Input your search keywords and press Enter.
တာဟန်းစျေးတွင် ယခင်နှစ်ခရစ္စမတ်ကာလထက် အရောင်းအဝယ်ပါးဟုဆို
Salai Benezar
ကလေးမြို့ ချင်းအများစုနေထိုင်သည့် တာဟန်းရပ်ကွက်ရှိ တာဟန်းစျေးတွင် ခရစ္စမတ်ကာလ အတွင်း အရောင်းအဝယ်များလေ့ရှိသော်လည်း ယခုနှစ်တွင် ရောင်းအားသိပ်မကောင်းကြောင်း စျေးသူစျေးသားများထံမှ သိရသည်။
“ကျမတို့ကတစ်နှစ်ပတ်လုံးဒီချိန်ကိုုပဲ မျှော်လင့်တာပေါ့။ ခရစ္စမတ်အချိန်ပဲရောင်းကောင်းတာလေ။ ဒီမှာကအများအားဖြင့်ခရစ်ယာန်ဆိုတော့၁ဝဝမှာ၉၉လောက်ကခရစ်ယာန်ဆိုတော့ခရစ္စမတ်ကိုအဓိကအားထားတာပေါ့။ ဒါပေမဲ့ ဒီနှစ်ကတော့လူရှင်းတယ်။ အရောင်းအဝယ်တော်တော်လေးပါးတယ်”ဟု ဖိနပ်နှင့်အမျိုးသားဝတ်အထည်ရောင်းဝယ်သူ Sangsangi (ခ)အိအိဝင်း မှ ပြောသည်။
ယခုနှစ် ခရစ္စမတ်ရာသီတွင် အရောင်းအဝယ်ပါးနေခြင်းမှာ မိုးရာသီအတွင်း ဆင်တုပ်ကွေးရောဂါ ရင်ဆိုင်ခဲ့ကြခြင်းနှင့် မိုးနောက်ကျသဖြင့် စပါးမရိတ်သိမ်းကြသေးတာကြောင့် ဖြစ်နိုင်ကြောင်း စျေးသူစျေသားများမှ ခန့်မှန်းကြသည်။
တာဟန်းစျေးတွင် စောင်နှင့်မွေ့ယာရောင်းဝယ်သူ Lianthangpuia (ခ) အောင်မျိုးထဋ် မှ
“အဓိကအားဖြင့်ခရစ္စမတ်အချိန်က ရောင်းကောင်းတဲ့အချိန်လို့ အများအားဖြင့်ပြောကြာတာပေါ့။ဘာဖြစ်လို့လဲဆိုရင်စပါးရိတ်သိမ်းပြီးတဲ့အချိန်လည်းဖြစ်တယ်။ အကျီႋတွေစောင်အသစ်တွေလိုချင်ကြတဲ့အချိန်ဖြစ်တယ်။ အဲလိုဆိုတော့စျေးမှာလည်းလူများတယ်။ ဝယ်တဲ့သူတွေလည်းအရင်အချိန်တွေထက်ပိုများတယ်။ တခြားနှစ်နဲ့နှိုင်းရမယ်ဆိုရင်ဒီနှစ်ကတော့လက်ရှိအချိန်ထိတော့အရင်နှစ်နဲ့မတူဘူး။ အရင်နှစ်ကဆိုရင်အခုချိန်လောက်ဆိုမအားဘူး။ ရေသောက်ဖို့တောင်အချိန်မရဘူး။ ဒါပေမဲ့ ဒီနှစ်ကတော့လူနည်းတယ်။ ကျနော့်အထင်တော့စပါးရိတ်သိမ်းတာမပြီးကြသေးလို့ထင်ပါတယ်။” ဟုပြောသည်။
ခရစ်ယာန်ဘာသာဝင်အများစု နေထိုင်သည့် တာဟန်းရပ်ကွက်ရှိ တာဟန်းစျေးတွင် ခရစ္စမတ်ကာလမှာ တစ်နှစ်ပတ်လုံးအတွင်း ရောင်းအားအကောင်းဆုံး ကာလဖြစ်သဖြင့် နှစ်စဉ်နှစ်တိုင်း ဆိုင်ရှင်များအနေဖြင့် စောင့်မျှော်ကြသည့်ကာလဖြစ်ကြောင်းသိရသည်။
Zawgyi
တာဟန်းဈေးတွင် ယခင်နှစ်ခရစ္စမတ်ကာလထက် အရောင်းအဝယ်ပါးဟုဆို
ကလေးမြို့ ချင်းအများစုနေထိုင်သည့် တာဟန်းရပ်ကွက်ရှိ တာဟန်းဈေးတွင် ခရစ္စမတ်ကာလ အတွင်း အရောင်းအဝယ်များလေ့ရှိသော်လည်း ယခုနှစ်တွင် ရောင်းအားသိပ်မကောင်းကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။
ယခုနှစ် ခရစ္စမတ်ရာသီတွင် အရောင်းအဝယ်ပါးနေခြင်းမှာ မိုးရာသီအတွင်း ဆင်တုပ်ကွေးရောဂါ ရင်ဆိုင်ခဲ့ကြခြင်းနှင့် မိုးနောက်ကျသဖြင့် စပါးမရိတ်သိမ်းကြသေးတာကြောင့် ဖြစ်နိုင်ကြောင်း ဈေးသူဈေသားများမှ ခန့်မှန်းကြသည်။
တာဟန်းဈေးတွင် စောင်နှင့်မွေ့ယာရောင်းဝယ်သူ Lianthangpuia (ခ) အောင်မျိုးထဋ် မှ
ခရစ်ယာန်ဘာသာဝင်အများစု နေထိုင်သည့် တာဟန်းရပ်ကွက်ရှိ တာဟန်းဈေးတွင် ခရစ္စမတ်ကာလမှာ တစ်နှစ်ပတ်လုံးအတွင်း ရောင်းအားအကောင်းဆုံး ကာလဖြစ်သဖြင့် နှစ်စဉ်နှစ်တိုင်း ဆိုင်ရှင်များအနေဖြင့် စောင့်မျှော်ကြသည့်ကာလဖြစ်ကြောင်းသိရသည်။