Input your search keywords and press Enter.

ဖလမ်းမြို့ပေါ်သို့ လိုင်ဗားဆည်မှ တစ်နေ့ကို ရေဂါလံ ခြောက်သိန်းနေ့စဉ်ပေးနေပြီဟု ဝန်ကြီးပြော

Salai Khup Khup

ဖလမ်းမြို့ကို လိုင်ဗားဆည်မှ တစ်နေ့ကို ရေဂါလံ ခြောက်သိန်း နေ့စဉ်ရေပေးလျှက်ရှိပြီး ရေပေးဝေရေး ဖွင့်ပွဲကို ပြည်ထောင်စုအဆင့် လူကြီးလာမှသာ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ပြည်ထောင်စု ဘတ်ဂျက်နဲ့ လုပ်တဲ့ဟာဖြစ်တဲ့အတွက် ပြည်ထောင်စု အဆင့်ကနေ လူကြီးတွေ လာတဲ့အချိန်မှဘဲ ဖွင့်ပွဲလုပ်မယ်လို့ စီစဉ်ထားတယ်။ မြို့ထဲကိုရေ ပို့နေတာတော့ နှစ်လကျော်လောက်တော့ ရှိနေပြီ။ တချို့လမ်းမှာက ဒီဇိုင်းနဲ့ လွဲနေတာတွေကို နည်းနည်းပြင်နေလို့ စောင့်နေတာဖြစ်တယ်။ မြို့ထဲကို တစ်နေ့ရေဂါလံ ခြောက်သိန်း နေ့စဉ်ပို့ပေးနေပြီ”ဟုပြောသည်။

ဖလမ်းမြို့ပေါ်တွင် လက်ရှိရေပေးဝေရေးကို နောင်အနှစ်သုံးဆယ် အချိန်ထိ အသုံးပြုနိုင်ရန် စီမံကိန်းအဖြစ် တစ်နေ့ကို ရေဂါလံခြောက်သိန်း ရရှိနိုင်ရန် ဆောင်ရွက်ခြင်းဖြစ် ကြောင်း စည်ပင်ဝန်ကြီးကပြောသည်။

သူကဆက်ပြီး “ဖလမ်းလူဦးရေက တစ်သောင်းကနေ နောင်အနှစ်သုံးဆယ်ဆိုရင် သုံးသောင်းဖြစ်လာမယ်။ အဲလောက်ထိ မျော်မှန်းပြီး လုပ်ထားတာဖြစ်တယ်။ ဒီဇိုင်းအရလည်း တစ်နေ့ကို ဂါလံခြောက်သိန်း ပို့နိုင်အောင် စီစဉ်တာဖြစ်တယ်။ အခုလည်း ဂါလံခြောက်သိန်း လောက်ရတယ်။ လက်ရှိ ဖလမ်းလူဦးရေကလည်း တစ်သောင်းဝန်းကျင် ဆိုတော့ တစ်နေ့ကို ဂါလံနှစ်သိန်းခွဲ ပို့ပေးရင်တောင် အဆင်ပြေတယ်”ဟုပြောသည်။

ဖလမ်းမြို့ဒေသခံဖြစ်သူ ဆလိုင်းစေမြူအယ်က “ ရေကိုအသုံးပြုနေတာကြာပြီ။ အရင်တော့ ကျွန်တော်တို့က ရေကခနခနပြတ်တယ်။ အခုလိုင်ဗားဆည်ကနေ မြို့ပေါ်ကို ရေပေးနေပြီဆိုပေမယ့် လုပ်ငန်းက တကယ်အပြီးအစီးမပြီးသေးတဲ့အတွက် တစ်ပတ်တော့ ပိတ်တာမျိုးတွေတော့ရှိတယ်။ ဒါပေမယ့် အရင်ရေပေးဝေတဲ့ လိုင်းတွေကို ပြန်မဖြုတ်သေးတဲ့အတွက် အဆင်ပြေပါတယ်” ဟုပြောသည်။

