Input your search keywords and press Enter.

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ မကွေးတိုင်းသို့ ချင်းလူမျိုးအိမ်ခြေ ၇၀၀ ဝန်းကျင် ပြောင်းရွှေ့မည့်အနက် အိမ်ခြေ ၁၀၀ ပြောင်းရွှေ့ပြီဖြစ်

Salai Khup Khup

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ချင်းလူမျိုး အိမ်ခြေခုနှစ်ရာ ဝန်းကျင် မကွေးတိုင်းဒေသကြီးဖက်သို့ပြောင်းရွေ့ နေထိုင်ရန် ပြင်ဆင်လျှက်ရှိပြီး လက်ရှိတွင် အိမ်ခြေတစ်ရာမှာ ပြောင်းရွေ့ နေထိုင်ပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲများပိုမိုပြင်းထန်လာခြင်းကြောင့် အမ်းမြို့နယ်တွင် မျိုးဆက်ပေါင်းများစွာနေထိုင်လာခဲ့ကြသည့် ချင်းလူမျိုးများမှာ စစ်ဘေးရှောင်သည့်အနေဖြင့် မကွေးတိုင်းဒေသကြီးဖက်သို့ပြောင်းရွှေ့ကြရခြင်းဖြစ်သည်။

အရှိုချင်း လူငယ်ခေါင်းဆောင် ဆလိုင်းရိုမောင်က “အမ်းမြို့ဖက်က အိမ်ခြေခုနှစ်ရာလောက် ဒီဖက်ကို ပြောင်းလာဖို့ ကျွန်တော်တို့ကို ဆက်သွယ်လာတယ်။ ကျွန်တော်တို့လည်း ဒီဖက်မှာ နေရာတွေ ရှာနေတုန်းဖြစ်တယ်။ ဟိုမှာက တိုက်ပွဲတွေ ဖြစ်တော့ နေလည်းမနေရဲ ကျတော့ဘူး။ နောက်ပြီး လူငယ်ဆိုရင် ခေါ်ခေါ်သွားတာ တွေရှိတော့ လူငယ်တွေဆိုရင် ကြောက်ပြီးတော့ ရွာမှာမနေရဲလို့ ဒီဖက်ကို များသောအားဖြင့် လူငယ်တွေ တော်တော်ရောက်လာတယ်။ သူတို့တွေရဲ့ ရွာမှာ အသက်ကြီး အဖိုးအဘွားအရွယ် တွေဘဲ ကျန်ခဲ့တယ်”ဟုပြောသည်။

လက်ရှိအမ်းမြို့နယ်ဖက်မှ မကွေးတိုင်း ငဖဲဒေသဖက်သို့ ပြောင်းရွေ့လာသည့် ချင်းလူမျိုး အိမ်ခြေ တစ်ရာကျော် လောက်ကို တစ်ရွာတွင် ငါးအိမ်ခြေမှ ဆယ်အိမ် စသည်ဖြင့် ဒေသခံများမှ နေရာချထားရေးနှင့် ပက်သက်ပြီး ကော်မတီများဖွဲ့ကာ ဆောင်ရွက်ပေးလျှက်ရှိကြောင်း ဆလိုင်းရိုမောင်က ပြောသည်။

ရခိုင်ပြည်နယ်မှ ပြောင်းရွေ့နေထိုင်လာသူ များအတွက် အစိုးရဖက်တွင်လည်း အကြောင်းကြား ထားသော်လည်း လက်ရှိအချိန်ထိ ကူညီဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ဆလိုင်းရိုမောင်က “ဟိုတနေ့က ထပ်ပြီးပြောင်းရွှေ့ဖို့ ထပ်လုပ်နေတာက အယောက်တစ်ရာလောက်ရှိတယ်။ အစိုးရဖက်ကိုလည်း သုံးကြိမ်လောက်ရှိပြီ။ အကြောင်းတော့ ကြားတယ် လက်ရှိဘာမှတော့ မထူးသေးဘူး။ ဒီမှာရှိတဲ့ ချင်းကျောင်းသား အဖွဲ့အစည်း တချို့လည်း အခြားလူမှုအဖွဲ့အစည်း အသီးသီးတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေရတယ်”ဟုပြောသည်။

