Input your search keywords and press Enter.

ပလက်ဝမြို့နယ်၊ ပီချောင်းတစ်လျှောက် AA တပ်ဖွဲ့များ လချီလှုပ်ရှားမှုကြောင့် ဒေသခံများ အခက်တွေ့

Salai Khup Khup

ပလက်ဝမြို့နယ်ရှိ ပီချောင်း တစ်လျှောက်ရှိ ကျေးရွာပေါင်း (၃၀) ကျော်တွင် ရက္ခိုင့်တပ်မတော်(AA) လှုပ်ရှားနေမှုကြောင့် ဒေသခံများအနေဖြင့် သွားလာရေး၊ စားဝတ်နေရေးအတွက် စိုးရိမ်နေရသည်မှာ ရက်ပေါင်းတော်တော်ကြာရှိပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “AAတွေက ရွာအနီးနားတွေမှာ ဖြစ်ဖြစ် ရွာတော်တော်များများ ထဲမှာလည်း AA လက်နက်ကိုင်တွေ ရှိနေတယ်လို့ သိရတယ်။ နောက်ပြီး AAတွေက ဒေသခံတွေကို တောင်ယာမသွားဖို့နဲ့ ပလက်ဝမြို့ပေါ် ဖက်ကိုလည်း သွားခွင့် မပြုဘူးလို့လည်း ပြောသံကြားတယ်”ကပြောသည်။

ပလက်ဝမြို့နယ်ရှိ ကျေးရွာတော်တော်များတွင် AAတပ်ဖွဲ့ဝင်များ နေရာယူခြင်း ကျေးရွာအနီးအ နားတွင် ရှိခြင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခြင်းကြောင့် စားဝတ်နေရေးတွင် တစ်နေ့ပြီးတစ်နေ့ ပိုမိုခက်ခဲလာကြောင်း မီးဇာစစ်ဘေးရှောင် များကူညီပေးသူ တစ်ဦးကပြောပါသည်။

စစ်ဘေးရှောင်များ ကူညီပေးသူ တစ်ဦးက “စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိက စားဝတ်နေရေးမှာ အခက်အခဲရှိတယ်။ ပလက်ဝမြို့ဖက်ကိုလည်း သိပ်ပြီးမသွားရဲ ကျတော့ ဆန်တွေဝယ်ဖို့ ကလည်းအခက်ခဲရှိတယ်။ အောက်ပိုင်းက ဆန်တွေကို စားနေရတယ်။ ဆန်ဝယ်ဖို့ကလည်း လမ်းခရီးမှာ စိုးရိမ်ရတယ်ဆိုတော့ တစ်နေ့ပြီး တစ်နေ့ စားဝတ်နေရေးအတွက် ပိုမိုခက်ခဲမှု ရှိလာတယ်”ဟုပြောသည်။

ပုန်းချောင်းဝကျေးရွာရှိ ဒေသခံ အသက်(၃၀) ကျော်ရှိ ယောကျာ်း တစ်ဦး ကျန်းမာရေးမကောင်း ဖြစ်၍ ဆေးဝါးကုသမူ ခံယူရန် သွားလာရေး အခက်ခဲရှိသည့် အတွက် မကြာသေးမီရက်ပိုင်းက အသက်ဆုံး ဆုံးရှုံးသွားခဲ့ကြောင်းလည်း သိရသည်။

မြန်မာအစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ကြား တိုက်ပွဲများ အရှိန်မလျော့ကျပဲ ချင်းပြည်နယ်ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်လျက်ရှိသည်။

Zawgyi

ပလက္၀ၿမိဳ႕နယ္၊ ပီေခ်ာင္းတစ္ေလွ်ာက္ AA တပ္ဖြဲ႕မ်ား လခ်ီလွဳပ္ရွားမႈေၾကာင့္ ေဒသခံမ်ား အခက္ေတြ႕

