Input your search keywords and press Enter.

ကျေးရွာ အချို့မှ ပလက်ဝမြို့ပေါ်သို့ တိုက်ပွဲရှောင်လာသူ အမျိုးသမီးနှင့် ကလေးအယောက်(၄၀) ဦးရှိ

Salai Khup Khup

ပလက်ဝမြို့ပေါ်တွင် ကျေးရွာများမှ တိုက်ပွဲရှောင်လာသည့် အမျိုးသမီးနှင့် ကလေးငယ် စုစုပေါင်း ၄၀ ဦးရှိကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး အဖွဲ့မှသိရသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ ပလက်ဝမြို့နယ်မှ ကြောင်ချောင်းကျေးရွာနှင့် သဖန်းကျေးရွာများမှ ဖြစ်ကြောင်းသိရသည်။
စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက “သူတို့ရွာ အနီးနားမှာ တိုက်ပွဲသံတွေ ကြားရတယ်ဆိုတော့ ရွာမှာနေဖို့ ကြောက်လို့ ထွက်ပြေးလာတာဖြစ်တယ်။ အခုလောလော ဆယ်ကတော့ သူတို့အသိအိမ်တွေမှာ လာနေကြတယ်။ ရွာမှာတော့ အိမ်ထောင်ဦးစီးတွေက ဘာပဲ ဖြစ်ဖြစ် နေခဲ့ကျတယ်။ သူတို့အမျိုးသမီးနဲ့ ကလေးတွေဘဲ ဒီမြို့ပေါ်ကို လာတာဖြစ်တယ်”ဟုပြော သည်။

ပလက်ဝမြို့နယ် ကြောင်ချောင်းကျေးရွာမှ ပလက်ဝမြို့ပေါ်သို့ရွှေ့ပြောင်းလာသူ အိမ်ထောင်စု (၉)စုမှ လူဦးရေ (၂၀)ဦးသည် ပလက်ဝမြို့ပေါ်သို့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြောင်းရွှေ့နေထိုင်ကြပြီး သဖန်းချောင်ကျေးရွာမှ အိမ်ထောင်စု (၅) စုနှင့် လူဦးရေ (၂၀)ဦးတို့သည် ဒီဇင်ဘာလ ၁၄ရက်နေ့က ပြောင်းရွှေ့လာကြကြောင်း သိရသည်။

ကြောင်ချောင်းကျေးရွာနှင့် သဖန်းချောင်ကျေးရွာ အနီးနားတွင် AA လက်နက်ကိုင် အဖွဲ့များ အဝင်ထွက်များရှိနေပြီး ရွာတွင် တိုက်ပွဲများဖြစ်မည် စိုးရိမ်ရခြင်းကြောင့် ကလေး၊ အမျိုးသမီး၊ ကျောင်းသူများနှင့် ဆရာမများသည် ပလက်ဝမြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြပြီး လက်ရှိတွင် သဘာဝဘေးကူညီရေးအဖွဲ့မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိ ကြောင်း သိရသည်။

ပလက်ဝမြို့အနီးတွင်လည်း ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလာပြီး မြို့ပေါ်မှ လက်နက်သံများ ကြားလာရခြင်းကြောင့် ဒေသခံများ အနေဖြင့် စိုးရိမ်နေရကြောင်းလည်း သိရှိရသည်။

Zawgyi

ေက်းရြာ အခ်ိဳ႕မွ ပလက္ဝၿမိဳ႕ေပၚသို႕ တိုက္ပြဲေရွာင္လာသူ အမ်ိဳးသမီးႏွင့္ ကေလးအေယာက္(၄၀) ဦးရွိ

ပလက္၀ၿမိဳ႕ေပၚတြင္ ေက်းရြာမ်ားမွ တုိက္ပြဲေရွာင္လာသည့္ အမ်ိဳးသမီးႏွင့္ ကေလးငယ္ စုစုေပါင္း ၄၀ ဦးရွိေၾကာင္း စစ္ေဘးေရွာင္ ကူညီကယ္ဆယ္ေရး အဖြဲ႕မွသိရသည္။