အမ်းမြို့နယ်တွင်ရှိသည့် ချင်းလူမျိုး ပြောင်းရွေ့လာဦးမည့် အိမ်ခြေ ငါးရာ အတွက်ကိုလည်း မင်းတုန်းဖက်တွင် ရွာတည်ပေးနိုင်ရန် စီစဉ်ဆောင်ရွက် နေလျှက်ရှိကြောင်းကိုလည်း ဆလိုင်းရိုမောင်က ပြောသည်။

“နောက်သုံးလေးရက်လောက်ဆိုရင် သူတို့ဖက်ကို ရိက္ခာတွေသွားပို့ရင်း ဒီဖက်ကို ပြောင်းရွေ့လာချင် တဲ့ စာရင်းတွေ ကောက်ဖို့လည်းရှိတယ်။ စာရင်းတွေ ကောက်ပြီးတာနဲ့ အစိုးရကို စာရင်းတင်မယ်။ တင်ပြီးတာနဲ့ ကျွန်တော်တို့ နေရာရှာထားတဲ့ နေရာမှာ နေရာချထားပေးဖို့ စီစဉ်ထားတယ်”ဟုဆက်ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အကြား ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည့် စစ်ပွဲမှာ ကျယ်ပြန့်လာပြီး ရခိုင်ပြည်နယ်အတွင်းတွင်လည်း စစ်ဘေးရှောင် ပြည်သူ ပိုမိုများပြားလာကြောင်း သိရသည်။

Zawgyi

ရခုိင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္မွ မေကြးတုိင္းသို႕ ခ်င္းလူမ်ိဳးအိမ္ေျခ ၇၀၀ ၀န္းက်င္ ေျပာင္းေရႊ႕မည့္အနက္ အိမ္ေျခ ၁၀၀ ေျပာင္းေရႊ႕ၿပီျဖစ္

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ရွိ ခ်င္းလူမ်ိဳး အိမ္ေျခခုႏွစ္ရာ ၀န္းက်င္ မေကြးတိုင္းေဒသႀကီးဖက္သို႔ေျပာင္းေရြ႕ ေနထိုင္ရန္ ျပင္ဆင္လ်ွက္ရွိၿပီး လက္ရွိတြင္ အိမ္ေျခတစ္ရာမွာ ေျပာင္းေရြ႕ ေနထိုင္ၿပီ ျဖစ္ေၾကာင္း သိရသည္။

ျမန္မာအစိုးရတပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္မေတာ္တို႕အၾကား တုိက္ပြဲမ်ားပိုမိုျပင္းထန္လာျခင္းေၾကာင့္ အမ္းၿမိဳ႕နယ္တြင္ မ်ိဳးဆက္ေပါင္းမ်ားစြာေနထုိင္လာခဲ့ၾကသည့္ ခ်င္းလူမ်ိဳးမ်ားမွာ စစ္ေဘးေရွာင္သည့္အေနျဖင့္ မေကြးတုိင္းေဒသႀကီးဖက္သို႕ေျပာင္းေရႊ႕ၾကရျခင္းျဖစ္သည္။

အရႈိခ်င္း လူငယ္ေခါင္းေဆာင္ ဆလုိင္းရုိေမာင္က “အမ္းၿမိဳ႕ဖက္က အိမ္ေျခခုႏွစ္ရာေလာက္ ဒီဖက္ကို ေျပာင္းလာဖို႔ ကၽြန္ေတာ္တုိ႔ကို ဆက္သြယ္လာတယ္။ ကၽြန္ေတာ္တုိ႔လည္း ဒီဖက္မွာ ေနရာေတြ ရွာေနတုန္းျဖစ္တယ္။ ဟိုမွာက တုိက္ပြဲေတြ ျဖစ္ေတာ့ ေနလည္းမေနရဲ က်ေတာ့ဘူး။ ေနာက္ၿပီး လူငယ္ဆုိရင္ ေခၚေခၚသြားတာ ေတြရွိေတာ့ လူငယ္ေတြဆိုုရင္ ေၾကာက္ၿပီးေတာ့ ရြာမွာမေနရဲလုိ႔ ဒီဖက္ကို မ်ားေသာအားျဖင့္ လူငယ္ေတြ ေတာ္ေတာ္ေရာက္လာတယ္။ သူတို႔ေတြရဲ႕ ရြာမွာ အသက္ၾကီး အဖိုးအဘြားအရြယ္ ေတြဘဲ က်န္ခဲ႔တယ္”ဟုေျပာသည္။

