပီး (၇၂)ေျမာက္ ခ်င္းအမ်ဳိးသားေန႔ ထန္တလန္ျမိဳ႕တြင္က်င္းပမည္

ခ်င္းျပည္နယ္ အစိုးရအေနျဖင့္ က်င္းပမည့္ (၇၂)ႏွစ္ေျမာက္ ခ်င္းအမ်ိဳးသားေန႔ကို ဘက္ဂ်က္ေငြ သိန္းသံုးေထာင္ေက်ာ္ အကုန္က်ခံျပီး ထန္တလန္ျမိဳ႔တြင္ က်င္းပမည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ရွိသူ ဦးစိုးထက္ထံမွ သိရသည္။

“သတ္မွတ္ခ်က္က အတည္တက်ေျပာဖို႔ခက္တယ္၊ကုန္က်စရိက္က သိန္းသံုးေထာင္ေက်ာ္ေလာက္ကုန္မယ့္ အေနထားေလာက္ျဖစ္တယ္၊အခုကၽြန္ေတာ္တို႔ရမယ့္ ဘက္ဂ်က္က သိန္း ၂၈၀၀ ေလာက္ရွိမယ္၊ အစိုးရဘက္ဂ်က္လည္း နည္းနည္းပါတယ္၊ အလွဴခံတဲ့ေငြေတြလည္းပါတယ္၊Company ကရထားတဲ့ဟာေတြလည္းပါတယ္ ျပည္တြင္းျပည္ပတက္ႏိုင္တဲ့လူေတြဆီက အလွဴခံဖို႔ဆက္လုပ္ေနတယ္” ဟု စည္ပင္ဝန္ၾကီး ဦးစိုးထက္မွ ေျပာသည္။

ခ်င္းအမ်ိဳးသားေန႔ကို နိုင္ငံေတာ္အၾကိီးအကဲမ်ား၊ ျပည္တြင္းျပည္ပဧည့္သည္မ်ား ဖိတ္ရန္စီစဥ္ထားျပီး တည္းခိုေရး၊ေနထိုင္စားေသာက္ေရး၊သြားလာေရးမ်ား အဆင္ေျပရန္အတြက္ ဌာနဆိုင္ရာမ်ား၊ ျမိဳ႔မိျမိဳ႕ဖမ်ား ၊ဘာသာေရးအဖြဲ႕စည္းမ်ားႏွင့္ ညွိႏွဳိင္းျပီီးလုပ္ေဆာင္လ်က္ရွိေၾကာင္းသိရသည္။

ထန္တလန္ျမိဳ႕ ျမိဴ႕ျမိဳ႔ဖေကာ္မတီဝင္ ဒုဥကၠ Pu Lawm Bik မွ “ ကၽြန္ေတာ္တို႔ျမိဳ႕မွာ က်င္းပဖို႔ဆံုးျဖတ္တဲ့အခ်ိန္ ၾသဂုတ္လေလာက္မွ ဆိုေတာ့ အခုပြဲက်င္းပဖို႔အတြက္အခက္ေတြ႔ေနတယ္၊သိန္း ၆၀၀ ေလာက္ ဒီျမိဳ႕ကေန ထုတ္ဖို႔ေျပာတယ္၊ ျမိဳ႔ေပၚကေန သိန္း ၄၀၀ေလာက္ထုတ္နိုင္ေအာင္လုပ္မယ္၊ရြာေတြအားလံုးေပါင္းျပီး သိန္း ၂၀၀ေလာက္ေတာ့ စီစဥ္ေပးနိုင္ေအာင္ေတာ့ လုပ္ထားတယ္ ၊အခု ဟားခါး၊ကေလး၊မႏၱေလး စတဲ့ ျမိဳ႔ေတြမွာရွိတဲ့ ထန္တလန္လူမ်ိဳးေတြဆီမွာ အလွဴခံဖို႔လုပ္ေနတယ္၊နိုင္ငံျခားဧည့္သည္ အေယာက္ ၁၀၀ ေလာက္ကိုလည္း ဖိတ္ထားျပီးပါျပီ” ဟုေျပာသည္။

ခ်င္းမ်ိဴးသားေန႔အတြက္အားလံုးျပင္ဆင္ျပီးသားျဖစ္သည့္ အတြက္ ျပည္ေထာင္စုေန႔ကိုလည္းထန္တလန္မွာတြင္ ဆက္လုပ္က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ဝန္ၾကီးဦးစိုးထက္မွ ဆက္လက္ျပီး “ကၽြန္ေတာ္တို႔အခု ေဘာလံုးကြင္းကိုလည္း အဆင္ေျပေအာင္ေဆာင္ရြက္တယ္၊လမ္းေတြလည္း ေကာင္းေအာင္လုပ္ထားတယ္၊ရဟတ္ယဥ္ဆင္းဖို႔ ကြင္း(၂)ကြင္းေပါ့ အဲတာေတြလည္း ကၽြန္ေတာ္တို႔ၾကည့္ထားျပီးျပီ၊လုပ္ငန္းရဲ႕ ၇၀%ေလာက္က အကုန္ျပီးေနပါျပီ” ဟုေျပာသည္။

ခ်င္းအမ်ဳိးသားေန႔ကို ယခင္က ပလက္ဝျမိဳ႔တြင္က်င္းပရန္လ်ာထားေသာ္လည္း နယ္ေျမအတြင္း တိုက္ပြဲမ်ားျဖစ္ေနျခင္းေၾကာင့္ ခ်င္းျပည္နယ္ေျမာက္ပိုင္း ထန္တလန္ျမိဳ႔တြင္ ေျပာင္းေရြ႔သတ္မွတ္ထားျခင္းျဖစ္သည္။