အဆိုပါ စစ္ေဘးေရွာင္မ်ားမွာ ပလက္၀ၿမိဳ႕နယ္မွ ေၾကာင္ေခ်ာင္းေက်းရြာႏွင့္ သဖန္းေက်းရြာမ်ားမွ ျဖစ္ေၾကာင္းသိရသည္။
စစ္ေဘးေရွာင္ ကူညီကယ္ဆယ္ေရး အဖြဲ႔ဝင္တစ္ဦးက “သူတို႔ရြာ အနီးနားမွာ တုိက္ပြဲသံေတြ ၾကားရတယ္ဆုိေတာ့ ရြာမွာေနဖို႔ ေၾကာက္လို႔ ထြက္ေျပးလာတာျဖစ္တယ္။ အခုေလာေလာ ဆယ္ကေတာ့ သူတုိ႔အသိအိမ္ေတြမွာ လာေနၾကတယ္။ ရြာမွာေတာ့ အိမ္ေထာင္ဦးစီးေတြက ဘာပဲ ျဖစ္ျဖစ္ ေနခဲ႔က်တယ္။ သူတုိ႔အမ်ိဳးသမီးနဲ႔ ကေလးေတြဘဲ ဒီၿမိဳ႕ေပၚကို လာတာျဖစ္တယ္”ဟုေျပာ သည္။

ပလက္၀ၿမိဳ႕နယ္ ေၾကာင္ေခ်ာင္းေက်းရြာမွ ပလက္၀ၿမိဳ႕ေပၚသို႕ေရႊ႕ေျပာင္းလာသူ အိမ္ေထာင္စု (၉)စုမွ လူဦးေရ (၂၀)ဦးသည္ ပလက္ဝၿမိဳ႕ေပၚသို႔ ဒီဇင္ဘာလ ၁၇ ရက္ေန႔တြင္ ေျပာင္းေရႊ႕ေနထိုင္ၾကၿပီး သဖန္းေခ်ာင္ေက်းရြာမွ အိမ္ေထာင္စု (၅) စုႏွင့္ လူဦးေရ (၂၀)ဦးတို႔သည္ ဒီဇင္ဘာလ ၁၄ရက္ေန႔က ေျပာင္းေရႊ႕လာၾကေၾကာင္း သိရသည္။

ေၾကာင္ေခ်ာင္းေက်းရြာႏွင့္ သဖန္းေခ်ာင္ေက်းရြာ အနီးနားတြင္ AA လက္နက္ကိုင္ အဖြဲ႔မ်ား အဝင္ထြက္မ်ားရွိေနၿပီး ရြာတြင္ တုိက္ပြဲမ်ားျဖစ္မည္ စိုးရိမ္ရျခင္းေၾကာင့္ ကေလး၊ အမ်ိဳးသမီး၊ ေက်ာင္းသူမ်ားႏွင့္ ဆရာမမ်ားသည္ ပလက္ဝၿမိဳ႕ေပၚသို႔ ေျပာင္းေရႊ႕ေနထိုင္ၾကၿပီး လက္ရွိတြင္ သဘာဝေဘးကူညီေရးအဖြဲ႔မွ စားနပ္ရိကၡာမ်ား ေထာက္ပံ႔ေပးလ်က္ရွိ ေၾကာင္း သိရသည္။

ပလက္ဝၿမိဳ႕အနီးတြင္လည္း ရကၡိဳင့္တပ္မေတာ္ႏွင့္ ျမန္မာတပ္မေတာ္တို႔အၾကား တုိက္ပြဲမ်ား ျဖစ္ပြားလာၿပီး ၿမိဳ႕ေပၚမွ လက္နက္သံမ်ား ၾကားလာရျခင္းေၾကာင့္ ေဒသခံမ်ား အေနျဖင့္ စိုးရိမ္ေနရေၾကာင္းလည္း သိရွိရသည္။