လိုင်ဗားဆည် ရေပေးဝေရေးအတွက် အသုံးပြုထားသည့် ပိုက်များမှာ အကောင်းစားများ အသုံးပြုထားပြီး တောမီးလောင်ကျွမ်း လျှင်ပင် ပြဿနာမရှိနိုင်ကြောင်းနှင့် အဆိုပါပိုက်များကိုလည်း သုံးပေအနက်မြေကြီးထဲတွင် မြှုပ်ထားကြောင်း ဝန်ကြီးကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “လိုင်ဗားဆည်ကနေ စသွယ်ထားတယ်။ အဲဒီမှာလည်း စနစ်နှစ်မျိုးလုပ်ထားတယ်။ သူ့ဟာသူ သဘာဝအရ လက်နဲ့တွန်းပြီး ရေပေးလို့ရတဲ့ စနစ်ရယ် နောက်တစ်ခုက ရေတအား နိမ့်သွားတဲ့ အချိန် ပန့်နဲ့ လုပ်လို့ ရအောင် နှစ်မျိုးလုပ်ထားတယ်” ဟုပြောသည်။

ဖလမ်းမြို့ပေါ် ရေရရှိနိုင်ရန်အတွက် လိုင်ဗားဆည်မှ ရေသွယ်ယူမူ စီမံကိန်းကာလထက် နှစ်နှစ်ကျော် ဆောင်ရွက်ခဲ့ရကြောင်းသိရသည်။

Zawgyi

ဖလမ္းၿမိဳ႕ေပၚသို႔ လိုင္ဗားဆည္မွ တစ္ေန႔ကို ေရဂါလံ ေျခာက္သိန္းေန႔စဥ္ေပးေနၿပီဟု ဝန္ႀကီးေျပာ

ဖလမ္းၿမိဳ႕ကို လိုင္ဗားဆည္မွ တစ္ေန႔ကို ေရဂါလံ ေျခာက္သိန္း ေန႔စဥ္ေရေပးလၽွက္ရွိၿပီး ေရေပးေဝေရး ဖြင့္ပြဲကို ျပည္ေထာင္စုအဆင့္ လူႀကီးလာမွသာ က်င္းပျပဳလုပ္ သြားမည္ ျဖစ္ေၾကာင္း စည္ပင္ဝန္ႀကီး ဦးစိုးထက္ကေျပာသည္။

စည္ပင္ဝန္ႀကီး ဦးစိုးထက္က “ျပည္ေထာင္စု ဘတ္ဂ်က္နဲ႔ လုပ္တဲ့ဟာျဖစ္တဲ့အတြက္ ျပည္ေထာင္စု အဆင့္ကေန လူႀကီးေတြ လာတဲ့အခ်ိန္မွဘဲ ဖြင့္ပြဲလုပ္မယ္လို႔ စီစဥ္ထားတယ္။ ၿမိဳ႕ထဲကိုေရ ပို႔ေနတာေတာ့ ႏွစ္လေက်ာ္ေလာက္ေတာ့ ရွိေနၿပီ။ တခ်ိဳ႕လမ္းမွာက ဒီဇိုင္းနဲ႔ လြဲေနတာေတြကို နည္းနည္းျပင္ေနလို႔ ေစာင့္ေနတာျဖစ္တယ္။ ၿမိဳ႕ထဲကို တစ္ေန႔ေရဂါလံ ေျခာက္သိန္း ေန႔စဥ္ပို႔ေပးေနၿပီ”ဟုေျပာသည္။

ဖလမ္းၿမိဳ႕ေပၚတြင္ လက္ရွိေရေပးေဝေရးကို ေနာင္အႏွစ္သုံးဆယ္ အခ်ိန္ထိ အသုံးျပဳနိုင္ရန္ စီမံကိန္းအျဖစ္ တစ္ေန႔ကို ေရဂါလံေျခာက္သိန္း ရရွိနိုင္ရန္ ေဆာင္ရြက္ျခင္းျဖစ္ ေၾကာင္း စည္ပင္ဝန္ႀကီးကေျပာသည္။

