Input your search keywords and press Enter.

ချင်းပြည်နယ်သို့ လာရောက်လည်ပတ်သူများလာသည်နှင့်အမျှ အမှိုက်ပြသနာ ကြုံတွေ့နေရ

Zawgyi

ချင်းပြည်နယ်ရှိ အထင်ကရနေရာများသို့ စိတ်ဝင်တစားဖြင့် လာရောက်လည်ပတ်သူများလာသည်နှင့် အမျှ အမှိုက်ပြသနာကြုံတွေ့နေရာမှုများရှိနေကြောင်း သိရသည်။

“အမှိုက်က Travel & Tour မှာက စနစ်ရှိတယ်၊ သူတို့က အမှိုက်ပစ်တာကို လုံးဝခွင့်မပြုဘူး၊ အဓိကတော့ ပြောရမယ်ဆိုရင် အနီးနားတဝိုက်က သွားတဲ့သူတွေ ပစ်တာများတယ်၊ ဒီကလူတွေက ခရီးသွားလာရေးနှင့် ပတ်သက်တဲ့ စံတွေကိုမသိကြဘူး၊ ယဉ်ကျေးမှုလည်းနားမလည်ကြဘူး၊ ဒီနေရာလေးလှတယ်ဆိုပြီးသွားကြတယ်၊ အဲမှာ အမှိုက်ကိုလည်း စည်းကမ်းမရှိပစ်ကြတယ်၊ ပြီးရင်ဘာလုပ်သေးလည်းဆိုရင် မီးပါရှို့တယ်”ဟု ခရီးသွားလာရေးလုပ်ငန်း လုပ်ကိုင်နေသူ ကိုလှိုင်ထွန်းမှ ပြောသည်။

ချင်းပြည်နယ်သည် ယခင်က ခရီးသွားများ လာရောက်လည်ပတ်မှု နည်းပါးခဲ့သည့် ဒေသတစ်ခုဖြစ်ပြီး ယခုနှစ်ပိုင်းအတွင်း ခရီးသွားဝင်ရောက်မှု များပြားလာပြီး လူအများ သွားရောက်လည်ပတ်လေ့ ရှိသည့် နေရာများတွင် အမှိုက်များ စည်းကဲ့ကမ်းမဲ့ပစ်မှု ပိုမိုများပြားလာကြောင်းသိရသည်။

“အမှိုက်ပြသနာဆိုတာက နေရာတိုင်းမှာ ကြုံတွေ့နေရတဲ့ ပြသနာပေါ့၊ အဲဒါကို ကျနော်တို့အနေနဲ့ ဥပမာ ခေါနုသုန်မှာဆိုရင် ခေါနုသုန်အမျိုးသားဥယျာ် အုပ်ချုပ်ရေးမှူးရုံးရှိတယ်၊ သူတို့ကနေပြီးတော့ အသိပညာပေးတာတွေ၊ အမှိုက်တောင်းလေးတွေ ထားပေးတာတွေတော့ ရှိပါတယ်” ဟု ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးအောင်ဖြိုးမှပြောသည်။

ချင်းပြည်နယ်၏ အထင်ကရနေရာအချို့များတွင် လာရောက်လည်ပတ်သူများ၏ အမှိုက်များစွန့်ပစ်မှုများကို တစ်နှစ်လျှင်တစ်ကြိမ်စသည်ဖြင့် နီးစပ်ရာ မြို့နယ်များမှ အရပ်ဖက်လူမှုအဖွဲ့များအနေဖြင့်လည်းကောင်း၊ ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍သော်လည်းကောင်း အမှိုက်များကောက်ကြရလေ့ရှိသည်။

Zawgyi

ခ်င္းျပည္နယ္သို႔ လာေရာက္လည္ပတ္သူမ်ားလာသည္ႏွင့္အမၽွ အမွိုက္ျပသနာ ၾကဳံေတြ႕ေနရ

ခ်င္းျပည္နယ္ရွိ အထင္ကရေနရာမ်ားသို႔ စိတ္ဝင္တစားျဖင့္ လာေရာက္လည္ပတ္သူမ်ားလာသည္ႏွင့္ အမၽွ အမွိုက္ျပသနာၾကဳံေတြ႕ေနရာမႈမ်ားရွိေနေၾကာင္း သိရသည္။