ပလက္ဝၿမိဳ႕နယ္ရွိ ပီေခ်ာင္း တစ္ေလွ်ာက္ရွိ ေက်းရြာေပါင္း (၃၀) ေက်ာ္တြင္ ရကၡိဳင့္တပ္မေတာ္(AA) လႈပ္ရွားေနမႈေၾကာင့္ ေဒသခံမ်ားအေနျဖင့္ သြားလာေရး၊ စား၀တ္ေနေရးအတြက္ စိုးရိမ္ေနရသည္မွာ ရက္ေပါင္းေတာ္ေတာ္ၾကာရွိၿပီ ျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

အမည္မေဖာ္လုိသူ ေဒသခံတစ္ဦးက “AAေတြက ရြာအနီးနားေတြမွာ ျဖစ္ျဖစ္ ရြာေတာ္ေတာ္မ်ားမ်ား ထဲမွာလည္း AA လက္နက္ကိုင္ေတြ ရွိေနတယ္လို႔ သိရတယ္။ ေနာက္ၿပီး AAေတြက ေဒသခံေတြကို ေတာင္ယာမသြားဖို႔နဲ႔ ပလက္ဝၿမိဳ႕ေပၚ ဖက္ကိုလည္း သြားခြင့္ မျပဳဘူးလို႔လည္း ေျပာသံၾကားတယ္”ကေျပာသည္။

ပလက္ဝၿမိဳ႕နယ္ရွိ ေက်းရြာေတာ္ေတာ္မ်ားတြင္ AAတပ္ဖြဲ႔ဝင္မ်ား ေနရာယူျခင္း ေက်းရြာအနီးအ နားတြင္ ရွိျခင္း တိုက္ပြဲမ်ား မၾကာခဏ ျဖစ္ပြားျခင္းေၾကာင့္ စားဝတ္ေနေရးတြင္ တစ္ေန႔ၿပီးတစ္ေန႔ ပိုမိုခက္ခဲလာေၾကာင္း မီးဇာစစ္ေဘးေရွာင္ မ်ားကူညီေပးသူ တစ္ဦးကေျပာပါသည္။

စစ္ေဘးေရွာင္မ်ား ကူညီေပးသူ တစ္ဦးက “စစ္ေဘးေရွာင္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ လက္ရွိက စားဝတ္ေနေရးမွာ အခက္အခဲရွိတယ္။ ပလက္ဝၿမိဳ႕ဖက္ကိုလည္း သိပ္ၿပီးမသြားရဲ က်ေတာ့ ဆန္ေတြဝယ္ဖို႔ ကလည္းအခက္ခဲရွိတယ္။ ေအာက္ပိုင္းက ဆန္ေတြကို စားေနရတယ္။ ဆန္ဝယ္ဖို႔ကလည္း လမ္းခရီးမွာ စိုးရိမ္ရတယ္ဆိုေတာ့ တစ္ေန႔ၿပီး တစ္ေန႔ စားဝတ္ေနေရးအတြက္ ပိုမိုခက္ခဲမႈ ရွိလာတယ္”ဟုေျပာသည္။

ပုန္းေခ်ာင္းဝေက်းရြာရွိ ေဒသခံ အသက္(၃၀) ေက်ာ္ရွိ ေယာက်ာ္း တစ္ဦး က်န္းမာေရးမေကာင္း ျဖစ္၍ ေဆးဝါးကုသမူ ခံယူရန္ သြားလာေရး အခက္ခဲရွိသည့္ အတြက္ မၾကာေသးမီရက္ပိုင္းက အသက္ဆံုး ဆံုးရႈံးသြားခဲ႔ေၾကာင္းလည္း သိရသည္။

ျမန္မာအစိုးရတပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္မေတာ္တို႕ၾကား တုိက္ပြဲမ်ား အရွိန္မေလ်ာ့က်ပဲ ခ်င္းျပည္နယ္ပလက္၀ၿမိဳ႕နယ္ႏွင့္ ရခုိင္ျပည္နယ္အတြင္း တုိက္ပြဲမ်ားျပင္းထန္လ်က္ရွိသည္။

Photo; Khumi Media Group