Input your search keywords and press Enter.

ချင်းမြောက်ပိုင်းတွင် ခရီးသွားလာမှု ယခင်နှစ်ထက် သိသိသာသာတိုးလာဟုဆို

Salai Benezer

ချင်းပြည်နယ် မြောက်ပိုင်းတွင် လာရောက်လည်ပတ်သည့်ခရီးသည်များ ယခင်နှစ်ထက် သိသိသာသာတိုးတက်လာကြောင်း ခရီးသည်များ လိုက်လံပို့ဆောင်ပေးသူ ကိုလှိုင်ထွန်းထံမှ သိရသည်။

“ဒီနှစ်က များတယ်၊ Tour ကုမ္ပဏီတွေဝင်တာများတယ်၊ အဓိက ရန်ကုန် မန္တလေးဘက်ကပေါ့၊ လူဦးရေ အရင်ထက်စာရင် အရမ်းပိုတက်တာပေါ့၊ ကိုယ့်အစီစဉ်နှင့်ကို လာတဲ့လူတွေလည်း တော်တော်များတယ်၊ ကျနော့်ကိုဘဲ ခရီးသွားလာဖို့ အကြံညဏ်တောင်းတာတောင် ၁၁လိပိုင်းနှင့် ၁၂လပိုင်းမှာတော်တော်များတယ်၊ ၁၂လပိုင်းဆိုရင် တစ်လလုံးပြည့်တယ်”ဟု လာရောက်လည်ပတ်သည့် ခရီးသည်များကို လိုက်လံပို့ဆောင်ပေးသူ ကိုလှိုင်ထွန်းမှ ပြောသည်။

ချင်းပြည်နယ်မြောက်ပိုင်းကို လာရောက်လည်ပတ်သည့် ခရီးသည်များအနေဖြင့် ကနေဒီတောင်နှင့် ရိဒ်ရေကန်သို့ အဓိက လာရောက်လည်ပတ်ကြပြီး ကနေဒီတောင်သို့ ကလေးမြို့မှ လမ်းလျှောက်ပြီး သွားရောက်လည်ပတ်သည့် ခရီးစဉ်လည်း စိတ်ဝင်စားမှုမြင့်တက်လာကြောင်း သိရသည်။

ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးအောင်ဖြိုးမှ “ချင်းပြည်နယ်က လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတော့ တိမ်မြှုပ်ပြောက်ကွယ်နေတဲ့ နေရာဒေသတစ်ခုပါ၊ အဲဒီလိုနေရာဒေသကို ခရီးသွားဒေသအသစ် တစ်အနေနဲ့ ဖော်ထုတ်ခဲ့ပြီဆိုတော့ နောက်ပိုင်းကျရင်လည်း ဒီထက်ပိုပြီး ခရီးသွားလာမှုများတဲ့ ဒေသတစ်ခုဖြစ်လာမှာပါ၊ လာရောက်လည်ပတ်တဲ့ ခရီးသည်တွေကို အရည်အသွေးမြင့်တဲ့ ခရီးစဉ်တွေကို ပေးနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု ပြောသည်။

ချင်းပြည်နယ်မြောက်ပိုင်းသည် ယခင်က ချင်းပြည်နယ်တောင်ပိုင်းထက် လာရောက်လည်ပတ်သည့် ခရီးသည် ပိုမိုနည်းပါးခဲ့ပေးမယ့် ယခုနှစ်ပိုင်းအတွင်း လာရောက်လည်ပတ်သူ မြှင့်တက်လာခဲ့ခြင်းဖြစ်သည်။

Zawgyi Version

ခ်င္းေျမာက္ပိုင္းတြင္ ခရီးသြားလာမႈ ယခင္ႏွစ္ထက္ သိသိသာသာတိုးလာဟုဆို

ခ်င္းျပည္နယ္ ေျမာက္ပိုင္းတြင္ လာေရာက္လည္ပတ္သည့္ခရီးသည္မ်ား ယခင္ႏွစ္ထက္ သိသိသာသာတုိးတက္လာေၾကာင္း ခရီးသည္မ်ား လုိက္လံပို႔ေဆာင္ေပးသူ ကိုလႈိင္ထြန္းထံမွ သိရသည္။