“အမွိုက္က Travel & Tour မွာက စနစ္ရွိတယ္၊ သူတို႔က အမွိုက္ပစ္တာကို လုံးဝခြင့္မျပဳဘူး၊ အဓိကေတာ့ ေျပာရမယ္ဆိုရင္ အနီးနားတဝိုက္က သြားတဲ့သူေတြ ပစ္တာမ်ားတယ္၊ ဒီကလူေတြက ခရီးသြားလာေရးႏွင့္ ပတ္သက္တဲ့ စံေတြကိုမသိၾကဘူး၊ ယဥ္ေက်းမႈလည္းနားမလည္ၾကဘူး၊ ဒီေနရာေလးလွတယ္ဆိုၿပီးသြားၾကတယ္၊ အဲမွာ အမွိုက္ကိုလည္း စည္းကမ္းမရွိပစ္ၾကတယ္၊ ၿပီးရင္ဘာလုပ္ေသးလည္းဆိုရင္ မီးပါရွို႔တယ္”ဟု ခရီးသြားလာေရးလုပ္ငန္း လုပ္ကိုင္ေနသူ ကိုလွိုင္ထြန္းမွ ေျပာသည္။

ခ်င္းျပည္နယ္သည္ ယခင္က ခရီးသြားမ်ား လာေရာက္လည္ပတ္မႈ နည္းပါးခဲ့သည့္ ေဒသတစ္ခုျဖစ္ၿပီး ယခုႏွစ္ပိုင္းအတြင္း ခရီးသြားဝင္ေရာက္မႈ မ်ားျပားလာၿပီး လူအမ်ား သြားေရာက္လည္ပတ္ေလ့ ရွိသည့္ ေနရာမ်ားတြင္ အမွိုက္မ်ား စည္းကဲ့ကမ္းမဲ့ပစ္မႈ ပိုမိုမ်ားျပားလာေၾကာင္းသိရသည္။

“အမွိုက္ျပသနာဆိုတာက ေနရာတိုင္းမွာ ၾကဳံေတြ႕ေနရတဲ့ ျပသနာေပါ့၊ အဲဒါကို က်ေနာ္တို႔အေနနဲ႔ ဥပမာ ေခါႏုသုန္မွာဆိုရင္ ေခါႏုသုန္အမ်ိဳးသားဥယ်ာ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးရွိတယ္၊ သူတို႔ကေနၿပီးေတာ့ အသိပညာေပးတာေတြ၊ အမွိုက္ေတာင္းေလးေတြ ထားေပးတာေတြေတာ့ ရွိပါတယ္” ဟု ခ်င္းျပည္နယ္ ဟိုတယ္ႏွင့္ခရီးသြား ညႊန္ၾကားမႈဦးစီးဌာနမွ ျပည္နယ္တာဝန္ခံ ဦးေအာင္ၿဖိဳးမွေျပာသည္။

ခ်င္းျပည္နယ္၏ အထင္ကရေနရာအခ်ိဳ႕မ်ားတြင္ လာေရာက္လည္ပတ္သူမ်ား၏ အမွိုက္မ်ားစြန႔္ပစ္မႈမ်ားကို တစ္ႏွစ္လၽွင္တစ္ႀကိမ္စသည္ျဖင့္ နီးစပ္ရာ ၿမိဳ႕နယ္မ်ားမွ အရပ္ဖက္လူမႈအဖြဲ႕မ်ားအေနျဖင့္လည္းေကာင္း၊ ဌာနဆိုင္ရာမ်ားျဖင့္ ပူးေပါင္း၍ေသာ္လည္းေကာင္း အမွိုက္မ်ားေကာက္ၾကရေလ့ရွိသည္။