လက္ရွိအမ္းၿမိဳ႕နယ္ဖက္မွ မေကြးတုိင္း ငဖဲေဒသဖက္သို႔ ေျပာင္းေရြ႕လာသည့္ ခ်င္းလူမ်ိဳး အိမ္ေျခ တစ္ရာေက်ာ္ ေလာက္ကို တစ္ရြာတြင္ ငါးအိမ္ေျခမွ ဆယ္အိမ္ စသည္ျဖင့္ ေဒသခံမ်ားမွ ေနရာခ်ထားေရးနွင့္ ပက္သက္ၿပီး ေကာ္မတီမ်ားဖြဲ႔ကာ ေဆာင္ရြက္ေပးလ်ွက္ရွိေၾကာင္း ဆလုိင္းရုိေမာင္က ေျပာသည္။

ရခိုင္ျပည္နယ္မွ ေျပာင္းေရြ႕ေနထိုင္လာသူ မ်ားအတြက္ အစိုးရဖက္တြင္လည္း အေၾကာင္းၾကား ထားေသာ္လည္း လက္ရွိအခ်ိန္ထိ ကူညီေဆာင္ရြက္ေပးျခင္း မရွိေသးေၾကာင္း သိရသည္။

ဆလုိင္းရိုေမာင္က “ဟိုတေန႔က ထပ္ၿပီးေျပာင္းေရႊ႕ဖို႔ ထပ္လုပ္ေနတာက အေယာက္တစ္ရာေလာက္ရွိတယ္။ အစိုးရဖက္ကိုလည္း သံုးၾကိမ္ေလာက္ရွိၿပီ။ အေၾကာင္းေတာ့ ၾကားတယ္ လက္ရွိဘာမွေတာ့ မထူးေသးဘူး။ ဒီမွာရွိတဲ႔ ခ်င္းေက်ာင္းသား အဖြဲ႔အစည္း တခ်ိဳ႕လည္း အျခားလူမႈအဖြဲ႔အစည္း အသီးသီးေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ေဆာင္ရြက္ေနရတယ္”ဟုေျပာသည္။

အမ္းၿမိဳ႕နယ္တြင္ရွိသည့္ ခ်င္းလူမ်ိဳး ေျပာင္းေရြ႕လာဦးမည့္ အိမ္ေျခ ငါးရာ အတြက္ကိုလည္း မင္းတုန္းဖက္တြင္ ရြာတည္ေပးႏုိင္ရန္ စီစဥ္ေဆာင္ရြက္ ေနလွ်က္ရွိေၾကာင္းကိုလည္း ဆလုိင္းရိုေမာင္က ေျပာသည္။

“ေနာက္သံုးေလးရက္ေလာက္ဆုိရင္ သူတုိ႔ဖက္ကို ရိကၡာေတြသြားပို႔ရင္း ဒီဖက္ကို ေျပာင္းေရြ႕လာခ်င္ တဲ႔ စာရင္းေတြ ေကာက္ဖုိ႔လည္းရွိတယ္။ စာရင္းေတြ ေကာက္ၿပီးတာနဲ႔ အစိုးရကို စာရင္းတင္မယ္။ တင္ၿပီးတာနဲ႔ ကၽြန္ေတာ္တုိ႔ ေနရာရွာထားတဲ႔ ေနရာမွာ ေနရာခ်ထားေပးဖုိ႔ စီစဥ္ထားတယ္”ဟုဆက္ေျပာသည္။

ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္ အၾကား ရကၡိဳင့္တပ္မေတာ္ႏွင့္ ျမန္မာတပ္မေတာ္တုိ႔ တိုက္ပြဲျဖစ္ပြားေနသည့္ စစ္ပြဲမွာ က်ယ္ျပန္႔လာၿပီး ရခိုင္ျပည္နယ္အတြင္းတြင္လည္း စစ္ေဘးေရွာင္ ျပည္သူ ပိုမိုမ်ားျပားလာေၾကာင္း သိရသည္။

Photo; Khumi Media