သူကဆက္ၿပီး “ဖလမ္းလူဦးေရက တစ္ေသာင္းကေန ေနာင္အႏွစ္သုံးဆယ္ဆိုရင္ သုံးေသာင္းျဖစ္လာမယ္။ အဲေလာက္ထိ ေမ်ာ္မွန္းၿပီး လုပ္ထားတာျဖစ္တယ္။ ဒီဇိုင္းအရလည္း တစ္ေန႔ကို ဂါလံေျခာက္သိန္း ပို႔နိုင္ေအာင္ စီစဥ္တာျဖစ္တယ္။ အခုလည္း ဂါလံေျခာက္သိန္း ေလာက္ရတယ္။ လက္ရွိ ဖလမ္းလူဦးေရကလည္း တစ္ေသာင္းဝန္းက်င္ ဆိုေတာ့ တစ္ေန႔ကို ဂါလံႏွစ္သိန္းခြဲ ပို႔ေပးရင္ေတာင္ အဆင္ေျပတယ္”ဟုေျပာသည္။

ဖလမ္းၿမိဳ႕ေဒသခံျဖစ္သူ ဆလိုင္းေစျမဴအယ္က “ ေရကိုအသုံးျပဳေနတာၾကာၿပီ။ အရင္ေတာ့ ကၽြန္ေတာ္တို႔က ေရကခနခနျပတ္တယ္။ အခုလိုင္ဗားဆည္ကေန ၿမိဳ႕ေပၚကို ေရေပးေနၿပီဆိုေပမယ့္ လုပ္ငန္းက တကယ္အၿပီးအစီးမၿပီးေသးတဲ့အတြက္ တစ္ပတ္ေတာ့ ပိတ္တာမ်ိဳးေတြေတာ့ရွိတယ္။ ဒါေပမယ့္ အရင္ေရေပးေဝတဲ့ လိုင္းေတြကို ျပန္မျဖဳတ္ေသးတဲ့အတြက္ အဆင္ေျပပါတယ္” ဟုေျပာသည္။

လိုင္ဗားဆည္ ေရေပးေဝေရးအတြက္ အသုံးျပဳထားသည့္ ပိုက္မ်ားမွာ အေကာင္းစားမ်ား အသုံးျပဳထားၿပီး ေတာမီးေလာင္ကၽြမ္း လၽွင္ပင္ ျပႆနာမရွိနိုင္ေၾကာင္းႏွင့္ အဆိုပါပိုက္မ်ားကိုလည္း သုံးေပအနက္ေျမႀကီးထဲတြင္ ျမႇုပ္ထားေၾကာင္း ဝန္ႀကီးကေျပာသည္။

စည္ပင္ဝန္ႀကီး ဦးစိုးထက္က “လိုင္ဗားဆည္ကေန စသြယ္ထားတယ္။ အဲဒီမွာလည္း စနစ္ႏွစ္မ်ိဳးလုပ္ထားတယ္။ သူ႔ဟာသူ သဘာဝအရ လက္နဲ႔တြန္းၿပီး ေရေပးလို႔ရတဲ့ စနစ္ရယ္ ေနာက္တစ္ခုက ေရတအား နိမ့္သြားတဲ့ အခ်ိန္ ပန႔္နဲ႔ လုပ္လို႔ ရေအာင္ ႏွစ္မ်ိဳးလုပ္ထားတယ္” ဟုေျပာသည္။

ဖလမ္းၿမိဳ႕ေပၚ ေရရရွိနိုင္ရန္အတြက္ လိုင္ဗားဆည္မွ ေရသြယ္ယူမူ စီမံကိန္းကာလထက္ ႏွစ္ႏွစ္ေက်ာ္ ေဆာင္ရြက္ခဲ့ရေၾကာင္းသိရသည္။