“ဒီႏွစ္က မ်ားတယ္၊ Tour ကုမၸဏီေတြ၀င္တာမ်ားတယ္၊ အဓိက ရန္ကုန္ မႏၱေလးဘက္ကေပါ့၊ လူဦးေရ အရင္ထက္စာရင္ အရမ္းပိုတက္တာေပါ့၊ ကိုယ့္အစီစဥ္ႏွင့္ကို လာတဲ့လူေတြလည္း ေတာ္ေတာ္မ်ားတယ္၊ က်ေနာ့္ကိုဘဲ ခရီးသြားလာဖို႔ အၾကံညဏ္ေတာင္းတာေတာင္ ၁၁လိပုိင္းႏွင့္ ၁၂လပိုင္းမွာေတာ္ေတာ္မ်ားတယ္၊ ၁၂လပိုင္းဆိုရင္ တစ္လလံုးျပည့္တယ္”ဟု လာေရာက္လည္ပတ္သည့္ ခရီးသည္မ်ားကို လိုက္လံပို႔ေဆာင္ေပးသူ ကိုလႈိင္ထြန္းမွ ေျပာသည္။

ခ်င္းျပည္နယ္ေျမာက္ပိုင္းကို လာေရာက္လည္ပတ္သည့္ ခရီးသည္မ်ားအေနျဖင့္ ကေနဒီေတာင္ႏွင့္ ရိဒ္ေရကန္သို႔ အဓိက လာေရာက္လည္ပတ္ၾကၿပီး ကေနဒီေတာင္သို႔ ကေလးၿမဳိ႕မွ လမ္းေလွ်ာက္ၿပီး သြားေရာက္လည္ပတ္သည့္ ခရီးစဥ္လည္း စိတ္၀င္စားမႈျမင့္တက္လာေၾကာင္း သိရသည္။

ခ်င္းျပည္နယ္ ဟိုတယ္ႏွင့္ခရီးသြား ညႊန္ၾကားမႈဦးစီးဌာနမွ ျပည္နယ္တာ၀န္ခံ ဦးေအာင္ျဖဳိးမွ “ခ်င္းျပည္နယ္က လြန္ခဲ့တဲ့ သံုးႏွစ္ေလာက္ကေတာ့ တိမ္ျမႇဳပ္ေျပာက္ကြယ္ေနတဲ့ ေနရာေဒသတစ္ခုပါ၊ အဲဒီလိုေနရာေဒသကို ခရီးသြားေဒသအသစ္ တစ္အေနနဲ႔ ေဖာ္ထုတ္ခဲ့ၿပီဆိုေတာ့ ေနာက္ပိုင္းက်ရင္လည္း ဒီထက္ပိုၿပီး ခရီးသြားလာမႈမ်ားတဲ့ ေဒသတစ္ခုျဖစ္လာမွာပါ၊ လာေရာက္လည္ပတ္တဲ့ ခရီးသည္ေတြကို အရည္အေသြးျမင့္တဲ့ ခရီးစဥ္ေတြကို ေပးႏိုင္ဖို႔ ဆက္လက္လုပ္ေဆာင္သြားမွာပါ”ဟု ေျပာသည္။

ခ်င္းျပည္နယ္ေျမာက္ပိုင္းသည္ ယခင္က ခ်င္းျပည္နယ္ေတာင္ပိုင္းထက္ လာေရာက္လည္ပတ္သည့္ ခရီးသည္ ပိုမိုနည္းပါးခဲ့ေပးမယ့္ ယခုႏွစ္ပုိင္းအတြင္း လာေရာက္လည္ပတ္သူ ျမႇင့္တက္လာခဲ့ျခင္းျဖစ္သည္။