Input your search keywords and press Enter.

ဂန့်ဂေါခရိုင်အတွင်း ချင်းလူမျိုးဖြစ်ပြီး နိုင်ငံရေးစိစစ်ရေးကဒ်ပြားတွင် “ဗမာ” ဟု ဖော်ပြမှုများ ပြန်လည်ပြုပြင်နိုင်ရေးဆောင်ရွက်လျက်ရှိ

Shing Mang

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်အတွင်း နေထိုင်သည့် ချင်းလူမျိုးများ၏ နိုင်ငံအမျိုးသား မှတ်ပုံတင်တွင် လူမျိုးအမည်နေရာတွင် ဗမာ ဟုဖော်ပြမှုများကို လူမျိုးအမှန်ပြန်လည်ပြုပြင်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အတွင်းရေးမှုး ဆလိုင်းကျဲအိုဘိခ်ထောင်းကပြောသည်။

“မြန်မာနိုင်ငံအတွင်း ချင်းပြည်နယ်ပြင်ပမှာ နေထိုင်နေတဲ့ ချင်းလူမျိုး၊ အထူးသဖြင့် မြေပြန့်မှာရှိတဲ့ ချင်းလူမျိုး ထဲက မှတ်ပုံတင်၊အိမ်ထောင်စုစာရင်းမှာ ဗမာလို့ရေးထားတဲ့ ချင်းလူမျိုး လေးသောင်း ငါးသောင်းလောက်ရှိမယ်၊ အဲတာတွေက ရင်နာစရာကောင်းတယ်၊ လဝက၊ အစိုးရအဆက်ဆက် ကလုပ်ခဲ့တဲ့ဟာတွေ အခုအကုန်ပြောင်းလဲဖို့လိုတယ်။ အဲတာက ကျွန်တော်တို့ရည်ရွယ်ချက်လည်းဖြစ်တယ်”ဟု ကွင်းဆင်းဆောင်ရွက်နေသူ CNLD အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်က ပြောသည်။

ယခုတွင် ဂန့်ဂေါ်ခရိုင်အတွင်းကွင်းဆင်းဆောင်ရွက်နေပြီး လူမျိုးအမည်မှန်ကို မှတ်ပုံတင်ခွင့်လျှောက်လွှာ လေးမျက်နှာရှိ လျှောက်လွှာများကိုအဆောင်ရေ ၁၀၀၀ ထုတ်ဝေကာ ကျေးရွာလူဦးရေအလိုက် ပေးဝေထားကြောင်းလည်းသိရသည်။
ချင်းလူမျိုးဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် ဗမာလူမျိုးဟု ထည့်သွင်းခံရသူများကို မှတ်ပုံတင်တွင် လူမျိုးအမှန်ဖြစ်စေရန်လုပ်ဆောင်မှုကို ယခုနှစ်အတွင်း အပြီးအစီးဆောင်ရွက်နိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ဆက်လက်ပြီး ဆလိုင်း ကျဲအိုဘိခ်ထောင်က “ သန်းခေါင်စာရင်းမှာ ချင်းဖြစ်ပေမယ့် မှတ်ပုံတင်မှာ ဗမာဖြစ်တာတွေ၊ သန်ခေါင်စာရင်းမှာ ဗမာဖြစ်တာတွေ လည်းရှိနေတယ်၊ ချင်းလူမျိုးဖြစ်ပေမယ့် မှတ်ပုံတင်မှာ ဗမာလူမျိုးလို့ရေးထားတာ ထောင်ဂဏန်းလောက်ရှိတယ်၊လျှောက်လွှာတွေကို အကုန်ဖြန့်တယ် ဂန့်ဂေါ်ခရိုင်လဝက က လုပ်ပေးတဲ့ လူမျိုးအမည်မှန် အဖြစ်ပြင်ဖို့ မှတ်ပုံတင်ခွင့် လျှောက်လွှာလေးမျက်နှာလောက်ရှိတဲ့ဟာ တွေကို ဖြည့်ကြပြီးတော့ ဂန့်ဂေါ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးမှာ မှာတင်ပြပြီးတော့ပြောင်းလဲပေးမယ်လို့တော့ ပြောတယ်”ဟုပြောသည်။

ယခုကဲ့သို့ အမျိုးသားမှတ်ပုံတင်တွင် လူမျိုးအမှန်ထည့်သွင်းနိုင်ရေးဆောင်ရွက်မှုကို ကိုယ်ထူကိုယ်ထအနေဖြင့်ကွင်းဆင်းဆောင်ရွက်သူ ၃ ဦးရှိပြီး ပြည်တွင်းပြည်ပအလှူရှင်များမှ အဓိက ထောက်ပံ့ပေးခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်မှုကို ဇန်နဝါရီ ၄ရက်ကနေ့မှစတင်ကာ မကွေးတိုင်းအတွင်း ဂန့်ဂေါ်ခရိုင်တွင်းရှိ ဂန့်ဂေါမြို့၊ ထီးလင်းမြို့၊ ဆောမြို့၊ကျောက်ထုမြို့တို့တွင်လည်း ဆက်လက်ကွင်းဆင်းဆောင်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်းသိရသည်။

Zawgyi Version

ဂန္႕ေဂါခရုိင္အတြင္း ခ်င္းလူမ်ိဳးျဖစ္ၿပီး ႏုိင္ငံေရးစိစစ္ေရးကဒ္ျပားတြင္ “ဗမာ” ဟု ေဖာ္ျပမႈမ်ား ျပန္လည္ျပဳျပင္ႏုိင္ေရးေဆာင္ရြက္လ်က္ရွိ

မေကြးတုိင္းေဒသႀကီး ဂန္႕ေဂါခရုိင္အတြင္း ေနထုိင္သည့္ ခ်င္းလူမ်ိဳးမ်ား၏ ႏုိင္ငံအမ်ိဳးသား မွတ္ပံုတင္တြင္ လူမ်ိဳးအမည္ေနရာတြင္ ဗမာ ဟုေဖာ္ျပမႈမ်ားကို လူမ်ိဳးအမွန္ျပန္လည္ျပဳျပင္ႏုိင္ေရး ကူညီေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၏ အတြင္းေရးမႈး ဆလုိင္းက်ဲအိုဘိခ္ေထာင္းကေျပာသည္။

“ျမန္မာနိုင္ငံအတြင္း ခ်င္းျပည္နယ္ျပင္ပမွာ ေနထုိင္ေနတဲ့ ခ်င္းလူမ်ိဳး၊ အထူးသျဖင့္ ေျမျပန္႔မွာရွိတဲ့ ခ်င္းလူမ်ိဳး ထဲက မွတ္ပံုတင္၊အိမ္ေထာင္စုစာရင္းမွာ ဗမာလို႔ေရးထားတဲ့ ခ်င္းလူမ်ိဳး ေလးေသာင္း ငါးေသာင္းေလာက္ရွိမယ္၊ အဲတာေတြက ရင္နာစရာေကာင္းတယ္၊ လဝက၊ အစိုးရအဆက္ဆက္ ကလုပ္ခဲ့တဲ့ဟာေတြ အခုအကုန္ေျပာင္းလဲဖို႔လိုတယ္။ အဲတာက ကၽြန္ေတာ္တို႔ရည္ရြယ္ခ်က္လည္းျဖစ္တယ္”ဟု ကြင္းဆင္းေဆာင္ရြက္ေနသူ CNLD အတြင္းေရးမွဴး ဆလိုင္း က်ဲအိုဘိခ္ေထာင္က ေျပာသည္။

ယခုတြင္ ဂန္႔ေဂၚခရိုင္အတြင္းကြင္းဆင္းေဆာင္ရြက္ေနျပီး လူမ်ိဳးအမည္မွန္ကို မွတ္ပံုတင္ခြင့္ေလ်ွာက္လႊာ ေလးမ်က္နွာရွိ ေလ်ွာက္လႊာမ်ားကိုအေဆာင္ေရ ၁၀၀၀ ထုတ္ေဝကာ ေက်းရြာလူဦးေရအလိုက္ ေပးေဝထားေၾကာင္းလည္းသိရသည္။
ခ်င္းလူမ်ိဳးျဖစ္ေသာ္လည္း အေၾကာင္းေၾကာင္းေၾကာင့္ ဗမာလူမ်ိဳးဟု ထည့္သြင္းခံရသူမ်ားကို မွတ္ပံုတင္တြင္ လူမ်ိဳးအမွန္ျဖစ္ေစရန္လုပ္ေဆာင္မွဳကို ယခုႏွစ္အတြင္း အျပီးအစီးေဆာင္၇ြက္နိုင္ရန္ စီစဥ္ထားျခင္းျဖစ္သည္။

ဆက္လက္ျပီး ဆလိုင္း က်ဲအိုဘိခ္ေထာင္က “ သန္းေခါင္စာရင္းမွာ ခ်င္းျဖစ္ေပမယ့္ မွတ္ပံုတင္မွာ ဗမာျဖစ္တာေတြ၊ သန္ေခါင္စာရင္းမွာ ဗမာျဖစ္တာေတြ လည္းရွိေနတယ္၊ ခ်င္းလူမ်ိဳးျဖစ္ေပမယ့္ မွတ္ပံုတင္မွာ ဗမာလူမ်ိဳးလို႔ေရးထားတာ ေထာင္ဂဏန္းေလာက္ရွိတယ္၊ေလ်ွာက္လႊာေတြကို အကုန္ျဖန္႔တယ္ ဂန္႔ေဂၚခရိုင္လဝက က လုပ္ေပးတဲ့ လူမ်ိဳးအမည္မွန္ အျဖစ္ျပင္ဖုိ႕ မွတ္ပံုတင္ခြင့္ ေလ်ွာက္လႊာေလးမ်က္နွာေလာက္ရွိတဲ့ဟာ ေတြကို ျဖည့္ၾကျပီးေတာ့ ဂန္႕ေဂၚခရိုင္ လူဝင္မႈၾကီးၾကပ္ေရးရံုးမွာ မွာတင္ျပျပီးေတာ့ေျပာင္းလဲေပးမယ္လို႔ေတာ့ ေျပာတယ္”ဟုေျပာသည္။

ယခုကဲ့သို႕ အမ်ိဳးသားမွတ္ပံုတင္တြင္ လူမ်ိဳးအမွန္ထည့္သြင္းႏုိင္ေရးေဆာင္ရြက္မႈကို ကိုယ္ထူကိုယ္ထအေနျဖင့္ကြင္းဆင္းေဆာင္ရြက္သူ ၃ ဦးရွိျပီး ျပည္တြင္းျပည္ပအလွဴရွင္မ်ားမွ အဓိက ေထာက္ပံ့ေပးျခင္းျဖစ္သည္။

ထိုသို႕ေဆာင္ရြက္မႈကို ဇန္နဝါရီ ၄ရက္ကေန႕မွစတင္ကာ မေကြးတိုင္းအတြင္း ဂန္႕ေဂၚခရုိင္တြင္းရွိ ဂန္႕ေဂါၿမိဳ႕၊ ထီးလင္းၿမိဳ႕၊ ေဆာၿမိဳ႕၊ေက်ာက္ထုျမိဳ႔တို႔တြင္လည္း ဆက္လက္ကြင္းဆင္းေဆာင္ေဆာင္ရြက္မည္ျဖစ္ေၾကာင္းလည္းသိရသည္။